5.9.16

မျက်မှန်လို၍ မျက်စိမှုန်ခြင်း (Refractive Error)



      မျက်မှန်လိုသော မျက်စိမှုန်ခြင်း(Refractive Error) 

                         မျက်မှန်လိုသူအတွက် မျက်မှန်မပါသောအမြင်နှင့်မျက်မှန်ပါသောအမြင်များ


             မျက်စိမှုန်ခြင်း(poor vision)ကို မျက်မှန်တပ်ဆင်ပေးခြင်းဖြင့် အ မြင်အာရုံပိုကောင်း လာေ အာင် ဖြေရှင်းပေးသောနည်းသည် အလွန်ရိုးရှင်း လွယ်ကူသော ဖြေရှင်းနည်းဖြစ်၏။ပဏာမ စမ်းသပ် စစ်ဆေးရာတွင် မျက်စိ၏ အင်္ဂါအစိတ်အပိုင်း အားလုံးပုံမှန်အတိုင်း ကောင်း မွန်စွာရှိနေသည်ကိုတွေ့ရပြီး ကာယကံရှင် အား မြင်နိုင်စွမ်းရည်စစ်ဆေး(visual test)ရာတွင် မျက်စိမှုန် (poor vision) နေသည် ကို တွေ့မြင်ရမည်ဖြစ်၏ ။
            အမြင်စွမ်းရည်စစ်ဆေးရာတွင် အဝေးကြည့်အမြင်စွမ်းရည်ကို သတ်မှတ်စံချိန်စံညွှန်းများအတိုင်း စစ်ဆေးရန် လိုအပ်သကဲ့သို့ အနီးကြည့် အမြင်းစွမ်းရည်ကိုလည်း စနစ်တကျ စမ်းသပ်စစ်ဆေးရန် လိုအပ် ပါသည်။





   


                                             မြင်နိုင်စွမ်းရည် စစ်ဆေးနေပုံများ


            အချို့သူများသည် အဝေးရှိအရာဝတ္တုတို့အား ကောင်းစွာမမြင်ရ သော်လည်း စာဖတ်ခြင်းကဲ့သို့ သော အနီးကြည့်ရာတွင်မူ ကြည်လင်ပြတ် သားစွာ မြင်နေရ၏၊အချို့သောသူများမှာမူ အဝေးကြည့်ရာ တွင် ကောင်းစွာ မြင်ရသော်လည်း အနီးကြည့်တွင် မှုန်ဝါးဝါးဖြစ်နေတတ်၏၊ထို့ပြင် အဝေး ကြည့်တွင်ရော အနီးကြည့်တွင်ပါ ကြည်လင်ပြတ်သားသောအမြင်ကို မရ သူများ လည်း ရှိပါသေးသည်။

            သို့ဖြစ်ရာ အဝေးကြည့်မှုန်ပြီး အနီးကြည့်ကောင်းသူ၊ အဝေးကြည့် ကောင်းပြီး အနီးကြည့်မှုန် သူ၊ အဝေးကြည့်ရော အနီးကြည့်ပါမှုန်သူများ သည်၊ များသောအား ဖြင့် မျက်မှန်တပ်လျှင် ကြည်လင်သောအမြင် အာရုံ ကို ရရှိနိုင်သူများ ဖြစ်ကြပါသည်။

        အနီးကြည့်ကို ကောင်းစွာမြင်ရပြီး အဝေးကြည့်မှုန်သူများတွင် မျက်စိ မှုန်ရခြင်း၏ အကြောင်းရင်း ခံပေါ်မူတည်၍ Myopia (near sightedness-မြင်လွှာ၌ သက်ရောက်ရမည့် ပုံရိပ်အလင်းတန်းတိုနေ၍ အဝေးမှုန်သူ) နှင့် Hyperopia (far sightedness-မြင်လွှာ၌ သက်ရောက်ရမည့် ပုံရိပ်အလင်း တန်း ရှည် လွန်း၍ အဝေးမှုန်သူ)ဟူ၍ နှစ်မျိုးရှိပါသည်။ ပုံကိုကြည့် လျှင်ကောင်းစွာခွဲခြားနိုင်မည်ဖြစ်ပါသည်။ 

