30.7.16

မျက်ကွင်းညိုခြင်းအကြောင်းလက်လှမ်းမီသမျှ..



                မျက်ကွင်း ညိုခြင်းဟာ ရောဂါတစ်ခု မဟုတ်ပါဘူး။ မျက်လုံး ပတ်ပတ်လည်မှာအာဟာ ရပြု ထောက်ပံ့နေသည့် ဆံချည်မျှင် သွေးကြောလေး များထဲတွင် ရှိသော ဟေမိုဂလိုဘင် များ ပျက်စီး ဆုံးရှုံးခြင်းမှ ထွက်ပေါ် လာသော ရလဒ်တစ်ခုပဲဖြစ်ပါတယ်။ မျက်ကွင်း ညိုနေခြင်းဟာတစ်ခြားသူတွေ အတွက်လည်း ကြည့်လို့မကေင်းသလို ကိုယ်တိုင်အတွက်လည်း ယုံကြည်မှုကင်းမဲ့စေတဲ့ ပြဿနာတွေကို ကြုံတွေ့ရတတ်ပါတယ်။

               ဒါ့ကြောင့် မျက်ကွင်းညိုခြင်းကို ဖြစ်စေ တတ်သော အခြေအနေ များနှင့် မျက်ကွင်းညိုခြင်း ကို မည်သို့ ကာကွယ်သင့် သည်ကို ဖော်ပြပေး လိုက်ပါသည်။ မျက်ကွင်းညိုခြင်း သည် အောက်ပါ အကြောင်းအ ရင်း များကြောင့် ဖြစ်စေပါ သည်။ မျိုးရိုးလိုက်ခြင်း၊ အိုမင်းရင့်ရော် လာခြင်း၊ နေရောင်ခြည်နှင့် မကြာခဏ ထိတွေ့ခြင်း၊ နေ့စဉ်ရက်ဆက် ပင်ပန်း နွမ်းနယ်ခြင်း၊ စိတ်ဖိစီးမှု များခြင်း၊ ရေဓာတ် ခန်းခြောက်ခြင်း၊ ကွန်ပျူ တာ၊ တီဗွီ မှန်သားပြင် ရှေ့တွင် အချိန် ကြာမြင့်စွာ အာရုံစိုက် ကြည့်ရှုတတ်ခြင်း၊ နှင်းခူ ကဲ့သို့သော ဓာတ်မ တည့်သည့် ရောဂါများ ရှိနေခြင်း၊ ထိပ်ကပ်နာ ကဲ့သို့သော နှာခေါင်းနှင့် ပတ်သက်သည့် ရောဂါများ ရှိနေခြင်း တို့ကြောင့် ဖြစ်စေ နိုင်သည်။

             မျက်ကွင်းညိုခြင်း မဖြစ်အောင် ဘယ်လို နည်းတွေနှင့် ကာကွယ်ကြ မလဲ။ မျက်ကွင်း ညိုခြင်း ကို သက်သာစေရန် နည်းလမ်းများ မှာ ရေများများ သောက်ခြင်း၊ မျက်စိကို လက်ဖြင့် ကြမ်းကြမ်း တမ်းတမ်း မပွတ်မိအောင် သတိပြုခြင်း၊ သခွားသီး သို့မဟုတ် အာလူးတို့ကို အခွံနွှာကာ အကွင်းလိုက် ပါးပါးလှီး၍ မှိတ်ထားသော မျက်လုံးပေါ်၌ တင်ပေး ထားနိုင်ပါသည်။

            သံလွင်ဆီ သို့မဟုတ် ဗီတာမင်အီး ကဲ့သို့သော ကရင်မ် များကိုလည်း မျက်လုံး၏ ပတ်လည်တွင် လိမ်းပေး နိုင်ပါသည်။ ထို့အပြင် အိပ်ရေးဝဝ အိပ်ပေးရန်လည်း လိုအပ်သည်။ အိပ်ရေးပျက် ခြင်းကြောင့် မျက်တွင်း ချိုင့်လာပြီး မျက်ကွင်းညို သကဲ့သို့ ဖြစ်ပေါ် စေတတ်သည်။ စိတ်ဖိစီးမှု ကင်းဝေးအောင် ကိုယ့် ကိုယ်ကိုယ် သတိပြု နေထိုင်ရန် လိုပြီး ကွန်ပျူတာ ရှေ့နှင့် တီဗွီရှေ့တွင် တစ်ထိုင်တည်း အချိန် ကြာမြင့်စွာ ကြည့်ရှု အသုံးပြုခြင်းကို ရှောင်ကြဉ် ရပါမည်။ ဤသည်ကို သတိမထား ပါက မျက်ကွင်းညိုခြင်း အတွက် သာမက ခန္ဓာကိုယ်၏ အဆစ်အမျက် များနှင့် ဦးနှောက် အလုပ်လုပ် နိုင်စွမ်းများ ကိုပါထိခိုက် စေနိုင်ပါ သည်။

