ဟေမာန်ညီညီ၊ရန်ကုန်အတွဲ (၁၅)၊ အမှတ် (၄၈)
http://www.7daydaily.com
မျက်ကြည်လွှာ ထိခိုက်ပျက်စီးမှု များတွင် ရောဂါပိုးဝင်ရောက်ခြင်း ကြောင့်ထိခိုက်ပျက်စီးမှုသည် ၇၀ ရာခိုင်နှုန်းရှိကြောင်း မျက်စိအထူးကုဆရာဝန်ကြီးပါမောက္ခဒေါက်တာတင်ဝင်းက ပြောသည်။
လယ်ယာလုပ်ငန်းခွင်ဝင်သူ များနှင့် တွင်ခုံကဲ့သို့ စက်ရုံများ၌အလုပ်လုပ်သူများသည် မျက်လုံး ထိခိုက်မှုဖြစ်သည့်အခါ ရှေးဦးသူနာပြုရမည့်အပိုင်းကို နားမလည် ခြင်း၊ အချိန်မီကုသမှုမခံယူခြင်း တို့ကြောင့်ရောဂါပိုးဝင်ပြီး မျက် ကြည်လွှာထိခိုက်ပျက်စီးရသည် ဟု ဆိုသည်။
‘‘မျက်ကြည်လွှာထိခိုက်စေ တဲ့အကြောင်းရင်းတွေထဲမှာ ရောဂါပိုးဝင်ခြင်းက၇၀ရာခိုင်နှုန်း လောက်ရှိတယ်။ Trauma(ထိ ခိုက်ဒဏ်ရာ)ရတာ၊ မျက်လုံးထဲကိုထုံးတို့၊ ချွတ်ဆေးတို့လို ဓာတု ပစ္စည်းဝင်တာတို့ ကြောင့်လည်း ဖြစ်နိုင်တယ်။တချို့ကျ မွေးရာပါ ဖြစ်တာလည်းရှိတယ်။ ရောဂါပိုး ကြောင့်ဖြစ်တာတော့
အများဆုံး ပဲ’’ဟု ပါမောက္ခဒေါက်တာတင် ၀င်းက ဆိုသည်။
မျက်ကြည်လွှာထိခိုက်ပျက် စီးမှုများတွင် အသက်(၂၀)မှ (၄၀)ကြားအလုပ်လုပ်နိုင်သည့်အ ရွယ်များ၌ ပို၍အဖြစ်များပြီး ရော ဂါပိုးကြောင့်မျက်ကြည်လွှာထိ ခိုက်ပျက်စီးမှုနည်းစေရန် ရှေးဦး သူနာပြုစုမှုသည် အရေးကြီးကြောင်း ၎င်းကပြောသည်။
‘‘မျက်လုံးထဲကို တစ်စုံတစ်ရာဝင်တယ်ထင်ရင် ရေစင်အောင် ဆေးရမယ်။ဒါမှဝင်တဲ့ အမှိုက်တွေထွက် သွားနိုင်မယ်။ တက်ထ ရာဆိုက်ကလင်း မျက်စဉ်းဆေးကိုတစ်နေ့လေးကြိမ် ထည့်ပေးရ မယ်။ ပြီးရင်တော့ တတ်ကျွမ်းနား လည်တဲ့ ဆရာဝန်နဲ့အချိန်မီကုသ ဖို့လိုပါတယ်’’ဟု ဒေါက်တာတင် ၀င်းကဆိုသည်။
ရန်ကုန်မျက်စိဆေးရုံကြီး၌ မျက်ကြည်လွှာထိခိုက်ပျက်စီးသူ များကိုအစားထိုးကုသမှုပြုလုပ် ပေးနေပြီး ကုသမှုခံယူရန်စောင့်ဆိုင်းနေသည့်လူနာမှာလက်ရှိ၌ နှစ်ထောင်ခန့်ရှိကြောင်း၊ ၂၀၁၆အတွင်း မျက်ကြည်လွှာအစားထိုးမှုကိုလူနာ၂၁၂ဦးအား အောင်မြင်စွာပြုလုပ်ပေးခဲ့ပြီးမျက်ကြည်လွှာအလှူရှင်များ
လိုအပ်နေသေးကြောင်း သိရသည်။