မျက်ကပ်မှန်များသည် မျက်ကြည်လွှာပေါ်တွင် အဝန်းညီစွာထိကပ်လျှက်
သက်တောင့် သက်သာ တပ်ဆင်နိုင်ရန် ဒီဇိုင်းထွင် ထုတ်လုပ်ထားသော မျက်စိအမြင်ဆိုင်ရာ အထောက်အကူပြု
ပစ္စည်း ဖြစ်ပါသည်။မျက်မှန်လိုအပ်ချက်ကြောင့် မျက်စိမှုန်သူများသည် မျက်ကပ်မှန်ကိုတပ်ခြင်းဖြင့်၊
မျက်မှန်ကဲ့သို့ပင် မျက်စိတွင်းဝင်ရောက်လာသည့် ပုံရိပ်အလင်းတန်းများအား
မြင်လွှာတွင်မှန်ကန်စွာ စုဆုံစေခြင်းအားဖြင့် ကြည်လင်သောအမြင်ကိုရရှိစေပါသည်။ မျက်ကြည်လွှာ၏
စွမ်းဆောင်ရည်ကို ပိုမိုကောင်းမွန်စေရန် ပုံရိပ်ချိန်ဆမှုကို
အတိုးအလျော့လုပ်ခြင်းဖြင့်လည်း ကူညီပေးပါသည်။အလင်း တန်းများကို
မျက်ကြည် လွှာနှင့်တဆက်တည်း ဖြတ်သန်းနိုင်ခြင်းသည် မျက်ကပ်မှန်များ၏ အားသာ
ချက်ဖြစ်ပါသည်။
မျက်မှန်အစားထိုး
မျက်ကပ်မှန်ပါဝါအမျိုးမျိုး
မျက်ကပ်မှန်များကို အမြင်အလျားတို၍
အဝေးမှုန်ခြင်း(Myopia)၊အမြင်အလျားရှည်၍ အဝေး မှုန်ခြင်း (Hyperopia)၊ဆလင်ဒါပါဝါကြောင့်မျက်စိမှုန်ခြင်း(Astigmatism)နှင့်သက်ကြီး
အနီးမှုန်ခြင်း (Presbyopia) စသည့် မျက်စိမှုန်ခြင်းများအတွက် မျက်မှန်အစားထိုး အသုံးပြုရန်
ရည်ရွယ်ထုတ် လုပ် ထားပြီး၊ အသုံးပြု သူများကလည်း အမျိုးမျိုး အစားစားရွေးချယ်၍ အသုံးပြုနေကြပါသည်။
အမြင်အလျားတိုသောကြောင့်
အဝေးမှုန်သူများ(Myopia)အတွက် ထုတ်လုပ်သော မျက်ကပ် မှန်များ သည် မျက်မှန်တွင်အသုံးပြုသော
ရိုးရိုးမှန်များကဲ့သို့ပင်၊ မျက်ကပ်မှန်၏ အလယ်ဗဟိုတွင်ပါး၍ ဘေးပတ် လည်က(မှန်ဘီလူးခွက်ကဲ့သို့)
ပို၍ထူပါသည်။အမြင်အလျားတိုသောကြောင့် မျက်စိမှုန်သူ များသည် အလင်း စုဆုံမှုများ သောကြောင့်၊ကြည်လင်သော
အမြင်အာရုံကိုဖြစ်ပေါ်စေသည့် မြင်လွှာ ပေါ်တွင် အလင်းတန်းများ စုဆုံခြင်းမရှိဘဲ မြင်လွှာ၏ရှေ့တွင်
စော၍စှုဆုံသဖြင့် မျက်စိမှုန်ခြင်းဖြစ်ပါ သည်။ အလယ်တွင်ပါး၍ ဘေးပတ်လည်တွင်ထူသော မျက်ကပ်မှန်ကို
တပ်ဆင်ခြင်းဖြင့် မြင်လွှာ ၏ရှေ့ တွင်စော၍စှုဆုံနေသော အလင်းတန်းများကိုခွဲဖြာစေလျှက်
မြင်လွှာပေါ်တွင် တတပ်တည်း ကျရောက်စေခြင်းဖြင့် ကြည်လင်သော အမြင်အာရုံကိုရရှိစေမည်ဖြစ်ပါသည်။
ပုံမမှန်အလင်းတန်းများကြောင့် မြင်လွှာပေါ်တွင်ခြားနားသောဆုံမှတ်များကျရောက်၍ မျက်စိ မှုန်သူများ(Astigmatism)သည် လိုအပ်သောနေရာများ၌ အထူအပါးအားဖြည့်ထားသည့် မျက်ကပ် မှန်များကိုတပ်ဆင်မှသာ ကြည်လင်သောအမြင်အာရုံကိုရရှိစေမည်ဖြစ်ပါသည်။ထိုသူများသည် များ သောအားဖြင့် မျက်ကြည်လွှာအခုံးမညီခြင်းကြောင့် မျက်စိမှုန်ခြင်းဖြစ်ပါသည်။အမြင်အလျားတို၍ မျက်စိမှုန်ခြင်း၊ အမြင်အလျားရှည်၍မျက်စိမှုန်ခြင်းများနှင့်လည်းတွဲလျှက် တွေ့ရတတ်ပါသည်။ ဆလင် ဒါပါဝါဟု အများကခေါ်သော ထိုမျက်ကပ်မှန်များ၏ ဖွဲ့စည်းတည်ဆောက်ပုံမှာ ရှုပ်ထွေးပါသည်။ မှန် အထူအပါးနေရာအမျိုးမျိုးပါဝင်သော အထူးစီစဉ်ထုတ်လုပ်ရသော အမျိုးအစား လည်းဖြစ်ပါသည်။ ၎င်းကို အားဖြည့်မျက်ကပ်မှန်(Tonic contact lens) ဟုခေါ်ပါသည်။ ထောင့်မှန်နှင့်ထောင့်ဖြတ်(၉၀ံ နှင့်၁၈၀ံ)နေရာများတွင် လိုအပ်သော အလင်းတန်းဆုံမှတ်များ ရရှိစေရန် ဒီဇိုင်းရေးဆွဲထုတ်လုပ်ထား သောကြောင့် ဆလင်ဒါပါဝါခေါ် Astigmatism ရှိသောကြောင့် မျက်စိမှုန်သူများအတွက် ကြည်လင် သောအမြင်အာရုံကိုရရှိစေမည်ဖြစ်ပါသည်။
