ရေနှင့်ကျန်းမာရေး
“ရေအသက် တစ်မနက်၊ထမင်းအသက် ခုနှစ်ရက်”ဟုဆိုရိုးစကားရှိ
သည့်အတိုင်း ရေသည် ကျန်းမာ သက်ရှည်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှပါဝင်သည်။လူ့ခန္ဓာကိုယ်၏
၆၀%သည် ရေဖြစ်ပြီး ခန္ဓာကိုယ်၏ လုပ်ငန်းဆောင်တာများတွင်မရှိမဖြစ် လိုအပ်သည်။
ရေ၏လုပ်ငန်းတာဝန်များ။
(၁) ဆဲလ်အသက်(Cell
Life)။ ။ရေမရှိလျှင် ဆဲလ်များအသက်မရှင်နိုင်။
ဆလ်အသက်မရှင်နိုင်လျှင် လူလည်းမသက်မရှင်နိုင်။ရေသည် ဆဲလ်ထဲဝင်ရောက်၍ဆဲလ်၏အစိတ်အပိုင်းတခုဖြစ် သည် (၂)ဓါတုနှင့် ဇီဝကမ္မ
ဓါတ်ပြုမှုများ။ ။ကျွန်ုပ်တို့စားလိုက်သောအစား
အစာများ (အသားဓါတ်၊အဆီဓါတ် နှင့်ကစီဓါတ်များ)ကို ဇီဝဓါတုဖြိုခွဲ ခြင်း တွင် ရေရှိမှဖြစ်နိုင်သည်။
(၃)အဟာရဓါတ်များ သယ်ယူပို့ဆောင်ခြင်းနှင့် အညစ်အကြေးများစွန့် ထုတ်ခြင်း။ ။ ရေသည်သွေး၏ အဓိက ပါဝင်ပစ္စည်းဖြစ်သည်။သွေးသည်
အာဟာရဓါတ်ကို လိုအပ်သောနေရာသို့ ပို့ဆောင်ပေးသည်။ ကျောက်ကပ် သည် ခန္ဓာကိုယ်မှအညစ်အကြေးများကို
ဆီးထဲတွင်စွန့်ထုတ်သည်။ဆီး၏ အဓိကပါဝင် ပစ္စည်းသည် ရေဖြစ် သည်။
(၄)ခန္ဓာကိုယ် အပူချိန်ကို ထိန်းညှိပေးခြင်း။ ။ခန္ဓာကိုယ်အပူချိန်တက် လာသောအခါ၊ချွေးထွက်၍ အငွေ့ပျံစေ
ခြင်းဖြင့် ခန္ဓာကိုယ်အပူချန်ကို ကျ စေသည်။ချွေး၏ အဓိကပါဝင်ပစ္စည်းသည် ရေဖြစ်သည်။
ရေသည် တစ်ရှုးများကိုစိုစွတ်စေသည်။(အထူးသဖြင့်
ခံတွင်းမျက်စိနှင့်နှာခေါင်း) ။ခန္ဓာ ကိုယ် ၏အင်္ဂါများနှင့် တစ်သျှူးများကို ကာကွယ်ပေးသည်။အရိုးအဆစ်များ၏
လှုပ်ရှားမှုများကိုချော မွေ့စေသည်။ ကျောက်ကပ်နှင့် အသည်းပေါ်တွင် ဝန်ထုပ်ဝန်ပိုးကိုလျော့စေသည်။
ဝမ်းမချုပ်အောင် ကာကွယ်ပေးသည်။ အစာချေရာတွင် ပါဝင်ကူညီပေးသည်။ သွေးထဲတွင် ရေလုံလောက်စွာရှိမှ
သွေးထုထည်ပုံမှန်၊ သွေးဖိအား ပုံမှန်ဖြစ်၍
