“အမြင်သန်စွမ်း၊ တို့အခွင့်အလမ်း၊ ၂၀၂၀အရောက်လှမ်း”
နိုင်ရန်သုံးနှစ်မျှပင်မလိုတော့သော အချိန်တွင်၊နေ့စဉ်နှင့်အမျှ အလင်းရောင်ပင် မမြင်ရတော့သော၊အလင်းရောင်မြင်သော်လည်း၊စမ်းတဝါး
ဝါးသွားရန်ပင် မလွယ်လောက်အောင် မြင်ကွင်းကျဉ်းနေသောလူနာများ မကြာခဏတွေ့ကြုံနေရသည်။
မည်သူမျှသူတို့၏အမြင်အာရုံကို တိုးတက်အောင် လုပ်မပေးနိုင်သဖြင့်(နိုင်ငံခြားမှာပင်
ကုသ၍မရနိုင် သော အခြေအနေ)လက်မှိုင်ချကာ နေရသောခံစားချက်ကြောင့် ဤဆောင်းပါးကို အရေးပေါ်ရေးမိ
ခြင်း ဖြစ်ပါသည်။
“ဘာဖြစ်လို့စောစောစီးစီးလာမပြတာလဲ”ဟုမေးသောအခါ “မျက်စိကိုက်တာ၊နီတာမှုန်တာ”
ဘယ်လိုမှမဖြစ်တော့ မျက်မှန်ပါဝါလေးစမ်းရင်း၊
သည်လိုပဲနေရင်းနဲ့ ဖြစ်သွားတာပဲ ဟုဖြေကြ၏။တ ချို့ကြတော့လည်း မျက်မှန် မှန်မှန်စမ်းသော်လည်း၊
မျက်စိရေချိန်တိုင်းခြင်း၊ ဆီးချိုသွေးချိုရှိမရှိ စစ်ရ ကောင်းမှန်းမသိ၍ မစစ်ခြင်းတို့ကြောင့်၊ကြိုတင်မသိခဲ့ကြခြင်းဖြစ်သည်။ကြိုတင်မသိ၍
မကာကွယ်နိုင်ခဲ့ ကြ။တချို့ကြတော့လည်း ရေတိမ်ရှိမှန်းသိ၍၊ ဆရာဝန်မှန်မှန်ပြပြီး ရေချိန်မှန်မှန်တိုင်းသော်လည်း၊
ရေချိန်တိုင်း တိုင်း “ ပုံမှန်ပါဘဲ” ဟုပြောသော်လည်း၊ “ရေချိန်ပုံမှန်ရေတိမ်ရောဂါ”
ကြောင့် မျက်စိအာရုံ ကြောများ ပျက်စီးရခြင်းတို့ကြောင့် ဤအခြေအနေသို့ရောက်ရကြောင်းတွေ့ရပါသည်။
ရှင်းပါမည်၊ကာကွယ်ကုသနိုင်လျက် မျက်မမြင်ဘဝရောက်စေသော ဒုတိယအဖြစ်အများဆုံး
မျက်စိရောဂါမှာ “ရေတိမ်ရောဂါ”ပင်ဖြစ်ပါသည်။ရေတိမ်ရောဂါ အမျိုးမျိုးရှိသည့်အနက် ခွဲခြားနိုင်သည်
မှာ - ထောင့်ကျဉ်းရေတိမ်နှင့် ထောင့်ကျယ်ရေတိမ် ပင်ဖြစ်သည်။ထောင့်ကျဉ်းရေတိမ်တွင် မျက်စိနီ
ခြင်း
ကိုက်ခြင်း မှုန်ခြင်း ပျို့အန်ခြင်း လက္ခဏာများ ပြလေ့ရှိသည်။ ထောင့်ကျဉ်းမှုပမာဏ များလျှင်
များသလို၊ မျက်လုံးတွင်းအရည်ထွက်ပေါက် ပိတ်ဆို့မှုဖြစ်ပေါ်သည်။ထောင့်ကျယ်ရေတိမ်တွင်မူ လက္ခ ဏာပြလေ့မရှိပါ ။ မျက်လုံးတွင်းအရည်
အပြင်သို့စစ်ထွက်သော ဇကာ(Trabecular Meshwork) ကောင်းကောင်း အလုပ်မလုပ်သောကြောင့်၊မျက်လုံးတွင်းအရည်
အပြင်သို့ လုံလောက်စွာမထွက်နိုင် သောကြောင့်မျက်လုံးတွင်းဖိအား များလာသည်။အောက်ပုံကိုလေ့လာပါ။
မျက်လုံးတွင်းအရည် အပြင်သို့လုံလောက်စွာမထွက်သောအခါ၊မျက်လုံးတွင်းဖိအား