အသက်အအရွယ်ကြီးရင့်မှု့ကြောင့် အနီးရောအဝေးတွင်ပါ မျက်စိမှုန်သူများသည် သီးခြားပါဝါ နှစ်မျိုးပါသော ဘိုင်ဖိုကယ်မျက်ကပ်မှန်များကိုအသုံးပြုမှသာ အဝေးကြည့်နှင့်အနီးကြည့်နှစ်မျိုလုံးကို ကြည်ကြည်လင်လင်မြင်နိုင်မည်ဖြစ်ပါသည်။မှန်တခုထဲတွင် တွဲလျှက်ပုံစံထုတ်လုပ်ထားသောကြောင့် အနီးကြည့်နှင့် အဝေးကြည့်နှစ်မျိုးစလုံးအသုံးပြုနိုင်ခြင်းဖြစ်၏။ဤမျက်ကပ်မှန်အမျိုးအစားကို စာရေး သူတို့ အသိုင်းအဝိုင်းတွင် အလွန်အသုံးနည်းပါသည်၊ဈေးကွက်တွင် ပစ္စည်းရှိ/မရှိပင် မသေချာပေ။
အဆင့်မြင့်မျက်ကပ်မှန်များ
မျက်ကပ်မှန်ခေတ်
အစောပိုင်းကာလ၏ လိုအပ်ချက်များကို အဆင့်မြင့် မျက်ကပ်မှန်များတွင်
ဖြည့်စွက်ထုတ်လုပ်ထားသည်ကိုတွေ့ရ၏။မျက်ကြည်လွှာပေါ်တွင် အံဝင်ဂွင်ကျထပ်လျှက် တပ်ဆင် ရသောကြောင့် မျက်ကြည်လွှာထိခိုက်မှုမရှိစေရန်နှင့်
မျက်ရည်စိမ့်ဝင်နိုင်စေရန်အတွက် ငွေ့ရည်စိမ့်ဝင် နိုင်သော(Gas permeable -
GP)စနစ်၊မျက်ကြည်လွှာ အခုံးမညီသောကြောင့် မျက်စိမှုန်သည့် ဆလင် ဒါပါဝါ (Astigmatism)၊မျက်ကြည်လွှာ
ရှေ့သို့ပို၍ချွန်ထွက်လာမှုကြောင့် အမြင်အလျားတို၍ မျက်စိမှုန် သည့်
အဝေးမှုန်(Myopia) စသည်များအတွက် မျက်ကြည်လွှာကိုပြုပြင်သည့်စနစ်၊ စသည်များပါဝင် လာ
ပါသည်။ ထိုစနစ်များကြောင့် မျက်ကပ်မှန်တပ်သည့် အချိန်ကြာသော်လည်း မျက်ကြည်လွှာကို
မထိ ခိုက်ခြင်းနှင့် ကြည်လင်ပြတ်သားသော အမြင်အာရုံကိုရရှိခြင်း
စသည့်အကျိုးထူးများကိုခံစားရပါ သည်။မျက်မှောက်ခေတ်တွင် ထိုမျက်ကပ်မှန်များကို
အဝေးမှုန်သူများ၊ဆလင်ဒါပါဝါရှိသူများနှင့် သက် ကြီးမျက်စိမှုန်သူများ စသည့်ဖြင့်
အသုံးပြုလာကြပြီဖြစ်ပါသည်။
ထို့ပြင်
အမြင်အလျားတိုသောကြောင့် အဝေးမှုန်သူများအတွက် မျက်ကြည်လွှာကို ပြုပြင်ရန် အထူးထုတ်လုပ်ထားသော
အဆင့်မြင့်မျက်ကပ်မှန်တမျိုးလည်းရှိပါသေးသည်။ထိုမျက်ကပ်မှန်သည် ညအိပ်ချိန်တွင်
တပ်ဆင်၍အိပ်ရပြီး နေ့အချိန်တွင်ဖြုတ်ထားရပါသည်။တပ်ဆင်၍ထားသော ညအချိန် တွင်
အခုံးအခွက်ပုံမှန်မဟုတ်သော မျက်ကြည်လွှာကို ပြုပြင်ပေးသောကြောင့်၊နေ့ဖက်တွင် မျက်ကြည်
လွှာသည် ယာယီအားဖြင့် အကောင်းပကတိဖြစ်နေပြီး ကြည်လင်သောအမြင်အာရုံကို ရရှိစေမည်ဖြစ်
ပါသည်။
အများပြည်သူဖျော်ဖြေရေးလုပ်ငန်းများတွင် အထူးပြုလုပ်ချက်များ၌
သုံးသော မျက်ကပ်မှန် များနှင့် အဖြူရောင်အမာရွတ်ရှိသော မျက်ကြည်လွှာကို
အမြင်တင့်တယ်စေရန် ဖုံးအုပ်တပ်ဆင်သော မျက်ကပ်မှန် များသည်လည်း
အဆင့်မြင့်မျက်ကပ်မှန်များတွင်ပါဝင်ပါသည်။ပြည့်အောင်(COA)