ကျန်းမာရေးအတွက် အထောက်အကူပြုသည်။ ရေဓါတ်ခမ်းခြောက်ခြင်းမှ ကာကွယ်ပေးသည်။
ရေဓါတ်ချို့တဲ့ခြင်း
ခန္ဓာကိုယ်တခုလုံးရှိရေဓါတ်များခမ်းခြောက်၍
ဇီဝကမ္မဖြစ်စဉ်များ ရပ်တန့်သွားခြင်းကို ရေဓါတ်ချို့တဲ့ ခြင်းဟု ခေါ်သည်။၅% မှ ၈% ချို့တဲ့လျှင်
နှုံးခွေ၍ ခေါင်းမူးလာမည်။ ၁၀% အထက်ချို့တဲ့လျှင် ရုပ်ပိုင်းဆိုင်ရာ နှင့် စိတ်ပိုင်းဆိုင်ရာ
ချို့ယွင်းမှုများဖြစ်လာပြီး၊ရေအလွန်ငတ်လာမည်။ ၁၅% မှ ၂၅%ထိရေဓါတ်ချို့တဲ့လျှင် အသက်သေဆုံးနိုင်သည်။
ရေဓါတ်ချို့တဲ့ရ ခြင်း အကြောင်းရင်းများတွင် ဝမ်းပျက်ဝမ်လျောခြင်း၊အန်ခြင်း၊ ဆီး လွန်ခြင်း၊
ချွေးထွက်လွန်ခြင်းတို့ပါဝင်သည်။ထို့ပြင် မည်သည့်ရောဂါမဆို၊ခန္ဓာကိုယ် ရေဓါတ်ထိန်းညှိခြင်းစနစ်
(Body water balance)ကိုထိခိုက်လျှင် ရေဓါတ်ချို့တဲ့နိုင်သည်။
ကာကွယ်ခြင်း
(၁)ရေကိုလုံလောက်စွာ
မှန်မှန်သောက်ရမည်။ရေဆာသည်အထိ မစောင့် သင့်၊တနေ့လျှင် အနည်းဆုံး ၁.၅ လီတာ သောက်သင့်သည်။
(၂)ပူအိုက်သောအချိန်၊ အားကစားလုပ်သောအချိန်များတွင် ရေကို ပိုသောက်ရမည်။ (၃)ချွေးထွက်လွန်ခြင်း၊ဝမ်းပျက်ဝမ်းလျှောခြင်း၊အန်ခြင်း၊ဆီးလွန်ခြင်းများရှိပါက၊ရေဓါတ်သာမက
ဆားဓါတ်များပါ ဆုံးရှုံးသဖြင့်၊ ရေ နှင့်ဓါတ်ဆားပါ သောအရည်(ဥပမာ ဓါတ်ဆားရည်၊သီးစုံဓါတ်ဆား)စသည်တို့ကို
များများ သောက်ပေးရမည်။လိုအပ်ပါက(ဥပမာ သွေးပေါင်ချိန်အလွန်ကျလျှင်) ဆရာဝန်က ရေနှင့်ဓါတ်ဆား
အကြော ဆေးပုလင်းကြီးသွင်းပေးရသည်။
ရေဓါတ်လွန်ကဲခြင်း(Overhydration)
ပုံမှန်အားဖြင့် ရေဓါတ်လွန်ကဲမှု ဖြစ်ခဲပါသည်။အထူးသဖြင့်
အားကစားသမားများတွင် လည်းကောင်း၊ ကျောက်ကပ်မကောင်းသူများတွင် လည်းကောင်း၊နှလုံးရောဂါ၊အသည်းရောဂါ
ရှိသူများတွင်လည်းကောင်း၊ လမစေ့ဘဲမွေးသော ကလေးများတွင်လည်းကောင်း၊စိတ်ကျရောဂါကုဆေး
သောက်နေရသူများတွင်လည်း ကောင်း ရေဓါတ်လွန်ကဲခြင်းဖြစ်တတ်သည်။ပစ်ကျူထရီဂလင်းမှ ဗေဆိုပရက်စင်ခေါ်