(Intra- ocular Pressure)တက်လာသည်။တက်လာသောဖိအားသည် မျက်လုံးတွင်းနံရံကို ပြန်ဖိသောကြောင့်
မျက်စိအာရုံကြောထိပ်(Optic Nerve Head)ကိုဖိသောအခါ ပမာဏနှင့်အချိန်ပေါ်မူတည်၍ မျက်စိ
အာရုံကြောထိပ်ကို ခွက်စေသည်။ မြင်လွှာအာရုံကြော(Optic Disc Cupping)မှ အာရုံကြောလွှာ
(Nerve Fibre Layer)ပျက်စီး၍ မျက်စိမြင်ကွင်းကိုကျဉ်းစေသည်။
မျက်စိရေချိန်ခဏခဏတက်သောအခါ အမြင်အာရုံကြောမျှင်ကလေးများ ပျက်စီးမှန်းမသိပျက်
စီးလာသည်။ နာကျင်ကိုက်ခဲခြင်း၊ မျက်စိမှုန်ခြင်းမရှိဘဲ မြင်ကွင်းတဖြည်းဖြည်း ကျဉ်းလာသည်။ကိုယ့်
ကိုယ်ကို မြင်ကွင်းကျဉ်းမှန်းမသိနိုင်၊မြင်ကွင်းစမ်းသည့် ကရိယာဖြင့်သာသိနိုင်သည်။ထို့ကြောင့်
ခေတ် မီမျက်စိစင်တာများတွင် မျက်မှန်စစ်ရုံသာမက မျက်စိရေချိန်တိုင်းခြင်း၊ မျက်စိရောဂါရှာဖွေခြင်း၊
အလျင်းသင့်လျှင်သင့်သလို၊ မျက်စိမြင်ကွင်းစမ်းခြင်းများကိုပါ
လုပ်ဆောင်လျက်ရှိပါသည်။လေယာဉ် ပိုင်းလော့များကိုတော့ တနှစ်တခါရေချိန်တိုင်းခြင်း၊မြင်ကွင်းစမ်းခြင်းများကို
လုပ်ဆောင်ခဲ့သည်မှာ နှစ်အတော်ကြာလှပေပြီ။
ရှုပ်ထွေးသောရေတိမ်အမျိုးအစားများ
မျက်စိရေချိန်ပုံမှန်(၂၁
မီလီမီတာမာကျူရီအောက်)ဖြစ်သော်လည်း စိတ်မချရသေးကြောင်း အောက်ပါရေတိမ်အမျိုးအစားများကို
လေ့လာခြင်းဖြင့်သိနိုင်ပါသည်။ (က)ရေချိန်တက်၊ရေတိမ်မဟုတ်(Ocular
Hypertension) (ခ)ရေချိန်တက်၊ရေတိမ်ဖြစ်(Glaucoma) (ဂ)ရေချိန်ပုံမှန်၊ရေတိမ်ဖြစ်(Normo-Tension
Glaucoma) (ဃ)ရေချိန်ကျ၊ရေတိမ်ဖြစ်(Low
Tension Glaucoma)
ရှင်းပါအံ့……လူတယောက်နှင့်တယောက်
ခန္ဓာကိုယ်တည်ဆောက်ပုံမတူသလို၊ ခံနိုင်ရည် အားလည်းမတူကြ။မျက်စိအာရုံကြောတွင်လည်း၊ဘယ်လောက်ဖိဖိမပြားတဲ့
သရေပြားလိုသဘော နှင့် အလွယ်တကူပြားနိုင်သော ဂျုံနယ်ပြားလိုသဘောမျိုးကို စဉ်းစားကြည့်ပါ။မျက်လုံးရေချိန်တက်
သော် လည်း၊မျက်စိအာရုံကြောမပြား၊မခွက်သည့် “ရေချိန်တက်၊ရေတိမ်မဖြစ်”အခြေအနေတွင် မျက်စိအာရုံ
ကြောသည် သရေပြားအလားသဘောထား။မျက်လုံးရေချိန် ပုံမှန်သို့မဟုတ် ပုံမှန်အောက် အခြေ အနေတွင်
ရေတိမ်ဖြစ်သော(ဂ)နှင့်(ဃ)အမျိုးအစားတွင်၊မျက်စိအာရုံကြောသည် “ဂျုံနယ်ပြား”အလား သဘောထားပါကမှားအံ့မထင်။
