နှလုံးကျန်းမာရေး
နှင့် ဦးနှောက်ကျန်းမာရေး
နှလုံးကျန်းမာရေး
နှလုံးကျန်းမာရေးသည် အရေးကြီးဆုံးဖြစ်ပေသည် ။မွေးသည်မှ သေဆုံးသည့်အချိန်ထိ နားချိန်မရဘဲ အမြဲတမ်းနှလုံးခုန်လျက် သူ၏လုပ်ငန်းများကို လုပ်ဆောင်နေရသောကြောင့် ဖြစ်ပါသည်။ခန္ဓာကိုယ် အရပ်ရပ်မှ စီးဝင်လာသော သွေးညစ်များကို နှလုံးတွင်လက်ခံ၍ အဆုတ်သို့ ညှစ်ပို့သည်။အဆုတ်တွင် လေထဲမှ အောက်စီဂျင်ကို စိမ့်ဝင်စေခြင်းဖြင့်၊ သွေးသစ်များဖြစ်လာသည်။သွေးသစ်များသည် နှလုံးသို့ တဖန်ပြန်ရောက် ၍ နှလုံးမှတဆင့် ခန္ဓာကိုယ် တခုလုံးသို့ ပို့ဆောင်ပေးသည်။
ထိုကဲ့သို့ အချိန်တိုင်း၊ နှလုံး၏လုပ်ငန်းဆောင်တာများ၊
ကောင်းမွန် မှန်ကန်ဖို့အတွက်၊ နှလုံးကြွက် သားများ သန်မာဖို့လိုသည်။နှလုံးကြွက်သားများ
အလုပ်လုပ်နိုင်ရန်၊ ထိုနှလုံးကြွက်သားများအတွက် လိုအပ် သော သွေးနှင့်အာဟာရများ ပေးပို့သော
နှလုံးသွေးကြောများ ကောင်းမွန်ရန် လည်း၊အရေးကြီးပါသည်။
သွေးထဲ အဆီများခြင်း၊အဝလွန်ခြင်း၊သွေးတိုးရောဂါ၊ဆီးချို
သွေးချိုရောဂါ၊ဆေးလိပ် သောက်ခြင်း၊ အရက်အလွန်အကျွံသောက် ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊အသက်ကြီးခြင်းတို့သည်
နှလုံးသွေးကြောများကို ကျဉ်းစေသည်။ ကျန်းမာရေးနှင့်ညီညွတ်သော နေထိုင်မှုပုံစံမရှိခြင်း၊
ကိုယ်လက်လှုပ်ရှားမှုမရှိဘဲ အထိုင် များခြင်း တို့သည်လည်း နှလုံးအားကို နည်းစေသည်။တီဗွီရှေ့တွင်
တနေကုန်ထိုင်ပြီး၊ နှလုံး အားကောင်းအောင် အင်္ဂလိပ်ဆေး၊ တိုင်းရင်းဆေး၊ ဟိုဆေး၊ သည်ဆေး
သောက်နေရုံနှင့်မရ၊ အနည်းဆုံး လမ်းမှန်မှန်လျှောက်မှသာ ကိုယ်လက်လှုပ်ရှားမှုရှိမှသာ၊
နှလုံးအားကောင်းမည်။
အသက်ကြီးလာလျှင် တကိုယ်လုံးအိုလာသည်။ဆံပင်အို၍
ဆံပင်ဖြူသည်။ဆံပင်ဖြူတာထက် “နှလုံး အို”လာတာအရေးကြီးသည်။နှလုံးအိုလာတာကို သေချာသိရှိ
နားလည်သဘောပေါက်ဖို့ အရေးကြီး၏။
နှလုံးမအိုခင်ကတဲက နှလုံးအအိုမစောအောင် လေ့ကျင့်ခန်းမှန်မှန်လုပ်သင့်သည်။
“၃၀-၂၀-၁၀”လေ့ ကျင့်ခန်းဖြစ်သည်။ ပထမ ၃၀ စက္ကန့် တွင် လမ်းမှန်မှန်လျှောက်ရမည်၊ဒုတိယ
၂၀ စက္ကန့်တွင် မှန်မှန်ပြေးရမည်၊ တတိယ ၁၀ စက္ကန့်တွင် အားကုန်ပြေးရမည်။သို့မှသာ နှလုံးကြွက်သား