              မျက်လုံးကို မကြာခဏ အနားပေးပါ။ နေရောင်နှင့် ထိတွေ့ခြင်းကြောင့် အရေပြား၌ မယ်လနင် ( Melanin ) များ ပိုမိုထွက်ရှိ နိုင်ပြီး မျက်ကွင်းညိုခြင်း ကို ပိုမိုဆိုးရွား စေနိုင်ပါသည်။ အရည်ရွှမ်းသော အသီးများ၊ လတ်ဆတ်သော အသီးများ နှင့် ဟင်းသီးဟင်းရွက် များ စားခြင်း ကလည်း မျက်ကွင်း ညို ခြင်း ကို လျော့ကျသက်သာ စေနိုင်ပါသည်။

( Beauty Syh )

health.thithtoolwin.com
Ref : Remedies

29.7.16

မျက်စိနာ မဟုတ်တဲ့ မျက်စိ (အလာဂျီ), Eye Allergies.



              မျက်စိ နီနေ၊ ရောင်နေ၊ မျက်ရည်ကျနေတိုင်း Conjunctivitis မျက်စိကျိန်းတာမဟုတ်ပါ။ Eye Allergies မျက်စိ (အလာဂျီ) ဖြစ်နေနိုင်တာ သတိထားပါ။

• ရောဂါလက္ခဏာတွေ
မျက်စိရဲ့ ဖြူနေရမဲ့ နေရာက နီရဲနေမယ်။ မျက်ခွံယားမယ်။ မျက်ရည်ကျမယ်။ပူလောင်နေသလို ခံစားရမယ်။ မျက်ခွံမို့နေမယ်။ အလင်းရောင်ကို အရင်လိုမကြည့်နိုင်ဘူး။ (အလာဂျီ) ရတာက မျက်စိတခုတည်းမှာလဲ ရနေနိုင်တယ်။ noseallergy နှာခေါင်းပါ ဖြစ်တာနဲ့လဲ တွဲတတ်တယ်။ အရေပြား (အလာဂျီ) တခုဖြစ်တဲ့
Eczema နှင်းခူနာနဲ့လဲ တွဲနိုင်သေးတယ်။

• ဘာလို့ နီရသလဲ
မျက်စိ (အလာဂျီ) ဆိုတာ (အလာဂျီ) ရစေနိုင်တာနဲ့ ထိတွေ့မှုကနေဖြစ်ရတယ်။တိရစ္ဆာန်အမှုံတွေ၊ ပန်းဝတ်မှုံတွေကကနေ အဖြစ်များတယ်။ အဲလိုဖြစ်လာရင်မျက်စိမှာရှိတဲ့ (မတ်စ်-ဆဲလ်) ဆိုတာတွေကနေ (ဟစ်တမင်း) စတဲ့ ဓါတ်တွေကိုထုတ်ပေးလိမ့်မယ်။ ဒါကြောင့် ဖြစ်တဲ့နေရာမှာ နီရဲ၊ ယားယံပြီး မျက်ရည်ပါ
ကျလာမယ်။

• မျက်လုံးကို မပွတ်ပါနဲ့
ပွတ်ချင်စိတ်တော့ ပေါက်နေမှာ အမှန်ဘဲ။ ပွတ်ရင် ပိုဆိုးမယ်။ (မတ်စ်-ဆဲလ်)တွေကနေ ဓါတ်ပစ္စည်းတွေ ထပ်ထုတ်ပေး လိမ့်မယ်။ မျက်ကပ်မှန် သုံးသူဆိုရင်အဲဒါကို ထုတ်ထားပါ။ မျက်စိမိတ်ကပ်မသုံးပါနဲ့။ အအေးဝတ်တင်ပေးပါ။ လက်ကိုမကြာခဏဆေးပေးပါ။