အထက်ပါအချက်များကို
သဘောပေါက်ပါက…… (က)ရေတိမ်ရှိမှန်းမသိ ဘုမသိ၊ဘမသိပဲ မျက်စိမြင်ကွင်းကျဉ်း၍ တဖြည်းဖြည်းမျက်စိမြင်ကွင်းကျဉ်းလွန်းမက
ကျဉ်းသွားသောအခါ………… .မြင်ကွင်းပျောက်……ကွယ်။ (ခ)ရေတိမ်ရှိမှန်းသိသော်လည်း အရေး အဲ့လောက်ကြီးမှန်း
မသိလို့ မြင် ကွင်းကျဉ်း…….ကွယ်။ (ဂ)ရေချိန်ရှိမှန်းလည်းသိ၊အရေးကြီးမှန်းလည်းသိ၍ မျက်စိဆရာဝန်နှင့်
မှန် မှန်ပြ၍ ညွှန်ကြားချက်များအတိုင်း၊မျက်စဉ်းမှန်မှန်ခပ်၊ရေချိန်မှန်မှန်တိုင်း မြင်ကွင်းစမ်းသော်လည်း၊ရေ
ချိန်ပုံမှန်ဖြစ်နေသဖြင့်၊ရေချိန်ပုံမှန်ဖြစ်နေတာကို လူနာရောဆရာဝန်ရော ကျေနပ်နေသဖြင့်
တဖြည်း ဖြည်း မသိမသာလုံးပါးပါးကာ….မြင်ကွင်းကျဉ်း……ကွယ်။(ဤနေရာတွင် အမှတ်စဉ်(ဂ)နှင့်(ဃ)ရေ
တိမ်အခြေအနေများ၌ လူနာအတွက်မြင်ကွင်းပိုမကျဉ်းရန် တားဆီးနိုင်မည့်ရေချိန်(Target
I.O.P).. ဥပမာ(၁၄)လောက်အထိ ကျအောင်စွမ်းဆောင်ကုသဖို့ရာ မျက်စိဆရာဝန်ဖက်(အထူးသဖြင်ဂျူနီယာ
များ)ကလူနာတယောက်ချင်းစီ၏ ထူးခြားသောအခြေအနေအရ စီမံကုသနိုင်ရန် အရေးကြီးသည်ဟု အကြံပြုပါသည်)။
သို့ပါ၍ “မမှုန်မကိုက်၊အစုံလိုက် မျက်စိကွယ်စေသော” ရေတိမ်ရောဂါအန္တရယ်မှ
ကာကွယ်ရန်………
(က)လူတိုင်းအနည်းဆုံး တနှစ်တခါ မျက်စိရေချိန်တိုင်းခြင်း၊မျက်စိအာရုံကြောခေါင်း(Optic
Nerve Head)ကိုသာမန်ထက် ခွက် မခွက်စစ်ဆေးခြင်း၊လိုအပ်ပါက မျက်စိမြင်ကွင်း စမ်းသပ်စစ်ဆေးခြင်းတို့
ဖြင့်လည်းကောင်း၊
(ခ)ရေတိမ်ကို ကုသမှုခံယူနေသူများကလည်း ရေတိမ်၏သဘော ရေချိန်၏သဘာဝတို့ကို
ကိုယ် တိုင် နားလည် သဘောပေါက်၍ “မျက်စဉ်းခပ်တာ ဘာမှမထူးဘူး” “ပိုလည်းကြည်မလာဘူး”စသည်
ဖြင့် မျက်စဉ်းခပ်နေရသည်မှာ နောက်ထပ်မြင်ကွင်းထပ်မကျဉ်းစေရန် ခပ်နေရသည်ကိုလည်း သဘော
ပေါက်ကြရန်လည်းကောင်း၊
(ဂ) ဂျူနီယာ မျက်စိဆရာဝန်များအနေဖြင့် ရေချိန်ပုံမှန်ရေတိမ်နှင့်
ရေချိန်ပုံမှန်အောက်ရေတိမ်များတွင် လူနာတယောက်ချင်းစီအတွက် ဖြစ်သင့်သည့်ရေချိန်(Target
I.O.P)ကိုသတ်မှတ်၍ ထိုရေချိန်တွင် ထိမ်းထားနိုင်အောင် ကုသခြင်းဖြင့်လည်းကောင်း၊
ကာကွယ်ကုသနိုင်ကြလျက်
မျက်မမြင်ဖြစ်ပွားနှုန်း ဒုတိယအများဆုံး “ ရေတိမ်” ရေဂါကို ရင် ဆိုင်ဖြေရှင်းနိုင်ကြပါစေကြောင်း
စေတနာကောင်းဖြင့်ရေးသားလိုက်ရပါသတည်း။
