ရာသီဥတုနှင့်ကျန်းမာရေး
ကံ၊စိတ်၊ဥတု၊အာဟာရ ဟူ၍ ရောဂါဖြစ်စေသော အကြောင်း
တရား(၄)ပါးကို ပြောလေ့ရှိကြသည် ။ မှန်၏ ။ ရောဂါဖြစ်စေသော အကြောင်း တရားများတွင် “ဥတု”သည်လည်း
တခုအပါဝင်ဖြစ်၏။
ရာသီဥတုအေးလျှင် အဆစ်အမြစ်များသို့
သွားသော သွေးကြောများကျဉ်းသွား သဖြင့် အဆစ်ရောင် ရောဂါအခံရှိသူများ၊ အဆစ် တောင့်ခြင်း၊ကိုက်ခြင်း၊နာခြင်းများ
ခံစားရ၏။အေးသောအခါ အဆုတ်လေပြွန် များ ကျဉ်းလေ့ရှိသဖြင့် ပန်းနာရင်ကြပ်ထလေ့ရှိ၏။ အအေးမိ
နှာစေးချောင်းဆိုးနှင့် တုတ်ကွေးအဖြစ်များ၏။ အေး၍နှလုံးသွေးကြောများ ကျဉ်းနေတတ်သောကြောင့်နှလုံးတိုက်ခိုက်ခံရခြင်းပိုများ၏။
ပူပြင်းသောရာသီတွင် ခေါင်းတခြမ်းကိုက်ရောဂါ
ပိုဆိုးတတ်၏( အပူချိန်မြင့်လျှင် ဦးနှောက်သွေး ကြောများပိုကျယ်သည်) အပူကြောင့်လေဖြတ်ခြင်း(Heat
Stroke)ဖြစ်လေ့ရှိ၏။ ချွေးထွက်များပြီး၊ ရေဓါတ် ခမ်းခြောက်မှုကြောင့် သွေးပေါင်ချိန်းကျ၏။
နေပြင်းသောအခါ နေလောင်ခြင်း(Sun Burn)မှသည် အရေပြား ကင်ဆာအထိဖြစ်နိုင်သည်။
လေပြင်းများသည် အရေပြားကိုလျှင်မြန်စွာခြောက်သွေ့စေသည်။
ပူသောရာသီတွင် လေထုစိုထိုင်း မှု နည်း၏။အရေပြားစိုထိုင်းမှုလည်းကျ၏။ အရေပြားခြောက်သွေ့၏။ယားယံစေ၏။
အရေပြားကိုကာကွယ် ထားသော အဆီလွှာ(Skin’s Protective Lipid Barrier)ကိုပျက်စီးစေ၏။ဒိုင်မီသီကုန်း
(Dimethicones )ခေါ် ဆီလီကုန်း(Silicone) တမျိုးကိုလိမ်းပေးခြင်းအားဖြင့် အရေပြားစိုထိုင်းမှုကို
ထိမ်းပေးနိုင်၏။အခန်း တွင်း၌ လည်း၊စိုထိုင်းစေသော စက်(Hummidifier)ကိုထားပေးခြင်းဖြင့်၊အိပ်နေစဉ်
အရေပြားခြောက်သွေ့ ခြင်းမှ ကာကွယ်ပေးနိုင်သည်။
ဆောင်းရာသီကာလတွင် အခန်းအောင်းနေလေ့ရှိကြသဖြင့်၊ပြင်ပ
အလင်းရောင် နေရောင်တို့နှင့် ထိတွေ့မှုနည်းသောအခါ၊ဆက်ဒ်ရောဂါ (SAD-Seasonal
Affective Disorder)ဖြစ်တတ်သည်။ ဆက်ဒ် ရောဂါဖြစ် သောအခါတွင် ဆာဒ်(SERT)ခေါ် ဓါတုပစ္စည်းတမျိုးပိုမိုထွက်ရှိလာပြီး၊
