နှစ်စဉ် အောက်တိုဘာလ၏ ဒုတိယမြောက် ကြာသာပတေးနေ့ကို
ကမ္ဘာ့မျက်မမြင်ပပျောက် ရေးနေ့(World sight day)အဖြစ်ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက သတ်မှတ်ထားသည်ဖြစ်ရာ
ယခုနှစ် (၂၀၁၈)အတွက် ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့သည် အောက်တိုဘာလ(၁၁)ရက်နေ့တွင် ကျ
ရောက်မည်ဖြစ်ပါသည်။ကာကွယ်ကုသနိုင်လျှက် အမြင်အာရုံဆုံးရှုံး(မျက်မမြင်ဖြစ်)စေသော ရောဂါ
များ လုံးဝပပျောက်ရေးနှင့် အမြင်အာရုံချို့ယွင်းမှု(အထူးသဖြင့် မျက်မှန်ဖြင့်မြင်နိုင်ပါလျက်
မျက်မှန် မတပ်၍ဖြစ်သော အမြင်အာရုံချို့ယွင်းမှု) ကို လုံးဝပပျောက်စေရန် ဆောင်ရွက်ကြရေးအတွက်
လှုံ့ ဆော်သတိပေးရန်ရည်ရွယ်၍ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့ကို ကျင်းပရခြင်းဖြစ်ပါသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)နှင့်အတူ ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့လှုပ်ရှားမှုများတွင်
အတူတကွ ပူးပေါင်းပါဝင်ဆောင်ရွက်သည့် နိုင်ငံတကာ မျက်မမြင်တားဆီးကာကာကွယ်ရေးဆိုင်ရာ
အေဂျင်စီ(The International Agency For The Prevention of Blindness)၏ သုတေသနပြု စစ်တမ်းကောက်ယူချက်အရ၊ယခုနှစ်
၂၀၁၈ ခုနှစ်တွင် ကမ္ဘာတဝန်း အမြင်အာရုံလုံးဝဆုံးရှုံးနေသူ ၃၆ သန်းရှိပြီး၊ အလယ်အလတ်နှင့်အလွန်အမင်းအဝေးမှုန်သူများမှာ
၂၁၇သန်း ရှိရာ၊အမြင်အာရုံ ချို့တဲ့သူ စုစုပေါင်း ၂၅၃သန်း ရှိကြောင်းသိရပါသည်။ဤပမာဏသည်
မျက်မမြင်ပပျောက်ရေး လှုပ်ရှားမှုများကို ပိုမိုဆောင်ရွက်ရန်(အထူးသဖြင့် အဝေးမှုန်သူအရေအတွက်
များပြားနေမှုကိုလျော့ချရန်) လိုအပ် ကြောင်းပြသည့် သင်္ကေတတခုပင်ဖြစ်ကြောင်း သုတေသီ တို့ကဆိုပါသည်။
ထိုလိုအပ်ချက်အရ ယခုနှစ် ကမ္ဘာမျက်မမြင်ပပျောက်ရေးနေ့ ဆောင်ပုဒ်အဖြစ် “EYE CARE EVERYWHERE” (မျက်မမြင် ပပျောက်ရေး
ဒေသမရွေးစစ်ဆေးပေး)ဟူ၍ သတ်မှတ်ခဲ့ခြင်း ဖြစ်ပေသည်။ ယခုနှစ်စစ်တမ်း ကောက် ယူချက်များအရ
ကမ္ဘာတဝှမ်း အဝေးမှုန်သူ ၂၁၇ သန်းရှိနေသည်ဖြစ်ရာ ထိုပမာဏကိုလျော့ ချရန် ယခုနှစ်တွင် အဓိကရည်ရွယ်ဟန်တူပါသည်။
ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့တွင် သတင်းများစာများ ၊ အထူးအစီအစဉ်များနှင့်
