4.8.16
ကွန်ပျူတာများကို မျက်စိရောဂါ ရှိမရှိ ဖော်ထုတ်နိုင်ရန်လေ့ကျင့်ပေး..
               မှတ်ဥာဏ်အတုကိုအသုံးပြုကာ စက်ပစ္စည်းများကို ကျန်းမာရေးတေသန လုပ်ငန်းများတွင် အ သုံးပြုသည့် နည်းစနစ်ကို ကမ္ဘာတစ်ဝန်းတွင် စတင်အသုံးပြုလာရာဝယ် Google ကလည်း ကွန်ပျူတာ များကို မျက်စိ ရောဂါရှိ၊မရှိ ဖော်ထုတ်နိုင်စေရန်လေ့ကျင့်ပေးသည့် Deep Mind စီမံကိန်းကို စတင်ဆောင် ရွက်နေပြီ ဖြစ် ကြောင်း သိရသည်။ မျက်စိထဲက စက္ခုအာရုံကြောကို စကင်ဖတ်ပြီး ဆီးချိုရှိ၊မရှိ ဖော်ထုတ် သိရှိနိုင်တဲ့စနစ်ကို အသုံးပြုနေခဲ့တာ ကြာပါပြီ။ အခု ကွန်ပျူတာတွေကိုလည်း မျက်စိအထူးကုဆရာဝန်တွေ လိုပဲ မျက်စိထဲက ပုံရိပ်တွေ၊ အကွက် တွေ၊ အစရှိတာတွေကို ဖတ်ရှုပြီး ရောဂါရှိ၊မရှိ ရှာဖွေတတ်လာအော င် လေ့ကျင့်ပေးလျက်ရှိပါတယ်ဟု Google မှ တာဝန်ရှိသူတစ်ဦးက ပြောပြသည်။   
           လူနာတစ်ယောက်ရဲ့ ကျန်းမာရေးသမိုင်းကြောင်းကို အစ၊အဆုံးလိုက်ဖို့  ကျွန်တော့်တစ်သက် စာ အေ တွ့ အကြုံတွေကို ပေါင်းစပ်အသုံးပြုရပါတယ်။ အခုလို စက်ပစ္စည်းတွေရဲ့ အထောက်အကူကိုရ မယ် ဆိုရင် မျက်စိရောဂါစမ်းသပ်ရှာဖွေရာမှာလည်း အဆပေါင်း ရာထောင်ချီမက ပိုမိုမြန်ဆန်လာနိုင်သလို မှန်ကန်မှု လည်း ပိုလာနိုင်ပါတယ်ဟု Google ၏ Deep Mind စီမံကိန်းကို ဦးစီးဆောင်ရွက်နေသူ မျက်စိ အထူးကု ဆရာဝန် ပင်ခေါ က ပြောသည်။
2.8.16
ကလေးများ၏ မျက်စိကျမ်းမာရေးကိုဂရုပြုကြပါ
              လူတို့တွင်မျက်စိကျန်းမာရေးသည် အလွန်အရေးကြီးပါသည်။ မျက်စိအဆုံး၊ နားအရှုံးဟူသော စကားသည်ရှိပါ၏။ ကလေးများ အတွက် မျက်စိကျန်းမာရေး ဂရုပြုပေးရမည်မှာ ပို၍အရေးကြီး ပါသည်။
ယခုခေတ် ကလေးငယ်များ သုံးနှစ်သားအရွယ်မှစ၍ ဖုန်း၊ တက်ဘလက်များကိုကိုင်၍ ဂိမ်း ဆော့ကစားရန် ဝါသနာပါကြရာ မျက်စိဖြင့်အားစိုက်၍ ကြည့်ပါ များလာသောအခါတွင် (Cilary Muscles) စီလာရီကြွက်သား များကညောင်းလာပြီး ဦးနှောက်နှင့်အာရုံကြောများသို့ ထိခိုက်ဒုက္ခ ပေးတတ်ပါသည်။
           ကလေးငယ်များက မပြောတတ်၍ ပေတေကြည့်ရှုပါများ လာသောအခါတွင် မျက်စိအာရုံ ကြောများ အားနည်းသွားပြီး မျက်စိပါဝါစမ်းသပ်ကြည့်လျှင် မျက်မှန်ပါဝါမှာ (-2.00 D.S) နှင့် (-1.00 D.C) ဆလင်ဒါပါဝါတို့ အထိမြင့်တက်နေတတ်ကြသည်။