• ဘာတွေကနေ ဖြစ်စေသလဲ
ပန်းဝတ်မှုံ၊ မြက်၊ သစ်ပင်၊ ပေါင်းပင်တွေကနေ ဖြစ်စေနိုင်တယ်။ အိမ်တွင်းအောင်းနေပါ။ ပြူတင်းပေါက်တွေ ပိတ်ထားပါ။

• အိမ်ထဲက (အလာဂျင်) တွေ
တိရစ္ဆာန်အမှုံတွေ၊ မွှားကောင်လေးတွေ၊ မှိုတွေကနေဖြစ်စေနိုင်တယ်။ အိမ်မွေး တိရစ္ဆာန်တွေ သတိထားပါ။ အိပ်ခန်းထဲ မဝင်စေနဲ့။

• ဘယ်လို ရှင်းထုတ်မလဲ
အိပ်ရာခင်း၊ ခေါင်အုံးဖုံး စတာတွေ အသစ်လဲပါ၊ လျှော်ဖွတ်ပါ။ အိမ်ခန်းရဲ့ စိုထိုင်းဆကို 30% နဲ့ 50% ကြာထားပါ။တံမြက်စည်းနဲ့ မလှည်းဘဲ အစိုနဲ့ ကြမ်းတိုက်ပါ။

• မှို
ရေချိုးခန်း၊ မီဖို ပုံမှန်သန့်ရှင်းရေးလုပ်ပါ။ မြေအောက်ခန်းရှိရင်လဲ သန့်ရှင်းပေးပါ။ Dehumidifier စက်သုံးပါ။ HEPA လေစစ်တာသုံးပါ။

• ဖြစ်လာရင် ဘယ်လိုကုသမလဲ
(အင်တီ-ဟစ်တမင်း)၊ (ဒီကွန်ဂျက်စတင့်)၊ (မတ်စ်ဆဲလ်) ဆေးတွေပါတဲ့ မျက်စဉ်း သုံးနိုင်တယ်။

• (အလာဂျီ) မျက်စဉ်း
မျက်ရည်အတုလို့ ခေါ်နိုင်တဲ့ မျက်စဉ်းသုံးရင် (အလာဂျီ) ရစေတာတွေကို ဖယ်ထုတ်ပေးနိုင်တယ်။ မျက်စိကိုလဲ စိုစွပ်နေစေမယ်။

• Decongestant drops ကနေ မျက်စိမှာရှိတဲ့ သွေးကြောလေးတွေ ကျဉ်းစေလို့ နီရဲတာ သက်သာစေမယ်။ တာရှည်သုံးတာတော့ မကောင်းပါ။
• စားဆေးတွေ (အင်တီ-ဟစ်တမင်း) စားဆေးနဲ့ (ဒီကွန်ဂျက်စတင့်)စားဆေးတွေသုံးနိုင်တယ်။ ဒါပေမဲ့ ဆေးကြောင့် မျက်စိကိုခြောက်သွေ့စေနိုင်တယ်။ (ဒီကွန်ဂျက်စတင့်) ဆေးမှာ မူးဝေတာ၊ စိတ်လှုတ်ရှားတာဆိုတဲ့ ဘေးထွက်-ဆိုးကျိုးတွေရှိတယ်။

• တချို့မျက်စဉ်းတွေမှာ Antihistamine ရော Mast cell stabilizer သတ္တိပါရောပါတယ်။ Non-steroidal anti-inflammatory drug eye drops နဲ့Steroid-based eye drops တွေလဲ သုံးတယ်။

• Allergy Shots ထိုးဆေး အသုံးကျတယ်။ Immunotherapy ခေါ်တယ်။ ကိုယ်ခန္ဓာကနေ(အလာဂျီ) ရစေတာကို ယဉ်းပါးလာစေအောင် လုပ်ပေးတာ ဖြစ်တယ်။ လူတိုင်းကိုလုပ်မရဘူး။ အချိန်ယူရမယ်။

• သူများမသိအောင် ဖုံးနည်း Hypoallergenic concealer သုံးနိုင်တယ်။မိတ်ကပ်ထူထူတော့ မလုပ်ပါနဲ့။ နှုတ်ခမ်းနီလှလှလေး ဆိုးပေးနိုင်တယ်။နေကာမျက်မှန် တပ်ထားပါ။