                     

                      

                                  Myopia နှင့် Hyperopia အဝေးမှုန် နှစ်မျိုး



            အဝေးကြည့်ကောင်းပြီး အနီးမှုန်သူများသည် များသောအားဖြင့် သက်လတ်ပိုင်းအရွယ် များ ဖြစ် ကြ၏၊ အနီးကြည့်အတွက် မျက်မှန်လိုအပ် သူများ ဖြစ်ကြပြီး ထိုကဲ့သို့ အနီးမှုန်သူများကို(Presbyopia) အသက်ကြီး၍ အနီးမှုန်သူများ ဟုခေါ်ပါသည်။

         များသောအားဖြင့် အသက်(၃၅)နှစ်နှင့် (၄၀)နှစ် ၀န်းကျင်ရောက်မှ စတင်၍ အနီးမှုန်လာခြင်းဖြစ်ပြီး ငယ်ရွယ်စဉ်က အနီးကိုကောင်းစွာမြင်ခဲ့ သူများ ဖြစ်ပါသည်။၎င်းတို့သည် စာကြည့် (အနီးကြည့်)မျက်မှန် တပ်ရန် လိုအပ်ပြီး အသက်အရွယ်အလိုက် အနီးကြည့်ပါဝါ +1.00 D နှင့် +3.00 D အတွင်းလိုအပ် ချက် ရှိတတ်ပါသည်။

        မျက်မှန်တပ်ရန် လိုအပ်ချက်ရှိမရှိနှင့် မျက်မှန်တပ်ပါက အမြင်စွမ်း ရည်ကို မည်သည့်အတိုင်းအတာအ ထိ ရရှိနိုင်ကြောင်းကို သိရနိုင်ရန်အ တွက် စမ်းသပ်စစ်ဆေးသော အရိုးရှင်းဆုံးနည်းမှာ ပင်ဟိုးဖြင့် စမ်းသပ် စစ်ဆေးခြင်း(pinhole examination)နည်းပင်ဖြစ်ပါသည်။

       အလင်းပိတ်ကဒ်ပြားပေါ်၌ အပ်ပေါက်ငယ်များဖောက်၍ ၄င်းအပ် ပေါက်ငယ်မှတဆင့် ကာယကံရှင် အား ကြည့်ရှု့စေခြင်းဖြင့်  အမြင်အာရုံကို စမ်းသပ်စစ်ဆေးခြင်းဖြစ်သည်။ ပကတိအမြင်နှင့် ပင်ဟိုးမှကြည့်ေ သာ အမြင် ၄င်းအမြင်နှစ်မျိုးကို နှိုင်းယှဉ်၍ ဆုံးဖြတ်ရသည့် စစ်ဆေးမှုမျိုးဖြစ်၏။





                          

                                    မျက်စိစမ်းသပ်ခန်းသုံး ပင်ဟိုး(pinhole)အမျိုးမျိုး


              ၆ မီတာ(ပေ ၂၀ )အကွာအဝေးတွင်ရှိသော အမြင်စွမ်းရည် စစ် ဆေးသည့်ကဒ်ပြား(chart of visual acuity test)ပေါ်ရှိ စာနှင့်သင်္ကေ တ များကို ပကတိအမြင်ဖြင့်တလှည့် ပင်ဟိုးဖြင့်တလှည့် ဖတ်ရှုစေ ၍  နှိုင်းယှဉ် မှတ်သားရမည်ဖြစ်ပြီး မျက်စိတဖက်ချင်းစီကို စစ်ဆေးရမည်ဖြစ်ပါသည်။



        





                                    ပင်ဟိုး(pinhole)ဖြင့်စမ်းသပ်စစ်ဆေးပုံများ


       ပင်ဟိုး(ponhole)ဖြင့်ကြည့်ရှု့စေသော အမြင်စွမ်းရည်သည် ပကတိ မျက်စိနှင့်ကြည့်ရှု့သော အမြင် စွမ်းရည်ထက် ပို၍ကောင်းနေပြီး တိုးတက် မှုရှိလျှင် မျက်မှန်တပ်ရန် အမှန်တကယ်လိုအပ်ကြောင်း ဆုံးဖြတ်နိုင်ပါ သည်။ ထို့ပြင် ပင်ဟိုးဖြင့်မြင်ရသော အမြင်စွမ်းရည်အဆင့်သည် မျက်မှန် တပ်လျှင် မြင်ရ မည့်အဆင့်ပင်ဖြစ်ကြောင်းအနီးစပ်ဆုံး သုံးသပ်နိုင်ပါသည်။

