9.8.16

သဘာဝအတိုင်း မျက်ခုံးမွေးထူထူလေးတွေဖြစ်ဖို့ ဘာတွေလုပ်ဖို့လိုအပ်ပါသလဲ..

On...Fri, 2015-01-23 06:00


          မျက်ခုံးမွေးပါးနေရင်အသက်ကြီး သယောင်၊ မပေါ်လွင်သယောင် ဖြစ်တတ်လို့ နက်မှောင်ထူထဲတဲ့
မျက်ခုံးမွေးတွေကို ပိုင်ဆိုင်လိုသူ များပါတယ်။ မျက်ခုံးမွေးနုတ်လွန်းတာ၊ပုံဖော်လွန်းတာ၊ ဖယောင်းသွင်း တာတွေကြောင့် လူအတော်များများဟာ မျက်ခုံးမွေးပါးပါးလေးတွေဖြစ်ကုန်တတ်ပါတယ်။ ဒါကြောင့်မို့ မျက် ခုံးမွေးပြန်စိုက်စရာမလိုဘဲ သဘာဝ ပစ္စည်းတွေနဲ့ မျက်ခုံးထူထူလေး ပြန်ဖြစ်အောင်လုပ်နိုင်ဖို့ အကြံပြု လိုက် ပါတယ်။
          ကြက်ဆူဆီ၊ အုန်းဆီ၊ သံ လွင်ဆီတွေဟာ မျက်ခုံးမွေးသန် စွမ်းဖို့အတွက်ထောက်ကူပြုနိုင် ပါတယ်။ ကိုယ်ကြိုက်နှစ်သက် ရာဆီကို မျက်ခုံးမွေးပေါ်သုတ်လိမ်းပြီး ညင်သာစွာနှိပ်ကာ နာရီ ဝက်လောက် ထား ပြီး ရေနွေးနွေး လေးနဲ့ဆေးကြောပေးရပါမယ်။ နေ့စဉ်လုပ်ပေးမယ်ဆိုရင် ထူးခြား တဲ့ အပြောင်း အ လဲတွေမြင်တွေ့ ရမှာဖြစ်ပြီး တစ်ခုသတိထားရမှာ ကကြက်ဆူဆီကိုသုံးတဲ့အခါ ယားယံတာတို့၊ ပူလောင် တာတို့ ဖြစ်ရင်ဆက်မသုံးသင့်ပါဘူး။
    ကြက်သွန်နီကို ကြိတ်ခြေ အရည်ညှစ်ပြီး မျက်ခုံးမွေးပေါ်သုတ်လိမ်းနိုင်သလို ကြက်ဥအနှစ် နဲ့လည်း လုပ်ကြည့်နိုင်ပါသေး တယ်။ကြက်ဥအနှစ်ကိုခေါက် မွှေပြီး ဂွမ်းသန့်သန့်နဲ့ မျက်ခုံးမွေး ကိုသုတ်လိမ်းပေး ရမှာပါ။ ပဲနံ့သာ ကိုလည်း ရေစိမ်၊ အနှစ်ဖြစ် အောင်ထုထောင်းသံလွင်ဆီ(ဒါမှ မဟုတ်)အုန်းဆီနဲ့ရောပြီး ညအိပ်ရာဝင်ခါနီးလိမ်းပေးနိုင်ပါတယ်။
    ရှားဇောင်းလက်ပပ်တို့၊ သံ ပရိုသီးတို့နဲ့လည်းသုတ်နိုင်ပြီး သံပရိုသီးသုတ်လိမ်းထားပြီး နှစ်နာရီ အတွင်း နေရောင်နဲ့မထိအောင် နေရပါမယ်။ဘာကြောင့်လဲဆို တော့မျက်ခုံးမွေးအရောင်တွေ ဖျော့သွားနိုင်လို့ပါ။
နောက်ပြီး အိမ်မှာ နွားနို့အသင့်ရှိနေတယ်ဆို ရင်လည်း မျက်ခုံးမွေးကိုနွားနို့နဲ့ သုတ်   ခြောက်တဲ့ အထိ ထားပြီး ရေဆေးရပါမယ်။ နောက်ဆုံးတစ်ချက်ကတော့ ကျန်းမာရေး အတွက် လိုအပ်တဲ့ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အသားဓာတ်တွေရဖို့အတွက် ဟင်းသီးဟင်း ရွက်၊ အသားငါးမျှတစွာစားပေး ဖို့ပဲဖြစ် ပါတယ်။

—Ref: homeremedies.com
source.....http://www.7daydaily.com......

မျက်စိနားက အရေးအကြောင်းတွေကို ဘယ်လိုဖျောက်မလဲ

On  Fri, 2014-11-14 06:30

              မျက်စိနားတစ်ဝိုက်ကအရေးအကြောင်းတွေဟာ အသက် (၃၀) ၀န်းကျင် ရောက်လာတာ နဲ့ ဖြစ်လာတတ်ပြီးနေရောင်ခြည်ထိတွေ့တာ၊ ဆေးလိပ်သောက်တာ၊ ပတ်ဝန်းကျင် ညစ်ညမ်း တာတွေကြောင့်နဲ့မျက်စိမှေးကြည့်တဲ့အခါ၊ မျက်မှောင်ကြုတ်တဲ့အခါနဲ့ ရယ်မောတဲ့အခါမျိုးတွေမှာပေါ်လာ ပါတယ်။ ဒါကြောင့်မို့ သဘာဝ နည်းလေးတွေနဲ့ အရေးအကြောင်းတွေဖျောက်နိုင်ဖို့...

(၁)ကြက်ဥအကာ

ကြက်ဥအနှစ်ဖယ်ပြီးသား အကာရည်ကို အမြှုပ်ထတဲ့အထိ ခေါက်မွှေပြီး
အရေးအကြောင်း တစ်ဝိုက် သုတ်လိမ်းပြီး ၁၀ မိနစ် လောက်နေရင် ရေခပ်နွေးနွေးနဲ့
သန့်စင်ပေးရပါမယ်။

(၂)သင်္ဘောသီး
 အစိမ်းရော၊ အမှည့်ရော သုံးစွဲနိုင်ပြီး အစိမ်းဆိုရင်တော့ အရေးအကြောင်းရှိတဲ့နေရာကို ၁၀ မိနစ်လောက် ပွတ်ပေးပြီး ရေအေးနဲ့ဆေးကြောရမှာပါ။ သင်္ဘောသီး မှည့် သုံးမယ်ဆိုရင်တော့ အုတ် ဂျုံမှုန့်နဲ့
ရောစပ်ပြီးတော့ပဲဖြစ် ဖြစ်၊ သံလွင်ဆီနဲ့ ရောပြီးတော့ပဲ ဖြစ်ဖြစ်အနှစ်လုပ်ပြီး ၁၀ မိနစ် လောက်ထားပြီး မျက်နှာသစ်ရမှာ ပါ။

(၃)နွားနို့
အ၀တ်သန့်လေးတစ်ခုနဲ့ နွားနို့ကိုတို့ပြီး မျက်လုံးတစ်ဝိုက် သုတ်လိမ်းနိုင်သ လို ပေါင်မုန့်ချပ်  လေး ကို နွားနို့ စိမ်ပြီး အရေးအကြောင်းတွေပေါ် ၁၀ မိနစ်ကနေ မိနစ် ၂၀ လောက် ကပ်ထားပြီး ပေါင်းတင်နိုင်ပါတယ်။

(၄)ရှားစောင်းလက်ပပ်
အရေးအကြောင်းတွေကို ညအိပ်ရာဝင်ခါနီး ရှားစောင်းဂျယ် သုတ်အိပ်ပြီး မနက်ကျရင် ရေ အေးလေးနဲ့ သစ်ပေးရမှာပါ။

(၅)ဗီတာမင်အီး
ဆေးလုံးလေးကိုဖောက် အ ဆီညှစ်ယူပြီး မျက်လုံးတစ်ဝိုက် သုတ်လိမ်းရမှာပါ။

(၆)အုန်းဆီ
အုန်းဆီစစ်စစ်ကို အိပ်ရာမ ၀င်ခင် မျက်လုံးတစ်ဝိုက် သုတ် ပြီး အိပ်စက်ရမှာပါ။

(၇)ထောပတ်သီး
သဘာဝအတိုင်းကြိတ်ချေ ပြီး အရေးအကြောင်းပေါ် သုတ် လိမ်းကာ မိနစ် ၂၀လောက်ထား ပြီး မျက်နှာသစ်နိုင်သလို အယ်လ် မွန်ဆီနဲ့ ရောပြီးတော့လည်း ပြုလုပ်နိုင်ပါတယ်။

(၈)ကြက်ဆူဆီ
အိပ်ရာဝင်ခါနီး ကြက်ဆူဆီ သီးသန့် (ဒါမှမဟုတ်) နှမ်းဆီနဲ့ ရောစပ်ပြီးတော့လည်း  မျက်လုံး တစ်ဝိုက် သုတ်ပေးနိုင်ပါတယ်။

(၉)သခွားသီး
သခွားသီးချပ်လေးနဲ့လည်း မျက်လုံးတစ်ဝိုက် ကပ်ပေးနိုင်သ လို သခွားရည်လည်း သုတ်လိမ်း နိုင်ပါတယ်။

(၁၀)သံပရို/သံပရာရည်
အသားအရေအတွက် အ ကောင်းဆုံး အကျိုးဖြစ်စေတဲ့ သံ ပရာ ဒါမှမဟုတ်သံပရိုရည်ကို အ ရေးအကြောင်းတွေပေါ် သုတ်ပြီး ၁၀ မိနစ်လောက်နေရင် ရေအေးလေးနဲ့ ဆေးကြောနိုင်ပါတယ်။

—Ref: homeremedies.com

Source.....http://www.7daydaily.com..........