ဆီရိုတိုနင်(Serotonin) ကိုကျစေသည်။ ဆီရိုတိုနင်သည် ပျော်ရွှင်မှုကိုဖြစ်စေ သည်။ဆီရိုတိုနင်ကျသောကြောင့်
မပျော်ရွှင်နိုင်ဘဲ ဝမ်းနည်းမှုကိုဖြစ်စေ သည်။
ထိုဆက်ဒ်ရောဂါ မဖြစ်စေရန် အေးသောရာသီများတွင်၊အိမ်တွင်း
အမြဲအောင်းမနေပဲ၊ရံဖန်ရံခါ အပြင် ထွက်၍ ပြင်ပအလင်းရောင်၊နေရောင် နှင့် ထိတွေ့ပေးသင့်သည်။သို့မဟုတ်
အလင်းပေးသေတ္တာ (Light Box - ဥပမာ Sunlight Jr)မှအလင်းရောင်ကို ထိတွေ့ပေးရသည်။
အရေပြားကို နေရောင်ထိတွေ့ပေးခြင်းဖြင့်၊
ဗီတာမင်ဒီကို ရစေသည်။နေရောင် မထိတွေ့ရလျှင် ဗီတာမင်ဒီချို့တဲ့ခြင်းကြောင့် ကြွက်သား
အားနည်းခြင်း၊အနည်းငယ်ထိရုံဖြင့် အလွန်နာကျင်ခြင်း၊ အိပ်ငိုက်ြ ခင်း တို့ကို ဖြစ်စေသည်။ထိုအခါ
နေရောင်ထဲ ထွက်ပေးခြင်းဖြင့်လည်းကောင်း၊ သို့မဟုတ် အစားအစာ ထဲတွင် ဗီတာမင်ဒီကြွယ်ဝသော
အဆီများသောငါး (ဥပမာ - ဆယ်မွန်၊ တူနာ)၊ အားဖြည့်နို့ (Fortified Milk) စသည်တို့ ပါအောင်
စားပေးရမည်။လိုအပ်ပါက ဗီတာမင်ဒီ(၃)၆၀၀ IU ကိုတနေ့ တကြိမ်သောက် သင့်သည်။
အေးသောလေသည် လေပြွန်ကြွက်သားများကို
ကျုံ့စေသည်။ လေပြွန်ကို ကျဉ်းစေသည်။ အသက်ရှုရခက်ခဲခြင်း၊အသက်ရှုကြပ်ခြင်းဖြစ် တတ်သည်။သင်သည်
ထိုသို့ဖြစ်တတ်ပါက၊ နှာခေါင်စည်း ကိုတပ် ခြင်းဖြင့် အသက်ရှူထုတ်ရာမှထွက်လာသော အနွေးဓါတ်ကြောင့်
ဝင်လာသောလေကို နွေးစေသည်။
ဆောင်းရာသီတွင် လူများအပြင်မထွက်ပဲ၊
အိမ်တွင်းအောင်းနေ ကြခြင်းသည် အအေးမိ၊နှာစေး ချောင်းဆိုး၊တုတ်ကွေး၊ဗိုင်းရပ်ရောဂါများ
ကူးစက်မှုကို လျှင်မြန်စွာဖြစ်ပွားစေသည်။ဗိုင်းရပ်စ်များသည် အရေပြား ပေါ် တွင်(၃)နာရီ၊
အခန်းမျက်နှာပြင်များပေါ်တွင် (၄) နာရီထိ ရှိနေနိုင်သည်။ အရေးကြီးဆုံးမှာ လက်ကို သေသေချာချာ
စင်ကြယ်အောင် ဆေးပေးဖို့လို ပေသည်။နှာစေးချောင်းဆိုးဖြစ်နေသူများကို ဝေးဝေးမှရှောင်
ရမည်။
အေးသောအခါ အဆစ်အမြစ်ကိုက်ခြင်းကို သိပ္ပံနည်းဖြင့်
တိကျ စွာမရှင်းပြနိုင်သော်လည်း ၊ဖြစ်နိုင် သည်များမှာ အအေးဓါတ်သည် အဆစ် ပတ်ပတ်လည်ရှိ