         တချို့လူငယ်များ မျက်မှန် ပါဝါဖြင့်ထိန်းမထားဘဲ နှစ်ကြာ လာသောအခါ (Lazy Eye) ခေါ် မျက်ကြောသေ ရောဂါဖြစ်နေပြီး ကွန်ပျူတာဖြင့်မျက်စိပါဝါကိုစမ်း သပ်သောအခါ ပါဝါအများ ကြီး ပြသော် လည်း မည်သည့်ပါဝါမျှ ပြ၍မရပါ။ ဤသည်မှာ မျက် ကြောသေရောဂါကြောင့်ဖြစ်သည်။
         ကလေးများက အလင်းရောင် အားနည်းသောနေရာများ တွင် စာဖတ်ခြင်း၊ ကွန်ပျူတာဂိမ်း ဆော့ ကစားခြင်းများ ပြုလုပ်ကြ ပါသည်။ ကြာသော်မျက်စိမှုန် ခြင်းကို စတင်ဖြစ်ပေါ်ခံစားကြ ရပါသည်။ စာဖတ် လျှင်သော် လည်းကောင်း၊ မျက်စိအသုံးပြုလျှင် ဦးခေါင်းအထက်မှလာသော မီးအလင်းရောင်၊ အနောက် ဘက် မှလာသော မီးအလင်းရောင်တို့ကို သာအသုံးပြုရပါမည်။မျက်နှာချင်းဆိုင် ရှေ့တည့်တည့်မှလာသော အလင်းရောင်ကို အသုံးမပြုရပါ။ အရေးကြီးသည်မှာ ပြည့်ဝလုံ လောက်သော မီးအလင်းရောင်တို့ ကိုသာအသုံးပြုရ မည်ဖြစ်ပါသည်။
           ကလေးသူငယ်များ၊ ကျောင်း သားအရွယ်များကပါ မျက်စိ အသုံးပြုမှုကို အချိန်ကြာမြင့်စွာ သုံးစွဲမှုကြောင့် မျက်စိမှုန်ကြရ သည်။ စာကျက်ခြင်း၊ဝတ္ထုစာအုပ် ဖတ်ခြင်း၊ ကွန်ပျူတာဂိမ်းဆော့ ခြင်းများကို ညဘက်အချိန် ညဥ့် နက်သည်အထိ ကြည့်ကြသည်။ ထို့ကြောင့်မျက်စိမှုန်ကြရပါသည်။
           ကျောင်းသား ကျောင်းသူ များက မျက်မှန်ကိုချွတ်ထားကြ သည်။ သက်ငယ်မှုန်ပါဝါသည် စာကြည့်ြ ခင်း၊ကွန်ပျူတာကြည့်ခြင်း နှင့် အဝေးကြည့်ခြင်းများကိုပါ အသုံးပြုကြရမှာဖြစ်သည်။ချွတ်ထား သောကြောင့် မျက်ရိုးကိုက်ခြင်း၊ ခေါင်းမူးခြင်း၊ဇက်ကြောတက်ခြင်း များကိုဖြစ်ပေါ် ခံစားကြရသည်။
         မျက်လုံးမှ(Cilary Muscles ) က မျက်စိနှင့် ဦးနှောက်အာရုံ ကြောများကို ဆက်နွှယ်နေေ သာ ကြောင့် ခေါင်းကိုက်ခြင်း၊ ဇက် ကြောတတ်ခြင်း၊ ခေါင်းမူးခြင်း စသည်များဖြင့် အမျိုးမျိုးဖြစ်ပေါ် စေ တတ်သဖြင့် မျက်မှန်ပါဝါဖြင့် ထိန်းပေးထားပါက ကြွက်သား များငြိမ်ပြီး ဘာမှဖြစ်ပေါ်ခံစား ခြင်းမရှိတော့ပါ။
       ထို့ကြောင့် ကလေးများ၏ မျက်စိကျန်းမာရေးကို လူကြီး မိဘများက ဂရုစိုက်စောင့်ရှောက် ပေးရန်လို အပ်ပါကြောင်း ရေးသားလိုက်ပါသည်။
မျိုးမြင့်ဆွေ(မျက်မှန်)
Source...http://web.facebook.com..1002410749876063
1.8.16
မျက်စိ ကျန်းမာရေး အတွက် ရိုးရိုးရှင်းရှင်း နည်းလမ်(၁၀)ချက်...