Eyedrops မျက်စဉ်း အမျိုးမျိုးရှိတယ်။ မျက်စိကျိန်းလို့ သုံးရတာလိုပိုးသေဆေး မပါဘူး။ ဒီလို မျက်စဉ်းမျိုးတွေ သုံးရင် မျက်စိနီနေတာ၊ ယားနေတာ၊မျက်ရည်ကျနေတာတွေ သက်သာစေမယ်။ (အလာဂျီ) မျက်စိအတွက်ေ ရာ Allergic rhinitis(အလာဂျီ) နှာခေါင်းအတွက်လဲ သုံးနိုင်တယ်။ ဆေးတိုင်းမှာဘေးထွက်-ဆိုးကျိုးတွေ ရှိတယ်။ ဒီမျက်စဉ်းတွေကို သုံးရတာ ဆိုးကျိုးတွေကမဖြစ်စလောက်သာရမယ်။ ဆေးမသုံးတော့ရင် ဘာမှ မဖြစ်တော့ဘူး။ကိုယ်ဝန်ဆောင်နေချိန်၊ ကလေး နို့တိုက်နေချိန်တွေမှာတော့ ဆရာဝန်က ညွှန်မှသာ
သုံးသင့်တယ်။

• Decongestant eyedrops (ဒီကွန်ဂျက်စတင့်) မျက်စဉ်း = Naphazoline(Visine, Naphcon) မျက်စိရေ တိမ် ရှိနေသူကို မပေးရပါ။ နှလုံးရောဂါ၊သွေးတိုးရှိနေသူကို သတိနဲ့ပေးရတယ်။

• Antihistamine plus decongestant eyedrops (ဒီကွန်ဂျက်စတင့်) +(အင်တီ-ဟစ်တမင်း) မျက်စဉ်း = Naphazoline/Pheniramine (Visine-A,Naphcon-A)

• Antihistamine eyedrops (အင်တီ-ဟစ်တမင်း) မျက်စဉ်း = Emedastine(Emadine) (Ketotifen = Alaway, Zaditor) (Alcaftadine = Lastacaft;Epinastine = Elestat; Olopatadine = Patanol)

• Mast cell stabilizer eye drops (မတ်စ်-ဆဲလ်-စတေဘယ်လိုက်ဇာ) မျက်စဉ်း =(Cromolyn sodium = Crolom; Lodoxamide tromethamine = Alomide) Nedocromil(Alocril), Lodoxamide (Alomide) and Pemirolast (Alamast)

• Anti-histamine + Mast cell stabilizer dual-action eye drops(အင်တီ-ဟစ်တမင်း) + (မတ်စ်-ဆဲလ်-စတေဘယ်လိုက်ဇာ) မျက်စဉ်း = Olopatadine(Patanol®), Azelastine (Optivar®), Epinastine (Elestat®) and Ketotifen(Zaditor®)

• Non-steroidal anti-inflammatory eye drops (စတီရွိုက်) မပါတဲ့ အနာသက်သာ မျက်စဉ်း = Ketorolac (Acular®)

• Corticosteroid eye drops (စတီရွိုက်) မျက်စဉ်း = Loteprednol (Alrex)
Oral anti-histamines (အင်တီ-ဟစ်တမင်း) စားဆေးများ

• ပဌမမျိုးဆက် (အင်တီ-ဟစ်တမင်း) ဆေး = Benadryl

• နောက်ပေါ် (အင်တီ-ဟစ်တမင်း) ဆေး Loratadine (Claritin/Alavert),
Cetirizine (Zyrtec), Fexofenadine (Allegra) and Desloratadine (Clarinex)

Dr. တင့်ဆွေ

အပြည့်အစုံဖတ်ရန်.............