8.8.16

မျက်စိညောင်းညာမှုကို လျှော့ချပေးမည့် နည်းလမ်းများ

On...Sun, 2014-10-05 06:01


     မျက်စိမကြာခဏ ညောင်းပြီး ယားယံခြင်းကြောင့် ပွတ်နေမိပါသလား၊ကျွန်တော်တို့၏ နေ့စဉ်ဘ၀များ တွင် မိုဘိုင်းဖုန်းများနှင့်ကွန်ပျူတာမျက်နှာပြင်များကို အချိန်အကြာကြီး ကြည့်နေခြင်းကြောင့်လူများစွာမှာ အမြင် အာရုံေ၀၀ါးခြင်း၊ မျက်စိယားယံခြင်းနှင့်နေ့စဉ်ခေါင်း ကိုက်တတ်သည့် ဝေဒနာများ ကိုစတင် ကြုံတွေ့နေကြရသည်။
      မျက်စိညောင်းညာမှုကို လျှော့ချရန်နှင့် မျက်စိပြန်လည် အားကောင်းလာစေမည့် လွယ်ကူရိုးရှင်းသော နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။
(၁)လက်ဖ၀ါးနှစ်ဖက်ကို အနည်းငယ်နွေးလာသည်အထိ ဆယ်မိနစ်မှဆယ့်ငါးမိနစ်အထိကြာအောင် ပွတ်တိုက်ပြီး မျက်စိပေါ်တွင်အုပ်ထားလိုက်ပါ။မျက်စိကို လက်ဖြင့် တိုက်ရိုက်မထိပါနှင့် မျက်စိပေါ်မှ
ဖော့ဖော့လေးအုပ်ထားပေးရမည် ဖြစ်သည်။
(၂)သုံးစက္ကန့် (သို့မဟုတ်) လေးစက္ကန့်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းက မျက်စိညောင်းညာမှု ကို လျော့ ကျစေရန် အထောက်အကူဖြစ်စေသည်။ ကျွန်တော်တို့သည်ရုပ်မြင်သံကြားကြည့်နေချိန် (သို့မဟုတ်) ကွန် ပျူတာဖြင့်အလုပ်လုပ်နေချိန်တွင် မျက်တောင်ခတ်သည့် အကြိမ်ရေ နည်းပါးလေ့ရှိသဖြင့် စက္ကန့်အနည်း ငယ်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းဖြင့် သင်၏မျက်စိကိုအနားပေးလိုက်ပါ။
(၃)သင်ရှိနေသော နေရာမှ ၆ မီတာမှ ၁၀ မီတာအထိ ဝေးသောအရာ ၀တ္ထုတစ်ခုကိုရွေးချယ်ပြီး ယင်း အရာဝတ္ထုတစ်ခုတည်းကို ခေါင်းကိုများစွာ မလှုပ်ရှားဘဲစက္ကန့်အနည်းငယ်ကြာအောင် အာရုံစိုက်၍ ကြည့်ပါ။
ယင်းနည်းက ဖိအားများစွာ ခံလာရတတ်သော မျက်စိတစ်ဝိုက် ကြွက်သားများကို အနားရစေသည်။
(၄)မျက်စိကို တတ်နိုင်သမျှ အကျယ်ဆုံးစက်ဝိုင်းပုံလှည့်ပေးပါ။ လေးကြိမ်ခန့်ယင်းကဲ့သို့ လှည့်ပေးပြီး မျက်စိပိတ်ထားလိုက်ပါ။ မျက်စိပိတ်ထားချိန်တွင်အသက်ကိုအာရုံစိုက်၍ ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး သက်သောင့်သက်သာဖြစ်စေရန်အာရုံစိုက်ပါ။
(၅)ကွန်ပျူတာအသုံးပြုချိန်တွင် မျက်နှာပြင်ကို သင်၏မျက်စိနှင့်တတ်နိုင်သမျှ ဝေးနေစေရန် လိုအပ်သည်။ သို့သော် အလွန်အားစိုက်၍ကြည့်စရာမလိုသော အကွာအဝေးမျိုး ဖြစ်ရမည်။ သင့်အပေါ်ရှိ မီးလင်းရောင်မှာလည်း လုံလောက်သော အလင်းရောင်ရှိနေရန် လိုအပ်သည်။ ထို့ပြင် ကွန်ပျူတာ မျက်နှာပြင်၌ Filter တစ်ထပ်ထပ်ထားခြင်းဖြင့်လည်း သင်၏ မျက်စိအတွက်အထောက်အကူပြုသည်။

Source.....http://www.7daydaily.com...........

မျက်ကပ်မှန်သုံးသူတွေ သိထားသင့်တဲ့ အလှအပပြုပြင်ခြင်းနှင်စပ်လျင်းသည့် အကြံပြုချက်

On......Fri, 2015-12-11 06:30

       မျက်ကပ်မှန်ကိုမျက်လုံးအရောင် လှချင်ရုံသီးသန့်အတွက်သာမကအမြင်အာရုံချို့ယွင်းတဲ့သူတွေဆို ရင်လည်း မျက်မှန်ကြောင့် အလှမပျက်ချင်တာကြောင့် မျက်ကပ် မှန်တွေဟာလည်း အသုံးတွင် ကျယ်လာ ပါတယ်။ မျက်စိအတွက် အန္တရာယ်ကင်းကင်းနဲ့ အလှ လည်းပိုစေဖို့အတွက် မျက်ကပ်မှန်သုံးသူတွေသိ သင့် တာလေး တွေဖော်ပြပေးလိုက်ပါတယ်။
       မျက်ကပ်မှန်တွေဟာ နူးညံ့ ပါးလွှာတဲ့ပစ္စည်းနဲ့ထုတ်လုပ်ထား တာကြောင့်သိမ်းဆည်းရင်လည်း စနစ် တကျသေချာသိမ်းဆည်းဖို့ လိုအပ်ပါတယ်။ မျက်ကပ်မှန်တပ်တော့မယ်ဆိုတာနဲ့ လက်မှာ ဆီ၊ ဖုန်မှုန့်၊ မိတ် ကပ်၊ လိုးရှင်းစတာတွေမရှိရလေအောင် သန့်စင်ပေး ဖို့လိုအပ်သလို မျက်ကပ်မှန်ကို လည်း ဆေးရည်နဲ့
သန့်စင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ မျက်စိ ယားယံတာ၊ မျက်စိကို ရောဂါကူးစက်မှုတွေကနေ ကာ ကွယ်ပြီး သားဖြစ်စေမှာပါ။
         နောက်တစ်ချက်က မိတ် ကပ်မလိမ်းခင်မှာ မျက်ကပ်မှန် တပ်ထားဖို့လိုပါတယ်။မိတ်ကပ် လိမ်းပြီးမှ တပ်တဲ့အခါ မျက်စိထဲ ကို အမှုန်အမွားနဲ့ရောဂါပိုးဝင်နိုင် ခြေများလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင် နူးညံ့တဲ့မျက်ကပ် မှန်တွေကို မထိ ခိုက်မပျက်စီးစေဖို့အတွက်လည်း ဓာတုပစ္စည်းနည်းနည်းပဲပါပြီး သ ဘာဝပစ္စည်းတွေ နဲ့ အခြေခံထုတ် ထားတဲ့ မိတ်ကပ်နဲ့မျက်နှာသန့် စင်ဆေးရွေးသုံးဖို့ လိုပါတယ်။
        နောက်ပြီး မျက်ကပ်မှန်တပ် ပြီး မိတ်ကပ်လိမ်းတုန်း အမှုန်အ မွှားဝင်တဲ့အခါကြမ်းကြမ်းတမ်း တမ်းမ ပွတ်မိဖို့အထူးသတိထားရ ပါမယ်။ အဲဒီအခါမှာမျက်ကပ်မှန်စုတ်ပြဲသွားနိုင်သလို မျက်စိကိုလည်း ဒဏ်ဖြစ်စေ လို့ပါ။
         မျက်ကပ်မှန်သမားတွေမိတ် ကပ်ပြင်တဲ့အခါ ကြုံရတတ်တဲ့ ပြ ဿနာကြီးတစ်ခုကတော့
အိုင်း လိုင်နာဆွဲတဲ့အခါပဲဖြစ်ပါတယ်။ ထူးပိန်းနေအောင်ဆွဲထားတဲ့အခါမျက်လုံးကိုခြောက်သွေ့စေကာ မျက်စိနာတာမျိုးဖြစ်စေတဲ့အ တွက် သတိပြုရပါမယ်။
        အိုင်းရှဲဒိုးသုံးရင်လည်းအမှုန့် ပုံစံထက် ခရင်မ်လိုပုံစံက မျက်ကပ်မှန်သမားတွေနဲ့ ပိုပြီးသင့် တော် တယ်ဆိုပေမယ့်လည်း နှစ်ခု စလုံးကမျက်စိထဲဝင်နိုင်တာကို အမြဲတမ်းသတိရပါ။
      အလှကုန်ပစ္စည်းတွေဝယ် တဲ့အခါမှာလည်းအဆီများတဲ့ပစ္စည်းတွေရှောင်ဖို့လိုပါတယ်။ အခန့်မသင့်လို့ မျက်စိထဲဝင်ခဲ့ရင်မျက်ကပ်မှန်ခွာရခက်စေတဲ့အ ပြင် မြန်မြန်လည်းပျက်စီးစေပါ တယ်။ နောက်ပြီး မိတ်ကပ်ဖျက် တော့မယ်ဆိုရင်လည်း အန္တရာယ် ကင်းအောင် မျက်ကပ်မှန်ချွတ်ပြီး မှလုပ်ဖို့လိုအပ်ပါတယ်။
       မျက်တောင်တုတပ်တာက လည်း မျက်ကပ်မှန်သမားအ တွက်ကတော့ ကောင်းတဲ့လုပ်
ဆောင်ချက်မဟုတ်ပါဘူး။ မျက် တောင်တုတပ်တဲ့ကော်က မျက် လုံးထဲဝင်ပြီးမျက်ကပ်မှန်ကို ဒုက္ခ ပေးနိုင် သလို မျက်တောင်ကော့ ဆေးတွေအများကြီးတင်တာကလည်း မျက်စိစပ်ပြီး နာတာမျိုး၊စူး အောင့် တာ မျိုးတွေလည်း ဖြစ်နိုင် တဲ့အတွက်သတိထားဖို့လိုအပ်ပါ တယ်။

Source......http://www.7daydaily.com/story/......

ဒစ်ဂျစ်တယ်ပစ္စည်း(Devices)တွကြောင့် မျက်စိမထိခိုက်ရလေအောင်

On....Fri, 2016-02-19 06:30


             လူအများစုဟာမနက်အိပ် ရာထဖို့ ဖုန်းနှိုးစက်ပိတ်ရာကစလို့ အလုပ်ခွင်မှာကွန်ပျူတာရှေ့ထိုင် အလုပ်လုပ်၊ ဆိုရှယ်မီဒီယာတွေ ကို မအိပ်မချင်းသုံးနေရင်းခေတ် ပေါ်ဒစ်ဂျစ်တယ်ပစ္စည်းတွေနဲ့ အ ချိန်ကုန်ကြပါတယ်။ ခေတ်ကာလ အရဒစ်ဂျစ်တယ်ပစ္စည်းတွေဟာ လူတိုင်းအတွက် အရေးပါလာသ လို အဲဒါတွေနဲ့ပဲအချိန်ကုန်နေရင်းမျက်စိကျန်းမာရေးထိခိုက်နိုင်တာ မို့အန္တရာယ်ကင်းကင်းသုံးစွဲနိုင် မယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။

(၁)မျက်စိလေ့ကျင့်ခန်းလုပ်ပါ
      တစ်နေရာတည်းကိုပဲ အချိန်အကြာကြီးစူးစိုက်ကြည့်တာဟာ မျက်စိအာရုံကြောတွေ ထိခိုက်နိုင်တာမို့ မိနစ် ၂၀တစ်ခါ(ဒါမှမဟုတ်) နာရီဝက်တစ်ခါလောက် ဘယ်ညာ၊ အပေါ်အောက်ကြည့်လေ့ ကျင့်ခန်း လုပ်ပေးတာမျိုး၊ မျက်စိဖွင့်လိုက်၊ ပိတ်လိုက်လုပ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။

