25.4.17

ဆယ်ကျော်သက်အရွယ်၌ အဝေးမှုန်ခြင်း ။ ( မောင်ပြည့်အောင် ) (၂၅/၄/၁၇ ရက်နေ့ထုတ် ကြေးမုံသတင်းစာပါဆောင်းပါး)



             ဆေးဝါးကုသမှုနယ်ပယ်၌ လူနာများခံစားနေရသော ရောဂါဝေဒ နာများ သက်သာပျောက်ကင်းလျက် ချမ်းသာရာရစေရန် ၊ဆေးပညာရှင် အသီးသီးက ကုသနည်းအမျိုးမျိုးကိုစူးစမ်းလေ့လာ၍ ကျင့်သုံးကြရပါ သည်။ ထိုထိုသော ကုသနည်းများအနက် အကောင်းဆုံးနည်းစနစ်ဖြစ် သည့် ရောဂါမဖြစ်မီက ကြိုတင်ကာကွယ်ကာ ချမ်းသာရာရစေသောနည်း များကို ပိုမိုလေ့လာကျင့်သုံးကြသည်ကို တွေ့မြင်ကြရပါသည်။အထူးသဖြင့် အဖြစ် များသော ရောဂါများကို မဖြစ်မီကကြိုတင် ကာကွယ်ရေးအတွက် ဦးစားပေးလေ့လာကြပါသည်။
မျက်စိကျမ်းမာရေးစောင့်ရှောက်မှုအတွက်လည်း၊ပညာရှင်အသီးသီးက နယ်ပယ်စုံတွင်ဖြန့်ကျက်လေ့လာ မှုမှ တွေ့ရှိချက်များကို မှတ်တမ်း တင်ထားသော စာတမ်းများတွင်၊မျက်မှန်တပ်ရန် လိုအပ်ချက်ရှိလာသော မျက်စိ မှုန်ခြင်း(Refractive Error)သည် ယနေ့လူငယ်များတွင် အဖြစ်များ သောမျက်စိပြဿနာဖြစ်ကြောင်း ဖော်ပြ ကြပါ သည်။ သက်ကြီးမျက်စိမှုန် ခြင်းနှင့် မွေးရာပါမျက်စိမှုန်ခြင်း မဟုတ်သည့် ဆယ်ကျော်သက် လူငယ် များတွင် အဖြစ် များသော ၎င်းပြဿနာကိုဖြေရှင်းရန် တိကျသေချာသော နည်းလမ်းကို  ရှာဖွေနေကြဆဲဖြစ်သော်လည်း ၊ အလေ့ အကျင့်တခုကို ကာယကံရှင်ကိုယ်တိုင်နှင့် မိဘများက သတိထားလေ့ကျင့်ပြုပြင်ပေးခြင်း အားဖြင့် မဖြစ်ပွားအောင် အတိုင်းအတာတခုအထိ ကာကွယ်နိုင်မည်ဖြစ် ပါသည်။
          ထိုသို့ကြိုတင်ကာကွယ်ရာတွင် အထောက်အပံ့ဖြစ်စေရန်အတွက် အခြေခံဗဟုသုတအဖြစ်၊ အဝေး အနီးရှိ အရာဝတ္တု ပုံရိပ်များကို ကြည် ကြည်လင်လင် မြင်နိုင်စေရန်အတွက် ဖန်တီးပေးသော မျက်စိအတွင်း ဖက်ရှိ အင်္ဂါအစိတ်အပိုင်းတခု၏ အလုပ်လုပ်ပုံကိုလည်း ယေဘုယျအား ဖြင့်သိထားသင့်ပါသည်။ 



