9.10.16

မျက်စိကို ထိခိုက်စေသော နေ့စဉ်လုပ်ရပ်များကို ရှောင်ရှားပါ


မိမိတို့၏ မျက်စိများကို အန္တရာယ်ကျရောက်စေနိုင်သော နေ့ စဉ်ပြုလုပ်လေ့ရှိသည့် အလေ့အထများကို သိရှိသူအနည်းငယ်သာရှိ ပြီး ကောင်းမွန်သော အမြင်အာရုံကြာရှည်ခံအောင် ရှောင်ရှားသင့် သည့်အရာများကို ဖော်ပြပေးလိုက်ပါသည်။

(၁)အစိမ်းရောင်ဟင်းသီးဟင်းရွက်များသည် လူတစ်ဦး၏ အလုံး စုံကျန်းမာရေးအတွက် အလွန်ကောင်းပြီး အထူးသဖြင့် မျက်စိများ ကို ကျန်းမာရေးကောင်းစေသည်။ အစိမ်းရောင်ဟင်းသီးဟင်းရွက် များသာမဟုတ်ဘဲ မုန်လာဥနီနှင့် ငါးကြီးဆီတို့မှာလည်း မျက်စိကျန်း မာရေးအတွက် အထူးကောင်းမွန်သည်။ ဟင်းသီးဟင်းရွက်စားသုံး မှုနည်းပါးခြင်းမှာ မျက်စိကို အန္တရာယ်ဖြစ်စေနိုင်သည်။

(၂)ကွန်ပျူတာ (သို့မဟုတ်) တီဗီဖန်သားပြင်တို့ကို အမြဲမပြတ် ကြည့်နေခြင်းကြောင့်လည်း အမြင်အာရုံကို ထိခိုက်စေနိုင်သည်။ ယင်းအပြုအမူက မျက်စိများကို အလွန်ညောင်းညာစေသောကြောင့်၁၀ စက္ကန့်ကြာ တိုင်း မျက်တောင်ခတ်ပေးသောနည်းသည် ဖန်သားပြင်ကို ကြည့်နေရခြင်းကြောင့်ဖြစ်ပေါ် လာနိုင်သည့် ထိခိုက်မှုများကို ရှောင်ရှားရန် အရိုးရှင်းဆုံးနည်းဖြစ်သည်။ မျက်တောင်ခတ်ခြင်း ကြောင့် မျက်စိများကို စိုစွတ်နေစေသည်။ အဝေးတစ်နေရာသို့ ကြည့်ပြီးမှ မျက်နှာပြင်ကို တစ်ခါပြန်ကြည့်ခြင်းဖြင့်လည်း အထောက်အကူ ပြုနိုင်သည်။

(၃)မိတ်ကပ်များနှင့် မျက်ခုံးဆိုးဆေးများ လိမ်းပြီး မဖျက်ဘဲ အိပ် ခြင်းကြောင့်လည်း မျက်စိများကို ထိခိုက်စေနိုင်သည်။

(၄)ဆေးလိပ်သောက်ခြင်းကြောင့် ကျန်းမာရေးအန္တရာယ်များစွာ ဖြစ်ပေါ်နိုင်ပြီး မျက်စိအမြင်အာရုံကို အဆင့်လျော့ကျစေနိုင်သည်။

(၅)မှန်ကန်သင့်တော်သော မျက်မှန်ကို မတပ်ဆင်ခြင်းကြောင့် လည်း မျက်စိများကို ထိခိုက်စေနိုင် သည်။ နေကာမျက်မှန်များဖြင့် မျက်စိကို နေရောင်မှကာကွယ်ပေးသင့်ပြီး ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်နိုင်သည့် မျက်မှန်အမျိုးအစားကို ရွေးချယ်ဝယ်ယူသင့် သည်။           —Ref:TOI

source....http://www.7daydaily.com