(၂)ခပ်ခွာခွာသုံးပါ
           ဒစ်ဂျစ်တယ် ပစ္စည်းတွေကို မျက်စိနဲ့ အရမ်းကပ်ကြည့်တာမျိုးတွေလည်း ရှောင် သင့်ပါတယ်။ ရုံးသုံးကွန်ပျူတာဆိုရင်လည်းလက်ရှေ့ကိုဆန့်တန်း လိုက်ရင် လက်ထိပ်လေးနဲ့ထိတဲ့ အကွာ အဝေးလောက်ကိုချိန်ပြီး အသုံးပြုသင့်ပါတယ်။

(၃)သဘာဝအလင်းရောင်ကို ကြည့် ပေးပါ
         ကွန်ပျူတာတို့၊ ဖုန်းတို့ကိုမျက်နှာနဲ့ မခွာတမ်းသုံးပြီးရင်တော့သဘာဝနေခြည်လေးကို ကြည့် ပေးဖို့
လိုပါတယ်။ ဒစ်ဂျစ်တယ် ပစ္စည်းတွေရဲ့ မျက်နှာပြင်အလင်း ရောင်ဟာမျက်စိအမြင်အာရုံအ တွက် အရေး ပါတာကြောင့် အ ရမ်းတောက်လွန်း၊ အရမ်းမှိန်လွန်းတာမျိုးမသုံးဘဲ အပြင်က အနေ အထားအလိုက် မျက်နှာပြင်အ လင်းရောင်ပြောင်းပြီး
သုံးဖို့ လိုပါ တယ်။

(၄)အထူးမျက်မှန်သုံးစွဲပါ
   ဒစ်ဂျစ် တယ်ပစ္စည်းတွေနဲ့ အချိန်အကြာကြီးအလုပ်လုပ်ရသူတွေအနေနဲ့ ဆရာဝန်နဲ့ တိုင်ပင်ပြီးလိုအပ်ရင်
မျက်စိထိခိုက်မှုကာကွယ်တဲ့ အ ထူးမျက်မှန်တွေ သုံးသင့်ပါတယ်။

(၅)အချိန်ဇယားဖြင့်သုံးစွဲပါ
   အချိန် တိုင်း ဖုန်းပွတ်၊ ကွန်ပျူတာကြည့်မယ့်အစား တစ်နေ့ကို အချိန်ဘယ် လောက်ပဲသုံးမယ်ဆိုပြီး ကိုယ်
တိုင်အချိန်ဇယားဆွဲသုံးပါ။ ဘယ် လိုမှ မသုံးဘဲ မနေနိုင်ဘူးဆိုရင် တောင်မှမအိပ်ခင် တစ်နာရီ၊ နှစ် နာရီအလိုမှာ လုံးဝမသုံးဘဲ နေနိုင် အောင်ကြိုးစားကြည့်ပါ။

-Ref: wellnessbin

Source....http://www.7daydaily.com/story/.........

မျက်ကပ်မှန်ကြောင့် မျက်လုံး၏ သဘာဝဗက်တီးရီးယားအနေအထား ထိခိုက်နိုင်



    
         မျက်ကပ်မှန်များသည် မျက်လုံးအိမ်သဘာဝ ဗက် တီးရီးယားပတ်ဝန်းကျင်ကို ပြောင်းလဲသွားစေနိုင် သည်ဟု သုတေ သနအသစ်တစ်ရပ်က ဖော်ပြသည်။
            မျက်ကပ်မှန်တပ်ဆင်သူများ၏ မျက်စိသည် သာမန်အားဖြင့် မျက်လုံးတစ်ဝိုက်ရှိ အရေပြားပေါ် တွင် တွေ့ရသော ဗက်တီးရီးယား များကို လက်ခံထားကြောင်း လေ့လာမှုကတွေ့ရှိခဲ့သည်။
           သို့သော် ထိုသို့ ဗက်တီးရီးယားတွေ့ရှိမှုမှာ လက်ချောင်းများ နှင့်မျက်ကပ်မှန်ထိတွေ့မှုကြောင့်လား (သို့မဟုတ်) မျက်ကပ်မှန်တပ်ဆင်ခြင်းကြောင့်လားဆိုသည်မှာမူ မရှင်းလင်းပေ။
            သို့သော် ယခုတွေ့ရှိချက်များကြောင့် ဗက်တီးရီးယားအနေအ ထားပြောင်းလဲခြင်းမှာ မျက်စိရောဂါ ပိုးဝင်ရောက်ခြင်းအန္တရာယ်မြင့်တက်လာစေသည်လားဆိုခြင်းအပေါ် မေးခွန်းများ ထွက်ပေါ် စေခဲ့သည်။
           ‘‘မျက်ကပ်မှန်တပ်ဆင်ခြင်းဟာ မျက်ကြည်လွှာ ရောင်ရမ်း ခြင်းအန္တရာယ်နဲ့ တခြားမျက်စိရော ဂါဖြ စ်နိုင်တဲ့အန္တရာယ် များလာတယ်လို့ လူသိများပါတယ်’’ ဟုယခုလေ့လာတွေ့ရှိချက်ကို ဦး ဆောင်ရေးသားသူ မာရီယာဒိုမင်ဂွက်ဇ်ဘယ်လိုကပြောသည်။
           ၎င်းသည် နယူးယောက်ဆေးတက္ကသိုလ်ရှိ လူသားတို့၏ ဗက်တီးရီးယားအသိုက်အမြုံအစီအစဉ်မှ တွဲဖက်ပါမောက္ခတစ်ဦး ဖြစ် သည်။အမေရိကန်နိုင်ငံတွင် နိုင်ငံသား သန်း ၃၀ ကျော်တို့သည်  မျက်
ကပ် မှန်များတပ်ဆင်ကြပြီး နှစ်စဉ် မျက်ကပ်မှန်ဝတ်ဆင်သူ ၅၀၀ ဦးတွင်တစ်ဦးမှာ အမြင်အာရုံကို ခြိမ်းခြောက်သော မျက်စိရောဂါ ဖြစ်ပွားနေသည်ဟုကန်ရောဂါကာကွယ် ထိန်းချုပ်ရေးဌာန (CDC) က ခန့်မှန်းသည်။
            မျက်ကြည်လွှာရောင်ရမ်းမှု ရောဂါတစ်ခုတည်းကြောင့် နှစ် စဉ်လူတစ်သန်းခန့်တို့သည် ဆရာ ၀န်နှင့် ကုသမှု ခံယူနေရသည်။
          ရောဂါကူးစက်ခံရခြင်း အဓိကအကြောင်းအရာတစ်ခုမှာ သန့်ရှင်းရေးအားနည်းမှုဖြစ်ပြီး မျက်ကပ် မှန် သုံးစွဲသူ ၄၀ ရာခိုင်နှုန်းနှင့် ၉၀ရာခိုင်နှုန်းကြားတို့သည် မျက်ကပ်မှန်များကို စနစ်တကျ သန့်ရှင်း ရေး မလုပ်ခြင်း (သို့) ညွှန်ကြားထားသည့်အတိုင်း မျက်ကပ်မှန် များကိုအစားထိုးခြင်း မရှိသောကြောင့်ဖြစ် သည်ဟု CDC က ပြော ကြားသည်။
           ယခုလေ့လာမှုတွင် မျက်ကပ်မှန် မတပ်ဆင်သူများနှင့် မျက် ကပ်မှန်တပ်ဆင်သူများကို နှိုင်း ယှဉ်လေ့လာခဲ့သည်။
          ယခုလေ့လာမှုအသစ်က လက်နှင့် မျက်ကပ်မှန်များ၏ သန့်ရှင်းရေးအရေးကြီးပုံကို ပြသနေသည်ဟု နယူးဆောက်သ်ဝေးလ် တက္ကသိုလ်မှမျက်စိအထူးကုပါမောက္ခ မက်စ်ဝီးလ်ကော့စ်က ပြော သည်။ မျက်ကပ် မှန်ကိုမကိုင်မီဆပ်ပြာဖြင့် လက်ဆေးခြင်း၊ မျက်ကပ် မှန်များ ပုံမှန်လဲလှယ်အစားထိုးရေးအရေးကြီးသည်ဟု အင်လာ ကပြောသည်။                                        

—Ref: UPI
Source....http://www.7daydaily.com/story/......

မျက်မှန်တပ်ရတာကြောင့် နှာခေါင်းပေါ်မှာ အရာထင်တာတွေကို ဘယ်လိုဖျောက်မလဲ..

 

     
            မျက်မှန်ကိုမချွတ်တမ်းတပ် ထားရသူတွေမှာ နှာခေါင်းတစ်ဝိုက် အညိုရောင်အရာတွေ
ထင်ကျန်တတ်တဲ့အတွက် သဘာဝအသားအ ရောင်အတိုင်းပြန်ဖြစ်အောင် ဘာတွေလုပ်ဆောင်နိုင် တယ် ဆိုတာ ဖော်ပြပေးလိုက်ပါတယ်။

(၁)သခွားသီး- သခွားရည်ညှစ်ပြီးညို နေတဲ့နေရာတွေကို သုတ်ပေးရင် ပဲဖြစ်ဖြစ်၊သခွားသီးကို ခပ်ပါးပါး အကွင်းလေးတွေလှီးပြီး နှာခေါင်းပေါ်တင်ပေးရင်ပဲဖြစ်ဖြစ်၊ ပွတ် ပေးတာပဲဖြစ်ဖြစ်လုပ်နိုင်ပါ တယ်။

(၂)ပျားရည်- မျက်မှန်ရာထင်နေတဲ့ နေရာကို ပျားရည်အနည်းငယ် သုတ်ပြီး ၁၅ မိနစ်လောက်ထား ပေး တာမျိုး ပုံမှန်လုပ်ပေးနိုင်ပါ တယ်။

(၃)ရှားစောင်းလက်ပပ်- ရှားစောင်း လက်ပပ်ဂျယ်ကို သုတ်ပေးထား ရင်လည်းအရေပြားကို အားဖြည့် ပေးပြီးအရာထင်တာတွေ တ ဖြည်းဖြည်းပျောက်ကင်းစေပါ တယ်။

(၄)သံပရာသီး- သဘာဝချွတ်ဆေး တစ်မျိုးဖြစ်တဲ့ သံပရာကို အရည် ညှစ်၊ဂွမ်းစလေးနဲ့ ပွတ်နိုင်သလို သံပရာရည်ထဲကို ပျားရည်နည်းနည်းထည့်ပြီးတော့လည်း သုံးနိုင် ပါတယ်။

(၅)အာလူး- အာလူးကို ခပ်ပါးပါး လေးလှီးပြီး ညိုနေတဲ့နေရာတွေ ကို ပွတ်ဆေးပေးရင်လည်း စိတ် ပျက်စရာအညိုရာတွေ ပျောက် ကင်းစေမှာပါ။

(၆)လိမ္မော်ခွံ- လိမ္မော်ခွံအမှုန့်ကို နွားနို့နည်းနည်းနဲ့ရောပြီး လိမ်း ပေးရင်လည်း အရာထင်တာတွေ သက်သာစေပါတယ်။

(၇)ထောပတ်သီး၊ စတော်ဘယ်ရီသီး - နှစ်သက်ရာအသီးကို ကြိတ်ခြေ၊ အနှစ်လုပ်ပြီး ပွတ်ပေးတာမျိုး ပုံ မှန်လုပ်ပေးနိုင်ပါတယ်။

(၈)ပန်းသီးဗီနီဂါ- ဗီနီဂါလက်ဖက် ရည်ဇွန်းနှစ်ဇွန်းနဲ့ ရေအနည်းငယ် ရောပြီးဂွမ်းစလေးနဲ့ ပုံမှန်လေး ပွတ်ပေးရင် တစ်ပတ်အတွင်း သိ သာလာမှာပါ။      No.1066 Friday, April 22, 2016
Source.......7daydaily.com/story........

