မျက်စိနာရုံမျှသာဟူ၍ အလေးမထားသောကြောင့် ဆိုးကျိုးများကြုံကြေရခြင်းမှ
ရှောင်ရှား နိုင်ကြရန်အတွက် ရည်ရွယ်လျှက် ဤဆောင်းပါးကိုပြုစုပါသည်။ မျက်စိနာခြင်း အမျိုးမျိုးရှိရာတွင်
အဖြစ်နည်းသော်လည်း အမြင်အာရုံဆုံးရှုံးစေနိုင်သော မျက်စိနာများလည်းရှိကြောင်း သိစေလို
၍ဖြစ်ပါသည်။ မျက်စိနာများကို အကြောင်းရင်းခံပေါ်မူတည်၍ အောက်ပါအတိုင်း အမျိုးမျိုးအစားစား
ရှိကြောင်း တွေ့ကြရမည်ဖြစ်ပါသည်။
(၁) မွေးကင်းစကလေး
မျက်စိနာခြင်း(Ophthalmia
neonatorum)
မွေးကင်းစကလေးတွင်လည်း မျက်စိနာဖြစ်တတ်ပါသည်။
မွေးကင်းစအရွယ်မှ တလသား ၀န်းကျင်အတွင်း မျက်ဝန်းအိမ်အတွင်း၌ မျက်ဝတ်နှင့်ပြည်များ ပြည့်နေသည်ကို
တွေ့ကြရပါမည်။ မျက်မြှေးလွှာ၌ ပြင်းထန်သောပြည်တည်နာ (Purulent conjunctivitis) ဖြစ်၏။မွေးမွေးခြင်းဖြစ်
တတ်ပြီး မိခင်မှကလေးသို့ကူးခြင်းဖြစ်၏။ မိခင်၏မိန်းမကိုယ်၌ရောဂါပိုးရှိနေပြီး ၄င်းပိုးမှာ
လိင်ဆက် ဆံရာမှတဆင့် ကူးစက်တတ်သော ကာလသားရောဂါပိုး(Gonorrhoea) ဖြစ်ပါသည်။လူနာကို မျက်စိ
အထူးကုဆရာဝန်ထံသို့ အမြန်ဆုံးစေလွှတ်ပါ။ ဤရောဂါမျိုးသည် ကူးစက်လွယ်ပြီး အမှားမခံသည့်
အတွက် မျက်စိအထူးကုဆရာဝန်၏ ကုသမှုများကို ချက်ချင်းခံယူရန်လိုပါသည်။ ကလေးငယ်ကိုပြုစု
ပေးသူများအားလုံး၏လက်များကို သေချာစွာဆေးကြောရန် လိုအပ်ပါသည်။ လိင်ဆက်ဆံမှုမှ တဆင့်ကူးစက်သော
ရောဂါဖြစ်သည့်အတွက် ကလေး၏မိဘနှစ်ပါးလုံး တပြိုင်နက်တည်းကုသမှု ခံယူရပါမည်။
Ophthalmia Neonatorum မျက်စိနာသည် ကာလသားရောဂါပိုးကြောင့်
ဖြစ်သည့် အတွက် ကာလသား ရောဂါပိုး ကိုလိုက်၍ အမျိုးမျိုးရှိပါသည်။
(၂)
ဗိုင်းရပ်ရောဂါပိုးကြောင့် ဖြစ်သောမျက်စိနာ(Viral Conjunctivitis)။ အဖြစ်များသောမျက်စိနာဟု
ဆိုနိုင်ပါသည်။ ရာသီအကူးအပြောင်းများတွင် ဖြစ်တတ်ပါသည်။
မျက်မြှေးလွှာ (Conjunctiva) ရောင်လျှက် မျက်စိနီနေသည်ကို တွေ့ရ၏။ မျက်ခွံများမို့နေပြီး
မျက်ရည်ပူကျသည်ကို တွေ့ရမည်ဖြစ် သည်။ ၄င်းကို
မျက်မြှေးလွှာ၏အပေါ်ယံပါးလွှာသောအပိုင်း၌ သွေးယိုစိမ့်ခြင်း (Epidermic Haemorrhage
Conjunctivitis)ဟုခေါ်ပါသည်။ ဆက်လက်ဖြစ်နိုင်သည့် ဗက်တီးရီးယားပိုးဝင်ခြင်း မဖြစ်စေရန်
မျက်စိအထူးကုဆရာဝန်၏ကုသမှုကိုခံယူပါ။ ထိုမျက်စိနာသည် သာမန်အားဖြင်(၅) ရက်မှ (၁၄)ရက်အတွင်း
ပျောက်သွားတတ်ပါသည်။ ရေရှည်မဖြစ်သော်လည်း ကူးစက်မှုမြန် ပါသည်။ မိသားစုဝင်အားလုံး၏
