ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့သည်
မျက်မမြင်ကျဆင်းရေးနှင့် အမြင်အာရုံချို့ယွင်းမှု တိုက် ဖျက် ရေးလုပ်ငန်းစဉ်များကို
ဂလိုဘယ်အတိုင်းအတာဖြင့် သတိမူမိကြစေရန်နှင့် ထိုလုပ်ငန်းစဉ်များကို ပိုမိုတိုးတက်
လုပ်ဆောင်လာကြစေရန် ရည်ရွယ်ချက်ဖြင့် ကမ္ဘာတဝန်းနှစ်စဉ်ကျင်းပသောနေ့ဖြစ်ပါ သည်။ထိုနေ့ကို
အောက်တိုဘာလ၏ ဒုတိယမြောက် ကြာသာပတေးနေ့ကို နှစ်စဉ် သတ်မှတ်ကျင်းပ ခဲ့ကြပါသည်။ယခုနှစ်၏
ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့သည် အောက်တိုဘာလ(၁၂)ရက်နေ့ဖြစ်ပြီး၊ ဆောင်ပုဒ်မှာ “အမြင်အာရုံကောင်းစေဖို့
အရွယ်မရွေးစမ်းသပ်လို့ ကာကွယ်ကုသကြပါစို့”ဟူ၍ ဖြစ်ပါ သည်။
တနှစ်တာအတွင်း မျက်စိကျမ်းမာရေး ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ
လုပ်ငန်းစဉ်များတွင်၊မျက်စိ ကျမ်းမာရေးစောင့်ရှောက်သည့် အဖွဲ့အစည်းအချင်းချင်း
ဆက်သွယ်ဆောင်ရွက်မှု ပိုမိုဖွံ့ဖြိုးတိုးတက်
စေရေးနှင့်၊အလှူရှင်များနှင့်အကူအညီပေးသူများ၏ အားပေးထောက်ခံမှုနှင့်
ပံပိုးမှုများပိုမိုရရှိစေရေးအ တွက် အထူးအရေးပါသော
နေ့တနေ့လည်းဖြစ်ပါသည်။ဆီးချိုရောဂါဝေဒနာရှင်များအတွက် လူနာတ ဦးချင်းစီ၏
မိသားစုဝင်များ မျက်စိစမ်းသပ်စစ်ဆေးမှုခံယူရရှိနိုင်မည့် ကြုံတောင့်ကြုံခဲ၊ အခွင့်အရေးကို
လည်း၊ ဤထူးခြားသောနေ့၌ ကမ္ဘာ့အတိုင်းအတာဖြင့် ကျယ်ပြန့်သောတွေ့ဆုံမှုတွင် ရရှိနိုင်မည်ဖြစ်ပေ
သည်။
ယခုနှစ်တွင်
စီးပွားရေးဖွံဖြိုးဆဲနိုင်ငံများနှင့် ဖွံ့ဖြိုးပြီးနိုင်ငံများစသည်ဖြင့် ကမ္ဘာ့ဒေသအသီးသီး
တွင် နေထိုင်ကြသူအားလုံးနှင့် ထိတွေ့လျှက်၊မျက်စိကျမ်းမာရေးဆိုင်ရာ အခက်အခဲများနှင့်
အငြင်းပွား မှုများကို ဖြေရှင်းပေးနိုင်ရေးအတွက် အထူးကြိုးစားအားထုတ်ကြရန် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့(WHO)နှင့် အပြည်ပြည်ဆိုင်ရာ မျက်မမြင်တားဆီးကာကွယ်ရေး အေဂျင်စီ(IAPB)တို့က
ရည်ရွယ်ပါသည်။ထိုသို့ ဆောင်ရွက်ရာတွင် အခြေခံကျသော မျက်စိစမ်းသပ်စစ်ဆေးခြင်းကို စနစ်တကျစီစဉ်ဆောင်ရွက်ပေး