                                အထက်ဖော်ပြပါပုံများကို အနည်းငယ်လေ့လာကြည့်ပါ။ ပုံများ၏ အလယ်ဗဟိုရှိ အဝိုင်းသည် မျက်စိ အတွင်းရှိ  မှန်ဘီလူးဖြစ်ပြီး၊ အပြင် ဖက်အဝိုင်းသည် ကြွက်သားဝိုင်းတခုဖြစ်၏။၎င်းတို့နှစ်ခုကို ဆံခြည်မျှင် ကြွက်သား များဖြင့်ဆိုင်းထားသည်ကို တွေ့ကြရပါမည်။အောက်ပုံ နှစ်ပုံ သည် အထက်ပုံနှစ်ပုံ၏ ဘေးတိုက်မြင် ရသော ပုံဖြစ်ပြီး၊အပြင်ကြွက် သား ဝိုင်းနှင့် ဆံခြည်မျှင်ကြွက်သားတို့ တင်းခြင်းလျော့ခြင်း ပြုမှုကြောင့် မျက်စိ တွင်းရှိ မှန်ဘီလူး ပါးခြင်းထူခြင်း ဖြစ်ပေါ်လာပုံကို သရုပ်ပြပါသည်။ ထိုကဲ့ သို့ မှန်ဘီလူးကို အထူ အပါးပြောင်း လဲစေခြင်းဖြင့် အနီးအဝေး ပြောင်း လဲနေသော အရာဝတ္တုပုံရိပ်တို့ကို ချိန်ဆနိုင်ပြီး ကြည်လင်သော အမြင်ကို ရကြခြင်းဖြစ်ပါသည်။
အသက်ကြီးရင့်မှုကြောင့် ခန္ဓာကိုယ်ရှိ ကြွက်သားများ၏လှုပ်ရှား မှုများ နှေးကွေးလာသကဲ့သို့ ပုံတွင်မြင် ရသည့် မျက်စိ၏အပြင်ကြွက် သားဝိုင်းလည်း ပြောင်းလဲမှုပြုရာတွင်နှေးကွေးသွားသောကြောင့် မျက်စိ၏ မှန်ဘီ လူးသည်  အထူအပါးခြားနားမှုနည်းသွားပြီး သက်ကြီးအနီး မှုန်ဖြစ် ရ၏။အနီးကြည့်မျက်မှန်တပ်မှ စာဖတ် (အနီး ကြည့်)ရာတွင် ကြည်ကြည် လင်လင် မြင်ရမည်ဖြစ်၏။ ဆယ်ကျော်သက်အရွယ် လူငယ်အများစု အဝေးမှုန်လာ ရ ခြင်း အကြောင်းရင်းတွင်လည်း၊အထက်ဖော်ပြပါ မျက်စိ ကြွက်သားများနှင့်မှန်ဘီလူးတို့၏ အနီးအဝေး အပြောင်း အလဲ ချိန်ဆနိုင်မှု အားနည်းသွားသောကြောင့်ပင် ဖြစ်ပါသည်။ သက်ကြီးအနီးမှုန်သည် အ သက် အရွယ်ကြောင့် ဖြစ်ပြီး၊ဆယ်ကျော်သက် အဝေးမှုန်သည့် မှားယွင်း သောအလေ့အကျင့်ကြောင့်ဖြစ်ကြောင်း၊  Kellogg Eye Center မှThe study's lead author and a resident physician ဖြစ်သူ MD,ဆိုဖီယာ Y ဝမ်းက ဆိုပါသည်။
ဆယ်ကျော်သက် အဝေးမှုန်ဖြစ်သူများသည် အခန်းတွင်းအနေ များသူများနှင့် အနီးကြည့်အသုံးများ သူများဖြစ်ကြပြီး၊ ကလေးဘဝနှင့် ဆယ်ကျော်သက်ဘဝအစ( ၉နှစ် ၁၀နှစ် ဝန်းကျင်)တွင် ၎င်းအလေ့အကျင့် အတိုင်းနေထိုင်ခဲ့ကြသူများ ဖြစ်ပါသည်။ မျက်စိတဆုံး အဝေးကြည့်ရန်ကို မေ့လျော့နေတတ်သူမျာဖြစ်ကြပြီး၊ စာရေးခြင်း၊စာဖတ်ခြင်:(ယနေ့ခေတ် စမတ်ဖုံး ၊ တက်ဘလက် ၊ ကွန်ပျူတာ စသည်တို့သုံးစွဲခြင်း ) ကဲ့သို့ အနီး ကြည့်အလုပ်တခုခုကို လုပ်နေရမှ ကြေနပ်နေတတ်ကြသူများ ဖြစ်ပါသည်။
မွေးရာပါအဝေးမှုန်သူများသည် မွေးရာပါမျက်လုံး(Eye ball)ရှည် နေခြင်း (သို့) ကြီးနေခြင်း နှင့် မျက်လုံး တိုနေခြင်း (သို့) မျက်လုံးသေး နေ ခြင်းများကြောင့် အမြင်အလျားတိုခြင်း(Nearsightedness)နှင့် အမြင် အ လျားရှည်(Farsightedness) ခြင်းတို့ ဖြစ်နေ၍ အဝေးမှုန်ပြီး မျက်မှန်တပ် ရန်လိုအပ်ရခြင်း ဖြစ်ပါ သည်။ အောက်ဖော်ပြပါ သရုပ်ဖော်ပုံများကို လေ့ လာပါက သိနိုင်ပါသည်။
       