        ထို့ကြောင့် မျက်မှန်ပါဝါ စမ်းသပ်စစ်ဆေးရန်အတွက် မျက်မှန်ကျွမ်း ကျင်ပညာရှင်(Refractionist or Optometrist)ထံသို့ ပို့ဆောင်စေလွှတ် ရမည် ဖြစ်ပါသည်။မျက်မှန်ကျွမ်းကျင်ပညာရှင်(Refractionist)သည် မျက် မှန်ပါဝါရှာဖွေသော လက်ကိုင်ကရိယာ (Retinoscope) ဖြင့် မျက်မှန်ပါဝါကို တွက်ချက်ရှာဖွေပေး မည် ဖြစ်၏။ရှာဖွေတွေ့ရှိသော ပါဝါကို စမ်းသပ်မှန် (Trial lens)များသုံး၍ စမ်းသပ်မျက်မှန်ကိုင်း(Trial frame)၌ တပ်ဆင်ပြီး ကာယကံရှင်အား တိုက်ရိုက်ကြည့်ရှု ဆုံးဖြတ်စေမည်ဖြစ်သည်။



   







                                       Retinoscope အသုံးပြုပုံ နှင့် Retinoscope ပုံများ




                                      Trial Box ,Trial Frame နှင့် Examination chart


       ယနေ့မျက်မှောက်ခေတ်တွင် ပညာရှင်များသည် မျက်မှန်ပါဝါ ရှာဖွေ သော လက်ကိုင်ကရိယာ (Retinoscope)အစား၊ မျက်မှန်ပါဝါ ရှာဖွေပေး သော ကွန်ပျူတာ(Auto refractometer)ကို လည်းကောင်း၊ မျက်စိစမ်း မှန်(Trial lens)နှင့် စမ်းသပ်မျက်ကိုင်း(Trial frame)များအစား၊ အမြင် အာရုံတိုင်းကရိယာ(Sigh Tester)များကိုလည်းကောင်း၊ အစားထိုး အသုံး ပြုလာကြပြီ ဖြစ်ပါသည်။သို့ရာတွင် Retinoscope နှင့် Trial Box များကို လက်လွှတ်ရသော အခြေအနေတော့ မရှိသေးပါ။

   

 

                              Auto refractometer နှင့် Sigh tester အသုံးပြုပုံများ


             အကယ်၍ ပင်ဟိုး(pinhole)ဖြင့်ကြည့်ရှုသောအမြင်နှင့် ပကတိ မျက်စိဖြင့်မြင်သော အမြင်နှစ်မျိုး သည် ကွဲပြားခြားနားမှုမရှိဘဲ တသမတ် ထည်းရှိနေပါက မျက်မှန်လိုအပ်ချက်ကြောင့် မျက်စိမှုန်ခြင်းမျိုးမ ဟုတ်ဘဲ အခြားသော မျက်စိပြဿနာတမျိုးမျိုး(မျက်စိရောဂါတမျိုးမျိုး သို့မဟုတ် အခြား) ကြောင့် အမြင် အာရုံချို့တဲ့လာခြင်းဖြစ်ပါသည်။

          ဤကဲ့သို့သော အခြေအနေမျိုးသည် မျက်စိအထူးကုဆရာဝန် (Ophthalmologist) နှင့်ပြသ၍ အကြံဥာဏ်နှင့် ညွှန်ကြားချက်များကို လိုက်နာရန် လိုအပ်သောကြောင့် မျက်စိအထူးကုဆရာဝန်နှင့် အမြန် ဆုံး တွေ့ဆုံရန် လိုအပ်ပါသည်။

