ယနေ့ခေတ်တွင် အတွင်းတိမ်ခွဲစိတ်ကုသမှု နည်းပညာ၌ အခြေခံအားဖြင့် နည်းနှစ်နည်းရှိပါသည်။
(က) Intracapsular cataract extraction(ICCE)
အတွင်းတိမ်ဖြစ်နေသော သဘာဝမှန်ဘီလူး၏ အစိတ်အပိုင်းအားလုံး
(nuclear and capsul)ကို ခွဲ စိတ်ဖယ်ထုတ်သော နည်းဖြစ်၏။ဤနည်းသည် ခေတ်ဟောင်းနည်းစနစ် တခုဖြစ်ပြီး
မျက်မှောက်ခေတ်၌ အသုံးပြုမှု မရှိသ လောက်ပင် ဖြစ်ပါသည်။ အတွင်းတိမ်ဖြစ်နေသောမှန်ဘီလူး
(nucleus) နှင့် ၄င်းကိုအုပ်ငုံ ထားသော မှန်ဘီးလူးအိမ်(capsule)ကိုပါ ခွဲစိတ်ထုတ်ပယ်
သော နည်းဖြစ်၍ မျက်စိတွင်းမှန်ဘီလူး IOL (Intraocular lens)ထည့် သွင်းတပ်ဆင်၍ မရပါ။ထို့ကြောင့်
သဘာဝမှန်ဘီလူးနှင့် ပါဝါနီး စပ်သော မျက် မှန်ကို အစဉ်အမြဲ တပ်ဆင်မှသာ အမြင်အာရုံရနိုင်သော
နည်းစနစ် ဖြစ်ပါသည်။ဤနည်းစနစ်ကို ဗဟုသုတ အတွက်သာ ရေးသားဖော်ပြခြင်း ဖြစ်ပြီး အချို့သောနိုင်ငံများ၌ ဤနည်းစနစ်ကို ကျင့်သုံးလျှင် ပြစ် မှုမြောက် ကြောင်း ပြဌာန်းချက်များပင် ရှိသည်ဟု သိရပါသည်။
(ခ)Extracapsular cataract extraction (ECCE)
မျက်မှောက်ခေတ်တွင်
အသုံးအများဆုံးနည်းဖြစ်ပါသည်။ မှန်ဘီလူးအိမ် (capsule)ကိုချန်ထားပြီး၊ အတွင်းတိမ်(nucleus
နှင့် lens matter) ကိုသာ ခွဲစိတ်ဖယ်ထုတ်ပါသည်။ချန်ထားသော မှန်ဘီလူးအိမ် အတွင်းသို့
ခေတ်မီနည်းပညာဖြင့် ဖန်တီးပြုလုပ် ထားသော မျက်စိတွင်းမှန်ဘီလူး (Intraocular len)ကို
ထည့်သွင်းတပ်ဆင်ပေးသော နည်းပညာဖြစ်၏။
ထိုသို့ထည့်သွင်း တပ်ဆင်ပေးသော IOL သည် သဘာဝမှန်ဘီလူး
နှင့် ပါဝါကိုက်ညီမှုရှိသော မှန်ဘီ လူးကို ခေတ်မီစက်ဖြင့် တိုင်းတာတွက်ချက်၍ တပ်ဆင်ပေးခြင်းဖြစ်ပါသည်။သို့ဖြစ်ရာ
အမြင်အာရုံကောင်းေ စရန်အတွက် အတွုင်းတိမ်ခွဲစိတ်ကုသပြီးနောက် တွင်လည်း မျက်မှန်တပ်ရန် အခါခပ်သိမ်း မလိုအပ်ပါ။
ယခုအခါတွင် ECCE နည်းပညာသည် အချိန်နှင့်အမျှ
ဖွံ့ဖြိုးတိုးတက် လျှက်ရှိပြီး အသုံးအများဆုံးနှင့် ထိရောက်မှုအရှိဆုံး အတွင်းတိမ်ခွဲစိတ်
ကုသမှု နည်းပညာအဖြစ် ရပ်တည်လျှက်ရှိပါသည်။
မျက်မှောက်ခေတ်တွင်
ECCE နည်းပညာကိုအသုံးပြုကြရာ၌ တွင်တွင် ကျယ်ကျယ်အသုံးပြုနေသော နည်းစနစ်နှစ်မျိုး တွေ့ရ ပါသည်။
(၁)အသံလွန်လှိုင်းကိုအသုံးပြုသောနည်းစနစ်(Phacoemulsification or Phakoemulsification) ၊
ကမ္ဘာတ၀ှမ်း ပေါ်ပြူလာအဖြစ်ဆုံး
လူကြိုက်အများဆုံး နည်းစနစ်ဖြစ်၏ ။ အသံလွန်လှိုင်း (high-frequency ultrasound)ဖြင့် အတွင်းတိမ်ကို ချေဖျက်စုပ်ယူ ရှင်းလင်းသော နည်းဖြစ်ပါသည် ။ အသံလွန်လှိုင်းအပ် (ultrasound
probe) အတွက် အပေါက်ငယ်မျှသာ ဖောက်ရန် လိုအပ်ပြီး ကုသမှု အတွက် မိနစ်ပိုင်းသာကြာမြင့်ပါသည်။
အသုံးပြုသော စက်တန်ဘိုး ကြီမြင့်ခြင်း၊၄င်းစနစ်တွင်အတွက်
အသုံးပြုရသော မျက်တွင်းမှန် IOL (Intraocular len)တန် ဘိုးမြင့်ခြင်း၊ ကရိယာတန်ဆာပလာ
(instruments)တန်ဘိုးမြင့်မားခြင်းတို့ကြောင့် အခြေခံကျမ်းမာရေး စောင့်ရှောက် မှုအဆင့်ေ တာ့
မရှိသေးပါ။
Phacoemulsification နည်းပညာဖြင့် ကုသမှုသရုပ်ပြပုံများ
Phacoemulsification နည်းပညာသုံး စက်အမျိုးမျိုး
(၂)ခွဲစိတ်ရာကျဉ်း ချုပ်ကြိုးမဲ့နည်းစနစ်(Sutureless Small Incision Cataract Surgery-SICS)
နိုင်ငံတကာအဆင့် မျက်စိကျမ်းမာရေး
စောင်ရှောက်မှုနယ်ပယ်၌ မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများ
တွင်တွင် ကျယ်ကျယ် အသုံးပြုနေ သော နည်းစနစ်ဖြစ်ပါသည်။ IOL ထည့်သွင်းနိုင်ရုံမျှအလျှားရှိသော ခွဲစိတ် ရာကျဉ်းကျဉ်းကို
အသုံးပြုသည့် အပြင် ချုပ်ကြိုးမလိုအပ်သော နည်းစနစ် ဖြစ်၍ ခွဲစိတ်ချိန် တိုတောင်းပါသည်။
ကုန်ကျစရိတ်သက်သာပြီး အမြင်အာရုံဆိုင်ရာ
ရလဒ်ကောင်းများ ရရှိ စေသောကြောင့် မျက်စိကျမ်းမာရေးစောင့်ရှောက် မှု ဖောင်ဒေးရှင်းများ
နှင့် ဖွံဖြိုးရေးအစီအစဉ်များ၌ ဇီဝိတဒါနပြုနေကြသော မျက်စိခွဲစိတ်အထူးကုဆရာဝန်ကြီးများ
လက်ကိုင်ထား သည့် နည်းစနစ်ဖြစ်ပါသည်။
ပြည့်အောင်(COA)