           အမြင်အာရုံဟာ လူတစ်ယောက်ရဲ့ဘ၀မှာ အလွန်အရေးကြီးပါတယ်။ ဒါပေမဲ့ လူ အများစုဟာအမြင်အာရုံ ကောင်းနေစဉ်မှာ မျက်စိ ကျန်းမာရေးကို ဂရုမစိုက်မိဘဲ လျစ်လျူရှု
ထားတတ်ကြ ပါတယ်။ တကယ်တော့ မျက်စိ ရောဂါတွေ ဖြစ်မှ ကုသတာထက် မျက်စိ
ကျန်းမာရေးကို အမြဲတမ်း စောင့်ရှောက်ဂရုစိုက် ထားတာက ပိုကောင်းပါတယ်။
        ဒါကြောင့် သင့်မျက်စိ ကျန်းမာရေး အတွက်စောင့်ရှောက်သင့်တဲ့ရိုးရိုးရှင်းရှင်း နည်းလမ်း ၁၀ ချက်ကို ဖော်ပြလိုက်ပါတယ်။   
       မျက်စိ အထူးကု ဆရာဝန်ဆီ သွားပါ။သင်ရဲ့ အမြင်အာရုံ မကောင်းရင် ဒါမှမဟုတ် မျက်စိမှာ ပြဿနာ တစ်ခုခုရှိနေရင်အချိန်ဆိုင်း မနေဘဲနှင့် မျက်စိ ဆရာဝန်ဆီ သွားပြီး စစ်ဆေးမှု လုပ်သင့်ပါတယ်။မစစ်ဆေး မကုသဘဲ ထားတဲ့ မျက်စိ ပြဿနာတွေက သူ့အ လိုလို ပြန်ကောင်းသွားမှာမဟုတ်ပါဘူး။ သင်ဟာ မျက်မှန်တပ်ဖို့ လိုအပ်နေရင် ဒါမှမဟုတ် သင်တပ်တဲ့မျက်မှန်နဲ့ မျက်ကပ်မှန်တွေက ပါဝါမကိုက်တော့ရင် ခေါင်းကိုက်တာနဲ အမြင်အာ ရုံ နောက်ထပ် ပိုဆိုးလာတာတွေကို ဖြစ်စေ နိုင်ပါတယ်။
        နေကာမျက်မှန်တပ်ပါ။တစ်ပတ်မှာ ခုနစ်ရက်နဲ့ တစ်ရက်မှာ ၂၄ နာရီလုံး နေကာ မျက် မှန်တပ်ဖို့မဆိုလိုပါဘူး။ ဒါပေမဲ့ သင်ဟာ နေ့ဘက်မှာ နေပူထဲ ထွက်မယ် ဆိုရင်တော့ နေ ကာမျက်မှန်တပ်ဖို့ လိုအပ်ပါတယ်။ နေရောင်ခြည်မှာ ပါတဲ့ ခရမ်းလွန်ရောင်ခြည်တွေဟာ သင့် အမြင်အာရုံကို ထိခိုက် ပျက်စီး စေနိုင်ပါတယ်။ ဒါကြောင့်သင်ဟာ နေပူထဲ သွားတဲ့အခါ ခရမ်း လွန် ရောင်ခြည်တွေကို ထိထိရောက်ရောက်ကာကွယ်ပေးနိုင်တဲ့နေကာ မျက်မှန်တပ်ဖို့ လိုအပ် ပါတယ်။ အနက်ရောင် နေကာမျက်မှန်တိုင်းက ခရမ်းလွန် ရောင်ခြည်တွေကို ကာကွယ်နိုင်တာ မဟုတ်ပါဘူး။ဒါကြောင့် နေကာမျက်မှန် ၀ယ်တဲ့အခါ ခရမ်းလွန် ရောင်ခြည်ကို ကာကွယ်နိုင်တဲ့ နံပါတ်(Category Number) ကိုကြည့်ဖို့ လိုပါတယ်။ Category Number တွေကခရမ်း လွန်ေ ရာင်ခြည်ကို လုံးဝ မကာကွယ်နိုင်တဲ့ (0) အဆင့်ကနေ အမြင့်ဆုံးကာကွယ်နိုင်တဲ့ (4) အဆင့်အထိ ကာကွယ်နိုင်တဲ့ အဆင့်တွေအမျိုးမျိုးရှိပါတယ်။ Category 3 ဒါမှမဟုတ် 4 ကို ၀ယ်ပါ။ 