28.7.16

သင်၏မျက်စိအားကောင်းချက်ပါသလား..ဆိုတဲ့ခေါင်းစဉ်နဲ့ ၁/၁၀/၂၀၀၉ ရက်စွဲနဲ့သူရိယအဖွဲ့ကရေးတဲ့ဆောင်းပါးလေးပါ

      Reader’s Digest မှာ ပါဝင်တဲ့ နည်းလမ်းလေးတွေကို သုံးပြီး မျက်စိ အစွမ်းကို မြှင့်တင်လို့ရပါတယ်။
ကျွန်တော်တို့မျက်စိဟာ အလင်းရောင်ကို ကောင်းမွန်စွာ မြင်တွေ့ရဖို့အတွက် အထူးသဖြင့် ညဘက် မှာ ကောင်းကောင်း တွေ့ဖို့ အတွက် Vitamin A ဓာတ် လိုအပ်ပါတယ်။ ဒါကြောင့် Vitamin A ပါဝင်တဲ့ မုန်လာဥနီ၊ ကန်စွန်းဥ၊ ငါးနဲ့ နို့ထွက် ပစ္စည်းတွေကို များများ စားသုံးပေးဖို့ လိုအပ်ပါတယ်။ Vitamin A တွေ အများကြီး ရချင်ဇောနဲ့ အထက်က အစားအသောက်တွေကိုတော့ မစားဘဲ အားဆေးတွေကို အများကြီး သောက်ခြင်းမှလည်း ရှောင်ကြဉ် သင့်ပါတယ်။ တန်ဆေး လွန်ဘေးပါ။
      Vitamin Cနဲ့ Vitamin E တို့ဟာ လူအတော်များများသိကြတဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်းတွေ ဖြစ်ကြ ပါတယ်။ English လို Anti oxidant ပေါ့။ အဲဒီ ဓာတ်တွေက မျက်စိမျာ အသက်ကြီးလာလို့ တိမ်စွဲတဲ့ ဖြစ် စဉ်ကို ကာကွယ်ပေးပါတယ်။ တကယ်လို့ အပြင်တိမ် ရောဂါ ရှိနေရင်တောင် ရောဂါကို ပိုပြီး မဆိုးသွားေ အာင် လုပ်ဆောင်ပေးပါတယ်။ ဒါ့ကြောင့် Vitamin C တွေ ပါဝင်တဲ့ အရည်ရွှမ်းတဲ့ အသီးတွေ ဥပမာ လိမ္မော်သီး နဲ့ Vitamin E တွေ ပါဝင် တဲ့ မြေပဲစေ့နှင့် တခြား အစေ့အဆံတွေကို များများ စားသုံး ပေးသင့် ပါတယ်။
      Luteinနဲ့ Zeaxanthin ဓာတ်တွေဟာ မျက်ကြည်လွှာတွင် ပါဝင်ပြီး မျက်စိကို ထိခိုက်နိုင်သည့် ဓာတ်ေ ရာင်ခြည်များကို ကာကွယ်ပေးကြသည့် ဓာတ် များ ဖြစ်ကြပါသည်။ Lutein ဓာတ်ဟာ အစိမ်းရင့်ရောင် ရှိတဲ့ အသီးအရွက်တွေနဲ့ ကြက်ဥ အနှစ်တွေမှာ ပါဝင်ပြီး Zeaxanthin ဓာတ်ကတော့ ပဲသီးစိမ်း နဲ့ ပြောင်း တို့ မှာ ပါဝင်ကြပါသည်။ အဆိုပါ အစားအစာများကိုလည်း များများ မှီဝဲသင့်ပါတယ်။
    Zinc လို့ ခေါ်တဲ့ ဇင့် ဓာတ်ဟာ အသက်ကြီးလာလို့ မျက်စိ ယိုယွင်းပျက်စီးတာကို နှေးကွေးစေပါတယ်။ Zinc ဓာတ်ဟာ ပင်လယ်စာနဲ့ အသားတွေ ပဲတွေမှာ ပါဝင်တတ်ပါတယ်။Reader’s Digest မှာ ပါဝင်လို့ သာဖော်ပြလိုက်ရတာပါ။ တကယ်တော့ အထက်ပါ ဓာတ်တွေဟာ မြန်မာ့ရိုးရာ အစားအသော က်တွေမှာ အဓိက ပါ ၀င်ပြီး ဖြစ်ပါတယ်။ အာဟာရ ပြည့်ဝအောင် စားသောက်ဖို့သာ လိုအပ်ပါတယ်။ တောနယ် တွင် နေထိုင်သော ပရိသတ်တွေ အတွက် ပြဿနာ မရှိပေ မယ့် မြို့ပြတွင် နေထိုင်ကြတဲ့ မိဘတွေအနေ နဲ့ မိမိတို့၏ ကလေးများစားသုံးနေကြတဲ့ အစားအသောက်တွေထဲမှာ အထက်ပါ အမျိုးအစားတွေ ပါ ၀င်ေ အာင် လုပ်ဆောင်ရပါမယ်။
          ကလေးက ပူဆာတိုင်း နိုင်ငံခြားက လာတဲ့ Junk food တွေကို ကျွေးမည့်အစား မျက်စိကို အား အင် ပြည့်ဖြိုးစေသော အထက်ပါ အစားအသောက်များကို ဦးစားပေး ကျွေးသင့်ပါတယ်။ ကလေးငယ် များ အနေဖြင့် မျက်စိကို အားကောင်းစေသော အစားအသောက်များကို စားကြခြင်းဖြင့် မျက်စိကို အဆမတန် အသုံးပြုပြီး အလုပ်လုပ်ရသော ယနေ့ခေတ်ကြီးတွင် အရွယ် မတိုင်မီ အမြင် အာရုံ ပျက်စီး ယိုယွင်းခြင်း မှ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်။
 တင်ပြသူ.....ziwakka


