မိသားစုအတွက် ကိုယ်ရောစိတ်ပါ အဓိကပံ့ပိုးပေးနေသူများမှသည်၊
နိုင်ငံရေး၊စီးပွားရေး၊ လူမှု ရေးကဏ္ဍများ၌ ဦးဆောင်သူများအထိ နေရာယူလာကြပြီဖြစ်သောအမျိုးသမီးများ၏
ကျမ်းမာရေး စောင့်ရှောက်မှုအစီအစဉ်များ ဖွံ့ဖြိုးလာစေရန် ကမ္ဘာတဝှမ်းအာရုံစိုက်လာကြသည်ကိုတွေ့ကြရပါမည်။
ထိုနည်းတူ အမျိုးသမီးများ၏ မျက်စိကျမ်းမာရေးစောင့်ရှောက်မှု
နှင့် ထောက်ပံ့ကူညီမှုများကို ပိုမို ဆောင်ရွက်လာကြပြီး အမျိုးသမီးထုကိုကိုယ်စားပြုသော
အဖွဲ့အစည်းများ ဖောင်ဒေးရှင်းများလည်း ပေါ်ပေါက်လာ ပြီဖြစ်ပါသည်။
အမျိုးသမီးများ၏ မျက်စိကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍနှင့်
စပ်လျဉ်း၍ ဗီယက်နမ်နှင့်တရုတ် နိုင်ငံတို့တွင် မကြာသေးမီကပြုလုပ်ခဲ့သော မျက်စိကျမ်းမာရေးဆိုင်ရာ
ဒေသတွင်းပူးပေါင်းဆောင်ရွက် မှုများ၏ တွေ့ရှိချက်များအရ၊ အမြင်အာရုံလုံးဝဆုံးရှုံးမှုနှင့်
လျော့နည်းကျဆင်းသူများ၏ သုံးပုံနှစ်ပုံ သည် အမျိုးသမီးများဖြစ်ကြောင်းသိရပါသည်။ ထို့ပြင်
ကမ္ဘာတဝှမ်း မျက်စိကျမ်းမာရေးစောင့်ရှောက် မှုလုပ်ငန်းများအတွက်
ဝန်ထုပ်ဝန်ပိုးဖြစ်နေသည့် အတွင်းတိမ်ဖြစ်ပွားမှုကို အချိန်မီမသိရှိသောကြောင့် အမြင်အာရုံဆုံးရှုံးရသူများတွင်လည်း
အမျိုးသားများနှင့်နှိုင်းယှဉ်လျှင် အမျိုးသမီးကပို၍များကြောင်း
တွေ့ရှိရသည်ဟုလည်းဆိုပါသည်။
ထိုကဲ့သို့သောအခြေအနေများကြောင့် ကမ္ဘာကျမ်းမာရေးအဖွဲ့(WHO)၏
ကမ္ဘာတဝန်းမျက်စိ ကျမ်းမာရေး
ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း (၂၀၁၄ - ၂၀၁၉)တွင် ဦးစားပေးကဏ္ဍအဖြစ်၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက်
မျက်စိကျမ်းမာရေးစောင့်ရှောက်မှုအစီအစဉ်ကို
ထည့်သွင်းထားပါသည်။ ၎င်းအစီအစဉ်အရ
ပဏာမလေ့လာသုံးသပ်ချက်များပြုလုပ်ရာတွင် အမျိုးသမီးနှင့်မိန်းကလေးငယ်များ အား စောင့်ရှောက်မှုပေးရာတွင်
အဟန့်အတားအချို့ရှိနေကြောင်း ၎င်းတွေ့ရှိချက်များ၌ဖော်ပြ ပါသည်။ အဓိကအခက်အခဲမှာ
ကျမ်းမာရေးဝန်ထမ်းများအား ပူးပေါင်းကူညီမှုအားနည်းခြင်းပင်ဖြစ်ပါ သည်။ အခြေခံလိုအပ်ချက်များမေးမြန်းခြင်းကို
ဖြေကြားရာတွင် (မေးမြန်းသော မေးခွန်းများကို