         တိမ်ထူပြီးမိုးအုံ့တဲ့ နေ့တွေမှာ SPF ပါဝင်မှုများတဲ့ နေကာလိမ်းဆေးတွေ လိမ်းဖို့လိုအပ် သလိုပဲ နေကာ မျက်မှန်လည်း တပ်ဖို့ လိုအပ်ပါတယ်။ တကယ်တော့ တိမ်ဆိုတာအငွေ့ ပြန်ေ နတဲ့ ရေတွေသာ ဖြစ်ပါတယ်။ ရေတွေကို ခရမ်းလွန် ရောင်ခြည်တွေက ထိုးဖောက် ဖြတ် သန်းနိုင်တဲ့ အတွက်ကြောင့် နေကာမျက်မှန်တပ်ပြီးသင့်မျက်စိတွေကို ကာကွယ်ထားဖို့ လိုအပ် တာပါ။
       အာဟာရပြည့်ဝအောင် စားပါ။မျက်စိ ကျန်းမာရေးအတွက် အာဟာရပြည့်ဝတဲ့ အစာေ တွကို စားဖို့လိုအပ်ပါတယ်။လတ်တလော သုတေသနတွေအရ ဓာတ်တိုး ဆန့်ကျင် ဂုဏ်သတ္တိ ရှိတဲ့ ဗီတာမင်တွေဟာအသက်အရွယ် ကြီးရင့်လာခြင်းနဲ့ ဆက်စပ်ပြီးဖြစ်တဲ့ မျက် စိရောဂါေ တွဖြစ်ပေါ်မှုကို နှေးစေပါတယ်။ ဗီတာမင်စီ၊ အေ၊ အီး၊ ဖောလစ်အက်စစ်၊ ဆီလီ နီယမ်နဲ့ဇင့် ဓာတ်တွေဟာ သင့်မျက်စိ ကျန်းမာရေး အတွက် အထူး အကျိုးပြု နိုင်ပါ တယ်။ ဒီဗီတာမင်တွေကို လတ်ဆတ်တဲ့ သစ်သီးတွေနဲ့ ဟင်းသီး ဟင်းရွက်တွေကနေ ရရှိနို င်ပါတယ်။ ဒါကြောင့် သင် ရဲ့နေ့လယ်စာ ထမင်းဘူးထဲကို မုန်လာဥနီနဲ့စပျစ်သီးတစ်ခိုင်ထည့်လိုက်ပါ။
       မှန်ကန်တဲ့ အလင်းရောင်ရပါစေအလင်းရောင် နည်းနည်းမှာ စာဖတ်ရင် မျက်စိ ထိခိုက် တယ်လို့ လူတွေကထင်မြင်တတ်ပါတယ်။ဒါပေမဲ့ အလွန်တောက်ပ စူးရှတဲ့ အလင်းေ ရာင်က ပိုဆိုးပါတယ်။တောက်ပ စူးရှလွန်းတဲ့ နေရောင်ကနေ ကာကွယ်ဖို့ နေကာ မျက်မှန်တပ် ရသလိုပဲ အလုပ်လုပ်တဲ့ နေရာမှာလည်း တောက်ပ စူးရှလွန်းတဲ့ အလင်းရောင်တွေ မရှိေ အာင်စီစဉ်ပါ။ သင့်အလုပ်စားပွဲမှာ အလင်းရောင် ကောင်းကောင်းရသင့်ပါတယ်။ ဒါပေ မဲ့မ စူးရှလွန်းသင့်ပါဘူး။ ကွန်ပျူတာနဲ့ အလုပ်လုပ်သူအတွက် အလင်းရောင်ဟာေ ဘးဘက် ကနေလာတဲ့ ခပ်ဖျော့ဖျော့ အလင်းသာ ဖြစ်သင့်ပါတယ်။ ကွန်ပျူတာမော်နီတာကို နေရောင် တိုက်ရိုက်ကျနေတာမျိုး မဖြစ် သင့်ပါဘူး။ ဒါ့အပြင်မော်နီတာရဲ့ အလင်းရောင်ကိုလည်း သင့်တော်အောင် ချိန်ညှိသင့် ပါတယ်။       