သန်မာ၊နှလုံးသွေးကြော မကျဉ်းဘဲ၊ ကျန်းမာရေးကောင်းမည်ဖြစ်၏။
နှလုံးအားနည်းစေသော အကြောင်းတရားများ
(၁)သွေးတိုး လျှင်နှလုံးကပိုညှစ်ရသည်၊ညှစ်ရဖန်များသောအခါ၊
နှလုံးကြွက်သား ကြီးလာသည်၊နှလုံးကြွက် သား ကြီးလာသော် ရေရှည်တွင် နှလုံး ခြေကုန်လက်ပန်းကျ၍
၊နှလုံးအမောဆို့/နှလုံးဖောက်လာသည်။ အချိန် မီမကုလျှင် သေနိုင်သည်။သွေးတိုးရောဂါ ကြောင့်
နှလုံးသွေးကြောနံရံများ ပျက်စီးသည်။ နှလုံးသွေးကြောကျဉ်း လာသည်၊နှလုံးသွေးကြောပိတ်လျှင်၊နှလုံးကြွက်သားပုပ်၍
ရုတ်တရက် နှလုံး ခုန်ရပ်ပြီး သေဆုံးနိုင်သည်။
(၂)သွေးထဲအဆီဓါတ်မြင့်မား လျှင် နှလုံးသွေးကြောတွင် အဆီဓါတ်စုပုံ
ခြင်း၊နှလုံသွေးကြောကျဉ်းခြင်း၊ နှလုံး သွေးကြောပိတ်၍၊နှလုံးခုန် ရုတ်တရက်ရပ်၍ သေဆုံးနိုင်သည်။
(၃)ဆေးလိပ်သောက် လျှင်ဆေးလိပ်ငွေ့တွင်ပါသော နီကိုတင်းသည်
နှလုံး သွေးကြောများကို ကျဉ်းစေသည်။ အဆုတ်တွင်ရှိသော လေအိပ်ငယ်များ၊ လေပြွန်များကို
ပျက်စီးစေသောကြောင့်၊နှလုံးကိုဝန်ပိစေသည်။ အဆုတ် ကြောင့်ဖြစ်သော နှလုံးရောဂါ(Cor
pulmonalae)ဖြစ်၍၊အမောဖောက်ကာ သေဆုံးနိုင်သည်။
(၄)နှလုံးသွေးကြောကျဉ်းရောဂါ သည်မျိုးရိုးလိုက်တတ်သဖြင့် မျိုးရိုးရှိ
သောသူများ ပို၍ သတိ ထား သင့်သည်။
(၅)ဆီးချိုသွေးချိုတက် လျှင်ခန္ဓာကိုယ်ရှိသွေးကြောများကို ပျက်စီးစေ
သဖြင့် နှလုံးသွေးကြောများလည်း အပါ အဝင်ဖြစ်သည်။ှဆီးချိုသွေးချို ရောဂါရှင်များ၏ တစ်ဝက်ခန့်သည်
နှလုံးသွေးကြောကျဉ်းရောဂါကြောင့် သေဆုံး ကြရသည်။
(၆)အဝလွန်ခြင်း သည် နှလုံးသွေးကြောကျဉ်းရောဂါ၊ဆီးချိုသွေးချိုရောဂါ၊
သွေးတိုးရောဂါများကိုဖြစ်စေ သည်။ အဝလွန်ခြင်းသည် သကြား(အချို) အလွန်အကျွံစားသုံးခြင်းနှင့်
ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့် အဓိက ဖြစ်ရသည်။
နှလုံးသွေးကြောကျဉ်းရောဂါသည် သေဆုံးရသည့်ရောဂါများတွင်
ကမ္ဘာ့နံပါတ် တစ်ဖြစ် သည်။၁၅.၅% ရှိသည်။၂၀၁၅
ခုနှစ်တွင် နှလုံးသွေး ကြောကျဉ်းရောဂါကြောင့် လူပေါင်း ၈.၈ သန်းသေဆုံးခဲ့ရသည်။
နှလုံးရောဂါကြောင့် ကျန်းမာသက်ရှည်ရေးကို
မထိခိုက်စေရန် ……..