ဟော်မုန်းကို လိုသည် ထက် ပိုထုတ်လျှင်လည်း ရေဓါတ်လွန်ကဲမှုဖြစ်တတ်သည်။ ဦးနှောက်ဆဲလ်များသည်
ရေဓါတ်လွန်ကဲမှုကို ထိခိုက်လွယ်သည်။ ပျို့အန်ခြင်းနှင့် လမ်းကိုတည့်အောင် မလျှောက်နိုင်ခြင်းလက္ခဏာများဖြင့်
စ၍ ပိုဆိုးလာ သောအခါ၊ကယောင်ချောက်ချားဖြစ်ခြင်း၊တက်ခြင်း၊ သတိမေ့ခြင်းနှင့်သေဆုံးခြင်းများဖြစ်တတ်သည်။
ရေနှင့်ကျန်းမာရေး၏
အဓိကအချက်များ
(၁)ရေဓါတ်မချို့တဲ့အောင်
ရေမှန်မှန်သောက်ဖို့လိုသလို ရေဓါတ်မလွန်ကဲ အောင်လဲ ဂရုစိုက်ရမည်။ (၂)အခြားသူများကရေများများသောက်လျှင်
ကျန်းမာရေးကောင်းသည် ဆိုတိုင်း ပုံသေမမှတ်သင့်။ ကျောက် ကပ်မကောင်းသူများ၊နှလုံးရောဂါ၊
အသည်းရောဂါရှိသူများနှင့်ရေတိမ်ရောဂါရှိသူများတွင် ရေများများ သောက် ပါကရောဂါပိုဆိုးနိုင်သည် ။
(၃)ရေဓါတ်လွန်ကဲခြင်း မဖြစ်အောင်ရေကို လျှော့သောက်ရုံသာမက “ဆား”များကိုပါ စားသုံးမှုပမာဏ
လျှော့ရ မည်။ ဆားဓါတ်သည် ရေနှင့်အရည်များကို ဆွဲယူတတ်သောကြောင့်ဖြစ်သည်။
“ဆား”ဟုဆိုရာတွင်၊ “ငန်သောဆား”နှင့် “မငန်သောဆား”ဟူ၍
နှစ်မျိုးရှိ သည်။ “မငန်သောဆား” ပါဝင်သော အစားအစာများမှာ ငါးပိ၊ ငါးခြောက်၊ ငံပြာရည်
စသည်တို့ဖြစ်သည်။ “မငန်သောဆား” ပါဝင်သော အစားအစာများမှာ ဆိုဒါ(မုန့်ဖုတ်ဆိုဒါ)ပါဝင်သော
ထပ်တရာ၊အီကြာ ကွေး၊ပလာတာ စသည့်မုန့်အမျိုးမျိုး၊ ကြာရှည်ခံဆား (Preservatives) ပါဝင်သော
အစားအစာများ၊အချိုမှုန့် အသားမှုန့်စသည်တို့ပါဝင်သည်။
“ဆား”များသော အစားအစာများသည် သွေးကိုတိုးစေသည်။
နှလုံးရောဂါရှိသူများတွင် ပို၍ မောစေ ဖောစေသည်။အသည်းရောဂါရှိသူ များတွင် ရေဖျဉ်းပိုတင်းလာစေသည်။ကျောက်ကပ်မကောင်းသူများတွင်
ပို၍ ဖောစေသည်။မျက်စိရေတိမ်ရောဂါ ရှိသူများတွင် မျက်စိရေချိန်တက်၍ မျက်စိကွယ်စေနိုင်သည်။