        မျက်စိကိုခဏအနားပေးပါ ။ကွန်ပျူတာကို တစ်နေ့လုံး ကြည့်နေခြင်းဟာ မျက်စိတွေ ကိုခြောက်သွေ့စေနိုင်ပါတယ်။ လူတွေဟာ ကွန်ပျူတာစကရင်ကို ကြည့်နေစဉ်မှာမျက်တောင် ခတ်တာဟာ ပုံမှန်ထက် ၂၅ ရာခိုင်နှုန်း လျောနည်း သွားပါတယ်။ဒါကြောင့် နောက်တစ်ခါ ကွန် ပျူတာသုံးတဲ့အခါ မကြာခဏ မျက်စိကို အနားပေးဖို့သတိရပါ။ ငါးစက္ကန့်ခန့်ကြာအောင် မျက်စိ ကို ပိတ်ပြီး ဖြည်းဖြည်းချင်းပြန်ဖွင့်ပါ။ ကွန်ပျူတာ ကြည့်ရင်းနဲ့ အဝေးက အရာတစ် ခုခုကို အကြည့်ပြောင်းတာမျိုးလည်း မကြာခဏ လုပ်ပေးပါ တီဗီကြည့်တဲ့အခါ တီဗီကြည့်တဲ့အခါမှာ တီဗီနဲ့ အလွန်နီးနီးကပ်ကပ် မထိုင်ဖို့ အရေးကြီး  ပါတယ်။
          သင့်မျက်စိနဲ့ တီဗီစကရင် အကြားမှာ အနည်းဆုံး နှစ်မီတာမှ သုံးမီတာ အကွာအဝေး
ရှိသင့်ပါတယ်။ တီဗီပရိုဂရမ် တစ်ခု ကြည့်နေစဉ်မှာ မကြာခဏ မျက်တောင်ခတ်ပေးပါ။
တီဗီကြည့်နေစဉ် အခန်းထဲက တခြားမီးတွေ မှိတ်ထားတာမျိုး မလုပ်ပါနဲ့။ရှည်လျားတဲ့ ပရိုဂရမ် တစ်ခု ဒါမှမဟုတ် ရုပ်ရှင် ကြည့်နေတာဆိုရင်နာရီဝက်ကြာတိုင်း သင့်မျက်စိတွေကို ခဏ အနားပေးပါ။
            မျက်စိ လေ့ကျင့်ခန်း။ခန္ဓာကိုယ် တခြားနေရာက ကြွက်သားတွေလိုပဲ သင့်မျက် စိက ကြွက်သားတွေကိုလည်းပုံသဏ္ဌာန် ကောင်းမွန်အောင် ထိန်းသိမ်းထားဖို့ လိုအပ်ပါတယ်။ မျက်စိလေ့ကျင့်ခန်း လုပ်ဖို့ အတွက်သင့်မျက်နှာရှေ့ သုံးလက်မအကွာမှာ ခဲတံတစ်ချောင်းကို ကိုင်ထားပြီး ခဲတံထိပ်ကို အာရုံစိုက်ပါ။ ပြီးရင်ခဲတံကိုလက်တစ်ကမ်း အကွာအဝေးသို့ ရွှေ့လိုက် ပါ။ ပြီးရင် ရှေ့သို့ တစ်ဖန် ပြန်ယူလာပါ။ဒီလိုခဲတံကို ရွှေ့နေစဉ် ခဲတံထိပ်ကို အာရုံစိုက်ပြီး ကြည့်နေပါ။ဒီလေ့ကျင့်ခန်းဟာ စာအလွန်အကျွံ ဖတ်ခြင်း ဒါမှမဟုတ် ကွန်ပျူတာ အလွန်အကျွံ သုံးခြင်းကြောင့် မျက်စိညောင်းတာကို သက်သာစေပါတယ်။
