18.8.17

တတိယအရွယ်နှင့် မျက်စိဝေဒနာများ။ မောင်ပြည့်အောင်(Ophthalmic Assistant)



          အသက်(၄ဝ)ဝန်းကျင်အရွယ်မှစတင်သော တတိယအရွယ်၌  အထွေထွေကျမ်းမာရေး အား နည်းချက်များကိုကြုံတွေ့ကြရသည့်နည်းတူ၊မျက်စိအားနည်းမှုများကိုလည်း မလွဲမသွေခံစားကြရ မည် ဖြစ်ပါသည်။ထိုသို့ ကြုံ့တွေရမည့်အခြေအနေများကို သိရှိကြခြင်းအားဖြင့် ဆောင်ရန်နှင့်ရှောင်ရန် အချက်အလက်များကို သဘောပေါက်နားလည်ကြလျက် အကျိုးများကြစေခြင်းအလို့ငှာ ဤ ဆောင်းပါးကို ရေးသားပါသည်။

 

အရွယ်လွန်ချိန်၌ ကြုံတွေ့ကြရလေ့ရှိသည့် မျက်စိဝေဒနာများကို အောက်ပါအတိုင်း ယေဘု ယျအားဖြင့်တွေ့ရပါမည်။(၁)အနီးမှုန်ခြင်း(Presbyopia)၊(၂)အတွင်းတိမ်ဖြစ်ခြင်း(cataract)၊(၃)ရေတိမ်ဖြစ် ခြင်း (glaucoma)၊(၄)မြင်လွှာရှိ မက်ကျူလာအားနည်းခြင်း(Age – related macular degeneration -AMD)  (၅)သက်ကြီးရောဂါများကြောင့်မြင်အမြင်အာရုံချို့ယွင်းခြင်း( Age-Related Diseases and Vision) တို့ဖြစ် ၏။   
                  
(၁)အနီးမှုန်ခြင်း(Presbyopia)။ လူတိုင်းလူတိုင်းအသက်(၄၀)အရွယ်တွင် အနီးကြည့် မှုံလာပါသည်။ အနီး ကြည့်ဟူသောအကွာအဝေးမှာ  ဆယ့်နှစ်လက်မ(၁၂”) မှ ဆယ့်လေးလက် မ(၁၄”)ဝန်းကျင် အကွာအဝေး (စာရေးစာပွဲပေါ်တွင်စာအုပ်တင်၍ ကြည့်ရှုသောအကွာအဝေး) ပင်ဖြစ်ပါသည်။ ဤအရွယ်၌     စာမဖတ်နိုင် အောင် လုံးဝမှုန်သွားခြင်းမျိုးမဟုတ်ဘဲ စာရေးနိုင်ရုံမျှ လက်မှတ်ရေးရုံမျှ အမြင်အာရုံကို ရနေပါသေးသည်။ သို့ရာတွင် ဆောင်းပါးတပုဒ်မျှကို ဖတ်သောအခါတွင်မူ တဖြည်းဖြည်းမှုန်လာသည်ကို တွေ့ ရမည်ဖြစ်ပါ သည်။ 

 အသက်(၄၅)နှစ်နှင့် (၅၀)တွင်မျက်မှန်တပ်၍ကြည့်မှ မြင်ရသည့်အဆင့် သို့ရောက် လာမည်ဖြစ် သည်။ အနီးကြည့် အသုံးနည်းသောသူများသည် စာဖတ်၍လုံးဝမရတော့သည့် အခြေအနေရောက်မှ သတိထားမိပြီး အထိတ်တလန့်ဖြစ်ကြသည်များလည်းရှိပါသည်။ဤသည်မှာ တတိယအရွယ်၌ ရှေးဦးစွာ ကြုံတွေ့ကြရမည့် မျက်စိမှုန်ခြင်းဖြစ်ပြီးပါသည်။ မျက်စိအထူးကုဆရာဝန်ကြီးများ၊ ကျွမ်းကျင်ပညာရှင်များနှင့် တိုင်ပင်၍ အနီးကြည် မျက်မှန်တပ်ခြင်းဖြင့် ကြည်လင်သောအမြင်အာရုံကိုရရှိစေမည် ဖြစ်၏်။တခါတရံ လေဆာရောင်ခြည် ကုထုံးဖြင့် ကုသရသည် များလည်းရှိပါသည်။