အငန်ရှောင် ရုံနှင့်မလုံလောက်ဘဲ မငန်သောဆားများပါရှောင်သင့်သည့် သဘောပင်ဖြစ်ပေသည်။
(၈)
စိတ်ဖိစီးမှုနှင့် ကျန်းမာရေး
ကျန်းမာသက်ရှည်ခြင်း၏ လျှိုဝှက်ချက်များစွာရှိသည့်အနက်
အရေးကြီးသည့် အချက်တချက်မှာ စိတ်ဖိစီးမှု ကင်းဝေးရေးဖြစ်ပါသည်။ ကိုယ်ခန္ဓာကျန်းမာနေ၍
“စိတ်သွာတိုင်းကိုယ်ပါ”သော်လည်း စိတ်ဖိစီးမှု များပါက “စိတ်ထောင်းတော့ ကိုယ်ကျေ”ဖြစ်ကာ
ကိုယ်ခန္ဓာကျန်းမာရေးကို ထိခိုက်နိုင်ပြန်သည်။ထို့ကြောင့် “စိတ်သာရှင်စော ဘုရားဟော”ဆိုသည့်
အတိုင်း၊ကိုယ်စိတ်ကို ကိုယ်သိဖို့၊စိတ်ထားတတ်ဖို့လိုသည်။ “စိတ် ထားတတ် မြတ်သည်”ဆိုတာထက်၊
စိတ်ထားတတ်လျှင် နှလုံးသွင်းတတ်လျှင်(ယောနိသော မနသီကာရော)အရာရာကို သိပ်မခံစားရတော့ပဲ၊စိတ်မဆင်းရဲရတော့ပဲ
“နေတတ်လျှင် ကျေနပ်စရာ”တွေ တပုံတပင်နှင့် စိတ်ဖိ စီးမှုကင်းဝေးကာ ဘဝတွင်အနေပျော်မည်
ဖြစ်ပေသည်။
လောကတွင် လောကဓံတရားရှစ်ပါးရှိသည်ကို အစဉ်အမြဲ
အောက်မေ့မှ နှလုံးသွင်း တတ်မည်ဖြစ်သည်။ “ကောင်း”လေးပါးဖြစ်သော လာဘ်လာဘရခြင်း၊အခြွေအရံပေါများခြင်း၊ ချစ်ခင်နှစ် သက်သူနှင့်
ပေါင်းဖော်ရ ခြင်း၊ ချမ်းသာသုခရခြင်း လေးပါးကို အမြဲကြုံတွေ့နေရမည် မဟုတ်သည်ကို သိရမည်။တခါတရံ
“မကောင်း” လေးပါး ဖြစ်သော လာဘ်လာဘမရခြင်း၊အခြွေအရံနည်းပါးခြင်း (အထီးကျန်ဆန်ခြင်း)၊
ချစ်ခင်နှစ်သက်သူ နှင့်ကွေကွင်း ရခြင်းနှင့် ဆင်းရဲဒုက္ခများလည်း ကြုံတွေ့ တတ်ကြောင်း
သိထားရမည်။သို့မှသာ ရုတ်တရက်ကြုံ တွေ့လာပါက မအံ့သြ၊မထိတ်လန့်ပဲ စိတ်ဆင်းရဲမှု နည်းပါးမည်ဖြစ်
ပေသည်။
“ကြမ်းပေါက်ကျွံလျှင် နှုတ်၍ရ၏၊စကားကျွံလျှင်နှုတ်၍မရ”ဆိုသည့်အတိုင်း
စကားတိုင်းကို စဉ်းစားချင့် ချိန်ပြီးမှ ပြောသင့်သည်။မဆင်မခြင်ပြောမိသောကြောင့်ပြဿနာတက်၍
စိတ်ဖိစီးမှုများရုံသာ မက အရှက်တကွဲ အကျိုးနဲ၍ ဘဝပျက်သည်အထိ ဖြစ်နိုင်သည်။ရှက်လွန်းမကရှက်သောကြောင့်