           မျက်စိ ယောဂကျင့်ပါ။မျက်စိအတွက် ရှေးခေတ် ယောဂကျင့်စဉ်တစ်ခုကတော့ လက်ဖ၀ါးတွေကိုအသုံးပြုတာပါ။ဒီနည်းလမ်းဟာ မျက်စိ အာရုံကြောတွေကို ပြေလျော့စေပြီး အမြင်အာရုံနဲ့ မျက်စိကျန်းမာရေးကို ပိုကောင်းစေပါတယ်။ စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာ ပါ ဖြေလျှော့ အနားရ စေပါတယ်။ ဒီနည်းကတော့သင့်လက်ဖ၀ါးတွေကို ခွက်ပုံစံ ခုံးခုံးလေး လုပ်ပြီး ပိတ်ထားတဲ့ မျက်ခွံတွေပေါ်အုပ်ထားပါ။ လက်ချောင်းတွေကို နဖူးပေါ်မှာထားပြီးမျက် စိထဲကိုအလင်းရောင်လုံးဝမ၀င်နိုင်ဘဲ မှောင်နေအောင်အုပ်ထားပါ။ မျက်စိ၊ စိတ်နဲ့ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး အတွက် အနားရအောင် နှစ်မိနစ်ခန့် အသက်ကိုဖြည်းဖြည်းနဲ့ နက်နက် ရှိုင်းရှိုင်း ရှူသွင်းပါ။
           သင့်တော်သော မျက်မှန် သို့မဟုတ်မျက်ကပ်မှန်ကို ရွေးချယ်ပါသင်ဟာ မျက်မှန်တပ်ဖို့ လိုအပ်ရင်မျက်မှန်တပ်မလား၊မျက်ကပ်မှန်တပ်မလားဆိုတာက သင်ရဲ့ဘ၀နေထိုင်မှု ပုံစံပေါ်မူ တည်ပြီးရွေးချယ်သင့်ပါတယ်။မျက်မှန်ကတော့ ဒီအတိုင်း ကောက်တပ် လိုက်လို့ရပေမယ့် မျက်ကပ်မှန် တပ်ရင်တော့ အနည်းငယ် ကရိကထ နိုင်ပါတယ်။ မျက်ကပ်မှန်တိုင်းကလည်း မတူ ပါဘူး။ မျက်ကပ်မှန် တပ်မယ်ဆိုရင် သင့်မျက်စိနဲ့ သင့်တော်တဲ့မျက်ကပ်မှန်ကို ရှာဖို့လိုပါတယ်။ မျက်စိ အထူးကုဆရာဝန်က သင့်ကို အကြံဉာဏ်ပေးနိုင်ပါတယ်။
            မျက်ကပ်မှန်တွေကို ထိန်းသိမ်းပါ သင်ဟာ မျက်ကပ်မှန် တပ်ဖို့ရွေးချယ်ရင် မျက်ကပ် မှန်တွေကို အမြဲသန့်ရှင်းအောင် ထိန်းသိမ်းဖို့မမေ့သင့်ပါဘူး။ မျက်ကပ်မှန်တွေကို မျက်စိထဲ ထည့်တဲ့ ဒါမှမဟုတ် မျက်စိထဲမှထုတ်တဲ့ အကြိမ်တိုင်း မျက်ကပ်မှန် ဆေးရည်နဲ့ ဆေးကြော ပေး ရပါတယ်။မျက်ကပ်မှန် ဆေးရည်ကို သက်တမ်း မလွန်အောင်လည်း သတိထား စစ်ဆေးပါ။     သက်တမ်းကုန်နေတဲ့ဆေးရည်တွေကိုအသုံးမပြုသင့်ပါဘူး။ မျက်စိ ကျန်းမာရေး အတွက်ထိန်း သိမ်း စောင့်ရှောက်တတ်ကြပါစေ။
source..........မြန်မာ တို့ အတွက် ဗဟုသုတ