မျက်ရည်လမ်းကြောင်းအင်္ဂါစု
မျက်ရည်လမ်းကြောင်းအင်္ဂါစု၏ အလုပ်လုပ်ပုံအဆင့်ဆင့်
Lacrimal gland - မျက်ရည်ထွက်ဂလင်း။
Superior
lacrimal punctum -
အထက်မျက်ရည်ထွက်ပေါက်။
Inferior
lacrimal punctum - အောက်မျက်ရည်ထွက်ပေါက် ။
Lacrimal
sac -မျက်ရည်အိတ် ။
Nasolacrimal
duct - နှာရိုးအတွင်းရှိ မျက်ရည်လမ်းကြောင်း။
Inferior
meatus and turbinate - အထက်မှစီးလာသော မျက်ရည်အားလုံးစီးထွက်ရာ အဖွင့် အပိတ်ပါသော နှာရိုးပေါက်
။
မျက်ရည်ထွက်ပေါက်များ နှင့် မျက်ရည်ထွက်ပေါက်ပိတ်၍မျက်ရည်ကျပုံ
မျက်ဝန်းအတွင်း ပြန့်နှံ့လျှက် အရည်အလွှာပါးအဖြစ်တည်ရှိသော
မျက်ရည် အစုအဝေးသည် ကျန်သောမျက်စိအင်္ဂါအစိတ်အပိုင်းများ၏ လုပ် ဆောင်ချက်များကို ကြီးမားစွာ
အထောက်အပံ့ပြုသည့်အပြင် အာဟာရ ဖြည့်တင်းမှုကိုလည်း ဆောင်ရွက်ပေးပါသည်။မျက်ကြည်လွှာကို
ကြည်လင် တောက်ပနေစေပြီး ၄င်း၏လုပ်ငန်းစဉ်များကိုကောင်းမွန်စွာ ဆောင်ရွက်နိုင် စေရေးအတွက် အားဖြည့်ပေးပါသည်။ မျက်မြှေး လွှာ(conjunctiva)ကို
အစဉ်အမြဲ စိုစွတ်နေစေပြီး မျက်ခွံနှင့်မျက်လုံးတို့၏ လှုပ်ရှားမှုများကို ချော မွေ့ ပြေ ပစ်စေပါသည်။
မျက်ရည်ထွက်ဂလင်း(lacrimal gland)မှထုတ်ပေးသော
မျက်ရည် များသည် မျက်ဝန်းအတွင်း စိမ့်ဝင်ပြန့်နှံ့လျှက်စိုစွတ်စေပြီး အရည်အလွှာ ပါးအဖြစ်
ရှိနေစေပါသည်။ ပိုလျှံသောမျက်ရည်များ သည် နှာေ ခါင်းဖက် မျက်လုံးဒေါင့်စွန်း၌ရှိသော အထက်အောက်
မျက်ရည်ထွက်ပေါက်များ (superior and inferior lacrimal punctums)မှတဆင့် နှာရိုးအတွင်းရှိ
မျက်ရည်လမ်းကြောင်း(nasolacrimal duct) သို့ ရောက်ရှိ ပါသည်။ ထိုမှ တဆင့် နှာခေါင်းရိုးအောက်ဖက်ထွက်ပေါက်(inferior
meatus and turbinate) ကိုဖြတ် သန်းလျှက် အာခေါင်တွင်းသို့ကျဆင်းပါသည်။
မျက်ရည်လမ်းကြောင်းအင်္ဂါစုနှင့်ပတ်သက်သော
အဖြစ်များ သည့်မျက်စိပြဿနာများမှာ-
- မျက်ရည်ထွက်ဂလင်း(Lacrimal gland)မှ မျက်ရည်ထွက်နည်းခြင်း။
လက္ခဏာရပ်များအဖြစ် မျက်စိခြောက်သွေ့ခြင်း(Dry Eye)၊မသိမ သာ အမြင်မှုန်ဝါးခြင်း
စသည် တို့ကို ခံစားရပါမည်။ပြင်းထန်ပါက မျက်စိနီ ခြင်း၊မျက်မြှေးလွှာရောင်ရမ်းခြင်း(conjunctivitis)
တို့ကြို ဖစ်စေနိုင်ပါသည်။
-မျက်ရည်ထွက်ပေါက်(superior and inferior lacrimal punctums) ပိတ်ခြင်း။
လက္ခဏာရပ်များအဖြစ် အစဉ်အမြဲ မျက်ရည်တစိုစို(Epiphora) ဖြစ် နေခြင်းနှင့် မျက်စိစပ်ခြင်း။ သက်ကြီးပိုင်းတွင်
အဖြစ်များ၏။
-မျက်ရည်လမ်းကြောင်းပိုးဝင်ခြင်း(Lacrimal infections)
မျက်ရည်ထွက်ပေါက်ပိတ်ရာမှတဆင့် ဆက်လက်ဖြစ်ပွားတတ်
ပါသည် ။ မျက်ရည်တစိုစိုဖြစ်ခြင်း၊ မျက်စိစပ်ခြင်းများအပြင် နာကျင်ကိုက်ခဲမှုကိုလည်း ခံစားရတတ်ပါသည် ။ မျက်ရည်ထွက်ပေါက်ရှိ ရာ
နှာခေါင်းရင်းကို ဖိကြည့်လျှင် ပြည်(pus)များ စိမ့်ထွက်လာသည်ကို တခါတရံတွေ့ရတတ် ပါသည်။
မျက်ရည်လမ်းကြောင်းအင်္ဂါစုအတွင်း ဖြစ်ပွားသော
အထက်ပါ မျက် စိပြဿနာများသည် စနစ်တကျ ကုသမှုကို ခံယူရန်လိုအပ်သော ပြဿနာ ရပ်များဖြစ်၍ မျက်စိအထူးကုဆရာဝန်နှင့်အချိန်မီပြသရန်
လိုအပ် ပါသည်။
ပြည့်အောင်
Ref : Oxford Medical Dictionary