ပွင့်ပွင့် လင်းလင်းဖြေရာ၌) အမျိုးသမီးနှင့်အမျိုးသား ကွာခြားပါသည်။
အကြောင်းရင်းကိုလေ့လာရာ၌ အမျိုး သမီးများသည် ဗဟုသုတ၊ သဘောထားအမြင်၊ အလေ့အကျင့်
စသည့်(knowledge, attitutes,and practics – KAP)တို့၌ လိုအပ်ချက်ရှိခြင်းနှင့်ကျားမကွဲပြားမှုအပေါ်၌
မိမိတို့ကိုယ်တိုင်က အားနည်း ချက်ဟုယူဆနေကြ၍ဖြစ်ကြောင်း ဆိုပါသည်။
ထို့ပြင်မိသားစုဝင်ငွေနိမ့်ကျခြင်းကြောင့် အချိန်ပြည့်အလုပ်လုပ်နေကြရသည့်အတွက် မျက်စိ ကျမ်းမာရေးစစ်ဆေးရန်
အချိန်မီမသွားနိုင်ခြင်း၊ အမျိုးသမီးများသည်
အမျိုးသားများထက် ပညာ ရေးအဆင့်နိမ့်ကျသည်ကများ၍ ပြင်ပဗဟုသုတနည်းသောကြောင့်
မျက်စိကျမ်းမာရေးစောင့်ရှောက်မှု နှင့် ကုသရေးအသိပညာနည်းပါးခြင်း၊ မျက်စိကျမ်းမာရေးကိစ္စတခုအတွက်သာမဟုတ်ဘဲ
မိသားစု ကိစ္စရပ်များတွင်လည်း၊ အမျိုးသမီးနှင့်မိန်းကလေးငယ်များသည်
ဦးစားပေးအဆင့်မရှိကြသည့်အပြင် ဆုံးဖြတ်ချရာတွင်လည်းအားငယ်စိတ်ဖြင့် မပြတ်သားခြင်း
၊စသည်များကို အဟန့်အတား ဖြစ်စေသော
အကြောင်းရင်းများအဖြစ်သုံးသပ်တွေ့ရှိရပါသည်။
သို့ဖြစ်ရာ အထက်ပါအခက်အခဲများကို
ကျော်လွှားလွတ်မြောက်နိုင်ရန်အတွက် နည်းလမ်းများ ကို ရှာဖွေကြည့်ကြရာတွင် ၂၀၁၅
ခုနှစ်ကတည်းက ကမ္ဗောဒီးယားနိုင်ငံ၌ ကျင်းပခဲ့ပြီးဖြစ်သော၊ အမျိုးသမီးနှင့်မိန်းကလေးငယ်များ၏မျက်စိကျမ်းမာရေးဖွံ့ဖြိုးတိုးတက်မှုကို
သုံးသပ်လေ့လာခြင်းဆိုင် ရာဖိုရမ်မှအကြံပြုချက်များကို လက္ခံသင့်ကြောင်းတွေ့ရှိလာကြပါသည်။ကမ္ဘာ့ကျမ်းမာရေးအဖွဲ့
(WHO) ၏ ကမ္ဘာတဝန်းမျက်စိကျမ်းမာရေးဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း(၂၀၁၄-၂၀၁၉)၏ အစိတ်အပိုင်းဖြစ်သော
ကမ္ဗောဒီးယားဖိုရမ်က အမျိုးသမီးများနှင့်မိန်းကလေးငယ်များမျက်စိကျမ်းမာရေးဖွံ့ဖြိုး
တိုးတက် စေရေးအတွက် လက်တွေ့ကျသောနည်းလမ်းငါးသွယ်ကို အောက်ပါအတိုင်းမီးမောင်း ထိုးပြထား
ပါသည်။
(၁) ဖြစ်နိုင်ခြေရှိသော အစီအစဉ်များရေးဆွဲ၍ဆောင်ရွက်ခြင်း။
လူမှုအသိုင်းအဝိုင်းကိုအခြေခံသော အိမ်တိုင်ယာရောက်
စမ်းသပ်စစ်ဆေးမှု နှင့်လုပ်ခွင်မပျက် စောင့်ရှောက်မှုများသည် အမျိုးသမီးများ၏ သဘာဝအရ
ဖြစ်နိုင်ချေရှိသည့်အတွက် ဆောင်ရွက်သင့် သော အစီအစဉ် ဖြစ်ပါသည်။ ထိုသို့သော ဆေးရုံဆေးခန်းပြင်ပလုပ်ငန်းများကို