သတိထားပြီးရှောင်သင့်တဲ့ မျက်ခုံးနဲ့ပတ်သက်ပြီး လုပ်တတ်တဲ့အမှားတွေ



  
       မျက်ခုံးမွေးလှလှလေးပိုင်ဆိုင်ဖို့အတွက်ဆိုရင်ဇာဂနာကိုင်ပြီး နုတ်ဖို့ ဝန်မလေးသလို ရိတ်ပစ်ဖို့လည်း
လက်မနှေးလေ့ရှိကြရာမှာ အလေ့အကျင့်မှားလေးတွေမလုပ်မိ ဖို့အတွက်ဖော်ပြပေးလိုက်ပါတယ်။

(၁)ရေမချိုးခင် မျက်ခုံးမွေးနုတ်ခြင်း

           ရေနွေးနွေးလေးနဲ့ ရေချိုးတဲ့အခါ မွေးညင်းပေါက်တွေ ကျယ်လာတဲ့အတွက်မျက် ခုံးမွေးတွေ နုတ်ရ လွယ်တယ်ဆိုတဲ့အ ချက်ကို သတိပြုစရာပါ။

(၂)မျက်ခုံးမွေးနုတ်လွန်းခြင်း

          မျက်ခုံးမွေးကို သုံးပတ်လောက်နေမှ တစ်ကြိမ်နုတ်တာ မျိုးကအသင့်တော်ဆုံးပါ။ မျက်ခုံးမွေး ခဏ ခဏနုတ်ရလွယ်တဲ့ အခါမျက်ခုံးပုံစံမကောင်းတော့ ဘဲ မျက်နှာအနေအထားနဲ့လည်း လိုက်ဖက်မှုမရှိတော့ ပါဘူး။

(၃)သဘာဝမျက်ခုံးပုံစံကို ပြောင်းပစ်ခြင်း

           သဘာဝမျက်ခုံးပုံစံတွေဖြစ်တဲ့ မျက်ခုံးထူ၊ မျက်ခုံးပါးတာကို အခြေခံပြီးမျက်ခုံးမွေးဆွဲခဲတံ လေးနဲ့ ပုံစံဖော်ဆွဲတာမျိုးလေး တွေ လုပ်ပေးသင့်ပါတယ်။မျက် ခုံးနေရာထက်ပိုပြီး ဘေးဘက် တွေအထိပါ ဆွဲထားရင် ကြည့်ရဆိုးတဲ့အဆင့်အထိရောက် သွားနိုင်ပါတယ်။

(၄)မျက်ခုံးမွေးဆွဲခဲတံသုံးလွန်းခြင်း

           လှပပြီး ကျက်သရေရှိတဲ့မျက်ခုံးပုံစံလေးပုံဖော်နိုင်ဖို့အတွက်အရောင်ဖျော့မျက်ခုံးမွေးဆွဲ
ခဲတံရွေးချယ်ဖို့လိုပါတယ်။ မျက် ခုံးမွေးပေါ်ကို ခဲတံနဲ့ဆွဲတာထက်အရိပ်လိုခြယ်ပေးတာမျိုးလုပ်ဖို့ အရေးကြီး ပါတယ်။

(၅)ကျွမ်းကျင်သောပညာရှင်နှင့် မတိုင်ပင်ခြင်း

          မိတ်ကပ်ပညာရှင်တွေက ဘယ်လိုမျက်နှာပုံစံဆို ဘယ်လိုမျက်ခုံးပုံစံနဲ့အလိုက်ဖက်ဆုံးဆိုတာ သိသူတွေမို့ မျက်ခုံးပုံဖော်တော့မယ်ဆိုရင် သူတို့ဆီကအကြံဉာဏ်တောင်းခံတာမျိုး လုပ်သင့်ပါတယ်။                                  
—Ref: wellnessbin

Source......7 Day News...No.1136 Friday, July 1, 2016




7.8.16

မျက်မှန်တပ်စရာမလိုအောင် လေဆာနည်းဖြင့် မျက်စိပါဝါပြုပြင်ခြင်း


   (မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာဦးမြအောင်နှင့်တွေ့ဆုံမေးမြန်းခြင်း-၁၉/၁၁/၂၀၁၁)

 

