ပုံ(၁)
ပုံ(၂)
အထက်ဖော်ပြပါ ပုံများသည် မျက်ကြည်လွှာ၌ ရှိနေသော မျက်ကြည်လွှာအနာရွတ်များ၏ ပုံများ ဖြစ်ကြပါသည် ။ မျက်ကြည်လွှာ၌ အနာရွတ်များဖြစ်ရခြင်းသည် မျက်ကြည်လွှာအနာ (Corneal Ulcer)ဖြစ်ခြင်း နှင့် မျက်ကြည်လွှာ၌ အစအနဝင်ခြင်း(Corneal foreign)တို့ ကြောင့် အထူးသဖြင့် ဖြစ်ပွားတတ်သော်လည်း ၊ အခြားသော အကြောင်းရင်းခံများလည်း အများအပြားရှိပါသည်။
မျက်ကြည်လွှာ အနာရွတ်များသည် အဖြူရောင်ရှိသည်ဟု ထင်မှတ်ရသော်လည်း စင်စစ် အားဖြင့် မီးခိုးရောင်ဖျော့ဖျော့ ယှက်သန်းလျက် ရှိပါသည်။ အနာရွတ်များ၏ ပမာဏအကြီး အသေးပေါ်မူတည်၍ အမြင်အာရုံအပေါ် အကျိုးသက်ရောက်မှုသည်လည်း ကွဲပြားခြားနားပါ သည်။သေးငယ်သော မျက်ကြည်လွှာ အနာရွတ်များသည် အမြင်အာရုံကို သာမန်မျှသာ ဆုံး ရှုံးစေမည်ဖြစ်သော်လည်း ၊ မျက်ကြည်လွှာ၏ ဧရိယာအပြည့်နီးပါး ဖုံးလွှမ်းလျက်ရှိသော မျက် ကြည်လွှာအနာရွတ်များမှာမူ အမြင်အာရုံ(မြင်ကွင်း)ကို ကွယ်ကာမှုကျယ်ပြန့်သောကြောင့် ကာယကံရှင်အတွက် ဆုံးရှုံးမှု ကြီးမားပါသည် ။ ဤအခြေအနေမျိုးတွင် မြင်ကွင်း ပိုမိုကောင်း မွန်လာစေရနမျက်စိသူငယ်အိမ်ကို ဖြတ် တောက်ပြုပြင်ခြင်း(Optical Iridectomy) နည်း ပညာဖြင့် လည်းကောင်း ၊ သို့တည်းမဟုတ် မျက်ကြည်လွှာ အစားထိုးပြုပြင်ခြင်း(Corneal graft) နည်းပညာဖြင့်လည်းကောင်း စသည့်ကုသမှု အမျိုးမျိုးဖြင့် မျက်စိအထူးကုဆရာဝန်များ က ကုသမှုပေးကြမည်ဖြစ်ပါသည်။
မျက်နက်ဝန်းကို
ဖြတ်တောက်ပြုပြင်ခြင်း
(Optical iridectomy)ဖြင့်
မျက်စိသူငယ်အိမ်(Pupil)သည် ပို၍ကျယ်ဝန်းလာပြီး ကာယကံ ရှင်၏ မြင်ကွင်းသည် မျက်ကြည်လွှာအနာရွတ်ဖြင့်
ကွယ်နေသောနေရာမှ လွတ်လျှက် မျက်ကြည်လွှာ၏ ကြည်လင်ကောင်းမွန်သော ဧရိယာမှနေ၍ ပိုမိုထင်ရှားပြတ်သားသော
မြင်ကွင်းကို ရရှိစေမည်ဖြစ်ပါသည်။
မျက်နက်ဝန်းကိုဖြတ်တောက်ပြုပြင်(opticalirredectomy)ထားပုံများ
အထက်ပါပုံများတွင်အထက် ပုံသည် သင်ကြားရေး