အပေါ်ဆုံးပုံသည် ပုံမှန်သဘာဝအတိုင်းဖြစ်သော မျက်စိ၏ အမြင် အလျားဖြစ်ပြီး ပုံရိပ်သည်မြင်လွှာ၌ တထပ်တည်းကျပါသည်။ လက်ဝဲဖက် အောက်ပုံသည် အမြင်အလျားတို၍ မြင်လွှာ၏ရှေ့တွင်စော၍ ပုံရိပ် ကျ ရောက်သောကြောင့် အဝေးမှုန်ခြင်းဖြစ်၏။ ထိုနည်းတူ လက်ယာဖက် အောက်ပုံသည် အမြင်အလျား ရှည်၍ မြင်လွှာကို ကျော်လွန်ကာ ပုံရိပ်ကျ ရောက်သောကြောင့် အဝေးမှုန်ခြင်းဖြစ်ပါသည်။ ထိုအခြေအနေ သည် မွေးရာပါဖြစ်သောကြောင့် ကာကွယ်ခြင်း နှင့် ပြုပြင်ပြောင်းလဲခြင်း တစုံ တရာ ပြုလုပ်၍ ရမည်မဟုတ်ဘဲ အရှိအတိုင်းသာ လက်ခံကြရမည် ဖြစ်ပါ သည်။
ပြည်သူ့ကျမ်းမာရေးစောင့်ရှောက်မှု အပြည့်အဝရရှိသော နိုင်ငံများတွင်  ကျောင်းနေအရွယ် ကလေးငယ် များအား အထွေထွေ ကျမ်းမာ ရေးစစ်ဆေးပြီး ကလေးဘဝကပင် ကုသမှုများပေးသကဲ့သို့၊ မျက်စိကျမ်းမာရေးကို လည်း စစ်ဆေးပေးကာ မျက်မှန်လိုအပ်သော မွေးရာပါအဝေးမှုန်ကလေးများအား မျက်မှန်တပ်ဆင်စေခြင်းဖြင့် အများနည်းတူ ကြည်လင်သော အမြင်အာရုံကို ရရှိကြမည်ဖြစ်ပါသည်။
 ဆယ်ကျောင်သက်အဝေးမှုန်သူများမှာမူ ၎င်းတို့နှင့်မတူဘဲ မှား ယွင်း သော အလေ့အကျင့်များကြောင့် အဝေးမှုန်ရခြင်းဖြစ်ကြောင်း ပညာရှင်များကယုံကြည်လာကြပါသည်။ မြင့်တက်လာလျက်ရှိသော နှုန်းထား ကို တားဆီးရေးအတွက် ဂလိုဘယ်အတိုင်း အတာဖြင့် ပညာရှင် အသီးသီးက သုတေသနပြုလုပ်ပြီး အကြံပြုချက် များထုတ်ပြန် ခဲ့ကြပါ သည်။ နံရံပိတ်အခန်းများတွင် နေထိုင်ချိန်ကိုလျော့ချ ၍ အဆောက် အဦးများ၏ပြင်ပတွင် သဘာဝအလင်း ရောင်ဖြင့်နေထိုင်ချိန်ကို တိုးမြှင့် သင့်ကြောင်းအကြံပြုချက်၊(” အဝေးမှုန်မဖြစ်အောင်ကာကွယ် နည်း”http: //www.pyaeaungcoa.com တွင် ရေးသားဖော်ပြပြီး)၊ 20/20/20 အကြံ ပြုချက်၊One lecture period အကြံပြုချက်နှင့် 12”-14” အကြံပြုချက်တို့ သည် လူသိများပြီးထင်ရှားပါသည်။
20/20/20 အယူအဆမှာ အနီးကြည့် အလုပ်လုပ်ချိန် မီးနစ် (၂၀) ကြာပြီးတိုင်း၊ပေ(၂၀)အကွာအဝေးရှိ အရာဝတ္တု ပုံရိပ်တို့ကို စက္ကန့် (၂၀) မျှကြည့်သင့်ကြောင်း အကြံပြုချက်ဖြစ်ပါသည်။ ထိုသို့ကြည့်ရှုနိုင်ရန် အတွက် အလုပ်ခန်း အိမ်ခန်းတို့၏ နံရံတွင် ဓါတ်ပုံ ပန်းချီကား စသည် တို့ကိုချိတ်ဆွဲထားရှိခြင်း၊ အခန်းဒေါင့် နှင့် စားပွဲပေါ်တို့တွင် သစ်ပင်ငယ် များ ပန်းပင်ပန်းအိုးများ ပန်းပုလက်ရာများ ထားရှိခြင်းဖြင့် အထောက်အပံ့ ရစေမည်ဖြစ် ကြောင်းဆိုပါသည်။
One lecture period အယူအဆကို အကြံပြုသူတို့က 20/20/20 အယူအဆ၏ အကြံပြုချက်များကို လက္ခံသော်လည်း၊မီးနစ်(၂၀)အချိန်ကို စောဒကတက်ကြပြီး၊စာသင်ချိန်တချိန်၏ ကြာမြင့်ချိန်ကဲ့သို့ (၄၅) မီးနစ် မျှ သတ်မှတ်သင့်ကြောင်း၊မီးနစ်(၂၀)အချိန်သည် နည်းလွန်းကြောင်းဆိုပါ သည်။ စာရေးစာဖတ်ပြုရာတွင် လည်းကောင်း အိုင်တီဒီဗိုက်စ်များကို အသုံးပြုရာတွင်လည်းကောင်း၊ မျက်နှာနှင့်ကပ်၍ မကြည့်သင့်ကြောင်း၊ ၁၂ လက္မ နှင့် ၁၄လက္မ အကွာအဝေးအတွင်း ထား၍ကြည့်ခြင်းသည် အကောင်းဆုံး အကွာအဝေးပင်ဖြစ်ကြောင်း အကြံ ပြုချက်(12”-14”အယူ အဆ)ကိုမူ အားလုံးက လက်ခံကြပါသည်။
အချုပ်အားဖြင့်ဆိုရပါမူ မွေးရာပါမဟုတ်သော ဆယ်ကျော်သက် အရွယ်အဝေးမှုန်ခြင်းသည် ကလေးဘဝ (မူလတန်းကျောင်းသား အရွယ်) မှစတင်ကာ အခြေပြုလာပါသည်။ ကလေး၏ အမူအကျင့်များက အဓိ ကကျပါသည်။ ကလေးအား မိဘများက ဂရုတစိုက်စောင့်ကြည့်လျက် မှားယွင်းသော အမူအကျင့်များ ကို ပြုပြင်ပေးခြင်းသည်သာ ထိရောက် သောကာကွယ်မူဖြစ်ကြောင်း သတိမူကြရမည်ဖြစ်ပါသည်။ သို့ဖြစ်ရာ မိမိ တို့ရင် သွေးများ၏ ဘဝအတွက် အရေးပါလှသော အရွယ်ဖြစ်သည့် ဆယ် ကျော်သက်အရွယ်တွင် အဝေးမှုန်ခြင်း မဖြစ်စေရန်အတွက် အထက် ပါအကြံပြုချက်များကို လေ့လာပြီး၊ ဂရုတစိုက်စောင့်ကြည့် ပြုပြင်ပေးသင့်ပါကြောင်း အကြံပြု ရေးသားအပ် ပါသည်။ 

မောင်ပြည့်အောင်   

24.4.17

သင့်မျက်ဝန်းအရောင်ကပြောတဲ့ သင့်အကြောင်း


 
မျက်လုံးဆိုတာ လှပဆုံး ဆွဲဆောင်မှုရှိဆုံးအရာတွေထဲက တစ်ခုဖြစ်ပါတယ်။ သင့်ရဲ့ စိတ်ထဲက ခံစားချက်တွေကိုလည်း မျက်ဝန်းကတဆင့် သိရှိနိုင်တာကြောင့် နှလုံးသားရဲ့ တံခါးပေါက်အဖြစ် တင်စားကြပါတယ်။ တစ်ဦးကိုတစ်ဦး မျက်ဝန်းနဲ့ ဆက်သွယ်စကားပြောလို့ရသလို မျက်ဝန်းက အနက်ရှိုင်းဆုံး ဘာသာစကားကို ဖော်ပြပေးနိုင်တဲ့အရာတစ်ခုပါ။ 



လူတွေမှာ မျက်ဝန်းအရောင်အမျိုးမျိုးရှိပါတယ်။ အပြာရောင်၊ အညိုရောင်၊ အနက်ရောင်၊ အစိမ်းရောင် စသဖြင့်ပေါ့။ အာရှသားတွေရဲ့ မျက်ဝန်းအရောင်ကတော့ အညိုရောင်နဲ့ အနက်ရောင်များပါတယ်။ မျက်ဝန်းအရောင်ကပြောတဲ့ ကိုယ့်အကြောင်းလေးကို လေ့လာကြည့်ရအောင်ပါ။