          ပင်ဟိုးဖြင့်စစ်ဆေးခြင်း(Pinhole examination)တွင် အမြင်အာရုံ တိုးတက်မှု မရရှိသူများသည် များသောအားဖြင့် အတွင်းတိမ်ရောဂါ (Cataract) ခံစား နေရသူများ၊မျက်စိရေတိမ်(Glaucoma) ဝေဒနာ ခံစားနေရသူ များ  ၊ မြင်လွှာ(Retina)၌ ချို့ယွင်းချက်ရှိသူများနှင့် မျက်စိအာရုံကြော (Optic nerve)အား နည်းသူများ ဖြစ်နေတတ်ပါသည်။ ထို့ကဲ့သို့သောသူများ သည် မျက်မှန်ပါဝါလိုအပ်ချက်ကြောင့် မျက်စိမှုန်ခြင်း မဟုတ်ဘဲ ရောဂါ ဝေဒ နာ၏ သဘောသဘာဝကြောင့်သာ မျက်စိမှုန်ခြင်းဖြစ်ပါသည်။ထို့ပြင် ပင်ဟိုး (pinhole)ဖြင့်စမ်းသပ်ကြည့်ရာ၌ ပို၍မှုန်သွားလျှင် Macula (မြင်လွှာရှိ အာရုံခံအကွက်ငယ်)အား နည်းေ သာကြောင့် ဖြစ်ကြောင်းလည်း မှတ်သားရပါသည်။

          မျက်မှန်ပါဝါစမ်းသပ်စစ်ဆေးသူ မျက်မှန်ကျွမ်းကျင်ပညာရှင်သည် မျက်မှန်လိုအပ်သူအား   ပါဝါ ရှာဖွေပေးပြီးနောက် မှတ်တမ်းပုံစံ (Prescription Form)တွင်ရေးသွင်းလျက်ညွှန်ကြားမှုပေးမည်ဖြစ် ပါ သည်။

          ကာယကံရှင်သည် ပညာရှင်ညွှန်ကြားသည့်ပါဝါကို မိမိနှစ်သက်ရာ မျက်မှန်ကိုင်း၌ ရွေးချယ် တပ် ဆင်ခြင်းဖြင့် ကြည်လင်သော အမြင်အာရုံကို ရရှိမည်ဖြစ်ပါသည်။

         ယခုအခါတွင် Refractive Error ရှိသူများသည် မျက်မှန်တပ်ဆင် ခြင်းအပြင် မျက်ကပ်မှန်(Contact Lens)များကိုလည်း တွင်တွင်ကျယ် ကျယ် အသုံးပြု တပ်ဆင်လာကြပြီ ဖြစ်ပါသည်။မျက်ကပ်မှန်သည် မျက် မှန် တပ်ဆင်ရခြင်း၏ အားနည်းချက်အချို့ကို ဖြေရှင်းပေးသော်လည်း မျက် ကြည်လွှာပေါ်၌ ကပ်၍တပ် ဆင် ရသောကြောင့် မျက်ကြည်လွှာ မထိခိုက် စေရေးနှင့် မျက်ကြည်လွှာကျမ်းမာရေးကို အချိန်ပြည့်ဂရုစိုက် ရန်ေ တာ့ အရေးတကြီးလိုအပ်ပါသည်။အထူးသဖြင့် မျက်မှန်တွင် ပါဝါ(+/-)2.00 D အထက်ကွာဟသူများတွင် မျက်မှန်တပ်လျှင် နှစ်ရိပ်ထင်(Diplopia)တတ်၍ မျက်ကပ်မှန် အသုံးပြုခြင်းသည်သာ အသင့်တော်ဆုံး ဖြစ်ပါ သည်။

       အသုံးပြုသောမျက်ကပ်မှန်(Contact Lens)သည် သက်တန်းမှန်(Up to Date)ဖြစ်နေရန်လိုအပ်ပြီး မျက်ကပ်မှန်ကို သန့်ရှင်းနေစေရန်နှင့် ထိမ်း သိမ်းစောင့်ရှောက်မှု မှန်ကန်စေရေးအတွက် ပညာရှင်များ၏ ညွှန်ကြား ချက်အတိုင်း တိတိကျကျလိုက်နာရန်လည်း လိုအပ်ပါသည်။






   