          
               လူတိုင်းရဲ့မျက်စိထဲမှာ သဘာဝ မှန်ဘီလူး ရှိပါတယ်။ ဒီမှန် ဘီလူးဟာ ခုံးလွန်း၍ မျက်လုံး အိမ်ရှည် သောအခါ ပုံရိပ်သည် မြင်လွှာ (Retina) ၏ ရှေ့တွင် ထင်နေ စေတဲ့ အတွက် ထင်ထင်ရှားရှား မမြင်ရတော့ပါ။ ယင်း ကို Myopia လို့ခေါ်ပါတယ်။ အလား တူပဲ မှန်ဘီလူးခွက်လွန်းနေ၍ မျက်လုံး အိမ်တိုသောအခါ ပုံရိပ်များမှာ အမြင် အာရုံလွှာရဲ့နောက်မှာ ကျရောက်ခြင်း ကြောင့် ပုံရိပ်များကို ထင်ရှား စွာမမြင်ရတော့ဘဲ ဝါးနေတတ်ပြန်ပါ တယ်။ Hyperopia လို့ခေါ်ပါတယ်။
            ဒါ့အပြင် မျက်ကြည်လွှာ၏ မျက်နှာပြင် အခုံးအခွက် မညီညာ သောကြောင့် ဆလင်ဒါစောင်းနေခဲ့ လျှင်လည်း ပုံရိပ်ဟာ ရွှဲ့စောင်း (Distorted) နေတတ်ပါတယ်။ ဒါကို တော့ Astigmatism လို့ ခေါ်ပါ တယ် ။ ဖော်ပြပါ ပြဿနာများကို ဖြေရှင်းကုသပေးတဲ့နည်းကတော့ ထိုသူကို သင့်တော်တဲ့ ပါဝါမျက်ကပ်မှန် များရှိသော မျက်မှန်များ တပ်ဆင်စေခြင်းဖြစ်ပါတယ်။
      မျက်စိ အမျိုး အစားတွေ အမျိုးမျိုးရှိသလို မျက်မှန် ကိုင်းတွေလည်း အမျိုးမျိုး ရှိလာခဲ့ရာ လွန်စွာကျယ်ပြန့် လှသော မျက်စိကျန်း မာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ဈေးကွက် ကြီး တစ်ခုပင် ဖြစ်ထွန်း လာခဲ့ပါတယ်။ သိပ္ပံနည်းပညာ ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အမျှ မျက်မှန်တပ်စရာ မလိုတော့ဘဲ လေဆာရောင်ခြည်ဖြင့် လိုအပ်သည့် မျက်စိပါဝါအတိုင်း ပြုပြင်ပေးနိုင်သော နည်းပညာတစ်ခု ဖြစ်တဲ့ Lasik (Laser Assisted in Situ Keratomileusis) နည်းပညာ ပေါ်ပေါက်လာခဲ့ပြီး ကမ္ဘာပေါ်မှာ ပထမဦးဆုံး Lasik နည်းဖြင့် မျက်စိ ပါဝါ ပြုပြင်ပေးသော ကုသမှုကို ၁၉၈၉ခုနှစ်၌ အမေရိကန် ပြည်ထောင် စုတွင် ပြုလုပ်ပေးနိုင်ခဲ့ပါတယ်။
                 Lasik အကြောင်းနှင့် ပတ်သက် ပြီး မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဒေါက်တာ ဦးမြအောင် နှင့်ဆွေးနွေးမေးမြန်းခဲ့သည်များကို ပြန် လည်ဖော်ပြလိုပါတယ်။ဆရာကြီးရဲ့ ဆွေးနွေးရှင်းလင်း ချက်အရ လူတို့၏ မျက်စိတွင် မျက် ကြည်လွှာ Cornea ရှိကြောင်း၊ အဆိုပါမျက်ကြည်လွှာတွင် အလွှာ ၅ခု ပါရှိသည့်အနက် Stroma အလွှာနေရာအထိရောက်အောင် Microkeratome ဆိုတဲ့ ဓားလေးနဲ့ ခွာ လိုက် ရကြောင်း၊ အဝေးမှုန်ဖြစ်ပါက Minus Power ကို လျှော့ပေးကြောင်း၊ အနီးမှုန်ဖြစ်နေလျှင် Plus Power ကို လျှော့ပေးကြောင်း၊ ဆလင်ဒါ စောင်းနေလျှင်လည်း တည့်မတ်သွား အောင် လုပ်ပေးကြောင်း ပြောပြပါ တယ်။
               ဆရာကြီး က “ မျက်ကြည်လွှာ (Cornea) Flat ဖြစ်နေရင် နည်းနည်းလေးခုံး သွားေ အာင် ဘေးပတ်ပတ်လည် နေရာတွေကို လေဆာနဲ့ ပြုပြင်ပေးတယ်။ သိပ်ခုံးနေတဲ့ မျက်ကြည် လွှာ ဆိုရင် အလယ်ပိုင်းက ခုံးနေသော နေရာကို လေဆာဖြင့် ပြေပြစ် သွားအောင် ပြုပြင်ပေး ရပါတယ်။ ဆလင်ဒါရှိရင်တော့ Axis ၀င်ရိုးတန်း ကို ပြေလည်သွားအောင် Neutralise လုပ်ေ ပးခြင်းဖြစ်ပါသတယ်။ ပြီးရင်တော့ အပေါ်ယံ မျက်ကြည်လွှာ အလွှာ (Anterior Flat) ကိုပြန် အုပ်ပေးခဲ့တယ်” လို့ ပြောပြပါတယ်။ ဆက်လက်၍ “Microkeratome ကို လက်နဲ့ပဲ ချိန်ပြီး မျက်ကြည် လွှာပေါ်မှာလိုချင်တဲ့ နေရာ အရွယ် အစားရအောင် လုပ်ရတယ်။ အထူးသဖြင့် မျက်ကြည်လွှာရဲ့ အထူ Thickness of Cornea ပေါ်မူတည်ပြီးအနည်းဆုံး မျက်ကြည် လွှာအထူ ၃ ပုံ ၁ ပုံ လောက် ချန်ထားပေးရတယ်။ ဥပမာ- မျက်ကြည်လွှာ ၅၀၀ မိုက်ခရို မီလီမီ တာ ရှိရင် ၁၅၀ လောက် ကို လေဆာနဲ့ စားလိုက်တဲ့အခါ ၃၅၀ လောက်ကျန်တယ်” လို့ပြောပြပါတယ။်
               Lasik ကုသမှုမစခင်ကတည်း က မျက်ကြည်လွှာ၏ အထူအပါးကို တိုင်းခြင်း၊ လေဆာဖြင့် စားရမည့် အထူကို တွက်ချက်ခြင်း စသည်တို့ အားပြုလုပ်ကာ အချက်အလက် data များအား ကွန်ပျူတာ ထဲတွင် ထည့် သွင်းပေးရကြောင်း သိရပါတယ်။ အဝေးမှုန်သူများကို ပြုပြင်ပေး ပြီးတဲ့အခါ အချို့သော သူများ အတွက် စာဖတ်ရန် အနီးကြည့်မှန်ဘီလူးလို နေသေးသည့်အတွက် ပါဝါထည့်ပြီး Cornea Inlay လုပ်ပေးပြီး မှ Flat ကို ပြန်အုပ်ပေးရကြောင်း ပြောပြ ပါတယ်။ အဝေးမှုန်ရော အနီးမှုန်ပါ ရှိနေ သူများအတွက် မျက်မှန် တပ်ရသူများတွင် Multi focal lenses ထည့်သကဲ့သို့ သဘောတရားချင်း အတူတူဖြစ် ကြောင်းလည်း ပြော ပပါတယ်။ Lasik နည်းဖြင့် မျက်စိမှန်ဘီလူး ပါဝါပြုပြင်ပေးတဲ့အခါ အဆိုပါ လူနာ များအနေနဲ့ ဆေးရုံတက်စ ရာမလိုဘဲ ပြင်ပလူနာအဖြစ် ကုသမှုပေးနိုင် ကြောင်း၊ ထုံဆေးပေး၍ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရပါတယ်။
           Lasik ဖြင့် မျက်စိပါဝါ ပြုပြင်သူများအနေနဲ့ ဘယ်အသက်အရွယ်မှာ လုပ်သင့် သလဲဆိုတဲ့ အချက် ကိုလည်း ပြောပြပါ တယ်။ “အသက်အရွယ်ကတော့ အသက် ၁၈ နှစ် ကျော်မှ ပဲလုပ်သင့်ပါတယ်။ မျက်ကြည်လွှာ ဖွံ့ဖြိုးမူက အသက် ၁၈ နှစ်ရောက်မှ ပြီးဆုံးသွားတာဖြစ်တယ်။ အဲဒီ အသက်ထက် ငယ်တဲ့အချိန်မှာ လုပ်ခဲ့ရင် မျက်စိပါဝါက မမှန်သေးတဲ့အတွက် ထပ်ပြောင်း သွားတဲ့အခါ Lasik   နောက်တစ်ကြိမ် ပြန်လုပ်ရတတ်ပါတယ်။ မျက်မှန်ပါဝါတိုင်းကြည့်လျှင် အဝေးမှုန်(-၁၄.ဝ၀)အထိ လည်း ကောင်း၊ အနီးမှုန် (+၈.ဝ၀) အထိ လည်းကောင်း၊ ဆလင်ဒါ (-၄.ဝ၀) ကိုျူေငု ဖြင့် ပြုပြင်ပေးနို င်ကြောင်း သိရပါတယ်။ ဒီကုထုံးကို အဝေးမှုန် သမားများ လုပ်လေ့ရှိကြောင်းလည်း ပြောပြပါတယ်။
          Lasik ကုထုံးခံယူလျှင် ခွဲစိတ် ခန်းဝင်သကဲ့သို့ပင် လူနာ၊ ဆရာဝန် နှင့် သူနာပြုများပါ ပိုးသန့် စင်ခြင်းများ ပြုလုပ်ရကြောင်း ပြောပြပါတယ်။ နဂိုကတည်းက မျက်လုံးခြောက် သွေ့လေ့ရှိသူ SdolDry Eye ဆိုပါကဒီကုထုံး ခံယူပြီးတဲ့နောက် သဘာဝမျက်ရည် နှင့် တူသော အရည်မျက်စဉ်း တစ်မျိုး ကိုပိုခတ်ရ တတ်ကြောင်း သိရပါတယ်။ အသည်းရောင်အသားဝါ Bပိုး၊ C ပိုး နှင့် ဆီးချိုသွေးချိုရှိသူများလည်း  cotrol လုပ်ပြီး Lasik ကုထုံးကို ပြုလုပ်နိုင်ကြောင်း၊ သို့သော် အမြင် အာရုံမှာ ရောဂါတစ်ခုခုရှိနေခြင်း၊ ရေတိ မ်ရောဂါ၊ မျက်ကြည်လွှာရောဂါ ရှိခဲ့လျှင် မပြုလုပ်သင့်ကြောင်း ပြောပြ ပါတယ်။
         မြန်မာနိုင်ငံမှာတော့ Lasik ကုထုံးကို လွန်ခဲ့တဲ့ ၃နှစ်လောက် ကတည်းက စတင်ပြုလုပ်နိုင်ခဲ့ တာ ဖြစ်ပြီး ပထမဦးဆုံးLasik ပြုလုပ် နိုင်တဲ့ တစ်ခုတည်းသော မျက်စိအထူးကု ဆေးခန်းကတော့ ရနကုန်မြို့ တာမွေမြို့နယ်၊ ဦးချစ်မောင်လမ်းမှာ ရှိသော IQ Vision မျက်စိ အထူးကု ဆေးခန်း ကြီးပဲ ဖြစ်ပါတယ်။ ကုသမှုပြုလုပ်ပေးခဲ့ပြီးဖြစ်ပြီး ရာနှုန်း ပြည့်အောင်မြင်မှုတွေလည်း ရရှိခဲ့ ကြောင်း သိရပါတယ်။ iQ Vision ဆေးခန်းမှ Lasik ပြုလုပ်ပေးသည့် ဆရာဝန်ကြီးများမှာ နိုင်ငံတကာအသိအမှတ်ပြု လက်မှတ် များ ရရှိထားသည့်အပြင် တန်ဖိုး ကြီးမားလှသော Lasik ပြုလုပ်နိုင် သည့် စက်ကြီးဟာ ဂျပန်နိုင် ငံထုတ် ဖြစ်ပြီး စက်ကိရိယာကိုင်တွယ်သည့် ကျွမ်းကျင်တာဝန်ရှိသူများကို ဂျပန် ခြင်းဖြစ်ကြောင်း iQ Vision အထူးကု ဆေးခန်းမှ တာဝန်ရှိသူတစ်ဦးက ဖြည့်စွက် ပြောပြခဲ့ပါတယ်။ နိုင်ငံခြားသို့သွား၍ Lasik ကုထုံးခံ ယူမယ်ဆိုလျှင် ကုသစရိတ် အပြင် ဟိုတယ်စရိတ်၊ လေယာဉ် စရိတ်များ ထပ်မံ ကုန်ကျနိုင်တယ်လို့ သိရ ပါတယ်။ iQ Vision မှာတော့ အဆိုပါ နှုန်းထက်အများကြီးသက် သာ သော ဈေးနှုန်းနှင့် ပြု လုပ်ပေး တယ်လို့ သိရကြောင်းဖော်ပြရင်းနိဂုံးချုပ်လိုက် ပါတယ်။

မျက်စိအန္တရယ်မဖြစ်အောင် ဘယ်လိုပြုမူနေထိုင်သင့်သလဲ..

       (မျက်စိအထူးကုဆရာဝန်ကြီး ဒေါက်တာ(ဦး)ဇော်ထွန်းလင်းနှင့်တွေ့ဆုံမေးမြန်းခြင်း-၁/၁၁/၂၀၁၁)

     ယနေ့ ကာလမှာ လူ အများစု ဟာ အချိန်ကြာကြာ တီဗီ ကြည့်တယ် ... ကွန်ပျူတာ ရှေ့မှာ ထိုင်တယ်။ ဂိမ်းဆော့ ကြတယ်။ ဒါတွေ လုပ်တာ မျက်စိ ထိခိုက် သလား။ မျက်စိ အန္တရာယ် မဖြစ်အောင် ဘယ်လို ပြု မူ နေထိုင် သင့်သလဲ။မျက်စိ အထူးကု ဆရာဝန်ကြီး ဒေါက်တာ ဦးဇော်ထွန်းလင်း M.B.B.S, M.Med.Sc (OpHTH) ကို တွေ့ဆုံပြီး မေးမြန်း ထားပါတယ်။

မေး။ ။ တီဗီ ကြာကြာ ကြည့်ရင်။ ကွန်ပျူတာ ဂိမ်း စခရင် ကြာကြာ ကြည့်ရင် မျက်စိ ထိခိုက် သလား။

ဖြေ။ ။ တီဗီ ကြာကြာ ကြည့်လို့ ကွန်ပျူတာ စခရင် ကြာရှည် ကြည့်လို့ စက္ခု အာရုံ ကုန်ခန်း သွားတယ် လို့တော့ မရှိဘူး။ ဒါပေမယ့် ခရီးရှည် လမ်းလျှောက်ရင် ခြေထောက် ညောင်းသလိုပဲ။ တီဗီကို ဆက်တိုက် ကြာရှည် ကြည့်ရင် မျက်စိ ညောင်းတာ။ မျက်ရည် ကျတာ၊ မျက်ရည်ပူ ကျတာ၊ မျက်ရိုး ကိုက်တာ၊ ခေါင်း ကိုက် ဇက်ကြော တက်တာ မျိုး တွေ တော့ ဖြစ်နိုင် ပါတယ်။

မေး။ ။ အဲဒါ တီဗီ ကြောင့် မဟုတ် ဘူးလား။
ဖြေ။ ။ တီဗီ မော်နီတာ ကို ကြည့်တာ ကြာ လေလေ မျက်လုံး ဖွင့်ထားတဲ့ ကာလ ကြာ လေလေ မျက် လုံးပေါ်က မျက်ရည် ခန်းခြောက်မှု များ လေလေ ပဲ။ မျက်ကြည်လွှာ ရဲ့ အပြင်လွှာမှာ မျက်ရည် စို စွတ် နေဖို့ လိုတယ်။ မျက်ရည် ခန်းခြောက် သွားရင် မျက်ကြည်လွှာ မှာ ပုံရိပ် မထင်ရှား တော့ဘူး။ ပုံရိပ် မထင်ရှား ရင် မျက်စိ အားစိုက် ရတဲ့ အတွက်ကြောင့် ဇက်ကြော တက်တာတို့၊ မျက်ရိုး ကိုက်တာ တို့ ခဏခဏ အဖြစ် များတယ်။ အဲကွန်းခန်း ထဲမှာ ဆိုရင် မျက်ရည် ခန်းခြောက်နှုန်း ပိုများ ပါတယ်။ ကွန်ပျူတာ ကြည့်တာ ကြာလို့ မျက်ရည် ခန်းခြောက်ရင် computer eye drops, RENU eye drops, Cooleye eye drops တွေ ခပ်ရင် ပိုကောင်း ပါတယ်။ မျက်ရည် အင်အား ကို ဆောင်းပေးတဲ့ သဘောပါ။