ဆောင်ရွက်ရာတွင် အမျိုးသမီးနှင့် မိန်းကလေးငယ်များ၏ပူးပေါင်းမှု(မျက်စိကျမ်းမာရေးစောင့်ရှောက်မှုများကို
ယုံကြည် လက္ခံမှု) ရှိစေရေးအတွက် စည်းရုံးကြရာတွင် အခြေအနေကိုလေ့လာသုံးသပ်၍
ဆောင်ရွက်ရန် အရေး ကြီးပါသည်။ ဈေးများ ကျောင်းများသည် အရေးပါသောနေရာများဖြစ်ပြီး၊ အမျိုးသမီးနှင့်မိန်းကလေး
ငယ်များထံမှ အကြံပြုချက်များရနိုင်ပါသည်။ အကြံပေးသူနှင့်ဝေဖန်သူများကို
အားပေးခြင်း၊ပံ့ပိုးမှုပြု ခြင်းဖြင့် လူတန်းစားအသီးသီးကို ကိုယ်စားပြုသော
အမျိုးသမီးကိုယ်စားလှယ်များ ပေါ်ပေါက်လာစေ ၍ မိမိတို့၏အစီအစဉ်ကို
ပိုမိုခရီးရောက်စေမည်ဖြစ်ပါသည်။
(၂)
အမျိုးသမီးအသင်းအဖွဲ့များနှင့်ချိတ်ဆက်၍ဆောင်ရွက်ခြင်း။
အမျိုးသမီးအဖွဲ့များ၊ အေဂျင်စီများ၊အစိုးရဌာနများ၊
မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊မျိုး ဗီဇနှင့်သားဆက်ခြားကိစ္စများလေ့လာသူ
အစိုးရမဟုတ်သောအဖွဲ့များ၊အမျိုးသမီးနှင့်မိန်းကလေးများ ၏အကျိုးစီးပွားအတွက်
ထိရောက်သောရည်ရွယ်ချက်ဦးတည်ချက်တို့ဖြင့် ဆောင်ရွက်နေသည့် နက် ဝပ် နှင့်
ဖောင်ဒေးရှင်းများ (ကမ္ဗောဒီးယားတွင် ဖရက်ဟော်လို Fred Hollows
ဖောင်ဒေးရှင်းကဲ့သို့) စသည်တို့နှင့်ပူးတွဲ၍ အမျိုးသမီးများ၏ မျက်စိကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဖွံ့ဖြိုးစေ ရေးအတွက် အားထုတ်ကြရန်ဖြစ်ပါသည်။
(၃)
လုပ်ငန်းဆိုင်ရာအချက်အလက်များကို စုဆောင်း၍ စိစစ်ခြင်း။
အသက်အရွယ်၊လိင်ကွဲပြားမှု၊ယဉ်ကျေးမှုများ၊
ဆေးပညာရပ်ဒေတာများကို စုစည်း၍ သုံးသပ် ရန်လိုပါသည်။အချို့သောအဖွဲ့အစည်းများသည်
အချက်အလက်များ စုဆောင်းထားသော်လည်း၊ မျက်စိကျမ်းမာရေးလုပ်ငန်းများအတွက် မပြည့်စုံသည်များ
ရှိနေတတ်ပါသည်။ ထိုလိုအပ်ချက်များကို သေချာစွာလေ့လာ၍ လက်တွေ့အသုံးတည့်သောအချက်များကို
စုဆောင်းရန်အရေးကြီးပါသည်။ အရပ်ဒေသ ကွဲပြားမှုအပေါ်မူတည်၍
ကျမ်းမာရေးဝန်ထမ်းလိုအပ်ချက်အချိုးအစား ၊ဆေးဝါးများ လိုအပ်ချက်၊ ကုသမှုကရိယာများလိုအပ်ချက်
နှင့် အလှူရှင်များသိရှိလိုသည့် အချက်အလက်များရှာ ဖွေ စုဆောင်းခြင်းများသည်လည်းအရေးပါပါသည်။
(၄)