အပြာရောင်မျက်ဝန်း




အပြာရောင်မျက်ဝန်းပိုင်ရှင်တွေဟာ သိပ်ကိုနှစ်လိုဖွယ်ကောင်းတဲ့သူတွေဖြစ်ပါတယ်။ မျက်ဝန်းပြာပြာကို ပိုင်ဆိုင်ထားရင်တော့ သင်ဟာ ဆွဲဆောင်မှုရှိသူ တည်ငြိမ်သူ ပင်ကိုယ်စိတ်သဘောအရ ငြိမ်းချက်သူတွေဖြစ်ပါတယ်။ အသိဥာဏ်ဗဟုသုတကိုလည်း လေ့လာလိုက်စားသူတွေဖြစ်ပါတယ်။

အညိုရောင်မျက်ဝန်း



အညိုရောင်မျက်ဝန်းတွေရဲ့ အကြောင်းတော့ ဖော်ပြဖူးပါတယ်နော်။ လူတွေအများဆုံး ပိုင်ဆိုင်ထားကြတဲ့မျက်ဝန်းပါ။ အရမ်းကိုလွတ်လွတ်လပ်လပ်နေတတ်ပြီး ယုံကြည်မှုအပြည့်ရှိသူတွေဖြစ်ပါတယ်။ သင့်ကိုလူတွေကကြည့်လိုက်ရင်ပဲ ယုံကြည်ရလောက်တဲ့သူတွေပါ။

အစိမ်းရောင်မျက်ဝန်း




အစိမ်းရောင်မျက်ဝန်းတွေဟာ ရှားပါးမျက်ဝန်းတွေဖြစ်ပါတယ်။ သဘာဝတရားကို စူးစမ်းလေ့လာလိုစိတ်ရှိသူတွေဖြစ်ပါတယ်။ လူမှုလဆက်ဆံရေးကောင်းမွန်တယ် အကောင်းဖက်ကနေမြင်တတ်တယ်။ တီထွင်ဖန်တီးဥာဏ်ကောင်တဲ့သူပါ။ ဒါပေမယ့် အလွယ်တကူသ၀န်ဆိုတတ်တဲ့သူတွေဖြစ်ပြီးတော့ အရမ်းလည်းချစ်တတ်သူတွေဖြစ်ပါတယ်။

အနက်ရောင်မျက်ဝန်းပိုင်ရှင်



အနက်ရောင်မျက်ဝန်းပိုင်ရှင်တွေဟာ လျှို့ဝှက်တဲ့သူဖြစ်ပါတယ်။ လူသစ်တွေနဲ့ဆိုရင် ကိုယ့်ဘာသာကိုယ် ဖာသိဖာသာနေတတ်ပါတယ်။ တည်ငြိမ်ပြီး သစ္စာရှိတဲ့သူတွေပါ။ အထူးသဖြင့် သူငယ်ချင်းမိတ်ဆွေတွေအပေါ် တွယ်တာပါတယ်။ ထိုးထွင်းသိမြင်နိုင်စွမ်းရှိသူတွေလည်းဖြစ်ပါတယ်။

မီးခိုးရောင် မျက်ဝန်းပိုင်ရှင်



မီးခိုးရောင်မျက်ဝန်းပိုင်ရှင်တွေကတော့ အရမ်းကို ပညာရှိတဲ့သူတွေဖြစ်ပေမယ့် ဆတ်ဆတ်ထိမခံတွေဖြစ်ပါတယ်။ အတွင်းစိတ်ကတော့ အရမ်းကိုခိုင်မာပြီး တစ်ခုခုကိုအကြောင်းအကျိုး ခွဲခြားတတ်သူဖြစ်ပါတယ်။ကိုယ့်ကိုပေးလာတဲ့အခြေအနေအတိုင်း လိုက်လျောညီထွေစွာ စိတ်ပြောင်းလဲနိုင်သူဖြစ်ပါတယ်။

နီညိုရောင် (သို့) စိမ်းညိုရာင် မျက်ဝန်းပိုင်ရှင်




Hazel Eyes လို့ခေါ်တဲ့ နီညိုရောင် (သို့) စိမ်းညိုရောင် မျက်ဝန်းပိုင်ရှင်တွေဟာ စိန်ခေါ်မှုတွေကို နှစ်သက်သူတွေဖြစ်ပါတယ်။ ဒါပေမယ့် အနည်းငယ်ကမျဉ်းကြောထတတ်တဲ့သူ ဗရုတ်ကျတတ်တဲ့သူဖြစ်ပါတယ်။လူတွေကို ချည်းကပ်တဲ့နေရာမှာတော့ ဆရာကြီး

