3.1.16

မျက်စိအကြောင်းတစေ့တစောင်း(မျက်စိ၏အင်္ဂါအစိတ်အပိုင်းများ)။ Point of view of the The eye(Anatomy)

                 ကမ္ဘာနှင့်အ၀ှမ်းရှိ နိုင်ငံအသီးသီး လူမျိုးအသီးသီးတို့၏ အရောင်အသွေး အရွယ်အစား ပုံ သဏ္ဍန် အားဖြင့် မတူညီကြသော မျက်စိအမျိုးမျိုးကို တွေ့ဘူးမြင်ဘူးကြမည်ဖြစ်ပါသည်။အသွေးအရောင် ပုံသဏ္ဍန် အားဖြင့် မည်သို့ပင်ကွဲပြားခြားနားကြစေကာမူ မျက်စိကို အသုံးပြုကြမှုအပိုင်း၌ တူညီကြသည် ကိုတော့ တွေ့ကြရမည်ဖြစ်ပါသည်။ ဥပမာအားဖြင့် စာရေးခြင်း၊ စာဖတ်ခြင်း၊ ရုပ်ရှင်နှင့် တယ်လီဗီးရှင်းများ ကြည့်ရှုခြင်း၊ စက်ဘီး မော်တော်ဆိုင်ကယ် မော်တော်ကားစသည့် ယာဉ်အမျိုးမျိုးတို့ကို မောင်းနှင်ခြင်း တို့ဖြစ်၏။ထို့ပြင် အမြင်အာရုံမကြည်လင်ခြင်း မျက်စိနီခြင်း မျက်စိနာခြင်း မျက်စိအစိတ်အပိုင်း တခုခုတွင် ချွတ်ယွင်းအားနည်းချက် ဖြစ်ပေါ်လာတတ်ခြင်းများတွင်လည်း တူညီနေကြသည်ကို သတိပြုမိကြမည်ဖြစ် ပါသည်။
                     သို့ဖြစ်ရာ လူတိုင်းလူတိုင်း မျက်စိကိုအသုံးပြုနေသူများ မျက်စိဝေဒနာများကို ရင်ဆိုင်နေကြ ရသူများ ဖြစ်နေသည့်အတွက် မျက်စိနှင့်ပတ်သက်၍ အခြေခံဗဟုသုတမျှကိုတော့ သိထားသင့်ကြပေသည်။ သို့မှသာ မျက်စိကိုအသုံးပြုကြရာ၌ မှန်မှန်ကန်ကန် အသုံးပြုတတ်ကြမည်အပြင် ရင်ဆိုင်ကြရသည့် မျက် စိဝေဒနာများ၏ အတိမ်အနက်ကိုလည်းမှန်မှန်ကန်ကန် သိနိုင်ကြမည်ဖြစ်ပါသည်။
                     မျက်စိကိုလေ့လာရာတွင် အချို့သောအင်္ဂါအစိတ်အပိုင်းများသည် သာမန်မျက်စိဖြင့် ကြည့် ရုံနှင့် သိနိုင်သော်လည်း မျက်စိ၏အတွင်းပိုင်းတွင်ရှိသော အင်္ဂါအစိတ်အပိုင်းများမှာမူ မျက်စိကို စမ်းသပ် စစ်ဆေးကြည့်ရှုရန် အထူးပြုလုပ်ထားသောကရိယာ(Special Instruments)များဖြင့် ကြည့်ရှု့မှ သာမြင်နိုင် မည်ဖြစ်ပါသည်။ဤကဏ္ဍ၌ အခြေခံဗဟုသုတမျှကို ရည်ရွယ်သည့်အတွက် သာမန်မျက်စိဖြင့် မြင်နိုင်သော အစိတ်အပိုင်းများကို အဓိကထား ဆွေးနွေးရေးသားသွားမည်ဖြစ်ပါသည်။