အင်တာ နက်စာမျက်နှာများတွင် မျက်မမြင်ပပျောက်ရေးအတွက်ပညာပေးခြင်းနှင့်လှုံ့ဆော်ခြင်းများကို
ပြုလုပ် မည်ဖြစ်ရာ၊ ၎င်းတို့ကိုလေ့လာခြင်းအားဖြင့်၊ ကာကွယ်ကုသနိုင်လျှက်
မျက်မမြင်ဖြစ်စေသော ရောဂါ များနှင့်
ပတ်သက်သော ဗဟုသုတများ၊ အသေးစိတ် အချက်အလက်များ နှင့်
လှုပ်ရှားမှုများကိုသိရှိ ခွင့်ရကြမည်ဖြစ်ပါသည်။ မိတ်ဆွေတဦးနှင့်တဦး ဗဟုသုတများ
ဖလှယ်နိုင်သည့် လူမှုကွန်ယက် များဖြစ်သည့် တွစ်တာ နှင့် ဖေ့ဘွတ် စာမျက်နှာများတွင်
မျက်စိရောဂါများနှင့် မျက်မမြင်ပပျောက် ရေးဆိုင်ရာ အကြောင်းအရာများကို
လေ့လာဖတ်ရှုခြင်းဖြင့် မိမိတို့သိရှိသော အတိုင်းအတာကို ဆန်းစစ်အကဲဖြတ်နိုင်မည် ဖြစ်သည့်အပြင်
မိတ်ဆွေများထံသို့လည်း မျှဝေပေးနိုင်မည်ဖြစ်ပါသည်။
ထိုသို့သိရှိခြင်းဖြင့်
မျက်မမြင်ဖြစ်ပွားမှုကို တားဆီးရန် နည်းလမ်းများ၊ဆောင်ရွက်သင့်သည့် ကိစ္စရပ်များကို
သိကြရမည့်အပြင်၊မျက်စိဝေဒနာရှင်များအပေါ် ပို၍နားလည်လာပြီး စာနာထောက် ထားမှု အကူအညီများပေးလာကြမည်ဖြစ်၏။
မိမိကိုယ်ကို မျက်စိကျန်းမာရေးကောင်းအောင် နေထိုင် တတ် လာရုံမျှမက
အခြားသူများအားလည်း ကူညီနိုင်မည်ဖြစ်ပါသည်။
ကာကွယ်ကုသနိုင်လျှက်
မျက်မမြင်ဖြစ်စေနိုင်သော ရောဂါများ
(၁)အတွင်းတိမ်(Cataract)
အတွင်းတိမ်သည်
ဖြစ်ပွားမှုနှုန်း အများဆုံး ဖြစ်ပြီး၊ပမာဏအားလုံး၏ ၄၆% ရှိပါသည်။ ကာကွယ်ကုသနိုင်သော မျက်စိရောဂါအမျိုးအစားဖြစ်ပြီး၊
ကုသမှုရလဒ် (အောင်မြင်မှု ၉၅%ကျော် မျှရှိ၍)ကောင်းသော အမျိုးအစားလည်းဖြစ်ပါသည်။အမြင်အာရုံချို့တဲ့စေသော
မျက်စိတွင်း ရှိနောက် ကျိနေသာ သဘာဝမှန်ဘီလူးကို
ခေတ်မီခွဲစိတ်နည်းပညာဖြင့် ထုတ်ပယ်၍၊လူတို့ တီထွင်ဖန်တီး ထားသည့်မှန်ဘီးလူးတု(Artificial
Len)ကိုထည့်သွင်းပေးခြင်း ဖြင့်၊ကြည်လင်သော အမြင်အာရုံကို ပြန်လည်ရရှိစေမည် ဖြစ်ပါသည်။
အတွင်းတိမ်သည် အသက်အရွယ်ကြီးခြင်း၊ ထိခိုက်ဒဏ်ရာရခြင်း၊ ဆီးချို သွေးချို ရောဂါရှိခြင်း
စသည်တို့ကြောင့်ဖြစ်တတ်သည့် သဘောသဘာဝ ရှိပါသည်။
(၂)
ရေတိမ်ရောဂါ ၊ ဆီးချိုမျက်စိရောဂါ၊ မြင်လွှာရောဂါနှင့် ထိခိုက်ဒဏ်ရာရခြင်း
` အထက်ဖော်ပြပါ မျက်စိရောဂါနှင့်အခြေအနေများကြောင့်
အမြင်အာရုံ ချို့တဲ့မှုမှာ ၃၇.၅ %ရှိ၍ ဒုတိယဖြစ်ပွားမှုနှုန်းအများဆုံးဖြစ်ပါသည်။
ရေတိမ်ရောဂါကို