အ ထောက်အကူပြု မျက်စိသူငယ် အိမ် ဖြတ်တောက်ပြုပြင်ခြင်း နမူနာပုံစံငယ် ဖြစ်ပြီး အောက်ပုံသည် မျက်နက်ဝန်း ကို ပြုပြင်ထားသော မျက်စိဖြစ်ပါသည်။
မျက်ကြည်လွှာအစားထိုးပြုပြင်ခြင်း(Corneal
graft)သည် အနာ ရွတ်ရှိသော မျက်ကြည် လွှာကို ဖယ်ထုတ်၍ ကြည်လင်ကောင်းမွန်သော မျက်ကြည်လွှာကို လဲလှယ်အစား ထိုး
ပြုပြင်ခြင်းဖြစ် ၍ ပြည့်ဝကောင်းမွန် သော အမြင်ကြည်လင်မှုကို ရရှိစေနိုင်ပါသည်။သို့ရာတွင်
မျက်ကြည်လွှာ လှုဒါန်းမည့် အလှူရှင်တော့လိုအပ်ပါသည်။
ယနေ့မျက်မှောက်ခေတ်၌ ဤကဲ့သို့သော မျက်ကြည်လွှာလိုအပ်
ချက်အတွက် အလှူရှင်များ ရရှိရန် မီဒီယာအသီးသီးမှ နှိုးဆော်တိုက်တွန်း ခြင်းနှင့် စနစ်တကျ
လက်ခံဆောင်ရွက်ခြင်းများကို မျက်စိအထူးကုဆေးရုံ ကြီးမျာရှိ မျက်စိဘဏ်များက ဆောင်ရွက်လျှက်ရှိပါသည်။
မျက်ကြည်လွှာ အစားထိုးကုသခြင်းသည် ၄င်းကဏ္ဍ၌ အထူးကျွမ်း
ကျင်သော မျက်စိခွဲစိတ် အထူးကုဆရာဝန် လိုအပ်ချက်နှင့် ခွဲစိတ်ကရိယာ လိုအပ်ချက်များသည်
အထူးအရေးပါသည်ဖြစ်၍ မျက်စိကုသရေးနယ်ပယ် ၌ မျက်ကြည်လွှာ အစားထိုးကုသရေးဗဟိုဌာနများ ဖွင့်လှစ်ဆောင် ရွက်
နေကြရသော လုပ်ငန်းကြီးလည်းဖြစ်ပါသည်။
မျက်ကြည်လွှာအစားထိုးလဲလှယ်ခြင်း နည်းစနစ်နမူနာပုံစံ
အစားထိုးပြုပြင်ထားသောမျက်ကြည်လွှာ(corneal graft)
`
မျက်ကြည်လွှာအစားထိုးပြုပြင်ခြင်း(Corneal
Graft)ဆိုင်ရာ နည်းပညာများ
ဖော်ပြပါ ပုံတွင် အပြင်စက်ဝိုင်းကြီးသည်
ကာယကံရှင်၏ မူရင်း မျက်ကြည်လွှာကို ရည်ညွှန်းပြီး အတွင်းစက်ဝိုင်းငယ်သည် အသစ် လဲလှယ်ထားသော
မျက်ကြည်လွှာကို ရည်ညွှန်းပါသည်။ကျန်သောမျဉ်း များသည် ချုပ်ကြိုး(suture)အသုံးပြုပုံ
နည်းလမ်းများကို ညွှန်းပါသည်။
ပုံ(၂)၏လက်ျာဖက်ပုံတွင် တွေ့ရသော မျက်ကြည်လွှာအနာရွတ်
(corneal ulcer)သည် မျက်ကြည်လွှာ ဧရိယာအားလုံးအား ဖုံးလွှမ်းလျှက် ရှိနေသည်ကို တွေ့ကြရမည်ဖြစ်၏။ဤအခြေအနေမျိုးသည်
မျက်စိနှစ်ဖက် စလုံးတွင် ရှိနေသည်ဆိုလျှင်တော့ ဖြစ်တောင့်ဖြစ်ခဲ စိတ်မကောင်းဖွယ်ရာ