 မျက်စိ၏အင်္ဂါအစိတ်အပိုင်းများ

                   ပုံ(၁)မျက်စိကို ပိုင်းဖြတ်(cross section)မြင်ရပုံ

 (၁)sclera (စကယ်လာ) မျက်ဖြူလွှာ = မျက်စိကို အကာအကွယ်ပေးထားသော အပြင်ဖက်ဆုံး အလွှာဖြစ် ၏။ ရာဘာ သားကဲ့သို့သော အလွှာမျိုးဖြစ်ပြီး မျက်စိ၏လှုပ်ရှားမှုများကို ထိမ်းချုပ်သော ကြွက်သား(၆)ချော င်းနှင့် တိုက်ရိုက်ဆက်သွယ်လျှက်ရှိ၏။ထို့ပြင် ဦးနှောက်နှင့်သွယ်တန်းလျှက်ရှိသော မျက်စိအာရုံကြော များနှင့် လည်း တဆက်တစပ်တည်းရှိနေ၏။
(၂)Iris (အိုင်းရစ်) မျက်နက်ဝန်း = ဖိုက်ဘာကြွက်သားမျှင်ငယ်များဖြင့် ဖွဲ့စည်းထားပြီး မျက်စိတွင်းသို့ ပုံရိပ် အလင်းတန်း ၀င်ရောက်မှုအနည်းအများကို မျက်စိသူငယ်အိမ်(pupil)အကျဉ်း အကျယ်ပြုခြင်းဖြင့် ထိမ်း ချုပ် ပေးသည်။မျက်စိရှေ့ပိုင်းနှင့်နောက်ပိုင်းကို ပိုင်းခြားထားသော အစိတ်အပိုင်းတခုလည်းဖြစ်ပါသည်။
(၃)cornea (ကော်နီယာ) မျက်ကြည်လွှာ = မျက်စိ၏ရှေ့ပိုင်း အလယ်တည့်တည့်ရှိ ကြည်လင်သန့် ရှင်းေ သာ အလင်းပေါက် ဧရိယာဖြစ်၏။ပြင်ပမှ ပုံရိပ်အလင်းတန်းများသည် မျက်ကြည်လွှာကိုဖြတ်သန်းလျှက် မျက်လုံး တွင်းသို့ ရောက်ရှိပြီး မြင်လွှာ(retina)၌ ထင်ဟပ်စေ၏။
(၄)pupil (ပျူ ပယ်) မျက်စိသူငယ်အိမ် = မျက်ကြည်လွှာ၏ နောက်ပိုင်းရှိ နက်မှောင်သော အရောင်အဆင်း ရှိသည့် အပေါက်ငယ်ဖြစ်ပါသည်။မျက်နက်ဝန်း၌တည်ရှိပြီး အလင်းရောင်များလျှင် သူငယ်အိမ်ကျဉ်းပြီး အ လင်းရောင်နည်းလျှင် သူငယ်အိမ်ကျယ်စေခြင်းဖြင့် အလင်းတန်းများကိုထိမ်းချုပ်၍ အမြင်အာရုံပိုမို ကောင်း မွန်စေရန်အတွက် ပံ့ပိုးပေးပါသည်။
(၅)lens (လန်းစ်) မျက်စိတွင်းမှန်ဘီလူး = မျက်စိတွင်းမှန်ဘီလူးသည် မျက်စိသူငယ်အိမ်၏ အနောက်ဖက် တွင် ကပ်လျှက်တည်ရှိပြီး အနီးအဝေး အနိမ့်အမြင့်ရှိ အရာဝတ္တုတို့၏ သွင်ပြင်ကို ကြည်လင်ပြတ်သား စွာ မြင်နိုင်စေရေးအတွက် အဓိကပံပိုးပေးသည့် အရေးကြီးသော အင်္ဂါအစိတ်အပိုင်းဖြစ်ပါသည်။
(၆)conjunctiva (ကွန်ဂျန်တေဘာ) မျက်မြှေးလွှာ = မျက်မြှေးလွှာသည် မျက်ြဖူ လွှာ၏အပေါ်ယံ၌ ကပ် လျက် ထပ်လျက် တည်ရှိပါသည်။ ကြည်လင်သော အလွှားပါးလေးဖြစ်ပြီး သွေးကြောမျှင်လေးများ ပါဝင် ပါသည်။ မျက်စိတွင်းသို့ ရောဂါပိုးများတိုက်ရိုက် ၀င်ရောက်မှုမရှိစေရန်နှင့် မျက်စိကိုချောမွေ့မှုရှိစေရန် အဓိ ကပံပိုးပေး ပါသည်။ကျမ်းမာသော မျက်မြှေးလွှာသည်  ကြည်လင်လျက်ရှိနေသောကြောင့် ၎င်း၏အော က်ခြေရှိ မျက်ဖြူ လွှာကို ဖြူ စင်သန့်ရှင်းစွာ တွေ့မြင်နေရမည် ဖြစ်ပါသည်။