မျက်စိရေချိန်တိုင်းခြင်း၊ မျက်စိအာရုံကြောခေါင်း စစ်ဆေးခြင်း၊မြင်ကွင်းစမ်း ခြင်းတို့
ပြုလုပ်ခြင်း၊လိုအပ်လျှင် မျက်စဉ်းဆေးဝါးများပေး၍ ကုသခြင်း၊ ခွဲစိတ်ကုသခြင်းတို့ဖြင့်
အမြင် အာရုံဆုံးရှုံးသူဘဝ မရောက်အောင် ကာကွယ်ကုသနိုင်ပါသည်။
ဆီးချို
မျက်စိရောဂါတွင် ဆီးချိုကြောင့် အတွင်းတိမ်ဖြစ်ခြင်း၊ မြင်လွှာရေဝပ်ခြင်း (Cystoid
Macular Edema)၊ မြင်လွှာသွေးကြော ကျဉ်း/ပိတ် ခြင်းကြောင့်၊ မြင်လွှာပျက်စီးခြင်းနှင့်
မျက်လုံး အတွင်းရှိ အရည်ပြစ် (ဂျယ်လီ)အတွင်း သွေးယိုခြင်း (Vitreous Haemorrhage)တို့ကြောင့်
အမြင်ချို့ တဲ့ခြင်းဖြစ်ရသည်။ထိုသို့အမြင်ချို့တဲ့ခြင်း မဖြစ်စေရန်၊ ဆီးချိုသွေးချိုထိန်းခြင်း၊
ခွဲစိတ်ကုသခြင်း၊ လေဆာဖြင့် ကုသခြင်းတို့ဖြင့် ကာကွယ်ကုသနိုင်သည်။
မျက်စိအတွင်း
အနောက်ဖက်နံရံတွင်တည်ရှိသော မြင်လွှာကွာကျသည့်ရောဂါ (Retinal Detachment) သည် ထိခိုက်ဒဏ်ရာရခြင်း၊
ဆီးချိုရောဂါဖြစ်ခြင်း၊မြင်လွှာရှိ သွေးကြောများ ဖောက်ပြန် ခြင်းများကြောင့် ဖြစ်ပွား၍
အမြင်အာရုံချို့တဲ့စေသည်။ များသောအားဖြင့် အချိန်မီ ခွဲစိတ်ကုသလျှင် ပြန်မြင်နိုင်ပါသည်။
မျက်လုံးတွင်း အစအန(ဖုံ၊အမှိုက်၊သံစ)များဝင်လျှင် ထိုအစအနကို ကျွမ်းကျင်သူနှင့်
အမြန်ဆုံး ပြ၍ ထုတ်ပစ်မှသာ အန္တရာယ်ကင်းမည်ဖြစ်၏။မျက်လုံးပေါက်ပြဲဒဏ်ရာ(Perforation)ရလျှင်
မျက်စိ ဆရာဝန် နှင့် အမြန်ဆုံးပြသရန်လိုပါသည်။ အရေးပေါ်ချုပ်၍ကုသပါမှ ပြန်မြင်နိုင်မည်ဖြစ်၏။စက်ရုံ
အလုပ်ရုံလုပ်များတွင် မျက်စိ အကာအကွယ် မျက်မှန်များ၊ ရောင်ခြည်ကာ မျက်မှန်များ၊ထိခိုက်ဒဏ်ရာ
ကာကွယ်ရေး အစီအမံများကို ဆောင်ရွက်ထားမှသာ မျက်စိထိခိုက်ဒဏ်ရာရမှုကြောင့် အမြင်အာရုံ
ဆုံးရှုံးရခြင်းမှ ကာကွယ်နိုင်မည် ဖြစ်ပါသည်။
(၃)မျက်ခမ်းစပ်ရောဂါ(Tracoma)
မျက်ခမ်းစပ်ရောဂါသည်
အမြင်အာရုံဆုံးရှုံးစေသော ရောဂါများတွင် တတိယမြောက် အဖြစ် များပြီး၊မျက်တောင်မွှေးစိုက်ရာမှ
မျက်ကြည်လွှာကို ပျက်စီးစေ၍ အမြင်ချို့ယွင်းစေပါသည်။ ကာ ကွယ်ကုသနိုင်သောအမျိုးအစားဖြစ်ပါသည်။
(၄)ကလေးအမြင်ချို့ယွင်းခြင်း(Childhood
Blindness)
ကလေးဘဝမှစတင်ကာ
မျိုးရိုးဗီဇချို့တဲ့ခြင်း၊ မွေးရာပါအမြင်ချို့ယွင်းခြင်း၊ လမစေ့မီမွေးခြင်း၊ အာဟာရချို့တဲ့ခြင်း၊ရောဂါပိုးကူးစက်ခြင်း၊ထိခိုက်ဒဏ်ရာရခြင်း
