မွေးကင်းစကလေးများတွင်လည်း မျက်စိနာဖြစ်ပွားတတ်ပြီး များသောအားဖြင့် မိခင်မှ ကလေးသို့ ကူးစက်ခံရခြင်းဖြစ်ပါသည်။မိခင်သည် ကလေးမီးမဖွားမီကပင် မိန်းမကိုယ်၌ ရော ဂါပိုးရှိနေပြီး အထူးသဖြင့် လိင်ဆက်ဆံရာမှတဆင့် ကူးစက်တတ်သောကာလသားရောဂါ တမျိုးဖြစ်သည့် ဂနိုရောဂါပိုး(Gonorrhoea)ကြောင့်ဖြစ်ကြောင်း၊တွေ့ရှိရပါသည်။
အထက်ဖော်ပြပါပုံများကိုလေ့လာလျင် ကလေးငယ်သည် တလသားဝန်းကျင်မျှသာ ရှိသေးပြီး ပြင်းထန်သော မျက်မြှေးလွှာ၌ပြည်တည်နာ(Purulent Conjunctivitis)ရောဂါကို ခံစားရလျက်ရှိသည်ကို တွေ့ကြရမည်ဖြစ်ပါသည်။သေချာစွာစစ်ဆေးကြည်ရှုလျင် ကလေးငယ် ၏မျက်စိနှစ်ဖက်စလုံးသည် နီနေပြီး ၊ ပြည်များထွက်နေသည်ကို တွေ့မြင်ကြရပါမည်။
ပိုမိုဆိုးရွားသော အခြေအနေသို့ မရောက်ရှိရန် ကာကွယ်မှုအနေဖြင့် မျက်စိနှစ် ဖက်စလုံးကို သန့်ရှင်းသောအဝတ်စ(သို့)ဂွမ်းစကို အသုံးပြု၍ သန့်ရှင်းသောရေဖြင့် စင်ကြယ်ေ အာင် သေချာစွာ ဆေးကြောပေးပါ။ထို့နောက် တက်ထရာဆိုဒ်ကလင်း ၁% ကော်မျက်စဉ်း (Tetracyclin 1%eye ointment)ကို တနာရီခြားတခါ ခတ်ပေးပါ။
လိုအပ်သော ကာကာကွယ်စောင့်ရှောက်မှုများကို အထက်ပါအတိုင်း ပြုလုပ်ပေးပြီး ပါက မျက်စိအထူးကုဆရာဝန်ထံသို့ အမြန်ဆုံးစေလွတ်ပါ။ကလေးငယ်၏မျက်ကြည်လွှာသည် များသောအားဖြင့်နောက်နေတတ်ပြီး၊ရောဂါမသက်သာသေးသ၍ နောက်နေဦးမည်ဖြစ်ပါသည်။
ဤရောဂါမျိုးသည် ကူးစက်လွယ်ပြီး အမှားမခံသည့်အတွက် မျက်စိအထူးကုဆရာဝန် ၏ညွှန်ကြားချက် ကုသချက်များကို ချက်ခြင်းလိုက်နာဆောင်ရွက်ရန် လိုအပ်ပါသည်။ကလေး ငယ်ကိုပြုစုပေးသူများ အားလုံးသည်လည်း ဆောင်ရွက်ဖွယ်ရန် ကိစ္စများပြီးလျင်ပြီးချင်း လက် များကိုသေချာစွာ ဆေးကြောသန့်ရှင်းရန် အထူးလိုအပ်ပါသည်။
ရောဂါပိုးသည် ဖခင်ဖြစ်သူမှတဆင့် မိခင်သို့ကူးစက်သည်မှာ များသောအားဖြင့်ဖြစ် တတ်သောကြောင့် မိဘနှစ်ပါးလုံး တပြိုင်နက်တည်း ဆေးဝါးကုသကြရမည်ဖြစ်ပါသည်။လိင် ဆက်ဆံရာမှတဆင့် ကူးစက်သောရောဂါဖြစ်သည့်အတွက် တဦးဆီသီးခြားဆေးကုသမှုမပြု သင့်ပေ။
အထက်ဖော်ပြပါ မွေးကင်းစကလေးမျက်စိနာ(Ophthalmia Neonatorum)သည် ကာလသားရောဂါပိုးကြောင့်ဖြစ်ပွာသည့်အတွက်၊ကာလသားရောဂါ အမျိုးအစားကိုလိုက်၍ ကြွဲ ပားခြားနားမှု အမျိုးမျိုးရှိပါသည်။အဖြစ်များသောရောဂါများမှာ ကလိုင်မိုင်ဒီးယား ရောဂါ ပိုးေ ကြာင့်ဖြစ်ပွားသောမျက်ခမ်းစပ်နာ(Chalamydia Trachomatic) နှင့် နိုင်ဆီးရီးယားဂနိုရောဂါ ပိုးကြောင့်ဖြစ်သောမျက်စိနာ(Neisseria Gonnorrhoae)တို့ဖြစ်ကြပါသည်။
The baby is less than four weeks old and
has a very severe purulent conjunctivitis – this is newborn conjunctivitis or
ophthalmia neonatorum. This type of conjunctivitis starts soon after birth
because the baby was infected by the mother during delivery. The mother already
had an infection of the vagina due to the presence of a sexually transmitted
disease, in this case gonorrhoea.
On examination you can see that both eyes
are red and there is a lot of purulent discharge. Be careful because the pus is
infectious! Wash your hands carefully after your examination. You must clean
the eyelids and eyes with water and swabs and then apply tetracycline 1% eye
ointment every hour until there is improvement. Arrange for referral to the eye
specialist.
The
child will need at least one antibiotic injection and possibly more than one,
depending on the antibiotic used. If the cornea is not clear due to involvement
in the infection then this is a very serious disease and you must immediately
refer the baby for specialist opinion.
Advise both parents to seek medical
treatment for the sexually transmitted disease which probably affects the
father as well as the mother.
Ophthalmia neonatorum may be caused by a
number of different organisms, but the most common are Chlamydia Trachomatis
and Neisseria Gonorrhoeae.
You can prevent this disease by immediately
cleaning the eyelids of newborn babies with a clean cloth and water and
applying tetracycline 1% eye ointment. Every newborn baby should be treated in
this way by the midwife or nurse.
ပြည့်အောင်(COA)
Ref; ...Community Eye Health Jurnal.(httpး//www.cehjournal.com)