(၇)vitreous(ဗစ်ထရီးယပ်)မျက်လုံးအိမ်အတွင်းရှိ အရည်ပျစ် = မျက်လုံးအိမ်(မျက်စိနောက်ခန်း)အတွင်း၌ အကန့်အလိုက် အပြည့်ရှိနေပြီး မျက်စိကျမ်းမာရေးနှင့် အမြင်အာရုံကောင်းမွန်ရေးတို့အတွက် အရေး ကြီးသော အင်္ဂါအစိတ်အပိုင်းဖြစ်ပါသည်။
(၈)choroid(ကိုးရွိုက်) မျက်စိအလယ်လွှာ = မျက်ဖြူလွှာနှုင့် မြင်လွှာတို့၏ အကြား၌ရှိသော မျက်စိအလယ် လွှာဖြစ်၏။မျက်နက်ဝန်း နှင့် မျက်စိတွင်းမှန်ဘီလူး တို့ကို ထိမ်းချု ပ်သော ciliary body ဆီလီယာရီဘော်ဒီ ဟုခေါ်သည့် ကြွက်သားအစုအဝေး နှင့် တဆက်တစပ်တည်း ရှိသောကြောင့် အမြင်အာရုံချိန်ဆမှုအတွက် အရေးပါသော အစိတ်အပိုင်းဖြစ်ပါသည်။
(၉)optic nerve (အော့ပ်တစ်နာ့ဗ်) မျက်စိအာရုံကြော = ဦးနှောက်သို့ သတင်း အချက်အလက် များ  ပေးပို့သော အာရုံကြော။
(၁၀)Macula (မက်ကျူ လာ)အာရုံခံအကွက်ငယ် = မြင်လွှာ(retina)ပေါ်၌ရှိပြီး ၀င်ရောက်လာသော ပုံရိပ် အလင်းတန်းများကို ပုံဖော်ဖတ်ကြားရာ၌ အထူးအရေးကြီးသော အစိတ်အပိုင်းဖြစ်၏။
(၁၁)retina (ရက်တီနာ) မြင်လွှာ = မျက်စိ၏ အလွှာသုံးလွှာအနက် အတွင်းဖက်ဆုံးအလွှာဖြစ်ပါသည်။ အလင်းတန်းများကို ပုံဖော်ဖတ်ကြားခြင်း စုစည်းခြင်း ဦးနှောက်သို့သတင်းအချက်အလက်များ ပေးပို့ခြင်း စသည့် လုပ်ငန်းများကို ဆောင်ရွက်ကြသည့် အင်္ဂါအစိတ်အပိုင်းများစုဝေးရာ လွန်စွာအရေးပါသော အလွှာ လည်းဖြစ်ပါသည်။    ။
                     အထက်ဖော်ပြပါ မျက်စိ၏ အင်္ဂါအစိတ်အပိုင်းများတွင် သာမန်မျက်စိဖြင့် ထင်ရှားသိသာ စွာ မြင်တွေ့နိုင်သောအစိတ်အပိုင်းများကို ဖော်ပြရပါလျှင်-
(၁) မျက်ကြည်လွှာ(cornea)
(၂) မျက်ဖြူလွှာ (sclera)
(၃) မျက်နက်ဝန်း(iris)
(၄) မျက်စိသူုငယ်အိမ်(pupil) 
(၅) မျက်မှေးလွှာ (conjunctiva) တို့ဖြစ်ပါသည်။   ထို့ပြင်....
(၆) မျက်ခုံးမွှေး(eye brow) နှင့် အပေါ်အောက်မျက်တောက်မွှေး(eyelashes)များ
(၇)အထက်မျက်ခွံ(top lid) နှင့် အောက်မျက်ခွံ(bottom lid) များ နှင့်
(၈)မျက်ရည်ပြွန် သို့မဟုတ် မျက်ရည်ထွက်ပေါက်(tear duct)တို့ကိုလည်းတွေကြရမည်ဖြစ်ပါသည်။
  
သရုပ်ဖော်ပုံဖြင့်ဖော်ပြရလျှင် အောက်ပါအတိုင်း တွေ့ကြရပါမည်။


               သို့ဖြစ်ရာ ထင်သာမြင်သာရှိသော ဖော်ပြပါ အင်္ဂါအစိတ်အပိုင်းများကို အခြေခံလျှက် မျက်စိ ၏ ဖောက်ပြန်သော လက္ခဏာရပ်များကို  ဆက်လက်လေ့လာခြင်းအားဖြင့် မျက်စိကျမ်းမာရေးအတွက်
 အထောက်အပံ့ရစေနိုင်သော အခြေခံဗဟုသုတများကို  မိမိကိုယ်တိုင်သိမြင်လာကြရမည်ဖြစ်ပါသည်။