မေး။ ။ ဒီလိုဆိုရင် အချိန် ဘယ်လောက် ကြာကြဲာ အများဆုံး ကြည့်ရှု သင့်သလဲ။
ဖြေ။ ။ တီဗီ မော်နီတာ၊ ကွန်ပျူတာ ဂိမ်းတွေကို တစ်နာရီ ထက် ပိုပြီး တောက်လျှောက် မကြည့် သင့်ဘူး။ တစ်နာရီ ကြည့်ပြီးရင် မျက်လုံး ကို ခေတ္တ အနား ပေးပါ။ မျက်လုံး စွတ်စို အောင်ပေါ့။ ဗီဒီယိုဂိမ်း၊ ကွန်ပျူ တာဂိမ်း တစ်နာရီ ကျော် ကြာကြာ ကြည့်ပြီးရင် ကစားပြီးရင် ဆယ်မိနစ် လောက် နားပြီး အဝေးကြည့် မြင် ကွင်းကို ကြည့်ပေး သင့်တယ်။ ကွန်ပျူတာ ကြာကြာ ကြည့်ဖို့ ဂိမ်း ကြာကြာ ကစားဖို့ လိုရင် ကိုယ့်မျက်စိ နဲ့ ကိုက်ညီတဲ့ ပါဝါ မျက်မှန် ကို လိုအပ်ရင် တပ်ထားဖို့ သတိ ပေးချင် ပါတယ်။ နည်းနည်း ကြာကြာ ထိုင်ကြည့် ရင် အဆင် မပြေ ဘူးထင်ရင် မျက်စိ ပါဝါစစ်၊ လိုအပ်ရင် မျက်မှန် တပ်သင့် ပါတယ်။

မေး။ ။ တီဗီ အမျိုးအစား အရည်အသွေး က မျက်လုံး ထိခိုက်မှုမှာ တစ်ခု နဲ့ တစ်ခု ကွာ သလား။
ဖြေ။ ။ ကွာပါတယ်။ Resolution ခေါ်တဲ့ ပုံဖော် အစက် အပြောက် တွေ ကြဲရင် ၊ resolution ညံ့တဲ့ တီဗီ ကြည့်ရင် မျက်လုံး ပို ထိခိုက် တ။ယ်။ အရုပ် ပီသ ထင်ရှားမှု မရှိရင် တီဗီ ကြည့်ပြီး ဒါမှမဟုတ် ကြည့်နေဆဲ မှာပဲ ခေါင်းကိုက်၊ မျက်ရိုး ကိုက်တာ ဖြစ်လာ နိုင်တယ်။ အရုပ် ပီသပေမဲ့ အလင်းရောင် ကစား နေတာ။ အရုပ်တွေ သိပ်လှုပ်ရှား နေတာ ရှိရင်လည်း အဲသည် ဝေဒနာတွေ ဖြစ်တတ်တယ်။ နောက် တစ်ခု ကတော့ ဓါတ်ရောင်ခြည် ပေါ့။ အလင်းရောင် ထုတ်လွှင့်တဲ့ ပစ္စည်းတွေမှာ ဓါတ်ရောင်ခြည်ရှိတယ်။
ဥပမာ လျှပ်စစ် မီးချောင်း မှာလည်း ရှိတယ်။ မွေးကင်းစ ကလေးတွေ အသည်းရောင် အသားဝါ ရင် မီးချောင်း ပြရတယ်။ ဓါတ် ရောင်ခြည် သုံးတာပေါ့။ ခေတ် သိပ်မမီတဲ့ တီဗီတွေ၊ မော်ဒယ် နိမ့်တဲ့ တီဗီ တွေက ဓါတ်ရောင်ခြည် ပိုထွက်တယ်။ တန်ဆေး လွန်ဘေးပဲ။ ယခုအခါ ကြိုတင် စစ်ဆေး ကန့် သတ် ပြဋ္ဌာန်းချက် တွေနဲ့ အညီ ထုတ်လုပ် ရောင်းချတာ များလား လို့ အန္တရာယ်တော့ နည်းပါတယ်။ နယ်စပ်က ဝင်လာတဲ့ တီဗီ တွေကို သုံးရင် သတိထား သင့်တယ်။ တစ်နာရီကို ၀.၅ မီလီရွန်ဂျင် ထက် မပိုဘဲ ရောင်ခြည် ထွက်မှ စိတ်ချ ရတယ်။ မျက်စိ ရောဂါ ရှိလို့၊ အတွင်းတိမ် ခွဲထုတ် ထားရလို့ နေကာ မျက်မှန် အမြဲ တပ်ထား ဖို့ လိုတဲ့သူ တွေ ကတော့ တီဗီ ကြည့်ရင် ခပ်ခွာခွာ ကကြည့်ရပြီး နေကာ အမြဲ တပ်ထား နိုင်တယ်။

မေး။ ။တီဗီ ကြည့်ရာမှာ ရှေ့တည့်တည့် က ထိုင်ရမယ်။ ဘေး ခပ်စောင်းစောင်း ထိုင်သင့်တယ် ဆိုတဲ့ သက်မှတ်ချက် မျိုးတွေ ရှိသလား။
ဖြေ။ ။ သက်တောင့် သက်သာ မညောင်းမညာ ကြည့်နိုင်တဲ့ အနေအထား က တီဗီ မှန်သားပြင်ရဲ့ ရှေ့ တည့်တည့် ဖြစ်တယ်။ မှန်သားပြင် နဲ့ မျက်စိ အနိမ့်မမြင့် တစ်တန်းတည်း ဖြစ်နေ ရမယ်။ ကိုယ်က မြင့်နေ ရင် ငုံ့ကြည့် ရမယ်။ ကလေး တွေလို ကိုယ်က ကြမ်းပေါ်က ထိုင် ကြည့်ရင် မော့်ကြည့် ရမယ်။ ဒါမှမ ဟုတ် ဘေး ရောက်နေရင် စောင်း ကြည့်ရလို့ ဇက်ညောင်း၊ ဇက်ကြောတက်၊ ခေါင်းမူး၊ ခေါင်းကိုက် မျက်ရိုးကိုက် ဖြစ်မယ်။

မေး။ ။ တီဗီ ကြည့်နေစဉ်မှာ အခန်းကို ရုပ်ရှင်ရုံလို အမှောင် ချထားရင် ပိုကောင်း သလား။
ဖြေ။ ။ မကောင်းဘူး။ အခန်းတွင်း အလင်းရောင်က မမှောင်လွန်း၊ မလင်းလွန်း မျှတရမယ်။

မေး။ ။ တီဗီကြည့် ကွန်ပျူတာ ရှေ့ ထိုင် ဂိမ်းကစား တာတွေဟာ မျက်စိ ထိခိုက် စေတာ တွေပဲလို့ ပြောရင် ရသလား။
ဖြေ။ ။ ဒါတွေ ရှောင်ဖယ် နေရင် ခေတ် နောက်ကျ ကျန်ရစ်မှာပဲ။ အသုံး ပြုရာမှာ မျက်စိ မထိခိုက်အောင်
သတိနဲ့ ဆင်ခြင်ပြီး သုံးစွဲရမှာပဲ။

Source.....Future World

ဒေါက်တာတင့်ဆွေရေးတဲ့ Cataract မျက်စိတိမ် အကြောင်း

Cataract မျက်စိတိမ်

                     နာတာကျင်တာဘာမှမခံစားရဘဲတဖြေးဖြေးနဲ့ ရေရှည် မျက်စိ မှန်ဘီလူးမှာ တိမ်လိုဖြစ်လာတာ ကို ခေါ် တယ်။ အမြင်စွမ်းအားက တဖြေးဖြေးမှုံဝါးလာမယ်။ ကြာရင်မျက်စိကွယ်တဲ့အထိ ဖြစ်နိုင်တယ်။
• Blurry Vision မျက်စိမှုံမယ်၊

• Glare ဝေဝါးလာမယ်၊ အလင်းရောင်များတာကို မခံနိုင်ဘူး။ ညအချိန်ကားမောင်းဘို့ ခက်လာမယ်။

• Double Vision (diplopia) အရုပ်ကို နှစ်ခုမြင်လာမယ်။

• Color Changes အရောင်တွေကိုခွဲခြားရတာခက်လာမယ်။ အညိုနဲ့ အဝါခွဲဘို့ခက်လာမယ်။ နောက်ပိုင်းမှာ အပြာနဲ့ ခရမ်းရောင်ကိုခွဲဘို့ခက်လာမယ်။

• Second Sight တခါတလေ အနီးကိုကြည့်ရတာ ခဏတာ ပိုကောင်းလာတတ်တယ်။ ကြာရင်တော့ ပိုပိုဆိုးလာမယ်။

• New Prescription မျက်မှန်တပ်နေရသူဆိုရင် ပါဝါလဲလဲပေးရမယ်။

• အသက်ကြီးမှဖြစ်တာများပေမဲ့ ငယ်သူတွေမှာလဲ ဖြစ်တတ်တယ်။ အမေရိကားမှာ အသက် ၆၅ နှစ်ကျော်သူတွေမှာ တဝက်မက တိမ်ရှိကြတယ်။ မွေးကတည်းကရောဂါကြောင့်ဖြစ်ဖြစ်၊ ခိုက်မိလို့ဖြစ်ဖြစ် တိမ်ဖြစ်တာလဲ ရှိတတ်တယ်။

o ဆီးချို၊

o ဆေးလိပ်၊

o အရက်၊

o ထိခိုက်မိတာ၊

o Corticosteroids (စတီရွိုက်) ဆေးအကြာကြီးသုံးရတာ၊

o နေရောင်၊ ဓါတ်ရောင်ခြည်သင့်တာတွေကနေ ဖြစ်စေနိုင်တယ်။

Eye exam မျက်စိစမ်းသပ်ပါ။ လိုအပ်ရင် သူငယ်အိမ်ကျယ်စေပြီးမှ စမ်းရမယ်။

• Surgery for Cataracts ခွဲစိတ်ကုသခြင်း၊ အကြည့်ကို မျက်မှန်နဲ့ မမြင်ရတော့ရင် ခွဲစိတ်ရမယ်။ ဆေးရုံမတက်ဘဲလဲခွဲလို့ရတယ်။

• Types of Cataract Surgery ခွဲစိတ်နည်း ၂ နည်းရှိတယ်။

        Phacoemulsification (Phaco) နည်းကို အများဆုံးသုံးတယ်။ lens မှန်ဘီလူးကိုUltrasound waves နဲရှင်းပေးပြီး ထုတ်ပြစ်တယ်။ Intraocular lens (IOL)ကိုအစားထိုးပေးမယ်။ extracapsular cataract surgery နည်းမှာဒါးရာပိုကြီးရတယ်။

• Cataract Surgery Innovations ခွဲစိတ်နည်းသစ်တွေလဲရှိလာတယ်။

• What to Expect After Surgery

       ခွဲပြီးစမှာ အလင်းရောင်ကို ကောင်းကောင်းအထိမခံနိုင်သေးဘူး။နေကာမျက်မှန်တပ်ရမယ်။ အနာ ကျက်ဘို့ရာ ၈ ပါတ်လောက် ကြာနေမယ်။ ကြည့်ရတာတော့ချက်ချင်းဆိုသလို ကောင်းလာမယ်။