(က)ကိုယ်လက်လှုပ်ရှားမှုမှန်မှန်ပြုလုပ်ခြင်း၊ (ခ)ကိုယ်အလေးချိန်ကိုပုံမှန်ဖြစ်အောင်ထိန်းခြင်း၊ (ဂ)ကျန်းမာရေးနှင့်ညီညွတ်မျှတသော
အစားအသောက်စားသုံးခြင်း(ဆိုဒီယမ်နည်းသော အစားအစာ၊ သစ်သီးများ၊ဟင်းသီးဟင်းရွက်များ)
(ဃ)ဆေးလိပ်၊ကွမ်းယာများရှောင်ကြဉ်ခြင်း၊ (င)အရက်အလွန်အကျွံသောက်ခြင်းကိုရှောင်ကြဉ်ခြင်း၊ (စ)နှလုံးသွေးကြောကျဉ်းရောဂါ
ရှိမရှိ၊ ECG ဖြင့်စစ်ဆေးရုံ သာမက၊လေ့ ကျင့်ခန်းလုပ်ပြီးတိုင်းသော ECG (Tredmill
ECG)ကိုပါလုပ်၍ လိုအပ်ပါ က၊နှလုံးအထူးကုဆရာဝန်၏ လမ်းညွှန်ချက်နှင့်အညီ၊နှလုံး သွေးကြော
ကို၊တယ်လီဗွီးရှင်း ဓါတ်မှန်ရိုက်ခြင်း(Coronary angiogram) လုပ်ဆောင် ရပေမည်။အကယ်၍
၇၀% နှင့် အထက်နှလုံးသွေးကြောကျဉ်းပါက၊နှလုံး သွေးကြောချဲ့ခြင်း(Ballon
Catherization)စသည်များ လုပ်ဆောင် ခြင်း ဖြင့်၊နှလုံးရောဂါကြောင့် ကျန်းမာရေးချို့တဲ့ခြင်း၊သေဆုံးခြင်းများကိုကာ
ကွယ်နိုင်ပြီး၊ကျန်းမာ သက်ရှည်ကြ မည်ဖြစ်ပါသည်။
၂၀၁၅
ခုနှစ်တွင် လူသန်း ၁၁၀ နှလုံးရောဂါဖြစ်ပွားခဲ့ပြီး၊၈.၉ သန်း သေ ဆုံးခဲ့ရသည်။အမေရိကန် နိုင်ငံ
တွင် လေ့လာချက်အရ အသက်(၆၅) နှစ် အထက် ၂၀%၊ (၄၅)နှစ်မှ(၆၅)နှစ်အထိ ၇%၊(၁၈)နှစ် မှ(၄၅)နှစ်
အထိ ၁.၃% နှလုံးရောဂါဖြစ်ပွားသည်ကို တွေ့ရပါသည်။ထို့ကြောင့် အသက် (၆၀)ကျော် လျှင်၊နှလုံးရောဂါ
လက္ခဏာ မရှိသူများလည်း၊နှလုံးကျန်းမာရေး စစ်ဆေးသင့်ပါသည်။
(၂)ဦးနှောက်ကျန်းမာရေး
ခန္ဓာကိုယ်တခုလုံး၏
လှုပ်ရှားမှု၊အသိဥာဏ်၊အသက်ရှူခြင်း၊ နှလုံးခုန်ခြင်း၊အစာချေခြင်း စသည့် များပြား စွာသော
လုပ်ငန်း ဆောင်တာများကို ထိန်းချုပ်သည့် ဗဟိုဌာနများသည် ဦးနှောက်တွင် ရှိသည်။ ဦးနှောက်
လုပ်ငန်းများ မှန်မှန်လုပ်ဆောင်နိုင်ရန်အတွက်၊ ဦးနှောက်သွေး ကြောများ သည် အရေးကြီးသည်။
ဦးနှောက်သွေးကြော ပိတ်လျှင်သော်လည်းကောင်း၊
ဦး နှောက် သွေးကြော သွေးစိမ့်ထွက်လျှင် သော် လည်းကောင်း၊ဦးနှောက်သို့ အောက်စီဂျင်
မပို့နိုင်သဖြင့်၊ဦးနှောက်ကလပ်စည်းများ မိနစ်ပိုင်းအတွင်း၊ သေဆုံး ရသည်။ဤသည်ကို လေဖြတ်(Stroke)ဟု
ခေါ်ကြသည်။(၃)နာရီ အတွင်း ထိရောက်စွာ မကုသပါက၊သက်ဆိုင် ရာ အကြောသေခြင်း(ဥပမာ ကိုယ်တခြမ်းသေခြင်း)
ဖြစ်၍၊ရေရှည် ဒုက္ခိတဘဝကို ရောက်စေနိုင်သည်။
လေမဖြတ်မီ ရုတ်တရက် ကိုယ်တခြမ်းထုံခြင်းကို