ဖိုးသူတော် (www.phothutaw.com)
Credit:mystylemyanmar

ရွှန်းစိုတောက်ပတဲ့ မျက်ဝန်းတွေဖြစ်ဖို့


အိပ်ရေးပျက်တာတို့၊ ပင်ပန်းနွမ်း နယ်လွန်းတဲ့အခါမျိုးတွေမှာ မျက် လုံးတွေက ပင်ပန်းနွမ်းနယ်ပြီး မျက်ခွံတွေ မို့အစ်တာတို့၊ မျက် ကွင်းတွေညိုတာတို့ဖြစ်တဲ့အခါ မှာ ရွှန်းရွှန်းစိုစို မျက်ဝန်းလေးဖြစ် ဖို့အတွက် ပြင်ဆင်ဖို့လိုအပ်လာ တာမို့ ဘာတွေလုပ်သင့်လဲ လေ့ လာကြည့်ရအောင်ပါ။
အဖြူရောင် အိုင်းလိုင်နာသုံးပါ - မျက်ဝန်းကျယ်ကျယ်နဲ့ တောက် တောက်ပပဖြစ်ဖို့အတွက် ဆိုရင် တော့ အဖြူရောင်အိုင်းလိုင်နာနဲ့ မက်တဲလစ်ပေါင်ဒါမှုန့် အနည်း ငယ်သုံးဖို့ လိုပါတယ်။ မျက်လုံး ထောင့်နားလေးတွေကို အိုင်းလိုင် နာဆွဲလိုက်ပြီး မက်တဲလစ်ပေါင် ဒါမှုန့်လေး နည်းနည်းဖို့ ပေးလိုက် တဲ့အခါ အိပ်ချင်နေတဲ့မျက်လုံးအ စား မျက်ဝန်းကျယ်ကျယ်နဲ့ တောက်ပသွားစေမှာပါ။
မျက်လုံးတစ်ဝိုက်အရောင်တင် ပါ- မျက်ကွင်းညိုတာတွေကို ကွန်စီလာအကူအညီယူပြီး ဖျောက်ပစ်ကာ မျက်လုံးတစ်ဝိုက်ကို လင်းလာအောင် ပြင်ဆင်ပါ။
အပြာရောင်အိုင်းလိုင်နာသုံးပါ -အပြာရောင်အိုင်းလိုင်နာက မျက်လုံးကိုပိုတောက်ပသယောင် ဖြစ်စေတာမို့ ဆောင်ထားဖို့ လို ပါတယ်။
မျက်တောင်ကော့ဖို့ မမေ့ပါနဲ့ - မျက်လုံးရွှန်းစိုတောက်ပဖို့အ တွက်ဆိုရင် မျက်တောင်ကော့ ဆေးတွေကလည်း မေ့ထားလို့ မဖြစ်ပါဘူး။
မျက်လုံးတစ်ဝိုက် အရောင်ပြေး များ ခြယ်သပါ- မျက်လုံးအ ရောင်အလိုက် လိုက်ဖက်တဲ့မျက် ခွံဆိုးဆေးသုံးဖို့လည်း လိုအပ်ပါ တယ်။ ဥပမာ -နီညိုရောင်(ဒါမှ မဟုတ်)အညိုရင့်ရောင် မျက်လုံး ပိုင်ရှင်ဆိုရင် ကြေးညိုရောင်တို့၊ ရွှေ ရောင်သန်းတဲ့အရောင်မျိုး ရွေးဖို့လိုသလို မျက်လုံးအပြာဆို ရင်တော့ မြေနီရောင်လိုမျိုးတွေ ရွေးဖို့ လိုပါတယ်။
မျက်ခုံးဒီဇိုင်းပြောင်းပါ -မျက်ခုံးပုံ စံနဲ့ မျက်ခုံးအရောင်ကလည်း မျက်ဝန်းရွှန်းစိုမှုကို ထောက်ပံ့ပေး တာမို့ အလှအပကျွမ်းကျင်သူရဲ့ အကူအညီယူပြီး ကိုယ်နဲ့ လိုက် ဖက်တဲ့ မျက်ခုံးပုံစံကိုပြုပြင်ယူပါ။

Ref: wellnessbin No.1416 Friday, April 7, 2017

ကလေးတွေရဲ့ မျက်လုံးများကို အနားပေးပါ

ယနေ့ခေတ်ကလေးများ အရွယ်မတိုင်မီ မိုဘိုင်းဖုန်းအလွန်အကျွံသုံးစွဲမှုက မျက်လုံးများကို ထိခိုက်လျက်ရှိသည်။ (ဓာတ်ပုံ−နစ်ကီ)
ပြောင်းလဲတိုးတက်လာသည့် နည်းပညာခေတ်တွင်စမတ်ဖုန်း နှင့် ကွန်ပျူတာအသုံးပြုမှု ယခင်ထက်ပိုမိုများပြားလာသည်နှင့် အမျှ အဆိုပါပစ္စည်းများ၏ စခရင် (မျက်နှာပြင်)ကို မျက်စိဖြင့် ကြည့်ရှုရသောကြာချိန်မှာ ယခင်ထက်ပိုမိုအချိန်ယူလာသည်။
ကလေးငယ်များတွင် အွန် လိုင်းဂိမ်း၊ လူလတ်ပိုင်းနှင့် လူကြီး ပိုင်းများတွင် ဖေ့စ်ဘွတ်ခ်လူမှုကွန် ရက် စသဖြင့် စိတ်အပန်းဖြေစရာ နည်းပညာများသည် မျက်စိမခွာ နိုင်အောင်၊ လက်ကမချနိုင်အောင် ဆွဲငင်သိမ်းပိုက်ထားပေသည်။