စိတ်ကျရောဂါဖြစ်၍ ကိုယ့်ကိုယ် ကို သတ်သေလောက်သည့်အထိဖြစ်နိုင်သည်။
ထို့ကြောင့် မသိလျှင် မသိဘူး၊ မတတ်လျှင်
မတတ်ဘူး၊မကျွမ်းကျင်လျှင် မကျွမ်းကျင်ဘူး၊အမှန် အတိုင်း အရှိအတိုင်း ပြောရုံသာ။မသိပဲ
နှင့် သိသယောင်၊မတတ်ပဲနှင့် တတ်သယောင်၊မကျွမ်းကျင်ပဲနှင့် ကျွမ်းကျင် သယောင် လုပ်ခြင်း။ချော်လဲရောထိုင်ခြင်းနှင့်
လောလောဆယ် အဆင်ပြေလျှင်ပြီးရော သဘောထားခြင်း၊ မုသားစကားပြောခြင်းများပြုပါက ယခုအရှက်မကွဲသော်လည်း၊နောင်တချိန်
အမှန်အတိုင်းသိသွားသော အခါ၊ ပို၍ အကြီးအကျယ် အရှက်ကွဲမည်ဖြစ်ပေသည်။ဤကဲ့သို့ မသိ၊ မတတ်၊မကျွမ်းကျင်ပဲ
အယောင်ဆောင်မိခြင်း သည် မိမိကို သူတပါးအထင်သေးမှာ ကြောက်သောစိတ် ကြောင့်ဖြစ်ရသည်။မသိလျှင်မသိဘူး
ပြောရမှာ မရှက်ပါနှင့်၊မတတ်လျှင် မတတ်ဘူးဖြေရမှာ မရှက်ပါနှင့်၊ မကျွမ်းကျင်လျှင် မကျွမ်းကျင်ဘူးပြောရမှာ
မကြောက် သင့်။
“စကားများ အမှားပါ”ဆိုသည့် အတိုင်း၊စကားများများပြောလျှင်
အမှားပါတတ်သည်။ ထိုစကား အမှား ကြောင့် ပြဿနာဖြစ်လျှင်၊ပြဿနာ အကြီးအငယ်အလိုက်၊ပြောမိသူ
ဒုက္ခဖြစ်ရသည်။ဖြေရှင်းရ သည်၊စိတ်ဖိစီး မှုများရသည်။မိမိနှင့် မဆိုင်သောကိစ္စ၊ အလှမ်းဝေးသောကိစ္စ၊မကျွမ်းကျင်သော
ဘာသာရပ်တွင် ဝင်ရောက် ပြောဆိုဆွေးနွေးခြင်း၊ဝေဖန်ခြင်းမပြု အပ်၊ပြုလျှင် အမှားပါဘို့၊ပြဿနာတက်ဘို့
များသည်။
စာရေးသူ၏ ဆရာရင်းဖြစ်သော ခွဲစိတ်အထူးကု ဆရာဝန်ကြီးနှင့်
ပါမောက္ခကြီးတဦးဖြစ်သူ ဆရာကြီး တဦးက အော်တိုမှတ်တမ်းစာအုပ်တွင် ဆုတောင်း(၃)ခုရေးပေးဘူးပါသည်။ (ဘုရားသခင်သို့တိုင်တည်လျှက်………………) (၁)မိမိလက်လှမ်းမီသောကိစ္စ(မိမိ
တတ်နိုင်သောကိစ္စ)နှင့် မိမိလက်လှမ်း မမီသောကိစ္စ(မိမိမတတ် နိုင်သော ကိစ္စ) နှစ်ခုကို ခွဲခြားနိုင်သောဥာဏ်
စွမ်းကိုပေးသနားတော်မူပါ။ (၂)မိမိတတ်နိုင်သောကိစ္စ(လက်လှမ်းမီသောကိစ္စ)များကို