၉၃%က သိရှိ သော်လည်း၊၃၈%ကမူ အခြားလက္ခ ဏာများ(စဉ်းစာဥာဏ်ဝေဝါးခြင်း၊ လမ်းလျှောက်ရခက်ခဲခြင်း၊မျက်စိကြည့်ရခက်ခဲခြင်း)
ကိုသာသိရှိကြသည်။ ထိုလက္ခဏာများဖြစ်လာပါက အမြန်ဆုံးဆေးကုသမှု ခံယူမှသာလျှင် ကျန်းမာသက်ရှည်နိုင်မည်ဖြစ်ပါသည်။
လေဖြတ်ခြင်းသည် ကမ္ဘာ၌သေဆုံးရသည့် ရောဂါများတွင်
(၁၁.၁%ဖြစ်၍)နံပါတ်(၂)နေရာတွင်ရှိ သည်။၂၀၁၅ ခုနှစ်တွင် လေဖြတ် ခြင်းကြောင့် ၆.၂သန်း
သေဆုံးခဲ့ရသည်။သွေးတိုးနှင့် ဆီးချိုသွေးချို ရောဂါ ရှိလျှင် ဦးနှောက်သွေးကြောပျက်စီး၍
လေဖြတ်နိုင်သည်။
ဦးနှောက်ကျန်းမာရေးမကောင်းလျှင် အသက်ကြီးလာသောအခါ
မှတ်ဥာဏ် ချို့ယွင်းလာသည်။ အသက်ကြီး၍မှတ်ဥာဏ် သိသိသာသာ ချို့ယွင်းသောရောဂါကို အယ်ဇိုင်းမားရောဂါ(Alzheimer’s
disease)ဟု ခေါ်သည်။၆၀% မှ ၇၀%သည် သက်ကြီးမှတ်ဥာဏ်ချို့ယွင်းမှု(Senile Dementia )ကြောင့်ဖြစ်သည်။ အယ်ဇိုင်း မားဖြစ်ခါစတွင်
အသက်ကြီး၍ဖြစ် သည်ဟု ထင်ရသည်။ လတ် တလောအဖြစ်အပျက်များကို မမှတ်မိခြင်းမှစ ၍ နောက်ပိုင်းတွင်
စကားပြောရာတွင်ပါခက်ခဲ လာသည်။နေရာ အချိန်မသိခြင်း၊အမူအကျင့် မငြိမ်ခြင်း၊အရာရာ စိတ်ပါဝင်စားမှု
မရှိခြင်း၊ ကိုယ့်ကိုယ်ကို ဂရုမစိုက်နိုင်ခြင်း၊ အမူအရာပြောင်းလဲခြင်းများဖြစ် လာသည်။နောက်
ဆုံးတွင် ကိုယ်ခန္ဓာလုပ် ငန်းဆောင်တာများပါ ချို့ယွင်း၍ သေဆုံးသည်အထိဖြစ်နိုင်သည်။ အယ်ဇိုင်းမားရောဂါ
ဖြစ်ရသည့်အကြောင်းရင်းကို သေချာမသိသော်လည်း၊၇၀%ကမျိုးရိုးဗီဇ၊ဦးခေါင်း ထိခိုက် ဒဏ်ရာရခြင်း
စိတ်ကျ ရောဂါ နှင့် သွေးတိုးရောဂါတို့နှင့် ဆက် နွယ် နေသည်ဟု ယူဆကြသည်။
အယ်ဇိုင်းမားရောဂါဖြစ်လျှင် စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာ
လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ သွေးတိုး နှင့် ကိုယ်အလေးချိန်ကိုထိန်းခြင်းများသည်
အကျိုးရှိသည်။ဦိးနှောက်ကို ပုံရိပ်ဖော်ခြင်း(Brain Imaging)ပြု လုပ်ခြင်းသည်လည်း၊ကုသရာတွင်
အထောက်အကူပြုသည်။ ၂၀၁၅ ခုနှစ် တွင် အယ်ဇိုင်းမားရောဂါ ၂၉.၈ သန်းဖြစ်ပွားခဲ့သည်။ကမ္ဘာ့သေဆုံးမှုအများ
ဆုံး ထိပ်တန်းရောဂါ (၁၀)မျိုးမှာ သတ္တမလိုက်ပြီး၊ ၂၀၁၅ ခုနှစ်တွင် အယ် ဇိုင်းမားရောဂါကြောင့်
လူပေါင်း ၁.၅ သန်းသေဆုံးခဲ့ရသည်။
ကျန်းမာသက်ရှည်ခြင်း၏လျှို့ဝှက်ချက်များ(၃)ကိုစောင့်မျှော်ဖတ်ရှုပါရန်.......
ဒေါက်တာဇော်ထွန်းလင်း(ဆေးပညာ မဟာသိပ္ပံ)