ပရော်ဖစ်ရှင်နယ် အမျိုးသမီးမျက်စိကျမ်းမာရေးဝန်ထမ်းများခန့်ထားဆောင်ရွက်ခြင်း
ဘာသာစကား၊ယဉ်ကျေးမှု၊နေရာဒေသ၊လိင်ကွဲပြားများရှိစေကာမူ
အမျိုးသမီးလူနာများအား မျက်စိကျမ်းမာရေးဝန်ထမ်းများက အကူအညီပေးရာတွင် ထိရောက်မှုရှိရန်အရေးကြီးပါသည်။
ကြုံ တွေ့နေရသည့် မိသားစုဖိအားများကိုလျော့ချ၍ ထိမ်းညှိပေးနိုင်သော၊ အကြံဥာဏ်ကောင်း
များပေး လျက် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့်ထောက်ပံ့မှုပေးနိုင်သည့် ပရော်ဖစ်ရှင်နယ်
အမျိုးသမီးမျက်စိကျမ်း မာရေးဝန်ထမ်းများ အထူးလိုအပ်ပါသည်။
ထိုအမျိုးသမီးကျမ်းမာရေးဝန်ထမ်းများသည်
အမျိုးသမီးနှင့်မိန်းကလေးများ ရင်ဆိုင်ကြရသည့်
လိမ္မာပါးနပ်စွာဖြေရှင်းကြရမည့် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာပြဿနာများကို
လုပ်ငန်းခွင်တွင် ကြုံ့တွေ့ကြရမည်ဖြစ်ပါသည်။သို့ဖြစ်ရာ ရေးဆွဲထားသော
အစီအစဉ်များအတိုင်း အကောင်အထည် ဖော်နိုင်မည့် မိမိ၏အလုပ်ကိုဂရုတစိုက်
အလေးထားဆောင်ရွက်တတ်သည့် အမျိုးသမီးမျက်စိကျမ်း မာရေးဝန်ထမ်းများ ခန့်ထားခြင်းဖြင့်
လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန် ကြိုးပန်းကြရ ပါမည်။
(၅)အမျိုးသမီးများ၏
အခွင့်အရေးများ ပိုမိုရရှိရေးကို မြှင့်တင့်ဆောင်ရွက်ခြင်း။
ဤနေရာ၌
စဉ်းစားဖွယ်ရာအများအပြားရှိပါသည်။အမျိုးသမီးနှင့်အမျိုးသားကွာဟမှုကို မျှတ ရေးအတွက်
ဆောင်ရွက်ရန်ဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် လည်းကောင်း၊ အချက် အလက်စုဆောင်းရာတွင်လည်းကောင်း၊
အစီရင်ခံစာများရေးရာတွင်လည်းကောင်း၊ အမျိုးသမီးနှင့် အမျိုးသားများ၏ကွာဟမှုသည်
၅၀/၅၀ ညီမျှရန်မှာ သဘာဝမကျသောကိစ္စသာဖြစ်ပါသည်။ အဓိ ကဆိုလိုရင်းမှာ
အမျိုးသမီးနှင်မိန်းကလေးငယ်များအား ပိုမိုဂရုတစိုက်ကုသပေးခြင်းဖြင့် အခွင့်အရေး
များ ညီမျှလာရန်ဖြစ်ပါသည်။
ဥပမာအားဖြင့်
မျက်စိအမြင်ဆုံးရှုံးသူအရေအတွက်သည် အမျိုးသားထက်အမျိုးသမီးက ပို၍ များနေရခြင်း၏အကြောင်းရင်းကို
လေ့လာသုံးသပ်ကြည့်ပါ။၎င်းသည် အမျိုးသမီးများ၏သဘာဝဖြစ် သော
သည်းခံခြင်းနှင့်မျှော်လင့်စောင့်စားခြင်း(မိမိထံအလာကိုစောင့်ခြင်း)