ကြွက်သားများ၊ကြွက်စွန်းကြောများ၊ အရွတ်များ ကိုကျုံ့ စေခြင်း၊အာရုံကြောများကိုဆွဲခြင်းတို့ကြောင့်လည်းကောင်း၊လေထုဖိအား
နည်းသောအခါ၊ အဆစ်ပတ် ပတ်လည်ရှိ တစ်သျူးပျော့များသည် ပွလာပြီး အဆစ်ပေါ် ဆွဲခြင်းဖြင့်လည်းကောင်း၊
အဆစ်အမြစ်ကိုက်ခြင်းကို ဖြစ်စေ သည်ဟုယူဆကြသည်။
ထို့ကြောင့် အေးသောအခါ ကွေးမနေပဲ၊လမ်းလျှောက်ခြင်း၊စက်ဘီးစီးခြင်း
စသည့် ကိုယ်လက် လှုပ် ရှား လေ့ကျင့်ခန်းများလုပ်ခြင်းဖြင့်၊ကိုယ်ခန္ဓာကို နွေးထွေးလာစေရုံသာမက၊အဆစ်အမြစ်တောင့်တင်းခြင်း။
ကိုက်ခဲ ခြင်းတို့ကို လျော့ပါးစေသည်။ထို့ပြင် ကိုယ်အလေးချိန်ကို လျှော့ချပေးခြင်းဖြင့်
အဆစ်များ(အထူး သဖြင့် ဒူးနှင့်ခါး)ပေါ် ဝန်ပိခြင်းကို လျော့ပါးစေသည်။
ရာသီဥတုနှင့်ကျန်းမာရေး ဆက်စပ်ပုံကို
အတွေ့အကြုံတခုဖြင့် တင်ပြလိုပါသည်။ စာရေးသူ၏ မိခင်သည် စာရေးသူတာဝန်ကျရာ တောင် ကြီးမြို့သို့အလည်အပတ်လာစဉ်ကဖြစ်၏။တောင် ကြီးမှာ
ထိုစဉ်ကဆောင်း ရာသီဖြစ်၍ အလွန်အေးပါသည်။အမေ့မှာ သွေးတိုးရောဂါအခံရှိ၍ အလွန် အေးသော
တောင်ကြီးမြို့ ဆောင်းဥတုနှင့်တွေ့သောအခါ၊သတိမေ့မျောသွား၍ စပ်စံထွန်းဆေးရုံကြီးသို့
တင်လိုက်ရ သည် အထိ ဖြစ်ပါသည်။ဆေးရုံ တွင် သမားတော်ကြီးများက အထူးကြပ်မတ်ကုသ ပါသော် လည်း၊ဆေးရုံ တွင်
ရက်သတ္တ တပတ်ကြာသည်အထိ သတိပြန်လည်၍မလာပါ။ စာရေးသူလည်း သည်လိုအေး သည့်နေရာတွင် ဆက်ထား
လျှင်၊ အမေ၏ အသက်အန္တရာယ် စိုးရိမ်ရသည်ကို တွေးမိသဖြင့် ၊ဆေးရုံမှ လက်မှတ် ထိုး၍ ဆင်းကာ၊
ရထားအထက်တန်းအိပ်ခန်းဖြင့် ရန်ကုန်သို့ ခေါ်ဆောင်ခဲ့ပါ သည်။ရန်ကုန်သို့ မရောက်မီ ရာသီဥတုပူသော
သာစည်ဘူတာသို့အ ရောက်တွင်၊ အမေကောင်းစွာ သတိရလာပါသည်။ တောက်လျှောက် ကောင်းသွား ခဲ့
ပါသည်။
တကိုယ်ရည်သန့်ရှင်းရေးနှင့်ကျန်းမာရေး
တကိုယ်ရည်သန့်ရှင်းရေးသည် ကျန်းမာသက်ရှည်ခြင်း
အတွက် အရေးကြီးသည်။ခန္ဓာကိုယ်တွင်း ကိုယ်ပတွင် ရောဂါပိုးများစွာရှိသည်။ အရေပြား၊နှာခေါင်း၊ပါးစပ်၊လည်ချောင်း၊နားနှင့်
ဆံပင်တွင် ပုံမှန်နေထိုင် သော ပိုးများ(Normal Flora)ရှိသည်။အခြားဒွါရများဖြစ်သော၊