‘‘ကလေးကို ငြိမ်အောင်လို့ ဖုန်းပေးဆော့ထားတယ်။ အခုဆို ကလေးက ဖုန်းကို စွဲနေသလိုဖြစ် နေတယ်။ ဖုန်းမပေးကိုင်ရင်ကို မ ငြိမ်တော့ဘူး။ ကြာရင် မျက်စိထိမှာ စိုးရိမ်နေရတယ်’’ဟု ကမာရွတ်လှည်းတန်းဈေးတွင် အစားအသောက် ရောင်းချနေသော အသက်(၁)နှစ် ခွဲအရွယ် ကလေးမိခင် မမာက ဆိုသည်။
 ဖုန်းဆင်းမ်ကတ်တစ်ခု ၁,၅၀၀ ကျပ်ဖြင့် အလွယ်တကူ ၀ယ်ယူသုံးစွဲခွင့်ကို ၂၀၁၄ အတွင်း ရရှိလာပြီးနောက် အသက်အရွယ် မရွေး၊ လူတန်းစားမရွေး အသုံးပြု နိုင်သော အခြေအနေဖြစ်လာ သည်။ ၂၀၁၆ အတွင်း မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT)၊ တယ်လီနောနှင့် အူရီးဒူး စသည့် ဆက်သွယ်ရေး အော်ပရေတာ သုံးခုစလုံး၏ ထုတ်ပြန်ချက်များအ ရ မြန်မာနိုင်ငံ၌ မိုဘိုင်းဖုန်းအသုံး ပြုသူအရေအတွက် ၄၉ သန်း ကျော်ရှိပြီး မှတ်ပုံတင်၍ ဆင်းမ် ကတ်အသုံးပြုသူ ၃၃ သန်းရှိလာသည်။
‘‘ဖုန်းက လူတိုင်း အလွယ်တ ကူ ၀ယ်လို့ရပြီ။ ဖုန်းဈေးတွေက လည်း လူတိုင်းတတ်နိုင်တဲ့အနေ အထားကို ကျဆင်းလာပြီ။ ပိုပိုပြီး လည်း သုံးတတ်လာပြီ။ ဒါကောင်း တဲ့လက္ခဏာပဲ။ ဒါပေမဲ့ အဲဒီအထဲ မှာ ကောင်းကျိုး၊ ဆိုးကျိုးတွေက တော့ အများကြီးရှိတာပေါ့။ ဆရာ့ အနေနဲ့ မျက်စိကို သနားမိတယ်။ မျက်လုံးဖွင့်ထားသရွေ့ အလင်း တန်းတွေက ၀င်နေတယ်။ ခြေ လက်တွေညောင်းရင် နားရမယ် ဆိုတဲ့အသိ ရှိကြပေမယ့် မျက်လုံး ကျတော့ သိပ်ပြီးနားရမယ်ဆိုတဲ့ အသိမရှိကြဘူး’’ဟု မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာတင်ဝင်းက ဆိုသည်။
အဆိုပါ ဖုန်း၊ကွန်ပျူတာ စ သော အီလက်ထရွန်နစ်ပစ္စည်း များအသုံးပြုခြင်းသည် မျက်စိ ကွယ်သည့် ထိခိုက်မှုဖြစ်ပေါ်စေ ခြင်း ရှိ၊ မရှိကိုမူ အထောက်အထား များ ခိုင်ခိုင်မာမာ မတွေ့ရှိသေး သော်လည်း ယင်းပစ္စည်းများ အ သုံးပြုပြီးပါက မျက်စိညောင်းသော လက္ခဏာဖြစ်စေနိုင်သည်ဟု နိုင်ငံ တကာ သုတေသီများက အတည် ပြုထားကြသည်။
အမေရိကန်နိုင်ငံ Vision Council မှ ၂၀၁၅ က ထုတ်ပြန် သော အစီရင်ခံစာတွင် အမေရိ ကန်နိုင်ငံသားများ၏ ၆၁ ရာခိုင် နှုန်းသည် အီလက်ထရွန်နစ်ပစ္စည်း များကို အချိန်ကြာမြင့်စွာ သုံးပြီး နောက် မျက်လုံးညောင်းညာခြင်း (Eye Strain)ကို လူသုံးဦးလျှင် နှစ်ဦးနှုန်းခံစားရကြောင်း ဖော်ပြထားသည်။
မြန်မာနိုင်ငံတွင်လည်း ဖုန်း အသုံးပြုခြင်းကြောင့် မျက်စိထိ ခိုက်မှုဖြစ်စဉ်များမှာ အထောက် အထားမရှိသေးသော်လည်း ဖုန်း နှင့် ကွန်ပျူတာအသုံးပြုမှုများ သော ကလေးများ၊ လူငယ်၊ လူ လတ်ပိုင်းအရွယ်များတွင် မျက်စိ ညောင်းမှု ဝေဒနာခံစားရမှုနှင့် မျက်မှန် လိုအပ်ချက်များရှိနေ ကြောင်း မျက်စိအထူးကုဆရာဝန် ကြီးများက ဆိုသည်။
‘‘ဖုန်းကြောင့်ဖြစ်တယ်ဆိုတဲ့ မျက်စိရောဂါတွေက အခုအချိန် ထိ ကျွန်တော်တို့မှာမရှိသေးဘူး။ ဒါပေမဲ့ ကလေးက ဖုန်းအရမ်းသုံး နေလို့ စိုးရိမ်ပြီးကြည့်ပေးပါဆိုပြီး လာတာမျိုးတော့ရှိတယ်။ ကျွန် တော်တို့ အများဆုံးကြုံတွေ့ရ တာကတော့ ညနေတိုင်း ၆ နာရီလောက်ဆို (၂၀)၊ (၂၅)ပတ်ဝန်း ကျင်အရွယ်လေးတွေလာတယ်။ အဓိက သူတို့လာရင် ဇက်ကြော တက်၊ ခေါင်းကိုက်လို့ လာကြ တာ။ အဲဒီအခါကျ မေးလိုက်ရင် ကွန်ပျူတာကြောင့်ပဲ။ ပြီးတော့ ကျွန်တော်တို့ တစ်နိုင်ငံတည်းမ ဟုတ်ဘူး။ နိုင်ငံတကာတွေမှာ လည်း ဒီအတိုင်းပဲ။ ကွန်ပျူတာအ ကြည့်များတဲ့ကလေးတွေမှာ မျက် မှန်လိုအပ်ချက်တွေ ပေါ်လာတယ်။ ဖုန်းအကြည့်များတဲ့ကလေးတွေ မှာ မျက်မှန်လိုအပ်ချက်တွေ တွေ့ လာရတယ်’’ဟု ပါမောက္ခ ဒေါက်တာတင်ဝင်းက ဆိုသည်။