~ သင် ၏ မျက်လုံး ကို သနားရင် !!!
          ယနေ. အိုင်တီခေတ်ကြီးမှာ လူကြီးရော လူငယ်ပါ ကွန်ပြူတာဖြင့် နေစဉ် ရက်ဆက် အလုပ်လုပ် ကိုင် နေကျရခြင်းကြောင့် မျက်စိ ချွတ်ယွင်း၊ အားနည်း ခြင်း တို.ဖြစ်ပေါ်လာတာ ထူးဆန်းတဲ့ အရာတော့ မဟုတ်ပါဘူး။ ဒီလို မချွတ်ယွင်း၊ အားမနည်းအောင် ကျွန်တော် တို.ဘယ်လိုကာကွယ်ကျမလဲ။ အောက်ပါ နည်းလမ်းလေး တွေ ကို လိုက်နာပေးလိုက်ပါ။

နေရာ မှန်ပါစေ
       သင့်ရဲ. ကွန်ပျူတာ၊ keyboard၊ mouse တို. ကို နေရာ မှန် ထားတက်ဖို.အရေးကြီးပါတယ်။ သင်.ရဲ. ကွန်ပျူတာ screen ဟာ သင့်မျက်လုံးကနေ သင့်ရဲ. လက်တဆန့် စာ အကွာ နဲ. မျက်လုံး ရဲ. ၂၀ ဒီဂရီေ အာက် နိမ့်နေရပါမယ်။

အလင်းရောင်
        သင့် အခန်းတွင်း အလင်းရောင်ပျံ.နှံ.နေပါစေ။ ဒါမှ ကွန်ပျူတာ screen မှလာသော reflection တွေကို လျှော့ချနိုင်မှာဖြစ်ပါစေ။ ကွန်ပျူတာ screen အား သင့်မျက်စိ နှင့် သင့်တော်ရာ အလင်း၊အမှောင် setting လုပ်ထားပါ။

မျက်မှန်
     Anti-reflective Lenses ပါသော မျက်မှန် ကို တပ် ပေးခြင်းဖြင့် တောက်ပသော အရာမှ မှလာသော reflection တွေကို ကာကွယ်နိုင်ပါတယ်။ သင့်ရဲ.မျက်စိဆရာဝန်က သင့် အား ကွန်ပျူတာ နှင့် ထိတွေ.နေ သူမှန်းသိရင် ထို Anti-reflective Lenses ထည့်ထားတဲ့ မျက်မှန်ကို ညွန်းပါလိမ့်မယ်။

