3.7.16

လူသားတွေရဲ့ မျက်စိတွင်းသဘာဝမှန်ဘီလူးနဲ့ အလုပ်လုပ်ပုံချင်းတူညီပါတယ်ဆိုတဲ့ မျက်စိတွင်းထည့်သုံးရတဲ့ မှန်အတု AIOL .

 #LensGen ကုမ္ပဏီဟာ မျက်စိကုသမှုဆိုင်ရာ ဆေးနှင့်ဆေးပစ္စည်းကရိယာများ(Ophthalmic Device)များကို ထုတ်လုပ်ရောင်းချနေတဲ့ ဆေးပညာရပ်ဆိုင်ရာအဆင့်မီ(Clinical Stage)ကုမ္ပ ဏီကြီးတခုဖြစ်ပါတယ်။ပြီးခဲ့တဲ့မေလ တတိယပတ်က ကုမ္ပဏီအနေနဲ့ လူသားတွေရဲ့ သဘာဝ မျက်စိတွင်းမှန်ဘီလူးနဲ့အလုပ်လုပ်ပုံချင်းတူညီတဲ့ AIOL (Accommodating Intraocular Len) ကို ထုတ်လုပ်ဖို့ လမ်းညွှန်အချက်အလက်များ( Pilot data) ရရှိနေပြီဖြစ်ကြောင်း ထုတ်ြ ပန်ကြေငြာခဲ့ပါတယ်။လွန်ခဲ့တဲ့ (၄)နှစ်ခန့်ကစလို့သုတေသန ပြုလုပ်ခဲ့တာဖြစ်ပြီး ယနေ့ သူတို့ တွေ့ရှိထားတဲ့ အချက်အလက်တွေဟာ ဆေးပညာရပ်နယ်ပယ်အတွက် အပေါင်း လက္ခဏာေ ဆာင်တဲ့တွေ့ရှိချက်များဖြစ်ကြောင်းညွှန်းဆိုပါတယ်။
   AIOL လိုခေါ်တဲ့ မျက်စိတွင်းထည့်သွင်းအသုံးပြုရတဲ့ မှန်ဘီလူးအတုဟာ သဘာဝမှန်ဘီးလူး လိုဘဲ အဝေးအနီးကိုချိန်ဆပေးပြီး အဝေးအနီး နှစ်မျိုးစလုံးမှာရှိတဲ့ ပုံရိပ်တွေကိုကြည်လင်ေ အာင် စွမ်းဆောင်ပေးနိုင်မှာဖြစ်လို့ အသုံးပြုသူဟာ နုပျိုတဲ့ငယ်မျက်လုံးကိုပြန်လည်ပိုင်ဆိုင်ရ သကဲ့သို့ ခံစားရမှာဖြစ်တယ်ကြောင်း ကုမ္ပဏီရဲ့ CEO ဖြစ်သူကပြောပါတယ်။သို့အတွက်ေ ကြာင့် အတွင်းတိမ်ဝေဒနာရှင်များအတွက် အတွင်းတိမ်ဖြစ်နေတဲ့ သဘာဝမျက်တွင်းမှန်ကို ခွဲစိတ်ဖယ်ထုတ်ပြီး အစားထိုးမျက်စိတွင်းမှန် (Intraocular lens)အဖြစ်အသုံးပြုနိုင်သကဲ့သို့- အသက်အရွယ်ကြီးရင့်လို့ အနီးမှုန်တဲ့(အနီးကြည့်မျက်မှန်တပ်ရတဲ့)သူတွေကိုလဲ သဘာဝမှန် ဘီလူးအဟောင်းကို ခွဲစိတ်ဖယ်ထုတ်ပြီး သူတို့ရဲ့ AIOL ကိုထည့်သွင်း အသုံးပြုခြင်းအားဖြင့် ငယ်ငယ်တုန်းကလိုမျိုး အဝေးရော အနီးပါကြည်ကြည်လင်လင်မြင်နိုင်မယ်လို့လဲ အထူးတ လည်ညွှန်းဆိုထားပါတယ်။
            လက်ရှိကမ္ဘာတဝှမ်း အသုံးပြုနေသော သဘာဝမှန်ဘီလူးနေရာမှာ အစားထိုးတဲ့ မျက်တွင်းမှန်အတု(Intraocular lens)ဟာ အတွင်းတိမ်ဖြစ်နေတဲ့ သဘာဝမှန်ဘီလူးကိုခွဲစိတ် ဖယ်ထုတ်ပြီး အစားထိုးရာမှာသာ အသုံးပြုလို့ရပါတယ်။ အဝေးအနီးကို ပါဝါပြောင်းလဲချိန်ဆ နိုင်မှုမရှိဘဲ ပါဝါတမျိုးတည်းသာ တသမတ်တည်းရှိပါသည်။
   အောက်ဖော်ပြပါ video file ကိုလေ့လာကြည့်လျင် AIOL နှင့်ပတ်သတ်၍ ပိုမိုသိရှိနိုင်မည်ဖြစ်ပါသည်