အလုံမြို့နယ် ၀င်းဆေးခန်းမှ အထွေထွေရောဂါကု ဆရာဝန် ဒေါက်တာမြင့်ဦးကလည်း ‘‘ကျွန် တော့် ဆေးခန်းမှာတော့ ဖုန်း ကြောင့်ဖြစ်တဲ့ မျက်စိရောဂါရယ် လို့ မတွေ့ဖူးဘူး။ လာပြတာမရှိဘူး။ ကွန်ပျူတာသုံးပြီး မျက်စိညောင်းတာမျိုးတော့ရှိတယ်’’ဟု ဆိုသည်။
ကွန်ပျူတာအသုံးများသဖြင့် မျက်စိများေ၀၀ါးခြင်း၊ မျက်လုံး အိမ်ခြောက်သွေ့ခြင်း၊ မျက်ရိုး ကိုက်ခြင်း၊ မျက်ရည်ပူများကျ ခြင်း၊ ခေါင်းမူးခြင်း၊ ခေါင်းကိုက် ခြင်း၊ ဇက်ကြောတက်ခြင်းတို့ ဖြစ်ပေါ်ပြီး မျက်မှန်အမြဲတပ်ဆင် ရသူများတွင်မူ မျက်မှန်ကြည့်ရ သည်မှာ ၀ါးခြင်း၊ အဆင်မပြေခြင်း များဖြစ်လာသဖြင့် ထပ်မံစမ်းသပ် သည့်အခါ မျက်မှန်ပါဝါတိုးရသည့် အဖြစ်များ ရှိလာကြောင်း သိရ သည်။ သို့သော် ဖုန်းနှင့်ကွန်ပျူတာ နှိုင်းယှဉ်လျှင် မျက်စိထိခိုက်နိုင်ခြေ မှာ ဖုန်းတွင်ဖော်ပြထားသော စာ လုံးအရွယ်အစားသည် အလွန် သေးငယ်သဖြင့် ကွန်ပျူတာသုံး ခြင်းထက် ဖုန်းအသုံးပြုခြင်းကမျက်စိညောင်းညာမှုကို ပိုမိုဖြစ် ပေါ်စေနိုင်သည်ဟု ဆရာဝန်ကြီး က ဆိုသည်။
‘‘ဖုန်းစာလုံးတွေက အရမ်း သေးတယ်။ ဒါကြောင့် ဖုန်းကို ကြည့်ရတာ ပိုညောင်းတယ်။ နောက်တစ်ခုကလည်း ပြန်ကြည့် မယ်ဆိုရင် ဖုန်းရဲ့ အလင်းက ပိုစူး တယ်။ ကောင်းတာက မိနစ် ၂၀ လောက် လုံးဝနားလိုက်။ ပြီးတော့ ပြန်လုပ်၊ ပြန်နား အဲဒီလိုလေးတွေ ပေါ့။ အဲဒီလိုနားသွားမယ်ဆိုရင် ပြဿနာမရှိဘူး’’ဟု ပါမောက္ခ ဒေါက်တာတင်ဝင်းက အကြံပြုသည်။
ဖုန်းနှင့် ကွန်ပျူတာများအ သုံးပြုခြင်းကြောင့် လတ်တလော ဆိုးကျိုးအဖြစ် မျက်စိညောင်းညာ မှုနှင့် မျက်မှန်လိုအပ်ချက်များ ဖြစ် ပေါ်နိုင်သည့်အပြင် ရေရှည်ဆိုး ကျိုးအဖြစ် ဖုန်း၊ ကွန်ပျူတာများ ၏ မျက်နှာပြင်များမှ ထုတ်လွှတ် သော HEV (High-Energy Visible) Light (အပြာရောင်အလင်း) များကြောင့် မျက်စိ၏ တစ်သျှူး များကို ပျက်စီးစေနိုင်သည်။
ယင်းအပြာရောင် အလင်း တန်းများသည် နေနှင့် LED မီးသီး များမှ ထုတ်လွှတ်သည် ဆိုသော်လည်း မည်သူမျှ နေနှင့်မီးသီးများကို အချိန်အကြာကြီးစိုက် ကြည့်မှုမရှိကြပေ။ ထိုသို့မဟုတ် ဘဲ LED မီးသီးတစ်လုံးကို စိုက် ကြည့်မည်ဆိုပါကလည်း မျက်လုံး များပူလာသည့်ခံစားရမှုမှာ အမြင် သာဆုံးဥပမာတစ်ခုပင်ဖြစ်သည်။
အဆိုပါအလင်းကို လူတစ် ယောက်ရရှိသည့်ပမာဏပေါ်မူ တည်ပြီး မျက်စိထိခိုက်နိုင်မှုအ နည်းအများကွာခြားသည်။ စမတ် ဖုန်းများ၏ မျက်နှာပြင်သည် သေး ငယ်သော်လည်း ယင်းတို့သည် မျက်နှာပြင်ကြီးမားသော တယ်လီ ဗီးရှင်းများထက် အပြာရောင်အ လင်းပိုများသော ပမာဏကိုရရှိနိုင် သည်။ အဘယ်ကြောင့်ဆိုသော် မျက်စိမှ မျက်နှာပြင်ကိုစိုက်ကြည့် နေချိန်၌ မျက်စိကိုကျယ်ကျယ် ဖွင့်ထားပြီး မျက်တောင်ခတ်သည့် အချိန်သည် ပိုမိုနည်းပါးခြင်း ကြောင့် ဖြစ်သည်။ ထို့ကြောင့် မျက်နှာပြင်ကို ပုံသေအကွာအဝေး တစ်ခုကနေ အချိန်အကြာကြီးစိုက် ကြည့်နေမိသည့်အခါ မျက်လုံး ညောင်းသော ဝေဒနာဖြစ်ပေါ်စေ သည်ဟု မျက်စိအထူးကုဆရာဝန် ကြီးများက ရှင်းပြသည်။
‘‘ဖုန်းတို့၊ ကွန်ပျူတာတို့သုံး လို့ မျက်စိညောင်းတဲ့ ဝေဒနာဘယ် လိုရလဲဆိုတော့ လူတစ်ယောက် က အဝေးကိုကြည့်ရင် မျက်စိသိပ် မညောင်းဘူး။ အနီးကို ကြည့်ရင် ပိုညောင်းတယ်။ မျက်စိကြွက်သား တွေက ပိုအလုပ်လုပ်ရတယ်။ အမေရိကန်ဆေးသိပ္ပံပညာရှင် တွေရဲ့ သုတေသနပြုချက်အရ ဆိုရင် မျက်စိကြွက်သားက အနီး ကိုကြည့်ရင် ခံနိုင်ရည်အားက မိနစ် ၂၀ ပဲရှိတယ်။ ဒါကြောင့် သူ တို့က မိနစ် ၂၀ ပြည့်တိုင်း မျက်စိ ကို စက္ကန့် ၂၀ နားပါဆိုတဲ့ အကြံ ပြုချက်ပေးထားတယ်’’ ဟု ဒေါက် တာတင်ဝင်းက ဆိုသည်။