မိနစ် (၂၀) ၊ ပေ (၂၀) ၊ အခါ (၂၀)
      ကွန်ပျူတာ နှင့် အလုပ်လုပ်သူများ မိနစ် ၂၀ လောက် ကြာတိုင်း ခေါင်းကိုခဏ ဘေးကိုလှည့် ပြီး ပေ၂၀ လောက်ဝေးတဲ. အရာတခုခုကို ကြည့်ကြည့် ပေးပါ။ ဒါနည်းလမ်း ဟာ သင့်ရဲ. ပင်ပန်းနေတဲ့ မျက်လုံးအား သက်သာရာ ရစေပါတယ်။ နောက်ပြီး အခါ ၂၀ လောက် မျက်စိ အား ပိတ်လိုက်ဖွင့် လိုက် လုပ်ခြင်းဖြင့် မျက်လုံး စိုစွတ်ခြင်းကို ရယူပါ။ ပြီးရင် ခဏ ထိုင်ခုံမှ ထပြီး ခြေလှမ်း ၂၀ လောက်လမ်းေ လျှာက်ခြင်းဖြင့် သွေးလှည်ပတ် စေပါတယ်။

မျက်စဉ်း ခတ်ပေးပါ
     လူတယောက်ဟာ ၁ မိနစ်အတွင်း ပုံမှန် ၁၂ ခါ မျက်တောင်ခတ် ကျပါတယ်။ ဒါပေမယ့် ကွန်ပျူတာနဲ. အလုပ်လုပ်နေရရင် ၅ ခါ လောက်သာ မျက်တောင်ခတ် တာကို သင်သတိထားမိပါသလား။ အကျိုးဆက် အနေဖြင့် မျက်စိအား ခြောက်ကပ်နေစေပါတယ်။ ထိုသို. ခြောက်ကပ် မနေအောင် မျက်စဉ်းခတ်ပေးနိုင် ပါတယ်။

လက်ဖ၀ါးအုပ်ခြင်း
          ထိုင်ခုံပေါ်တွင် မတ်မတ်ထိုင်ပြီး သင်.၇ဲ.လက်ဖ၀ါး နှစ်ခုအား နွေးလာသည်အထိ ပွတ်ပေးပါ။ ထိုနွေးနေသော လက်ဖ၀ါးနဲ. သင့်မျက်စိနှစ်ဖက်ကို ၁မိနစ်လောက်ဖုံးအုပ်ပေးလိုက်ပါ။ သင့်မျက်စိ ညောင်း ကိုက်၊ ပင်ပန်းလာတိုင်း ၂ကြိမ်၊ ၃ကြိမ်လောက်လုပ်ပေးပါ။ ထို လက်ဖ၀ါးမှ လာသော နွေးထွေးမူသည် သင့် ရဲ. ပင်ပန်းနေသော မျက်စိအား သက်သာစေပါတယ်

မျက်နှာသစ်ခြင်း
          အားတဲ့အချိန်မှာ မျက်စိမှိတ်ပြီး ရေအေးဖြင်. မျက်နှာသစ်ပေးပါ။ အင်မတန် လန်းဆန်း ခြင်းကို ခံစားရပါလိမ့်မယ်။

လက်ဖက်ခြောက် အထုပ်
     သောက်ပြီး သား လက်ဖက်ခြောက် အထုပ် ကလေး များကို လွင့်မပစ်ပဲ ရေခဲသေတ္တာထဲထည်.ထားပြီး အားတဲ့အချိန်ကျရင် ထို လက်ဖတ်ခြောက် အထုပ် ၂ထုပ်အား သင့်မျက်စိ တဖတ်စီိတွင် တင်ပြီး အနားယူပါ။ မျက်စိအားအေးမြ စေပါသည်။

အစားအသောက်
      ဗီတာမင် အေ၊စီ၊အီး ပါသော အစားအစာများ ပိုစားပါ။ သံပရာရည်၊ အသီးအရွက်၊ခရမ်းချဉ်သီး၊ ဥ နှင့် နို.ထွက်ပစ္စည်းများ လဲ ပိုစားပေးပါ။


မျက်စိ ရောဂါ ကင်းဝေ ကြပါစေ။
သူရိယ အဖွဲ့  ၁။၁၀။ ၀၉

24.7.16

အတွင်းတိမ်အမျိုးမျိုးကို လက်လှမ်းမီသမျှဖော်ပြရသော်.....

     အတွင်းတိမ်တွင် မွေးရာပါအတွင်းတိမ်နှင့် မွေးရာပါမဟုတ်သော အတွင်းတိမ်ဟူ၍ ယေဘုယျအားဖြင့် ခွဲခြားနိုင်ပါသည်။မွေးရာပါမဟုတ်သော အတွင်းတိမ်များကို အမျိုးအစားအားဖြင့်.....

(က) Senile cataract...