လက်များကို မကြာခဏဆေးကြရပါမည်။ ဤနည်းဖြင့် မျက်စိနာကူး စက်မှုကို လျော့ကျစေနိုင်၏။
(၃)
ဝက်သက်ရောဂါကြောင့် ဖြစ်သောမျက်စိနာ။(Measles and the eye) ။ ၀က်သက်ရောဂါသည် ကူးစက်မြန်ပြင်းထန်ဖြစ်ပြီး
ယခင်က(၂) နှစ် (၃)နှစ် ခြားတခါ ပြန်ဖြစ်လေ့ရှိ၏။ကလေးများတွင် အဖြစ်များပြီး ကူးစက်သည်မှ
ရောဂါလက္ခဏာပြသည့် အချိန် (ရောဂါ ပျိုးချိန်-incubation period) သည် (၈) ရက်မှ (၁၅)ရက်အတွင်း
ကြာပါသည်။ ရောဂါ လက္ခဏာ များ နှင့်အတူ လူနာသည်အပြင်း ဖျားလာ၏။မျက်စိနီခြင်း၊ မျက်ကြည်လွှာရောင်ခြင်း
(မျက်ကြည်လွှာမှုန် /နောက်ကျိ(အရေးကြီး) keratitis) နှင့်မျက်မြှေးလွှာရောင်ခြင်း
(conjunctivitis) တို့ကို ဖြစ်စေပါမည်။ ဗက်တီးရီးယားပိုး ၀င်ခြင်း (baterial
infection)ဖြစ်နိုင်သဖြင့် မျက်စိအထူးကုဆရာဝန်နှင့် အမြန် ဆုံးပြပါ။
ဗီတာမင်အေချို့တဲ့လျှင်
မျက်ကြည်လွှာနှင့် မျက်မြှေးလွှာတို့တွင် မျက်စိခြောက်သွေ့ရောဂါ
(Xerophthalmia)ဖြစ်ပွားတတ်ပါသည်။အဖြူရောင်အဖုကလေးများကို မျက်စိ၏ဘေးဖက် (နားရွက် ဖက်)
မျက်မြှေးလွှာပေါ်တွင် ရေမြှုပ်လေးများသဖွယ်(ဖော်ပြပါပုံကဲ့သို့) တွေ့မြင်ရပြီး ၄င်းကို
Bitot’s spot ဟုခေါ်၏။ ကလေးများတွင် ဖြစ်ပွားလေ့ရှိသည့်အပြင် လူနာသည်အလင်းရောင် အနည်းငယ်ကို
သာမြင်နိုင်သည့် အခြေအနေတွင်ရှိတတ်ပါသည်။ အရေးကြီး၍ မျက်စိဆရာဝန်နှင့်အမြန် ဆုံးပြပါ။
မျက်စိခြောက်သွေ့သောရောဂါ
(Xerophthalmia)၏ အပြင်းထန်ဆုံးအခြေအနေ၌၊ ခန္ဒာ ကိုယ်အတွင်းရှိ ဗီတာမင်အေပမာဏ ရုတ်တရက်လျှင်မြန်စွာ
ကျဆင်းသွားသောကြောင့် မျက်ကြည် လွှာပျော့ပျောင်း၍ ပေါက်ထွက်သွားတတ်ပါ၏။ အဆိုးဆုံးအခြေအနေဖြစ်ပြီး
၎င်းကို မျက်ကြည်လွှာ ပျော့သွားခြင်း (Kerato malacia) ဟုခေါ်ပါသည်။
မိခင်နို့ရည်သည် ဗီတာမင်အေနှင့်အခြားဗီတာမင်များ
ကြွယ်ဝစွာပါဝင်သည့်အတွက် နို့စို့ ကလေးများအား မိခင်နို့ရည်ကို အပြည့်အဝတိုက်ကျွေးရန်လိုပါသည်။
မိခင်နို့ရည်ကို ဖြည့်စွက် အာဟာရများ ကျွေးမွေးရန်လိုအပ်သောအရွယ်အထိ အပြည့်အဝသောက်သုံးခဲ့သောကလေးများသည်
ဗီတာမင်နှင့်အာဟာရဓါတ်ချို့တဲ့မှုများ မရှိသလောက်နည်းပါးကြောင်း
ရောဂါဗေဒ ဆိုင်ရာသုတေသီ တို့က ဆိုပါသည်။
(၅) ရေယုန်ရောဂါပိုး နှင့် မျက်စိ(Herpes Simplex
Virus and eye)။ ရေယုန်ရောဂါပိုး(Herpes Simplex Virus)သည် မျက်ကြည်လွှာအနာဖြစ်သည့်