• Cataract Surgery Risks  ခွဲပြီး အဆင်မသင့်ဖြစ်တာ ရှားပါတယ်။ သွေးယိုတာ၊ ပိုးဝင်တာ၊ မျက်စိ ဖိ အားပြောင်းသွားတာတွေ ဖြစ်ချင် ဖြစ်နိုင်တယ်။ Retinal detachmentဆိုတာဖြစ်ရင် ချက်ချင်း ကုသ ရမယ်။ ထပ်ခွဲရတတ်တာလဲရှိနိုင်တယ်။ after-cataractဖြစ်တာကို Laser လေဆာနဲ့ ကုသနိုင်တယ်။

• Should You Have Cataract Surgery? တိမ်ဖြစ်လာလို့ ချက်ချင်းလဲ ခွဲချင်မှ ခွဲရတယ်။

• Tips to Prevent Cataracts ကာကွယ်ဘို့ရာ-

o Don't smoke ဆေးလိပ်မသောက်ပါနဲ့၊

o Always wear a hat or sunglasses in the sun နေကာမျက်မှန်တပ်ပါ။

o Keep diabetes well controlled ဆီးချို ရှိရင် ထိန်းနေပါ။

o Limit alcohol consumption အရက် မသင့်ပါ။
ဒေါက်တာတင့်ဆွေ

Source.....Knowledge For Your Health

Glaucoma မျက်စိ ရေတိမ်အကြောင်းကို ရှင်းရှင်းလင်းလင်းစုံစုံလင်လင် ဖတ်ကြရပါမယ်

Glaucoma မျက်စိ ရေတိမ်
1. မျက်လုံးရေတိမ်ဖြစ်တာနဲ့ပက်သက်ပြီးလဲ သိချင်ပါတယ် ဆရာ။ ဆောင်ရန်ရှောင်ရန်လေးတွေလဲ ဆရာပြောပေး ပါအုံးရှင့်။
2. ကျွန်မက အခု (့) နိုင်ငံမှာ အလုပ်လုပ်နေပါတယ်။ အသက်က ၄၁ နှစ်ပါ။အလုပ်က ကွန်ပျူတာကိုသုံးပြီး ပုံတွေ ဆွဲရတာပါ။ တနေ့လုံး ကွန်ပျူတာ သုံးနေရပါ တယ်။ ရောက်စက ညာဘက်မျက်စိမှာ အဖြူစက်တွေတွေ့လို့ ဆရာဝန်နဲ့သွားပြပါတယ်။ အဲဒီအချိန်တုန်းက ဘယ်ဘက် ကိုဖုံးထားပြီး ညာဘက် တဖက်တည်းကြည့်ရင် အရှေ့မှာ အလွှာပါးပါး တစ်ခု ကာထားသလိုဖြစ်ပြီး ဝါးနေပါတယ်။ 
အဲဒါ မျက်ကြည်လွှာမှာ အမာရွတ်ရှိနေလို့ဖြစ်တာဆိုပြီး
မျက်စဉ်းတွေ ပေးပါတယ်။ အမြဲသွားပြပြီး စစ်ဆေးနေရ ပါ တယ်။ မျက်လုံးကလည်းတဖြေးဖြေး သက်သာလာပြီး ပုံမှန်ဘဲ ပြန်မြင်လာပါတယ်။ မျက်စဉ်းကို လိုအပ်သလို
အတိုး-အလျော့ လုပ်သွားပြီး ပေးခဲ့ပါတယ်။ အမာရွတ်ဆိုတာကို ပျောက်ဖို့ဆိုရင်မျက်ကြည်လွှာ အစားထိုးမှ ရမယ်လို့ ပြောပါတယ်။ နောက်ပိုင်း သက်သာလာပြီးအမြင်အာရုံကို အနှောင့်အယှက် မပေးဘူးဆိုတော့ မျက်စဉ်းဘဲအမြဲခပ်ပြီးနေခဲ့ပါတယ်။ ဘယ်ဘက်မျက်လုံးက ဝါးလာလို့ ဘယ်ဘက်ကိုပါ မျက်စဉ်း
ခပ်ခဲ့ရပါတယ်။ ဇွန်လ ၁၁ ရက်နေ့ကတော့ ဘယ်ဘက်က အရမ်းဝါးလာပါတယ်။ကွန်ပျူတာကိုတောင် ကြည့်ရင် အရမ်း ဝါးနေလို့ အလုပ်လဲ မသွားနိုင်ခဲ့ပါဘူး။ဆရာဝန်ဆီသွားပါတယ်။ မျက်စဉ်းအသစ် တမျိုး ထပ်ပေးပါတယ်။
           အဲဒီ မျက်စဉ်း ခပ်တာလဲ မသက်သာခဲ့တော့ ဇွန်လ ၁၈ရက်နေ့မှာConsultant တစ်ယောက်နဲ့ သွားပြပါတယ်။ စစ်လိုက်တော့ ဘယ်ဘက်မျက်လုံးမှာCataract ရှိနေလို့ ဖြစ်တာလို့ ပြောပါတယ်။ Eye pressure အရမ်းများနေတယ်လို့ ပြောပါတယ်။ မျက်စဉ်းအသစ်တွေ ပေးခဲ့ပါတယ်။ Eye pressure ကို
အရင်ကျအောင် လုပ်ရမယ်လို့ ပြောပါတယ်။ မျက်စဉ်းအသစ်တွေ သုံးနေပြီးတပတ်အကြာမှာ Eye pressure လဲ ပုံမှန်ဖြစ်သွားပါတယ်။ ဒါပေမဲ့ ဇူလိုင်လ ၃ရက်နေ့မှာ Left eye cataract surgery လုပ်ခဲ့ ပါတယ်။ ခွဲပြီးတော့ ကွန်ပျူတာကိုလည်း ကြည့်နိုင်ပါတယ်။ စာလည်း ဖတ်လို့ မြင်နေရပါပြီ။
        နှစ်ဘက်လုံးမှာ Glaucoma ရှိနေလို့ မျက်စဉ်းကိုတော့ ဆက်ပြီးခပ်သွားရမယ်လို့ ပြောပါတယ်။ အမာ ရွတ် က ပျောက်အောင်လုပ်လို့မရဘူး။ သူ့ကြောင့်ဖြစ်လာမဲ့ မျက်လုံးခြောက်တာကို မျက်စဉ်းခပ်ပြီး ထိန်း ရမယ် လို့ ပြောပါတယ်။
(၁) ကျွန်မမျက်လုံးမှာ အဲဒီိလိုကိစ္စတွေရှိနေတော့ အခုလက်ရှိလုပ်နေတဲ့ ကွန်ပျူတာကိုတနေ့လုံးသုံးနေရတဲ့ အလုပ်ကိုဆက်ပြီးလုပ်သင့်ပါသလား။ ဆက်ပြီးလုပ်နေရင် ပိုဆိုးလာနိုင်ပါသလား။
(၂) Glaucoma ကရော ဘယ်လိုကြောင့်ဖြစ်လာတာပါလဲ။ ပြီးတော့ ဘယ်လိုကုသမှပျောက်မှာလဲ။ မျက်စဉ်း အမြဲ ခပ်သွားရမယ်ဆိုတာ ဟုတ်ပါသလား။ အဲလိုမျက်စဉ်းအမြဲခပ်သွားရင်ရော Glaucoma ကို ပိုမ ဆိုးအောင် ထိန်းနိုင်လို့လား။Glaucoma ဆိုတာ ကုလို့ပျောက်တဲ့ ရောဂါလားဆိုတာသိချင်လို့ပါ။
(၃) Cataract ဆိုတာရော ဘယ်လိုကြောင့်ဖြစ်တာပါလဲ။ ကြားဖူးတာတော့ တစ်ဖက်ဖြစ်ပြီး ရင် နောက် တဖက်လည်း ဖြစ်တတ်တယ်လို့ ကြားဖူးပါတယ်။ အဲဒါရောဟုတ်ပါသလား။ ညာဘက်မှာပါထပ်ဖြစ်မှာ စိုးရိမ်နေလို့ပါ။
(၄) ညာဘက်မျက်လုံးမှာ ရှိနေတဲ့ scar ကိုရော ဘယ်လိုလုပ်သင့်ပါလဲ။ မျက်စဉ်းအမြဲခပ်သွားရမှာလား။
(၅) ပြီးတော့ မျက်စဉ်း ကြာရှည်စွဲခပ်ရင် တိမ်ဖြစ်တတ်တယ်ဆိုတာရော ဟုတ်ပါသလား။
(၆) မျက်လုံးရောဂါရှိနေတဲ့သူတစ်ယောက်က ကျွန်မသုံးနေတဲ့ မျက်စဉ်းကိုယူခပ်ရင် သူ့ရဲ့မျက်လုံးရောဂါ ကျွန်မကို ကူးနိုင်ပါသလား။
          အလုပ်နဲ့ ကိုယ့်မျက်စိအခြေအနေကို နောက်ဆုံးကုသပေးတဲ့ မျက်စိအထူးကုဆရာဝန်က အကောင်းဆုံး အကြံပေးနိုင်ပါတယ်။ ဆင်ခြင်မှု တချို့နဲ့အလုပ်ဆက်လုပ်နိုင်မယ်လို့ ဆရာအနေနဲ့ ပြော ချင်ပါတယ်။ Glaucomaရေတိမ်အကြောင်း သပ်သပ် မရေးဖြစ်သေးလို့ ရေးပါမယ်။ မျက်စိမှာ အရည် ထွက်လမ်းကျဉ်းတာ-ပိတ်တာကြောင့် ဖိအားများနေတယ်။ မျက်စိကို ထိခိုက်လာတယ်။ ဒေါင့် ကျဉ်း အမျိုး၊ ဒေါင့်ကျယ်အမျိုးလို့ ရှိတယ်။ တချို့ကချက်ချင်းခွဲရတယ်။ တချို့က မျက်စဉ်းနဲ့ သက်သာနေ အုံးမယ်။Cataract အတွင်းတိမ် ကလဲ အကြောင်းမျိုးစုံကနေဖြစ်စေတယ်။ လူတွေ အသက်ရ ရင်ဖြစ်ကြ တာများတယ်။ အိုနာသဘောလဲ ပါတယ်။ Scar အမာရွတ်ဆိုတာထိခိုက်မှုကနေဖြစ်တယ်။ မျက်ကြည် လွှာမှာဖြစ်တာကို အပြင်တိမ်လို့ခေါ်တယ်။တခုခုကွယ်ထားသလိုနေမယ်။ အမာရွတ်သပ်သပ်ကို ထုတ်လို့၊ ရှင်းလို့မရတာမို့Cornea မျက်ကြည်လွှာ တခုလုံး အစားထိုးရတယ်။တိမ်ဖြစ်စေမဲ့ မျက်စဉ်းဆိုရင် ဆရာဝန် က ပေးမှာမဟုတ်ပါ။
         ကူးစက်တယ်ဆိုတာ ရောဂါပိုးကသာဖြစ်စေတယ်။ အတွင်းတိမ်၊ အပြင်တိမ်၊ မျက်ကြည်လွှာ
အမာရွတ်တွေက ပိုးနဲ့မဆိုင်ပါ။ မျက်စဉ်းဆိုတာလဲ အမျိုးမျိုးရှိလို့ဘယ်မျက်စဉ်းလဲသိဘို့ လိုပေးပါတယ်။ မျက်စိနာအတွက်သုံးတာကိုနောက်တယောက်ခပ်ရင် ကူးနိုင်ခြေ ရှိတယ်။Glaucoma မျက်စိရေတိမ်
         WHO အဆိုအရ တကမ္ဘာလုံးဆိုရင် မျက်စိကွယ်စေတဲ့ အကြောင်းရင်းထဲမှာဒုတိယလိုက်တယ်။ ပဌမက Cataracts အတွင်းတိမ် ဖြစ်တယ်။ မျက်စိရေတိမ်ကို"တိတ်တိတ်လေး အမြင်စွမ်းကို အခိုးခံနေရ တယ်" လို့ တင်စားကြတယ်။
        မျက်စိရောဂါတွေထဲမှာ အရေးကြီးရောဂါတခုဖြစ်တယ်။ မျက်စိအတွင်းထဲမှာဖိအားသက်ရောက်တာ ခံနေရတယ်။ အချိန်နဲ့ တပြေးညီ စနစ်တကျကုသမှု မလုပ်ရင်အမြင်အာရုံကြောကို ထိခိုက်ရာ ကနေ မြင်နိုင် စွမ်းကို ထိခိုက်စေမယ်။အစပိုင်းမှာ ဘေးပိုင်းအမြင် အားနည်တာဖြစ်စေမယ်။ နောက်ဆုံး မျက်စိကွယ်မယ်။
         Types of Glaucoma ရေတိမ်အမျိုးအစားတွေ