အလေ့အကျင့်များကြောင့်၊ အမြင်အာရုံဆုံးရှုံးသည်အထိအန္တရယ်ရှိသော မကူးစက်တတ်သည့်အတွင်းတိမ်
နှင့် ကူးစက်တတ် သည့် မျက်ခမ်းစပ်ကဲ့သို့သောရောဂါများသည် အမျိုးသမီးများတွင် အများဆုံးတွေ့ကြရခြင်းဖြစ်၏။
သို့ဖြစ်ရာ မျက်စိကျမ်းမာရေးစောင့်ရှောက်မှုအဖွဲ့များ ဖောင်ဒေးရှင်းများသည်
အမျိုးသမီးများ၏ သဘာဝကို သဘောပေါက်လက္ခံကြလျက် ခိုင်မာသောဦးတည်ချက်များချမှတ်၍ ပိုမိုအာရုံစိုက်
ကုသပေးခြင်းအားဖြင့်၊အမျိုးသမီးများအမြင်အာရုံဆုံးရှုံးမှုနှုန်းလျော့ကျလာပြီး
အမျိုးသားများနှင်ကွာဟ ချက်ကျဉ်းမြောင်းသွားမည် ဖြစ်ပါသည်။
အချုပ်အားဖြင့်ဆိုရပါမူ
ကမ္ဘာကျမ်းမာရေးအဖွဲ့(WHO)၏
ကမ္ဘာတဝန်းမျက်စိကျမ်းမာရေး ဘက်စုံဖွံ့ဖြိုးတိုးတက်မှုစီမံကိန်း (၂၀၁၄ -
၂၀၁၉)၏ အထောက်အကူပြုဖိုရမ်ဖြစ်သော အမျိုးသမီးနှင့်
မိန်းကလေးငယ်များ၏မျက်စိကျမ်းမာရေးဖွံ့ဖြိုးတိုးတက်မှုဖိုရမ် (ကမ္ဗောဒီးယား-၂၀၁၅) ကအကြံပြု
ချက်များကိုခြုံငုံသပ်လျှင်-အမျိုးသမီးနှင့် အမျိုးသားများအကြားကွာဟချက်များကိုလျော့ချ၍
စိတ်ပိုင်း ဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာပံ့ပိုးမှုများ
ပိုမိုပေးအပ်ခြင်းဖြင့် တန်းတူညီမျှမှုရှိစေရေးအတွက် ဆောင်ရွက် ပေးကြရန်ပင်ဖြစ်ပါသည်။အမျိုးသမီးများအား
ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုများ၌ ကျွမ်း ဝင်လာကြစေရန် ဖိုရမ်များဝပ်ရှော့ပ်များကဲ့သို့သော
စုဝေးပွဲများကျင်းပ၍တွေ့ဆုံစေပြီး၊ ဗဟုသုတ များမျှဝေခြင်းနှင့်လက်တွေ့ကျ၍ထိရောက်သော
အလေ့အကျင့်များရှိလာကြစေရန် ဖန်တီးပေးကြရ မည် ဖြစ်ပါ၏။
သို့မှသာ
အမျိုးသမီးနှင့်မိန်းကလေးငယ်များ၏ လူနေမှုဘဝတိုးတက်လာပြီး ၎င်းတို့အတွက် ဆောင်ရွက်သော မျက်စိကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ပိုမိုဖွံ့ဖြိုးတိုးတက်၍ အောင်မြင်မှု များရလာမည်ဖြစ်ကြောင်း ရေးသားအပ်ပါသည်။
(chejournal.com ၌ Damian Facciolo.Regional Programme Manager ,
The Prevention of Blindness, Singapore. နှင့် Camille
Neyhouser .Coordinator ,The
Fred Hollows Foundation, Sydney, Australia.
တို့ရေးသားသောPutting women’s
eyesight first ကိုမှီငြမ်းပါသည်။