(၂) အတွင်းတိမ်ဖြစ်ခြင်း( cataract )။ အတွင်းတိမ်နှင့်ရေတိမ်သည် အသက်အရွယ်မရွေးဖြစ်နိုင် သော်လည်း၊ အသက်(၆၀)ကျော်အရွယ်များတွင် အဖြစ်များ၏။ မျက်စိနှစ်ဖက်စလုံးတွင် ဖြစ် တတ် သော်လည်း  တဖက်ဖက်ကအရင်ဆုံးစ၍  ဖြစ်လေ့ဖြစ်ထရှိပါသည်။ နောက်ပိုင်းတွင်မှ ကျန်တဖက်က ဆက်၍ ဖြစ်ပါ သည်။ ကာယကံရှင်က သတိမူမိသောအချိန်တွင် နှစ်ဖက်စလုံး အတွင်းတိမ်ရှိနေသော အချိန် ဖြစ်နေလေ့ရှိပါသည်။မွေးရာပါအတွင်းတိမ်နှင့် ထိခိုက်မိ၍ဖြစ်သည့် အတွင်းတိမ်ဟူ၍ လည်းရှိ ၏။ သက်ကြီးအတွင်းတိမ် ရှိသူများသည် တဖြည်းဖြည်းမျက်စိမှုန်လာခြင်း (အထူးသဖြင့် အဝေးမှုန်)ကို ခံစားရပြီး နာကျင်ခြင်းကိုက်ခဲခြင်းမျိုးကို မခံစားရပါ။
        အတွင်းတိမ်ကို ကာကွယ်နိုင်ခြင်းမရှိသော်လည်း ခွဲစိတ်ကုသမှုကို  အောင်မြင်စွာဆောင် ရွက် နိုင်ကြပါသည်။ အတွင်းတိမ်ခွဲစိတ်ကုသမှု၏အခြေခံသဘောတရားမှာ  အလင်းပိတ်နေသော သ ဘာဝမှန်ဘီလူးကို ခွဲစိတ်ဖယ်ထုတ်၍ အဆင့်မြင့်နည်းပညာဖြင့် ပြုလုပ်ထားသောမှန်ဘီလူးအတု (Artifical Lens)ကို အစားထိုးထည့်သွင်း တပ်ဆင်ပေးခြင်းပင်ဖြစ်ပါသည်


(၃)ရေတိမ်ဖြစ်ခြင်း(glaucoma)မျက်စိရေတိမ်နှစ်မျိုးရှိသည့်အနက် ပထမအမျိုးအစားမှာ အခြားသော မျက်စိရောဂါဝေဒနာရှင်များနည်းတူ မျက်စိနီခြင်း၊နာကျင်ခြင်း ၊အမြင်မှုံဝါးခြင်း၊ မျက်ရည်ပူကျခြင်း စသည်တို့ကို ခံစားရပါသည်။ နာကျင်မှုကို မျက်စိတဖက်တည်း၌ တိုး၍တိုး၍ခံစားရခြင်း ၊ ချက်ခြင်း ဆို သလို မျက်စိမှုန်ဝါးသွားခြင်း၊ပြင်းထန်စွာ ခေါင်းကိုက်ခြင်း၊ ပျို့ချင်အန်ချင် ဖြစ်ခြင်းတို့ကို ထူးခြားသော လက္ခဏာရပ်များအဖြစ်  ခံစားရပါမည်။ (နီ၊ကိုက်၊မှုန်၊ပျို့)ဤဝေဒနာများကိုခံစားရပါက မျက်စိရေတိမ်  ဖြစ်နိုင်ကြောင်း သတိမူကြရမည်ဖြစ်၏။
ဒုတိယအမျိုးအစားမှာ နီခြင်း၊ကိုက်ခြင်း စသည့်ဝေဒနာမခံစားရဘဲ တဖြည်းဖြည်းမသိမသာ မှုန်လာသော အမျိုးအစားဖြစ်၏။ကာယကံရှင်ကိုယ်တိုင် သတိမထားမိသည်ကများပြီး မျက်စိအထူးကု ဆရာဝန်ကြီးများကသာသိနိုင်၍ ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးကြရန် တိုက်တွန်းကြခြင်းဖြစ်ပါသည်။ မျက်စိရေတိမ်သည် အချိန်မရွေး အမြင်အာရုံလုံးဝဆုံးရှုံးနိုင်သောကြောင့် သတိထားကြရမည့် မျက်စိ ဝေဒနာ ဖြစ်ပါသည်။