ကြမည် ဖြစ်ပါသည်။ မိသားစုဝင်အားလုံးအားစစ်ဆေးပေးသည့် မိသားစုအစီအစဉ်၊လူငယ်များအတွက်
အစီအစဉ်၊ကျောင်းနေအရွယ် ခလေးငယ်များအတွက်အစီအစဉ်၊ သက်ကြီးရွယ်အိုများအတွက် အစီအ စဉ်
နှင့် ဆီးချိုသွေးချို ဝေဒနာရှင်များအတွက် အစီအစဉ်များ စသည့်ဖြင့် စီစဉ်ဆောင်ရွက်သင့်
ကြောင်းလည်း အဆိုပါ အဖွဲ့အစည်းများက အကြံပြုပါသည်။
လှုပ်ရှားမှုများ
ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံ
ကျမ်းမာရေးဆိုင်ရာ အဓိကအဖွဲ့အစည်းကြီး ဖြစ်သည့် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့(WHO)နှင့်
အပြည်ပြည်ဆိုင်ရာ မျက်မမြင်တားဆီးကာကွယ်ရေး အေဂျင်စီ (The International Agency
for the Prevention of Blindness- IAPB)၏ အဖွဲ့ဝင်များသည်၊ကမ္ဘာ့ မျက်မမြင်ပပျောက်ရေး
နေ့လှုပ်ရှားမှုများတွင် တက်ကြွစွာဖြင့် နှစ်စဉ်ပူးပေါင်းပါဝင်ခဲ့ကြသည်။ ထို့ပြင်
ကမ္ဘာတဝန်းရှိ လူမှုရေးအဖွဲ့များ၊အသင်းအဖွဲ့အမျိုးမျိုး၊အစိုးရမဟုတ်သော အဖွဲ့အစည်များသည်၊ကမ္ဘာ့
ကျမ်းမာရေးအဖွဲ့(WHO)နှင့် အပြည်ပြည်ဆိုင်ရာ မျက်မမြင်တားဆီးကာကွယ်ရေး အေဂျင်စီ(IAPB)တို့
နှင့် အတူတကွပူးပေါင်း၍ အောက်ပါရည်ရွယ်ချက်များကို၊ အကောင်အထည်ဖော်ဆောင် ရွက်ခဲ့ကြ
ပါသည်။
(၁) နိုင်ငံတကာရှိ အများပြည်သူ
ကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများတွင် အငြင်းပွားဖွယ် ရာဖြစ်
နေသေးသည့်၊မျက်မမြင်ဖြစ်ပွားမှုနှင့်အမြင်အာရုံချို့တဲ့မှုဆိုင်ရာ
ဗဟုသုတများကို ပြည်သူများ ပိုမိုနား လည်သဘောပေါက်လာစေရေးအတွက်
ကြိုးစားအားထုတ်ကြရန်။
(၂) တနိုင်ငံချင်းစီအလိုက် အမျိုးသားအဆင့်
မျက်မမြင်ပပျောက်ရေးအတွက် သက်ဆိုင်ရာနိုင်ငံများ ၏ အစိုးရ၊
ကျမ်းမာရေးဝန်ကြီးဌာနကဲ့သို့သောဌာနဆိုင်ရာများနှင့် ပူးပေါင်းလျှက် အစီအမံများ
ချမှတ် ဆောင်ရွက်ရန်။
(၃) မျက်မမြင်ပပျောက်ရေးအတွက်၊
ဗွီးရှင်း၂၀၂၀ စီမံကိန်း၏ရည်ရွယ်ချက်ဖြစ်သော၊ မျက်စိကျမ်းမာ ရေးပညာပေးမှုလုပ်ငန်းများအောင်မြင်ရန်နှင့်