ရောဂါပိုး ဖြစ်ပါသည်။အခြားမျက်စိနာများကဲ့သို့ နာကျင်ခြင်း၊ မျက်စိမှုန်ခြင်း၊ မျက်စိ
နီခြင်း၊ မျက်ရည်ပူကျခြင်း၊ စသည်တို့ကိုခံစားရပြီး၊ ဤရောဂါ၏ ထူးခြားသောလက္ခဏာမှာ သာမန်အလင်းရောင်
(နေရောင် ခြည်မဟုတ်သောနေ့အလင်းရောင်) ကို ကြည့်မိလျှင် မျက်စိ၌နာကျင်ခြင်းပင်ဖြစ်၏။
မျက်စိနာ၍နာကျင် ခြင်းနှင့်မတူဘဲ ထိခိုက်မိ၍နာကျင်ခြင်း နှင့်တူပါသည်။ မျက်စိတဖက်ချင်းစီသာ ဖြစ်ပွားလေ့ရှိ၏။ မျက်စိအထူးကုဆရာဝန်၏ ညွှန်ကြားချက် များအတိုင်း လိုက်နာရန်လိုသောကြောင့်
မျက်စိအထူး ကုဆေးရုံ ဆေးခန်းများသို့ အမြန်ဆုံးသွားရန် လိုပါသည်။ ရေယုန်ရောဂါပိုး(Herpes
Simplex Virus) သည် ရောဂါပိုးရှိသူ၏အရေပြားမှ ကူးတတ် သကဲ့သို့ လိင်ဆက်ဆံရာမှလည်း ကူးပါသည်။Herpes
Simplex Virus (HSP) ရောဂါပိုးသည် မျက် မြှေးလွှာ (Conjunctiva) ၌လည်းသက်ရောက်မှုရှိတတ်
ပါသည်။ အန္တရယ်ကြီးသော မျက်စိနာဖြစ်ပါ သည်။
(၆)မျက်ကြည်လွှာ၌ အနာဖြစ်ခြင်း (Corneal Ulcer)။ မျက်စိမှုန်ခြင်း နှင့် မျက်စိနာခြင်းကို(သိသိ
သာသာ) ခံစားရ၏။ မျက်စိနီသည့်အပြင် မျက် ကြည်လွှာ၌
အဖြူရောင် (နို့နှစ်ရောင်) ဧရိယာတခုကို တွေ့ရ၏။ မျက်ကြည်လွှာတခုလုံး မှုန်မှိုင်း
နောက်ကျိ(အရေးကြီး)နေမည်ဖြစ်ပြီး မျက်ကြည်လွှာနှင့် မျက်နက်ဝန်း (Iris)တို့အကြား မျက်စိရှေ့
ခန်းငယ် (Anterior Chamber)၌ ပြည် (Pus)တည်နေ တတ်သည်ကို တွေ့မြင်ရပါမည်။ လက်နှိပ် ဓါတ်မီးငယ်ဖြင့်
ဘေးတိုက်(နားရွက်ဖက်မှ) မီးထိုးကြည့် လျှင် တွေ့ရ၏။ ဗက်တီးရီးယား (Vateria) သို့မဟုတ်
ကူးစက်မှိုရောဂါ (Fungus) တမျိုးမျိုးကြောင့်ဖြစ် သည့် မျက်ကြည်လွှာအနာ (corneal
ulcer) ၏လက္ခဏာများ ဖြစ်ပါသည်။ အရေးကြီး၏။ မျက်စိ အထူးကုဆရာဝန် နှင့် အမြန်ဆုံးပြရန်
ကြိုးစားပါ။
ဤဆောင်းပါးကိုလေ့လာကြည့်လျှင် မျက်စိနာရုံမျှပင်ဖြစ်စေကာမူ
အမြင်အာရုံလုံးဝဆုံးရှုံး သည်အထိ အန္တရယ်ပြုနိုင်သည်များလည်းရှိကြောင်း သတိမူမိကြမည်ဖြစ်ပါသည်။ထိုက်သင့်သော
ကုသမှုများကို အချိန်မီပြုလုပ်ကြခြင်းအားဖြင့် မျက်စိနာကြောင့်ဖြစ်သည့် ဆိုးကျိုးများမှ
ကင်းဝေးကြပါ စေကြောင်း ဆန္ဒပြုရေးသားအပ်ပါသည်။
(Ref;International Centre for Eye Health,London , Community Eye Health
Journal , Eye in primary health care (Web@cehjournal.org))