(၁) Primary open-angle glaucoma ဆိုရင် အရည်ထွက်လမ်း လုံးဝပိတ်နေတာတော့မဟုတ်ဘူး။ Trabecular meshwork ဆိုတာလေး တစိတ်တပိုင်း ပိတ်နေတယ်။တဖြေးဖြေးချင်း မျက်စိနှစ်ဖက်လုံး မှုံလာတယ်။ အသက်ကြီးထာရင် Tunnel visionဖြစ်လာမယ်။
(၂) Acute angle-closure glaucoma ဆိုရင် မျက်စိအတင်းနာမယ်။ပျို့-အန်မယ်။ ရုတ်တရက် မျက်စိမှုံ လာမယ်။ အဝိုင်းကွင်းတွေ မြင်နေရမယ်။မျက်စိနီနေမယ်။ Iris သူငယ်အိမ်ကြွက် သား ရှေ့ဖက် ကို ဖေါင်း တာတယ်။ ကြာတော့Aqueous fluid အရည်က Trabecular meshwork ဆီ မရောက်နိုင်တော့ဘူး။
ရုတ်တရက်လဲဖြစ်သလို ဖြေးဖြေးချင်းလဲဖြစ်နိုင်တယ်။ ဒေါင့်ကျဉ်းနေသူမှာသူငယ်အိမ်ကျယ်လာရင် Acute angle-closure glaucoma ဖြစ်လာနိုင်တယ်။အမှောင်ထဲ ဝင်လိုက်ချိန်မျိုး၊ စိတ်ဖိအားများတာမျိုး၊ စိတ်လှုတ်ရှားမှုများတာမျိုး၊ ဆေးတချို့ကြောင့်လဲဖြစ်နိုင်တယ်။ ဥပမာ Desloratadine(Clarinex), Cetirizine (Zyrtec), Doxepin, Protriptyline (Vivactil),Atropine eyedrops တခြား အမျိုးအစားခွဲနည်းတွေ -

(1) Primary open-angle glaucoma ဖြစ်နေသူ တဝက်လောက်က ဒီရောဂါရှိနေတာကို မသိကြဘူး။

(2) Angle-closure glaucoma ရုတ်တရက်ဖြစ်တယ်။

(3) Normal-tension glaucoma ကို normal-pressure glaucoma, low-tensionglaucoma or low-pressure glaucoma လို့လဲခေါ်တယ်။ IOP က များမနေဘူး။ဘာလို့ဖြစ်သလဲ မသေခြာဘူး။ ဂျပန်လူမျိုးတွေနဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တယ်။

(4) Pigmentary glaucoma ရှားတယ်။ ယောက်ျားတွေနဲ့ အသက် ၃ဝ-၄ဝ ကြားမှာ အဖြစ်များတယ်။

(5) Secondary glaucoma နာတာရှည်ဖြစ်တယ်။ မျက်စိထိခိုက်ခံထားရာကနေဆက်ဖြစ်တယ်။ Eye infection, Inflammation, Tumor or enlargement of thelens due to a Cataract တွေကနေလဲ ဆက်ဖြစ်နိုင်တယ်။

(6) Congenital glaucoma မွေးရာပါဖြစ်တယ်။ ကလေးငယ်တော့ စမ်းရခက်တယ်။ ယောက်ျားလေးတွေ မှာ ပိုဖြစ်တယ်။Complications နောက်ဆက်တွဲဖြစ်လာနိုင်တာတွေ -

• Blind spots မျက်စိအမြင်စက်ဝန်း ဘေးပိုင်းမှာ မမြင်နိုင်တဲ့နေရာလေးတွေ ဖြစ်တယ်။

• Tunnel vision မြောင်းထဲကနေကြည့်နေရသလိုဖြစ်မယ်။

• Total blindness လုံးဝ မျက်စိကွယ်မယ်။Tests and diagnosis စမ်းသပ်နည်းတွေ

           အရေးကြီးတဲ့ ရောဂါတွေကို လူနာလာမှ ဆေးကုပေးတာမျိုး တင်မကဘဲ Screening
ခေါ်တဲ့ လူအများကို ဆန်ကာတင် စစ်နည်းနဲ့ လုပ်ရတယ်။ ထုံးစံအတိုင်းမျက်စိစစ်ရင် Tonometer ကရိယာသုံးတယ်။ IOP မျက်စိထဲက ဖိအားကို တိုင်းတယ်။ပုံမှန်ဆိုရင် IOP က 21 mmHg ထက်နည်းရတယ်။ 30 mmHg ထက်များနေရင်မျက်စိကွယ်ဘို့ ကောင်းနေသူတွေ 15 mmHg သာရှိနေသူတွေထက် အဆ ၄ဝ များနေပြီ။Optic nerve damage မျက်စိအာရုံကြောစစ်ဆေးမယ်။ Visual fieldtest မြင်ကွင်းအကျယ်တိုင်းမယ်။ Cornea thickness မျက်ကြည်လွှာအထူတိုင်းမယ်။
Sophisticated imaging technology နည်းအဆန်းနဲ့လဲ စမ်းနိုင်တယ်။ဒီနည်းတွေထဲမှာ Scanning laser polarimetry (SLP), Optical coherencetomography (OCT) and Confocal scanning laser ophthalmoscopy တွေပါတယ်။Gonioscopy နဲ့ Visual field testing ဆိုတာတွေလဲ လုပ်တယ်။ 
Glaucoma Treatments မျက်စိ-ရေတိမ်ကို ဘယ်လိုကုသမလဲ

နည်း (၃) နည်းသုံးတယ်။ မျက်စဉ်း နဲ့ ဆေးတွဲပေးတာဟာ IOP ကျအောင် လုပ်တာဖြစ်တယ်။ နာတာမ ရှိတော့ မျက်စဉ်း ခပ်ဘို့ ပေါ့ဆတတ်တယ်။
1. Eyedrops မျက်စဉ်း

• Prostaglandin-like compounds = Latanoprost (Xalatan) and Bimatoprost (Lumigan) တွေသုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနဲနဲနီမယ်၊သူငယ်အိမ်ပိုနက်မယ်။ မျက်ခံအမှော ရောင်ချယ်ပိုများမယ်။ မျက်စိသိပ်ကြည့်မကောင်း ဖြစ်မယ်။ အမြင်လွှာရောင်မယ်။

• Beta blockers = Timolol (Betimol, Timoptic), Betaxolol (Betoptic) andMetipranolol (Optipranolol) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ =အသက်ရှူခက်မယ်။ နှလုံးခုန်နှေးမယ်။ ဆံပင်ကျွတ်မယ်။ သွေးဖိအား ကျမယ်။ကျား-အင်္ဂါသန်မှု နည်းမယ်။ အားယုတ်မယ်။ စိတ်ကျမယ်။ မှန်ဥာဏ်လျှော့မယ်။ပန်းနာရှိသူ၊ အသက်ရှူလမ်းရောဂါရှိသူ၊ ဆီးချိုရှိသူတွေကို သတိနဲ့သာပေးတယ်။

• Alpha-agonists = Apraclonidine (Iopidine) and Brimonidine (Alphagan)
တွေသုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = အားယုတ်၊ ခေါင်းမူး၊မျက်စိနီ-ယား-ရောင်၊ အာခေါင်ခြောက်။

• Carbonic anhydrase inhibitors = Dorzolamide (Trusopt) and Brinzolamide(Azopt) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ = ဆီးခဏခဏသွား၊ ခြေ-လက်ကျင်။

• Miotic or cholinergic agents = Pilocarpine (Isopto Carpine) andCarbachol (Isopto Carbachol) တွေ သုံးတယ်။ ဘေးထွက်-ဆိုးကျိုးတွေ =မျက်စိနေရာနာ၊ မျက်စိကြည့် မကောင်း၊ နှာစေသလိုဖြစ်၊ တံတွေးများ၊ အစာမကျေ။

• Epinephrine compounds = Dipivefrin (Propine) ကို သုံးတယ်။ဘေးထွက်-ဆိုးကျိုးတွေ = မျက်စိနီ၊ ရင်တုန်၊ သွေးဖိအားများ၊ ခေါင်းကိုက်၊စိုးရိမ်။
2. Oral medications စားဆေးတွေ

Eyedrops မျက်စဉ်တခုတည်းနဲ့မရရင် သောက်ဆေးပေးမယ်။ Carbonic anhydrase inhibitor ဆေးကို အစာနဲ့ တွဲသောက်ရတယ်။
3. Surgery ခွဲစိတ်ကုသနည်း

သောက်ဆေး မခံနိုင်ရင်၊ သောက်ဆေး + မျက်စဉ်းနဲ့ မရရင် လိုအပ်ရင် ခွဲရမယ်။

• Laser surgery လေဆာနည်းနဲ့ခွဲခြင်း။ Open-angle glaucoma အတွက် Trabeculoplasty ကိုလုပ်တယ်။

• Filtering surgery မျက်စဉ်းရော လေဆာရောမရရင် Trabeculectomy နည်းလုပ်တယ်။

• Trabecular meshwork တစိတ်တပိုင်းကို Electrocauterizing tool သုံးပြီး ထုတ်ပေးတယ်။

• Drainage implants ဆိုတာ ထည့်ပေးတယ်။ Lifestyle and home remedies အိမ်မှာ ဘယ်လိုနေမလဲ

• Acute angle-closure glaucoma ဒေါင့်ကျဉ်းရေတိမ်ဆိုတာ အရေးပေါ်ဖြစ်တယ်။ ချက်ချင်း မျက်စိ အထူးကုဆရာဝန်ကို ပြပါ။

• Sip fluids frequently ရေ-အရည် များများသောက်ပါ။

• Exercise safely သင့်တော်တဲ့ ကိုယ်လက်-လေ့ကျင့်ခန်းလုပ်ပါ။

ဒေါက်တာတင့်ဆွေ

Source.......Knowledge For Your Health