နှင့် အခြားအကြောင်းများကြောင့် အမြင်အာရုံ ချို့တဲ့နိုင်ပါသည်။ အသက်၁၆နှစ်အောက် ကလေးတယောက်သည်
အခြားသောကလေး များ ပေ(၆၀)အကွာအဝေးရှိ အရာဝတ္တုများကိုမြင်နိုင်သော်လည်း၊ ထိုကလေးမှာ(၃)ပေခန့်ကပ်၍
ကြည့်မှ ထိုအရာဝတ္တုကိုမြင်ရလျှင် “ကလေးအမြင်ချို့ယွင်းခြင်း”(Childhood Blindness)ဖြစ်ပါသည်။
မျက်စိ အထူးကုဆရာဝန်ဖြင့် ပြသ၍ လိုအပ်သော ကုသမှုခံယူရမည်ဖြစ်ပါသည်။
ပထမဦးဆုံးကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့
ပထမဦးဆုံး ကမ္ဘာမျက်မမြင်ပပျောက်ရေးနေ့ကို
သက္ကရာဇ် ၂၀၀၀ ပြည့်နှစ်တွင် စတင်ကျင်းပ ခဲ့ပါသည်။၁၉၉၉ ခုနှစ်မှစတင်၍ The Right To Sight (အမြင်ကြည်လင်စေဖို့အရေး
လူသားတိုင်း၏ အခွင့်အရေး)အစီအစဉ်ကိုစတင် အကောင်အထည်ဖော်ခဲ့သည်။လူတိုင်းလူတိုင်း အမြင်အာရုံအပြည့်
အဝရရှိရေး၊မရှောင်လွဲနိုင်သော အမြင်အာရုံချို့တဲ့သူများကို မြင်နိုင်သမျှမြင်အောင်
ကုသပေးရေးများ အတွက်ရည်ရွယ်သော လှုပ်ရှားမှုဖြစ်ပါသည်။
ကမ္ဘာ့ပထမဦးဆုံး မျက်မမြင်ပပျောက်ရေးနေ့မတိုင်မီ တနှစ်အလိုကပင်
စတင်လုပ်ရှားခဲ့ သော မျက်မမြင်ပပျောက်ရေးနေ့ လှုပ်ရှားမှုများသည် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး(WHO)
၏ဦးဆောင် မှု၊ နိုင်ငံတကာ မျက်မမြင်တားဆီးကာကာကွယ်ရေးဆိုင်ရာ အေဂျင်စီ(The
International Agency For The Prevention of Blindness)နှင့် အစိုးရများ၊ နိုင်ငံတကာ
လူမှုရေးအသင်းအဖွဲ့များ၊ အလှူရှင် များ၏ ပူးပေါင်းပါဝင်မှုတို့ဖြင့် တနှစ်ထက်တနှစ် အရှိန်အဟုန်မြှင့်ဆောင်ရွက်လျှက်
ရှိပါသည်။
ထိုသို့ဆောင်ရွက်ကြခြင်း၏
အဓိကရည်ရွယ်ချက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး၏ ဦးတည် ချက်ဖြစ်သော ၂၀၂၀ ခုနှစ်တွင်
ကမ္ဘာ့နိုင်ငံအများစု၌ ကာကွယ်ကုသ၍ရသော မျက်စိရောဂါများ ကြောင့် အမြင်အာရုံဆုံးရှုံးရခြင်းများကို
လုံးဝ သို့မဟုတ် လုံးဝနီးပါး ပပျောက်စေရန်ပင်ဖြစ်ကြောင်း ရေးသား အပ်ပါသည်။
Ref;https://www.iapb.org/advocacy/world-sight-day. https://www.visionaustralia.org/information/eye-conditions/cataracts. https://en.wikipedia.org/wiki/Vitreous_hemorrhage. http://www.who.int/blindness/causes/priority/en/index3.htmlပြည့်အောင်(COA)