ခြင်္သေ့ကဲ့သို့ ရဲရင့်သော စိတ်ထားဖြင့်၊ စွမ်းစွမ်းတမံ အောင်မြင်အောင် လုပ်ဆောင် နိုင်သောစွမ်းအားကိုပေးသနားတော်မူပါ။
(၃)မိမိမတတ်နိုင်သောကိစ္စ(လက်လှမ်းမမီသောကိစ္စ)များကို
မလုပ်ပေး နိုင်သောအခါ၊မလုပ်ပေးနိုင်ခြင်း အတွက် စိတ်ဆင်းရဲမှုမှ ကင်းဝေးအောင် စောင်မတော်မူပါဟူ၏။
မိမိတတ်နိုင်သလောက် အလုပ်ကိုသာ နိုင်နင်း
အောင်လုပ်သင့်သည်။ “အလုပ်လောဘ” ကြီးလျှင်၊ မနိုင်ဝန်ပိ၍ ကျန်းမာရေးထိခိုက်ရုံသာမက၊စိတ်ဖိစီးမှုပါ
များလာနိုင်ပေသည်။မတတ် နိုင်သောအလုပ်ကို လည်း၊ မလုပ်ပေးနိုင်ရကောင်းလားဟု စိတ်ဆင်းရဲခြင်း
မဖြစ်သင့်။
စိတ်ဖိစီးမှုဆိုသည်မှာ လိုအပ်ချက်တခု၊အဖြစ်အပျက်တခုကို
သင်၏ဦးနှောက်နှင့်ခန္ဓာကိုယ်က တုံ့ပြန် ချက်ပင်ဖြစ်သည်။ စိတ်ဖိစီးမှုဖြစ်လျှင် ခေါင်းကိုက်ခြင်း၊
အစာအိမ်နာခြင်း၊ ရင်ဘတ်အောင့်ခြင်း၊ အိပ်မပျော်ခြင်း လက္ခဏာများကိုကြုံရတတ်သည်။ ရောဂါအခံ
ရှိလျှင် ရှိရင်းစွဲရောဂါကို ပိုဆိုးစေသည်။ စိတ်ဖိစီးမှုများသောအခါ အရက်သောက်ခြင်း၊ ဆေးလိပ်
သောက် ခြင်းများကိုပြုတတ်သည်။ ထိုအရာ များသည် စိတ်ဖိစီးမှုကို မလျော့ပါး စေရုံသာမက ခန္ဓာကိုယ်ဖိစီးမှုကို
ပိုများစေပြီး၊ပြဿနာပိုစေသည်။ စိတ်ဖိစီးမှုကြောင့် အရွယ်ရောက်ပြီးသူများ၏ ၄၃% သည် ကျန်းမာရေး
ထိခိုက်သည်။ဆေးခန်းများတွင် ဆရာဝန်လာပြသူများ၏ ၇၅%မှ ၉၀%သည် စိတ်ဖိစီးမှုနှင့် ဆိုင်သော
ပြဿနာ များဖြစ်နေသည် ။ခေါင်းကိုက်ခြင်း၊သွေးတိုးခြင်း၊နှလုံးပြဿနာများ၊ ဆီးချို သွေးချို၊
အရေပြားရောဂါများ၊ပန်းနာ ရင်ကျပ်ရောဂါ၊ အဆစ်အမြစ်ရောင်ရောဂါ၊ စိတ်ကျရောဂါနှင့် စိုးရိမ်မှုလွန်
ကဲသော ရောဂါများဖြစ်ရခြင်းတွင် စိတ်ဖိစီးမှုသည် ပါဝင်ပတ်သက်နေသည်။
ဗုဒ္ဓတရားလက်ကိုင်ထား
ဗုဒ္ဓဘုရားဟောကြားဆုံးမခဲ့သော တရားတော်များသည်