ထို့ကြောင့် ကွန်ပျူတာကို လမ်းတစ်ကမ်းစာ အကွာလောက်မှ အသုံးပြုခြင်း၊ ဖုန်းအသုံးပြုစဉ် ဖုန်းနှင့်မျက်လုံးအား ပိုဝေးကွာစွာ ထားရှိခြင်းတို့အပြင် မိနစ် ၂၀ ကြာတိုင်း ပေ ၂၀ အကွာအဝေးမှ အရာဝတ္ထုတစ်ခုခုကို စက္ကန့် ၂၀ ကြာအောင်စိုက်ကြည့်ပေးခြင်းတို့ ကို ပြုလုပ်ရန်လိုအပ်သည်။ ယခု ကဲ့သို့ ပြုလုပ်ပေးခြင်းဖြင့် မျက် လုံးကြွက်သားများကို အာရုံစိုက် ပြီး အလုပ်လုပ်နေရာမှ သက်သာ စေသည့်အပြင် မျက်တောင်ခတ်ဖို့ အတွက်လည်း လှုံ့ဆော်ပေးသည် ဟု မျက်စိအထူးကုဆရာ ၀န်ကြီး များက အကြံပြုထားသည်။
အမေရိကန်နိုင်ငံ National Eye Institute က အမေရိကန်နိုင်ငံ သား ၃၄ သန်းသည် ဖုန်း၊ ကွန်ပျူ တာမျက်နှာပြင်ကို အနီးကပ်အ ချိန်ကြာမြင့်စွာ ကြည့်ရှုခြင်း ကြောင့် ယခုအခါအဝေးမှုန်နေ ကြပြီး ၂၀၃၀ တွင် အဝေးမှုန်သူ ဦးရေမှာ သန်း ၄၀ အထိ များလာ မည်ဟုပင် ခန့်မှန်းထားသည်။
ကျန်းမာရေးစောင့်ရှောက်မှု တွင် ‘ကာကွယ်ခြင်းသည် ကုသ ခြင်းထက် ပိုမိုထိရောက်သည်’ ဆိုသော စကားအရ တစ်ကိုယ်ရေ ကျန်းမာရေးစောင့်ရှောက်မှုကို လူ တိုင်းအလေးထားဆောင်ရွက်သင့် ပြီး အမြင်အာရုံဖြစ်သော မျက်စိ ကျန်းမာရေးသည်လည်း ဂရုပြု စောင့်ရှောက်ရမည့်အထဲ၌ ပါဝင် နေသည်။
မျက်စိသည် အလွန်နုနယ် သော အရေးကြီးကိုယ်အင်္ဂါအစိတ် အပိုင်းတစ်ခုဖြစ်သည်။ မျက်စိနှစ် ကွင်းအလင်းမရပါက ပတ်ဝန်း ကျင်အပေါ် မှီခိုရမှုနှင့် လုပ်အား ဆုံးရှုံးမှုများကို ဖြစ်ပေါ်စေ သည်။ လက်နှင့်ခြေကို အသုံးပြု ၍အလုပ်ဆက်တိုက်လုပ်ကိုင် ရပါက ပင်ပန်းနွမ်းနယ်လာသကဲ့ သို့ နူးညံ့သည့် မျက်လုံးများဆိုလျှင် ပိုမိုပင်ပန်းနွမ်းနယ်မည်ဖြစ်သဖြင့် မျက်လုံးကို မကြာခဏအနားပေး ရန် လိုအပ်ပေသည်။
လူတို့သည် ‘မျက်စိအဆုံး နားအရှုံး’ဆိုသည့် စကားရှိသည် ကို မေ့လျော့နေတတ်ပြီး ကျန်းမာ ရေး အသိရှိသည့် လူများသည်ပင် အမှန်တကယ် လိုက်နာရမည့် အ လေ့အထများကိုပင်လိုက်နာမှု အားနည်းနေသေးသည်။ ဖုန်းအ သုံးများ၍ မျက်စိညောင်းညာကာ မျက်ရည်ပူကျလာခြင်းသည် ဖုန်း အသုံးပြုမှုကို ခဏရပ်သင့်ပြီဟု ခန္ဓာကိုယ်က တုံ့ပြန်မှုပြလာသော် လည်း လူအများစုမှာ ဖုန်းအသုံးပြု မှုကို ရပ်တန့်မသွားပေ။
အချုပ်ဆိုရသော် ဖုန်းနှင့် ကွန်ပျူတာကြောင့်ဖြစ်သော မျက် စိထိခိုက်မှုသည် ရေတိုတွင် ကြီး ကြီးမားမား ဖြစ်နိုင်ခြေမရှိသော် လည်း ရေရှည်ဆိုးကျိုးမဖြစ်စေရန် ဆရာဝန်ကြီးများ အကြံပြုထားသည့် မျက်စိကျန်းမာရေးလမ်းညွှန်ချက်များကို လိုက်နာရန်လိုအပ်ပေသည်။
‘‘အခုခေတ်က အိုင်တီနည်း ပညာတိုးတက်လာတော့ ဒီနည်း ပညာတွေကို ကလေးတွေက မရ လို့မဖြစ်ဘူး ရရမယ်။ ဒါတွေကို အထိုက်အလျောက်ခွင့်ပြုရမယ်။ ဒါပေမဲ့ အလွန်အကျွံတော့မလုပ်ရ ဘူး။ ကလေးက နားနားနေနေလုပ် မယ်ဆိုရင် ခွင့်ပြုရမယ်။ ဒါပေမဲ့ တစ်ချိန်လုံးမခွာဘဲနဲ့ ကြည့်တာ မျိုးမလုပ်ရဘူး။ အလွန်အကျွံလုပ် ရင် ကလေးရဲ့ မျက်စိကျန်းမာရေး ထိခိုက်နိုင်တယ်။ မျက်လုံးညောင်း ညာမှုဖြစ်မယ်။ ညောင်းညာမှုဖြစ် တာထက်ကို မျက်မှန်လိုအပ်ချက် တွေ ပိုများလာနိုင်တယ်’’ဟု ဒေါက်တာဦးတင်ဝင်းက အကြံပြုသည်။
အတွဲ (၁၆)၊ အမှတ် (၅),2017-04-05 11:59, By ယမင်း