မိန်းမကိုယ်၊ စအို စသည်တို့တွင်လည်း ပိုးများစွာ ရှိသည်။
ပြင်ပလောကတွင် လည်းကောင်း ၊ ခန္ဓာကိုယ်ပေါ်နှင့်
အတွင်း တွင်ပိုးများစွာရှိသော်လည်း၊ ကိုယ်ခံအား (Immunity)၊ အရေပြား ၊အမြှေး ပါး၊စသည်တို့မပေါက်မပြဲတည်တန့်ခြင်း(Barrier)နှင့်
တကိုယ်ရည် သန့် ရှင်းမှု ကြောင့်သာ၊ရောဂါပိုးများ ခန္ဓာကိုယ်သွေး၊တစ်ရှုး၊ အတွင်းအင်္ဂါများထဲသို့
မဝင်ရောက်ခြင်း၊ရောဂါမရခြင်းဖြစ်ပါ သည်။
တကိုယ်ရည်သန့်ရှင်းရန် လုပ်ဆောင်ရမည့်
အချက်များ
(က) ရေချိုးခြင်း
။ ။ရေချိုးခြင်သည် အရေပြားတွင်ကပ်ညှိနေသော
ဖုန်၊အညစ် အ ကြေးနှင့် ပိုးမွှားများကို ဖယ်ရှားပေးသည်။ရေချိုးရန် အခြေ အနေမပေး ပါက(ဥပမာ
တောတွင်းစခန်းချခြင်း ၊ရေပြတ်လပ် ခြင်း၊မကျန်း မာခြင်း စသည်)ရေပတ်တိုက်ပေးရမည်။ထို့ပြင်ရေချိုးခြင်းသည်
ကိုယ်အပူချိန်ကို ကျစေသည်။အပူများသော အချိန်တွင် အကျိုးရှိသော်လည်း၊ အေးသော အချိန်၊ကိုယ်ခံအားနည်းသောအချိန်၊
အထူးသဖြင့် ညနေပိုင်း၊ ညပိုင်းတွင် ရေချိုးလျှင် သင့်မသင့် အလျှင်စဉ်းစားပြီးမှချိုးပါ။သိုမဟုတ်ပါက
အအေး ပတ်ခြင်း၊လေဖြတ်ခြင်းဖြစ် တတ်သည်။
(ခ) သွားတိုက်ခြင်း။ ။သွားတိုက်ခြင်းသည် တကိုယ်ရည်သန့်ရှင်းရေး အတွက်
အရေး ပါသည်။ဖလူအို ရိုက်ပါသော သွားတိုက်ဆေးဖြင့် တနေ့ (၂)ကြိမ် (၂)မိ နစ်ခန့် မှန်ကန်စေ့စပ်စွာတိုက်မှ
သွားသန့်ရှင်းမည်။
(ဂ)သွားကြားညှပ်
အစာများထုတ်ခြင်း(Dental Floss)။ ။သွားတိုက်ရုံနှင့်
သွားနှင့်ခံတွင်းကျန်းမာရေး အတွက် မပြည့်စုံပေ။ ညအိပ်ခါနီး သွားမတိုက်မီ သွားကြားညှပ်နေသော
အစာများကို သွား ကြားညှပ်ထုတ် ပိုးကြိုး (Dental Floss)ဖြင့် ထုတ်ရမည်။ထိုကဲ့သို့ကြိုးမျိုး
မရှိလျှင် ခိုင်ခန့်သေး မျှင်သော နူးညံ့သည့် ကြိုးတခု ခုကိုသုံးနိုင်သည်။
(ဃ) ခေါင်းလျှော်ခြင်း
။ ။ခေါင်းလျှော်ခြင်းသည် ဆံပင်နှင့်
ဦးရေပြားတွင် ကပ်ညှိနေသော အညစ် အကြေးများ၊ဗောက်များ၊ပိုးမွှားများကို ဖယ်ရှားပေးသည်။အနည်း
ဆုံး တပတ်တကြိမ်ခေါင်း လျှော်သင့်သည်။