စိတ်ဖိစီး မှုကို လျော့စေသည်။စိတ်ဖိစီးမှု သက်သာပျောက်ကင်းစေရုံမက စိတ်ဖိစီးမှုအပါအဝင်
ဒုက္ခအားလုံးချုပ်ငြိမ်းရာ ချမ်းသာအစစ်အမှန် မြတ် နိဗ္ဗာန် အထိပင်ရောက်နိုင် မျက်မှောက်ပြုနိုင်ပါသည်။
ရွှေဟင်္သာ ဆရာတော်ဘုရားကြီးက မိန့်ဘူးသည်
“ခနိုးခနဲ့ ဆိုကဲ့ရဲ့လည်း၊မဖဲ့မစောင်း၊ ကိုယ့်လမ်း ကြောင်းကို၊စိတ်ကောင်းနှင့်ယှဉ်၊ရှေ့
ရှုနှင်လော့”ဟူ၍ဖြစ်သည်။မှန်၏။ကိုယ့်လမ်းကြောင်းအတိုင်း ကိုယ်သွားလို သည့်ပန်းတိုင်ကို
စိတ်ကောင်းနှလုံးကောင်းမွေး၍ သွားရုံသာ။ဘေးမှ မလိုမုန်းထားသူများက ခနဲ့ခြင်း၊ကဲ့ရဲ့ပြစ်
တင်ခြင်းများရှိပါက၊စိတ်ဖိစီးမှု မဖြစ်စေပဲ၊ ဆက်လက်လျှောက်လှမ်းရုံသာဖြစ်ကြောင်း မိန့်လိုရင်းဖြစ်ပါသည်။
ထို့ပြင် ဆရာတော်ကြီးက “သည်းခံနိုင်တဲ့ကိစ္စလည်း သည်းခံပါ၊ သည်းမခံနိုင်တဲ့ ကိစ္စကိုလည်း
သည်းခံပါ” ဟုမိန့်ပါသေးသည်။ သည်းခံနိုင်တဲ့ကိစ္စ သည်းခံတာ မဆန်းချေ။ ဆန်းသည်က “သည်းမခံနိုင်တဲ့ကိစ္စ
သည်းခံ ရန်”ဖြစ်သည်။မလွယ်သည့် ကိစ္စဖြစ်၏။ စာရေးသူတို့ ရုတ်တရက် သည်းမခံနိုင်ဟု ထင်ရသော
ကိစ္စများ သည်(၁၅) မိနစ်ခန့် ခဏအောင့်အည်း၍၊ စကားတုန့်မပြန်ပဲ၊ လက်တုန့်မပြန်ပဲ၊ စဉ်းစားကြည့်ပါက၊သည်းခံလျှင်
ဖြစ်နိုင်သောကိစ္စများ ဖြစ်နေတတ်သည်ကို တွေ့ကြရမည်ဖြစ်ပါသည်။
မြတ်စွာဘုရား ကိုယ်တော်တိုင်ပင် ပစ္စကပရဗိုဒ်က၊မှိုချိုးမြှစ်ချိုး
ပြင်းပြင်းထန်ထန် ကဲ့ရဲ့ပြောဆိုသော အခါ၊မြတ်စွာဘုရားက “အသင်ပြော လို့ ပြီးပြီလား၊ပြီးလျှင်
သင့်စကားများကို သင်ပြန်ယူသွား ပါတော့၊ အကျွန်ုပ် မယူပါ”ဟု ပြန်ပြောခဲ့လေသည်။ကိုယ်ကမှန်နေ ရန်သာလိုသည်။မည်သို့ပင်
ကဲ့ရဲ့ပြစ်တင်ပါစေ ၊ဒေါသထွက်စရာ မလို၊ခွန်းတုန့်ပြန်စရာမလို၊စိတ်လှုပ်ရှားစရာမလို သို့ဆိုလျှင်
စိတ်ဖိစီးမှုလည်းဖြစ်ဖွယ် ရာမရှိပြီ။
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာမဟာသိပ္ပံ)