(၄)မြင်လွှာပေါ်ရှိ မက်ကျူလာ(အမြင်အာရုံခံလွှာ)ယိုယွင်းအာနည်းလာခြင်း။(Age – related macular degeneration - AMD)                                                                                                                                                   
        အသက်ကြီးလာမှုကြောင့် မြင်လွှာပေါ်ရှိ မက်ကျူလာ(Macular)ဟုခေါ်သော အာရုံခံလွှာ တဖြည်းဖြည်းယိုယွင်းလာမှုသည် အသက်(၆၀)ကျော်များတွင် အဖြစ်များပါသည်။ အသက်(၇၅)နှစ် အထက်ဖြစ်ပွားနှုန်းမှာ(၄၆%)ဖြစ်ကြောင်း သုတေသီတို့၏ ထုတ်ပြန်ချက်များအရသိရ၏။မက်ကျူလာ (Macular)သည် မြင်လွှာ၏ အရေးပါသောနေရာတွင် ရှိသောကြောင့် မြင်ကွင်းကို ထိခိုက်စေပါသည်။ အမြင်အာရုံချို့ယွင်းမှုကို အစိတ်အပိုင်းအားဖြင့်ဖြစ်ပေါ်စေပြီး မြင်တွေ့ရသော အရာဝတ္တုပုံရိပ် (မြင်ကွင်း)များပေါ်တွင် အမဲကွက် အစက်အပျောက်အကြီးအသေး တခု သို့မဟုတ် အများကို (သတိထား၍ ကြည့်လျှင်) မြင်တွေ့ရတတ်ပါသည်။၎င်းကို Age – related macular degeneration(AMD)ဟုခေါ်ပါသည်။

AMD ကိုအမျိုးအစား(၂)မျိုးခွဲခြားနိုင်ပါသည်။ အေအမ်ဒီအစို(Wet AMD)နှင့်၊ အေအမ်ဒီ အခြောက် (Dry AMD)တို့ဖြစ်ကြသည်။ အေအမ်ဒီအစိုသည်မြင်လွှာရှိအာရုံခံလွှာအတွင်း၌ ဖောက် ပြန်သောသွေးကြောသစ်များပေါ်ပေါက်ခြင်းဖြစ်ပါသည်။ သောက် ဆေးစားဆေးပေး၍ ကုသ နိုင်ပါ သည်။အေအမ်ဒီအခြောက်မှာ တဖြည်း ဖြည်းတရွေ့ရွေ့နှင့် မသိမသာ ဖြစ်လာသောသဘော ရှိပါ သည်။အေအမ်ဒီအစိုထက် ပို၍နှေးကွေးပါသည်။ ကုသရန်နည်းလမ်း မရှိသေးသော်လည်း ဗီတာမင် နှင့် လိုအပ်သောသတ္တုဓါတ်များ ကြွယ်ဝစွာပါဝင်သော အာဟာရများကိုမှီဝဲစေခြင်းဖြင့်  ရပ်တန့် စေနှိုင်ကြောင်း သိရပါသည်။စောစီးစွာသိရပါက အေအမ်ဒီကြောင့် အမြင်အာရုံကျဆင်းလာမှုကို ပြန် လည်မြှင့်တင်နိုင်သည်ဖြစ်ရာ မျက်စိအထူးကုဆရာဝန်နှင့် ပုံမှန်စစ်ဆေးခြင်းသည် အသက်ကြီးသူများ အတွက်အရေးကြီးပါသည်။