(င) လက်ဆေးခြင်း။ ။လက်ဆေးခြင်းသည် တကိုယ်ရည်သန့်ရှင်းရေးတွင်
အရေးအပါဆုံးဖြစ် သည်။လက်မှတဆင့်ရောဂါများ ကူးစက်သောကြောင့်ဖြစ်သည်။ ထမင်းမစားခင်တွင်လည်းကောင်းနှင့်
အညစ် အကြေးများကိုင်ပြီးလျှင်သော်လည်းကောင်း၊အိမ်သာတက်ပြီးလျှင်သော်လည်းကောင်း၊ လက်ကိုနည်းစ
နစ်မှန် စွာနှင့် စင်ကြယ်စွာဆေးသင့်သည်။
(စ) ဝတ်စားဆင်ယင်မှု။ ။သန့်ရှင်းသော၊ကျန်းမာရေးနှင့်ညီညွတ်သော၊အပူအအေးမျှတ
သော အဝတ် အစားများ ဝတ်ဆင်ခြင်းသည် ကျန်းမာရေးအတွက် အရေး ကြီးပါသည်။မသန့်ရှင်းသော အဝတ်များမှ
ရောဂါပိုး များကူးစက်နိုင် ပါ သည်။ အဝတ်များခြေက်သွေ့အောင်လှန်းလျှင် နေရောင်ထဲတွင်လှန်း
သည်က အကောင်း ဆုံးဖြစ်၏။နေရောင်သည်ရောဂါပိုးများကို သေစေသည်။
(ဆ) နှာချေချောင်းဆိုးလျှင်
တစ်သျှူး၊လက်ကိုင်ပုဝါ အုပ်၍ အခြားသူများ နှင့်ဝေးရာတွင် ပြုမူရမည်။
(ဇ)လက်သည်း၊ခြေသည်းညှပ်ခြင်းဖြင့်
လက်သည်းကြား၊ ခြေသည်းကြား တွင် ကပ်ညှိနေသော အညစ်အကြေး များမှ ရောဂါကူးစက်ခြင်းကို ကာ
ကွယ်ပေးသည်။
(ဈ)ရေချိုးပြီးလျှင်သော်လည်းကောင်း၊ချွေးထွက်သောအခါတွင်လည်းကောင်း၊
မိုးမိပြီးခါစတွင် လည်း ကောင်း သန့်ရှင်းသော တဘက်(ပုဝါ)ဖြင့် ခြောက်သွေ့အောင်သုတ်ရမည်။အထူးသဖြင့်
ချိုင်းကြား၊ သားမြတ် အောက် ဖက်(အမျိုးသမီးများ)၊ပေါင်ကြား၊ကပ်ပယ်အိပ်(အမျိုးသားများ)၊
လက်ချောင်းကြား၊ ခြေချောင်းကြား၊ဆံပင်၊ နားရွက်အနောက်ဖက် စသည့် နေရာများတွင်း စိုစွတ်နေပါက
မှိုပိုးပေါက်ပွား၍ အရေပြားရောဂါဖြစ်တတ် သည်။
(ည) ခြေအိပ်
၊အနွေးထည် အမြဲဆောင်ထားပါ။ပူအိုက်သော ရာသီပင်ဖြစ် လင့်ကစား၊ရုတ်တရက် ချမ်း စိမ့်စိမ့်
ဖြစ်လာပါက အနွေးထည်၊ခြေအိပ်၊ ခေါင်းစွပ် စသည့်ဖြင့်(လိုအပ်သည့်အလျှောက်)ချက်ချင်းဝတ်မှ
အအေးပတ် ခြင်းကို ကာကွယ်နိုင်သည်။အိပ်ယာထဲတွင်လည်း အနွေးထည်၊ ခြေ အိပ် စသည် အသင့်ထားပါ။တရေးနိုး
ချိန် တွင် ချမ်းစိတ်ဝင်ပါက အဆင်သင့်ဝတ်နိုင်ရန်ဖြစ်သည်။
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)