                     မျက်ကပ်မှန်တက်ဆင်ပုံ၊မျက်ကပ်မှန် နှင့် မျက်ကပ်မှန်ထည့်ရန်ကွန်တိန်နာ


       လေဆာရောင်ခြည်သုံး နည်းပညာလောက၌လည်း မျက်မှန်တပ်ရသူ များအတွက် မျက်မှန်ပါဝါ ကို လေဆာရောင်ခြည်ဖြင့် လျော့ချသော နည်းပညာ (Laser in Situ Epithelial Keratomileusis -LASEK နှင့် Laser in Situ Intrastromal Keratomileusis-LASIK) တို့ကို နိုင်ငံတကာနယ်ပယ်၌ တွင် ကျယ်စွာ အသုံးပြုနေပြီဖြစ်ရာ ပါဝါများသောမျက်မှန်ကို တပ်ဆင်နေ ကြရသူများအား အောင်မြင်စွာ ကုသ မှုပေးနိုင်နေပြီဖြစ်ပါသည်။

        အသုံးအများဆုံးမှာ LASIK(Laser in Situ Intrastromal Keratomilesis)နည်းပညာဖြစ်ပြီး အဝေး မှုန်သူများဖြစ်သည့် Myopia (short sighness-မြင်လွှာသို့ကျရောက်ရမည့် ပုံရိပ်အလင်းတန်းတိုနေ၍ အဝေးမှုန် နေသူ)နှင့် Hypermetropia(Long sighness-မြင်လွှာသို့ကျ ရောက်ရမည့် ပုံ ရိပ်အလင်းတန်း ရှည်နေ၍ အဝေးမှုန်သူ)နှစ်မျိုးစလုံးအား လေဆာ ရောင်ခြည် အမျိုးအစား(Excimer Laser)တမျိုးကိုသုံး၍ ကုသမှုပေးနိုင်ပြီ ဖြစ်ပါသည်။



                               LASIK နည်းပညာ၏ အခြေခံ ဆောင်ရွက်ပုံအဆင့်ဆင့်



                                     LASIK နည်းပညာသုံး Excima Laser စက်ကြီးများ


        LASIK နည်းပညာသည် ပါဝါများများ မျက်မှန်ထူထူ တပ်ဆင်ရသော မျက်စိဝေဒနာရှင်များအား မျက် မှန်ပါဝါကို သိသိသာသာ လျော့ကျစေသော် လည်း ကုန်ကျစရိတ် ကြီးမြင့်သေးသောကြောင့် ဖွံ့ဖြိုးဆဲနိုင်ငံ များရှိ အခြေခံ လူတန်းစားများအတွက် လက်လှမ်းမီသော အခြေအနေ၌ မရှိသေးပါ။ ပညာရပ်ပိုင်းဆိုင် ရာ တွင်လည်း ပါဝါ 10.00 Dအထက်ရှိသူများတွင် စင်းလုံး ချော 100% မျက်မှန်လွတ်မည်ဟူ၍လည်း အာမမခံ နိုင်သေးပါ။ 


    ပြည့်အောင် ၅/၉/၁၆



Refractive error
       An eye problem which usually has a simple solution is the complaint of poor vision affecting eyes which look normal on first examination. The patient may describe poor vision for distant objects, where there is no problem with near vision – or it may be that the opposite is the case, distance vision is good but near vision has become poor. Also, vision can be poor for both distance and near.
      The cause of poor distance or near vision may be a refractive error – the patient needs spectacles (or glasses).
     A myopic, or short-sighted person, needs spectacles to see in the distance.
       The patient who finds vision is blurred only for near vision is often middle aged and requires spectacles for close work. This is presbyopia. Patients over the age of 35 years who can see in the distance, but have problems reading, can often be helped by reading spectacles. The usual number needed is between +1.00 and +3.00.
        A quick test to decide whether spectacles will or will not improve vision is the pin-hole test. Make a tiny opening in some cardboard or opaque plastic and ask the patient to look, one eye at a time, at an eye chart 6 metres distant. If looking through the tiny hole improves the visual acuity when compared with looking without the pin-hole, the patient should benefit from spectacles for distance vision. Refer to a colleague who can test for spectacles.

Ref  :  www.cehjournal.com