   
(၅)သက်ကြီးရောဂါများကြောင့် အမြင်အာရုံချို့ယွင်းခြင်း။( Age-Related Diseases and Vision)
          ဆီးချိုရောဂါနှင့် သွေးတိုးရောဂါကဲ့သို့သော သက်ကြီးရောဂါများသည်  အမြင်အာရုံချို့ယွင်းမှု ကိုဖြစ်စေပါသည်။ ဆီးချိုရောဂါကြောင့် မြင်လွှာရှိဆံခြည်မျှင်သွေးကြောများ၌ သွေးယိုစိမ့်ခြင်း နှင့် မလိုလားအပ်သော နေရာများ၌ အသုံးမဝင်သောသွေးကြောသစ်များ ပေါ်ပေါက်လာခြင်းများ (Diabetic retinopathy)သည်  အမြင်အာရုံကိုကြီးမားစွာထိခိုက်စေနိုင်ပါသည်။
လက္ခာရပ်အဖြစ် မိမိ၏မြင်ကွင်း၌ ရွေ့လျားနေသောပုံသဏ္ဍာန်များ( Floters )ကို တွေ့ရ ခြင်း၊အမြင်မှုန်ဝါးခြင်း၊ တစိတ်တပိုင်းအားဖြင့် အမြင်အာရုံဆုံးရှုံးနေတတ်ခြင်း နှင့် မျက်စိ၏ အတွင်း မှအနည်းငယ်နာခြင်းများကို ခံစားရမည်ဖြစ်ပါသည်။ လေဆာရောင်ခြည်ဖြင့် ကုသခြင်း (Photocoagulation) နှင့်ခွဲစိတ်ကုသခြင်း(Vitrectomy)များသည် ဆီးချိုရောဂါကြောင့်ဖြစ်ပွားသည့် Diabetic retinopathy ကိုကုသသည့် နည်းများဖြစ်ပါသည်။
သွေးတိုးရောဂါသည် ခန္ဒာကိုယ်ရှိသွေးကြောများအား ဖောက်ပြန်စေသကဲ့သို့ မျက်စိသွေး ကြောများနှင့် မျက်စိအာရုံကြောများကိုလည်း ထိခိုက်စေပါသည်။အမြင်အာရုံလုံးဝဆုံးရှုံးမှုကို ဖြစ်ပေါ် စေနှိုင်သောကြောင့် အချိန်မီကုသသင့်သောရောဂါဖြစ်ပါသည်။ အစားအသောက်အနေ အထိုင် ဆင်ခြင်ခြင်းနှင့် ဆေးလိပ်နှင့်အရက်သောက်ခြင်းကဲ့သို့သော အလေ့အကျင့်ဆိုးများကို ရှောင်ရှားခြင်း အားဖြင့်လည်း ကာကွယ်နိုင်ပါသည်။

အချုပ်အားဖြင့်ဆိုရပါမူ အရွယ်လွန်ချိန်၌ဖြစ်တတ်သည့် မျက်စိဝေဒနာများသည် မျက်စိအထူး ကုဆရာဝန်များ၏ စံနှုန်းပြည့်စမ်းသပ်စစ်ဆေးမှုများဖြင့်သာ သိရှိနိုင်ကြောင်းသတိမူကြလျက် အရွယ် လွန်ချိန်၏နိဒါန်းဖြစ်သော အသက်(၄၀)အရွယ်မှစတင်ကာ၊ မျက်စိစမ်းသပ်စစ်ဆေးမူကို ပုံမှန်ခံယူ သင့်ပါကြောင်း စေတနာကောင်းဖြင့် ရေးသားအပ်ပါသည်။( Ref:The more common age-related eye diseases By Carol Bradley Bursack. Source …www.agingcare.com/articles)