အချွန်ဖြင့်ထိုးမိသော ပေါက်ပြဲဒဏ်ရာများ
မျက်စိရှေ့ပိုင်းတွင်
သိသာစွာစူထွက်နေသော အခြေအနေကိုပုံ တွင် တွေ့ကြရမည်ဖြစ်ပါသည်။ အနက်ရောင်တစ်ရှူးများသည်
အချွန်ဖြင့် ထိုးမိ၍ ပေါက်ပြဲနေသော မျက်ကြည်လွှာ၏ အပေါက်ဝမှနေ၍ အပြင်သို့စူ ထွက်နေပြီး
ကာယကံရှင်သည် အရာဝတ္တုစသည်တို့ကို မမြင်နိုင်တော့ သည့်အပြင် အလွန်နာကျင်သော ဝေဒနာကိုလည်း
ခံစားနေရ၏။
အပြင်သို့ စူထွက်နေသော အနက်ရောင်တစ်ရှူးများသည် မျက်နက်ဝန်း(Iris)၏ အစိတ်အပိုင်း များဖြစ်ပြီး မျက်စိသည်လည်း ရောင်ရမ်း လျှက်ရှိသည်ကို တွေ့ကြရပါမည်။
ဤအခြေအနေသည် အရေးပေါ်အခြေအနေဖြစ်၍ မျက်လုံးအိမ်ကို
တို့ခြင်း ထိခြင်း ဖိကြည့်ခြင်း များ မလုပ်ပါနှင့် ပိုးသန့်မျက်စဉ်း ကော်မျက်စဉ်း စသည်ဖြင့်
မည်သည့်မျက်စဉ်းမှမခပ်ပါနှင့် မျက်စိခွဲစိတ် အထူးကုဆရာဝန်၏ အရေးပေါ်ခွဲစိတ်ကုသမှုကို
အမြန်ဆုံးခံယူရန် အရေးတကြီး လိုအပ်ပါသည်။
သို့ဖြစ်ရာ မျက်စိကိုလုံလောက်သော
အကာအကွယ် ရရှိရန်အတွက် မျက်စိအကာ အိုင်းရှီး (Protective eye shield) ဖြင့်အုပ်ကာ၍
မျက်စိအထူးကု ဆေးရုံဆေးခန်းများသို့ အမြန်ဆုံးစေ လွှတ်ပါ။
အိုင်းရှီး(Protective Eye shield) အမျိုးမျိုး
နှင့် ၄င်းကိုအသုံးပြုပုံ
မျက်စိခွဲစိတ်အထူးကုဆရာဝန်မှ မျက်စိခွဲစိတ်ကုသမှုပေးစဉ်
There has been a penetrating wound of the
cornea and black tissue is coming through the wound. The eye was hit by a sharp
object. There will be varying degrees of pain and poor vision. Here the eye is
remarkably ‘quiet’ – more inflammation is usually present. Some time has passed
since the injury, which was caused by a thorn. Iris tissue is presenting
through the corneal wound. This is a serious situation.
Apply an antibiotic eyedrop or, if this is
not available, eye ointment. Secure a sterile protective shield over the eye,
without touching or pressing on the eyeball, and refer the patient immediately
to a specialist.
The patient should remain as quiet
as possible until seen by the eye specialist. Surgery will be required.
ပြည့်အောင်(COA) , Ref ; cehjournal.com