ပင်ဖြစ်ပါသည်။အဘယ့်ကြောင့်ဆိုသော် အနာရွတ်သည် ကာယကံရှင်၏ မြင်ကွင်းဧရိယာအားလုံးကို
ပိတ်ဆို့ကာဆီးလျှက် ရှိနေသောကြောင့် ဖြစ် ပါသည်။နှစ်ဖက်စလုံး ဖြစ်လေ့ဖြစ်ထ အလွန်နည်းပြီး
တဖက်တည်းဖြစ် သည်က များပါသည်။
လူနာ၏ မျက်ကြည်လွှာ အနာရွတ်သည် မျက်စိတဖက်တည်း၌
ရှိ သည်ဖြစ်စေ နှစ်ဖက်စလုံး၌ ရှိသည်နေဖြစ်စေ ကာယကံရှင်၏ အမြင်အာရုံ ပိုမိုတိုးတက်
ကောင်းမွန်ရန်အတွက် မျှော်လင့်ချက်ထားပြီး မျက်စိအထူးကု ဆရာဝန်နှင့်ပြသ၍ အကြံဥာဏ်တောင်းခံသင့်သည်သာ
ဖြစ်၏။
အထူးသတိပြုရန်မှာ မျက်ကြည်လွှာ၌ အနာရွတ်အပြည့်ရှိသော
မျက်စိသည် အကယ်၍ (ကောင်းသောမျက်စိနှင့် နှိုင်းယှဉ်ကြည့်ပါက) ပို၍ သေးလာခြင်း၊ ပို၍ကျုံ့ဝင်လာခြင်းများ
ဖြစ်လာပါက အမြင်အာရုံတိုးတက် ရေးအတွက် မျှော်လင့်ချက်နည်းသွားရပြီ ဖြစ်ပါသည်။ထိုအခြေအနေကို
Pathisis Bulbi ဟုခေါ်ပါသည်။
အဘယ့်ကြောင့်ဆိုသော်
ထိုကဲ့သို့သော သာမန်ထက်ပို၍ သေးလာ ခြင်း၊ ကျုံ့ဝင်လာခြင်း လက္ခဏာများသည် တစ်ရှုးများကိုပျက်စီးစေသော
ရောဂါ(Phthisis)(တနည်း-မြစ်ခြောက်နာ)၏ လက္ခဏာရပ်များ ဖြစ်နေ သောကြောင့်ဖြစ်၏။
ထို့ပြင် အလွန်နာကျင်ခြင်း၊ ရောင်ရမ်းခြင်းများလည်း
ဖြစ်ပေါ်ခံစားရ တတ်သည်ဖြစ်ရာ ထိုလက္ခဏာရပ်များဖြစ်လာပါက မျက်စိအထူးကုဆရာ ၀န်၏ ခွဲစိတ်ကုသမှုကိုခံယူရန်
မလွဲမသွေလိုအပ်လာပြီဖြစ် ပါသည်။
မျက်စိအထူးကုဆရာဝန်သည်
နောက်ဆက်တွဲဖြစ်ပွားလာမည့် ဆိုးကျိုးများကို တားဆီးရန်နှင့် လက်ငင်းခံစားနေရသော ဝေဒနာများ
သက် သာပျောက်ကင်းစေရေးအတွက် ရောဂါဖြစ်နေသောမျက်စိကို တခါတရံ ခွဲစိတ်ဖယ်ရှားပြီး မျက်လုံးတု(Artifical
Eye)ကိုတပ်ဆင်စေခြင်းဖြင့် ကုသ မှုပေးမည်ဖြစ်ပါသည်။ခေတ်မီမျက်လုံးတုများသည် အစစ်နှင့်ခွဲခြား၍
မရ နိုင်လောက်အောင်(အရောင်အသွေးနှင့် သွေးကြောမျှင်ငယ်လေး များ ပါဝင်သည်ကအစ)တူညီပြီး
မျက်စိအစစ်လှုပ်ရှားလျှင် လိုက်ပါလှုပ်ရှား မှုပြုသည်အထိ သေသပ်ကောင်းမွန်ပါသည်။
မျက်လုံးတုပုံ၊ မျက်လုံးတုမတပ်ဆင်မီနှင့်
တပ်ဆင်ပြီးပုံများ
ပြည့်အောင်(၂၈/၉/၁၆)