၎င်းစီမံကိန်း၏လှုပ်ရှားမှုများကို လက်ဆင့်ကမ်း၍ စဉ် ဆက်မပြတ် အကောင်အထည်ဖော်နိုင်ရေးကို
စီစဉ်ကြရန် စသည်တို့ဖြစ်၏။
ထို့ပြင်ကမ္ဘာ့မျက်မမြင်ပပျောက်ရေးနေ့တွင်
အမှတ်တရသစ်ပင်စိုက်ပျိုးခြင်း၊ မျက်မမြင်ကျဆင်း ရေး အထိမ်းအမှတ် သင်္ကေတပြိုင်ပွဲများ၊ဆောင်းပါးနှင့်
စာစီးစာကုံးပြိုင်ပွဲများ၊နိုင်ငံတကာ ဓါတ်ပုံသ ရုပ်ဖော်ပြပွဲ များ၊ ပန်းချီပြပွဲများ
စသည်တို့ကိုကျင်းပ၍ မျက်မမြင်ပပျောက်ရေး နှင့်အမြင်အာရုံကျ ဆင်းမှုတားဆီး ရေး၏ အရေး
ကြီးပုံကို မီးမောင်းထိုးပြကြသည်။ အခြားလှုပ်ရှားမှုများအဖြစ် မျက်မ မြင်ဖြစ်ပွားမှု
တား ဆီးကာကွယ် ရေးအသိပညာများ မြင့်မားလာစေရေးအတွက်၊ ဆောင်ပုဒ်များ၊ သတိထားကြရမည့် အ
ချက်များ၊ အရေး ပေါ် အခြေအနေများ၌ ဆောင်ရန်ရှောင်ရန်များကို လက် ကမ်းစာစောင်များ
ရေးသားဖြန့်ဝေခြင်း၊ အထိမ်းအမှတ်ပိုစတာများ ကိုင်ဆောင်၍ လှည့်လည်ခြင်းများ ကိုနှစ်စဉ်ပြုလုပ်ခဲ့ကြပါသည်။
သမိုင်းနောက်ခံ
၁၉၉၀ ပြည့်လွန်နှစ်များတွင် ကမ္ဘာ့ကျမ်းမာရေးအဖွဲ့(WHO)၏တွေ့ရှိချက်များအရ
ကမ္ဘာ့တဝန်း အသက်ရှည်ရှည်နေကြရသူ သက်ကြီးရွယ်အိုအရေအတွက်မြင့်တက်လာသည့်နည်းတူ၊ ရေရှည်ဖြစ်
ပွားသည့်မျက်စိဝေဒနာများကြောင့် မျက်မမြင်ဖြစ်ပွားမှုနှုန်းသည်လည်း
တိုးလာလျှက်ရှိသည်ကို သိရှိ လာကြရပါသည်။ ကမ္ဘာတဝန်း လုံးဝအမြင်အာရုံချို့တဲ့သူ(၄၅)သန်းရှိသည့်အနက်၊(၈၀%)ရှစ်ဆယ်
ရာခိုင်နှုန်းသည်၊အသက် (၅၀)အထက်ရှိသူ
သက်ကြီးရွယ်အိုများဖြစ်ပြီး၊(၉၀%)ရာခိုင်နှုန်းသည် တဦး ချင်းဝင်ငွေ အလွန်နိမ့်ကျသော
နိုင်ငံများတွင်တွေ့ရ၏။ သက်ကြီးရွယ်အိုများတွင်လည်း၊ အမျိုးသမီး များနှင့်
မသန်စွမ်းသူများသည် မျက်စိကျမ်းမာရေးစောင့်ရှောက်မှု လိုအပ်နေကြသူများဖြစ်ပါသည်။
ထိုအခြေအနေများကို လွန်မြောက်လာစေရန်အတွက်၊
ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ကြီး(WHO)က ကြိုးပန်းဆောင်ရွက်ခဲ့ရာ၊ အသက်ကြီးမှုကြောင့် မျက်မမြင်အဖြစ်သို့ရောက်စေနိုင်သည့်
