24.6.16

ဗိုင်းရပ်ရောဂါပိုးကြောင့် ဖြစ်ပွားသော မျက်စိနာ(Viral Conjunctiva)

          မျက်မြှေးလွှာ(conjunctiva)နီလျက် ယောင်ရမ်းနေပြီး၊မျက်ခွံများမို့မောက်လျက်၊မျက်ရည်ပူများအဆက် မပြတ်ကျနေတတ်ပါသည်။သေချာစွာ စစ်ဆေးကြည့်လျှင်၊မျက်စိ၏ မျက်ဖြူလွှာအပိုင်း(sclera) သည် နီနေပြီး၊မျက်မြှေးလွှာ၌ သွေးယိုစိမ့်ခြင်း(Conjunctival haemorrhage) ကို မျက်မြှေး လွှာ၏ သွေးကြောမျှင်ကလေးများတွင် တွေ့ကြရမည်ဖြစ်ပါသည်။အောက်ဖော်ပြပါပုံများကို လေ့လာ ကြည့်ပါ။


 
         ၎င်းကိုမျက်မြှေးလွှာ၏ အပေါ်ယံ ပါးလွှာသောအပိုင်း၌ သွေးယိုစိမ့်ခြင်း(Epidermic  Haemorrhage conjunctivitis) ဟုခေါ်ပါသည်။ကြိုတင်ကာကွယ်မှု အနေနှင့် ကော်မျက်စဉ်း (Antibiotic eye ointment) ခပ်ပေးခြင်းဖြင့် ဆက်လက်ဖြစ်ပွားလာနိုင်သည့် ဗက်တီးရီးယား ပိုးဝင်ခြင်း (Bacterial infection) ကိုဟန့်တားစေနိုင်မည်ဖြစ်ပါသည်။
         ဤကဲ့သို့မျက်စိနာရှိသူနှင့် အနီးကပ်ရှိနေသည့် မိသားစုဝင်များကို လူနာ၏ မျက်ကြည် လွှာအား အချိန်ပြည့်နီးပါးစောင့် ကြည့်ကြရန်နှင့် မျက်ကြည်လွှာနောက်ကျိလာပါက မျက်စိအ ထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသရန် အရေးတကြီး မှာကြားထားရပါမည်။
         ထိုသို့ဗိုင်းရပ်ပိုးကြောင့် ဖြစ်ပွားသောမျက်စိနာသည်၊ သာမန်အားဖြင့် (၅) ရက်မှ(၁၄) ရက်အတွင်း သက်သာပျောက်ကင်းသွားတတ်ပါသည်။ရရှည်ဖြစ်ပွားလေ့ မရှိသော်လည်း ကူး စက်ပြန်ပွားမှုနှုန်း လျှင်မြန်ပါသည်။
                 သို့ဖြစ်ရာ ၎င်း၏မိသားစုဝင်အားလုံးအား မျက်စိကို မကြာခဏ မပွတ်ကြရန်နှင့် လူနာ၏ မျက်စိကို ထိမိပွတ်မိသည့်အခါတိုင်း လက်များကို ဆပ်ပြာအလုံအလောက်းသုံး ၍  ရေ ဖြင့် စင်ကြယ်အောင် ဆေးကြောကြရန် အထူးမှာကြားကြရပါမည်။သို့မှသာ မျက်စိနာ ကူးစက်မှုနှုန်းကို လျော့ကျလာစေမည်ဖြစ်ပါသည်။


        Creditး cehjournal.com