        ဖော်ပြပါပုံသည် Senile cataract ၏ပုံဖြစ်၏။၎င်းသည် အဖြစ်အများဆုံး အတွင်းတိမ်အမျိုးအစားဖြ စ်ပြီး အထူးသဖြင့် အသက်ကြီး၍ဖြစ်သောကြောင့် သက်ကြီးအတွင်တိမ်ဟု ဆိုရမည်ဖြစ်ပါသည်။ထူးခြားေ သာ လက္ခဏာရပ်အဖြစ် မျက်စိသူငယ်အိမ်(pupil)ကိုဖြတ်သန်း၍ မြင်တွေ့ရသောမျက်စိတွင်းမှန်ဘီလူး၏ အနားသတ် ပတ်ပတ်လည်မှစတင်၍ အတွင်းတိမ်ဖြစ်ပွားလာခြင်းပင်ဖြစ်ပါသည်။

(ခ) Nuclear sclerotic cataract..
    
     သက်ကြီးအတွင်းတိမ်အမျိုးအစားပင်ဖြစ်ပြီး ပုံတွင်မြင်ရသည့်အတိုင်း မျက်စိတွင်းမှန်ဘီလူး၏ အလယ်၌ တဖြည်းဖြည်းသိပ်သည်းဆများလာပြီး အဝါရောင်ရှိသော အနှစ်အခဲ(nuclear) ဖြစ်လာ၍ အလင်းပိတ် သွားသောအတွင်တိမ်အမျိုးအစားဖြစ်ပါသည်။

(ဂ) Poasterior subcapsular cataract..
   
 
            မျက်စိ၏သဘာဝမှန်ဘီလူးအိမ် (capsule) ၏အနောက်ဖက်အလွှာ၌ စတင်ဖြစ်ပွားပေါ်ပေါက် လာသော အတွင်းတိမ်ဖြစ်၏(ဖော်ပြပါပုံကိုလေ့လာပါ) ၎င်းသည်အသက်အပိုင်းအခြားနှင့်ဆက်စပ်မှုရှိသော် လည်း၊ ဖြစ်ပွားရခြင်း၏ အဓိကအကြောင်းမှာ စတီးရွိုက် (steroid ) ပါသောဆေးများကို ကာလရှည်ကြာ မီဝဲ ရခြင်းနှင့် နာတာရှည် မျက်စိရောင်ရောဂါ (chronic ocular inflammation)ကိုခံစားခဲ့ရခြင်းကြော င့် ဖြစ်သည်ဟု သုတေသီတို့ကဆိုကြပါသည်။

(ဃ) Brunescent cataract..

       ပုံတွင်မြင်ရသည့်အတိုင်း သိပ်သည်းကျစ်လစ်ပြီး ညိုမဲမဲအရောင်သို့ရောက်ရှိနေပြီဖြစ်သော အတွင်း တိမ်သည်လည်း အတွင်းတိမ်အမျိုးအစားတခုပင်ဖြစ်ပါသည်။


(င) Cortical cataract..
    
      မျက်စိတွင်းသဘာဝမှန်ဘီလူး၏ အပြင်လွှာ( cortex,soft outerpart of the lens) `၌ စတင်၍ ပေါ်ေ ပါက်လာသော အတွင်းတိမ်ကို cortical cataract ဟုခေါ်၏။

(စ) Morgagnian cataract..

       Morgagnian cataract ဆိုသည်မှာ မျက်စိသဘာဝမှန်ဘီလူး၏ အပြင်လွှာ`၌ ကာလရှည်ကြာစွာ ပိတ်ဆို့ကာဆီးလျက်ရှိသော အတွင်းတိမ်ဖြစ်၏။ ၎င်းအပြင်လွှာသည် တဖြည်းဖြည်း အရည်ပျော်သော အ ဆင့်သို့ ရောက်ရှိလာပြီး အတွင်းတိမ်၏အနှစ်အခဲ (nuclear)သည် တဖြည်းဖြည်းသေးငယ်သော အခြေ အနေ`၌ ကျန်ရှိနေသောအတွင်းတိမ် ...... စသည်တို့ဖြစ်ကြပါသည်။


Author :   Pyae Aung
Ref :  http://www.cehjournal.com.
         Oxford handbook of ophthalmology..
         Images(esp:)....www.webeye.com