အတွင်းတိမ်၊ မျက်မှန်လိုသောမျက်စိမှုန်ခြင်းနှင့် ရေတိမ်ရောဂါကဲ့သို့သော မျက်စိဝေဒနာများကို၊ကုန်ကျစရိတ်သက်
သာစွာဖြင့်ကုသမှုပေးနိုင်ခဲ့သည်ဟု ဆိုပါသည်။ ထိုသို့ကုသပေးခြင်းများကို
စဉ်ဆက်မပြတ်ဆောင် ရွက်ပေးခြင်းအားဖြင့် ထိုသူတို့၏အမြင်အာရုံဆုံးမှုကို
ဟန့်တားနိုင်ပြီး မျက်မမြင်ပပျောက်ရေးကိုထိ ရောက်စွာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း၊တွေ့ရှိလာကြပါသည်။
ထိုသို့စဉ်ဆက်မပြတ်ဆောင်ရွက်နိုင်စေရေးကို
ဦးတည်၍ ပထမဦးဆုံးသော ကမ္ဘာ့မျက်မမြင် ပပျောက်ရေးနေ့ကို ၁၉၉၈
ခုနှစ်အောက်တိုဘာလ(၈)ရက် နေ့တွင်၊ မျက်မမြင်တာဆီးကာကွယ်ရေး အဖွဲ့အစည်းများနှင့်နိုင်ငံတကာအဆင့်
ပါတနာအသင်းအဖွဲ့များပူးပေါင်း၍ အမှတ်တရ အခမ်းအနား များကိုကျင်းပခဲ့ကြပါသည်။ထိုလှုပ်ရှားမှုများသည်
နောက်ပိုင်းတွင် ကမ္ဘာတဝန်းအကောင်အထည် ဖော်လျှက်ရှိသည့် ဗွီးရှင်း ၂၀၂၀ စီမံကိန်း (Vision
2020 Program)တွင်ပူးပေါင်း ပါဝင်ခဲ့ပြီး၊အပြည် ပြည်ဆိုင်ရာ
မျက်မမြင်တားဆီးကာကွယ်ရေးအေဂျင်စီ (The
International Agency for the Prevention of Blindness- IAPB)နှင့်ပူးပေါင်းဆောင်ရွက်ခဲ့ ပါသည်။ဤစီမံကိန်းသည်
ကမ္ဘာ့ကျမ်း မာရေးအဖွဲ့(WHO) နှင့်အပြည်ပြည်ဆိုင်ရာ မျက်မမြင်တားဆီး ကာကွယ်ရေးအဖွဲ့(IAPB)တို့၏
ရှေးဦး စွာ ပူးပေါင်းဆောင်ရွက်မှုဖြစ်ပါသည်။ထိုနည်းတူ
မျက်စိကျမ်းမာရေးဆောင်ရှောက်မှုဆိုင်ရာ အစိုးရ မဟုတ်သောအဖွဲ့
အစည်းများ၊ပရော်ဖက်ရှင်နယ် အသင်းအဖွဲ့ များ၊အင်စတီကျူးရှင်းများနှင့် ကော်ပို ရေးရှင်းများအားလုံး၏
အဦးအစ အတူတကွပူးပေါင်း ဆောင်ရွက်မှုလည်း ဖြစ်ပေသည်။
သို့ဖြစ်ရာ
ယခုနှစ် အောက်တိုဘာလ(၁၂)ရက်နေ့တွင် ကျရောက်သော၊ကမ္ဘာ့မျက်မမြင်ပ ပျောက်ရေးနေ့၏
ဆောင်ပုဒ်ဖြစ်သော “အမြင်အာရုံကောင်းစေဖို့ အရွယ်မရွေးစမ်းသပ်လို့ ကာ ကွယ်ကုသကြပါစို့”ဟူသော
ဆောင်ပုဒ်နှင့်အညီ၊မျက်စိကျမ်းမာရေးပညာရှင်များအားလုံးနှင့် ပြည်သူ တရပ်လုံးက
ဝိုင်းဝန်းကူညီဆောင်ရွက်နိုင်ကြပါစေကြောင်း၊ဤဆောင်းပါးဖြင့် ဆန္ဒပြုရေးသားအပ်
ပါသည်။