20.9.16

အကာအကွယ်မပါဘဲ လွှဖြတ်ခြင်း၊ ရွေပေါ်ထိုးခြင်းက အသက်ရှူလမ်းကြောင်းနှင့် မျက်စိရောဂါများ ဖြစ်ပွားနိုင်

ရှင်းရှင်း၊ရန်ကုန်၊ ဇူလိုင်-၁၉၊အတွဲ (၁၃)၊ အမှတ်(၂၀)။
လက်သမားများ အကာအကွယ်မပါဘဲ လွှဖြတ်ခြင်း၊ ရွေပေါ်ထိုးခြင်းများ ပြုလုပ်ပါက အသက်ရှူ လမ်းကြောင်းမှတစ်ဆင့် ရောဂါများဝင်ရောက်ခြင်းနှင့်မျက်စိရောဂါများဖြစ်ပွားနိုင်ကြောင်း ဆရာဝန်ကြီးအချို့က သတိပေးပြောကြားသည်။

‘‘အကာအကွယ် ဘာမှမပါဘဲလုပ်ရင်တော့ အသက်ရှူလမ်းကြောင်းကတစ်ဆင့်အမှုန်တွေဝင်ပြီး အဆုတ်နဲ့ပတ်သက်တဲ့ရောဂါတွေရလာနိုင်တယ်’’ဟု မြန်မာနိုင်ငံဆရာဝန်အသင်း ဆေးရုံအုပ်ချုပ်မှုပညာအဖွဲ့ ဒုဥက္ကဋ္ဌအငြိမ်းစားဆေးရုံအုပ်ကြီး ဒေါက်တာဘရွှေကပြောသည်။

ယင်းရောဂါများမှာ အသက်မပြည့်သေးဘဲ အလုပ်ခွင်ဝင်ရောက်နေသည့် ကလေးငယ်များနှင့် ရောဂါ အခံရှိသူများတွင် အလွယ်တကူဖြစ်ပွားနိုင်ပြီး၎င်းတို့တွင် လုံလောက်သော ကိုယ်ခံအားမရှိခြင်းကြောင့်
ရောဂါဖြစ်ပွားလွယ်ခြင်းဖြစ်ကြောင်း ၎င်းကရှင်းပြသည်။

ထို့ပြင် ပရိဘောဂပြုလုပ်ရာတွင် အသုံးပြုသည့် ပေါလစ်ဆေးများကိုလည်းမျက်နှာဖုံးစွပ်တပ်ဆင်၍ ကာကွယ်ထားခြင်းမရှိပါက လေကောင်းလေသန့်မရရှိနိုင်သည့်အတွက် လေထုအတွင်း ဘက်တီးရီး ယားပိုးပျံ့နှံ့နိုင်ကာယင်းအနံ့ကိုရှူရှိုက်ခြင်းဖြင့် အဆုတ်ကိုထိခိုက်စေနိုင်သည့်အန္တရာယ်ရှိနိုင်ကြောင်း သိရသည်။

ရောဂါ၏ ရှေ့ပြေးလက္ခဏာများအနေဖြင့် ချောင်းဆိုးခြင်း၊ ပင်ပန်းလွယ်ခြင်း၊ အလွယ်တကူ မောနေ တတ်ခြင်းတို့ဖြစ်တတ်ပြီး အဆုတ်ထဲသို့လေကောင်းကောင်းဝင်ရောက်နိုင်ခြင်းမရှိ၍ ယင်းလက္ခဏာ များ ပြလာနိုင်ကာအဆုတ်ပွရောဂါ ဖြစ်ပွားနိုင်သည်ဟု ဆရာဝန်အချို့ကဆိုသည်။

‘အဓိကကတော့ မျက်နှာဖုံးစွပ်တပ်ပြီး အလုပ်လုပ်သင့်တယ်။ ဒါ့အပြင်အမှုန်တွေက လက်ကိုစူးတာတွေ လည်း ဖြစ်နိုင်တဲ့အတွက် တံတောင်ဆစ်ထိဖုံးတဲ့လက်စွပ်တွေဝတ်ပြီး အလုပ်ခွင်ဝင်သင့်တယ်’’ ဟု ဒေါက်တာဘရွှေကသတိပေးပြောကြားသည်။

ရန်ကုန်မျက်စိဆေးရုံကြီးမှ ပါမောက္ခဒေါက်တာတင်ဝင်းက ‘‘ဆေးရုံကိုလာတဲ့လူနာတွေထဲမှာ ကုန်ထုတ် လုပ်ငန်းလုပ်ကိုင်တဲ့သူတွေ မျက်ကြည်နာဖြစ်ပြီးအများဆုံးလာကြတယ်။ အသက်နှစ်ဆယ်၊ လေး ဆယ်ကြား အရွယ်တွေ တော်တော်များတယ်။မျက်ကြည်နာဖြစ်တဲ့ အဓိကအကြောင်းရင်းက သံမှုန်၊ ဖုန်မှုန် စတဲ့အမှုန်တွေမျက်စိထဲဝင်လို့ဖြစ်ရတာ’’ဟု ဆေးရုံရောက် လူနာများအကြောင်း ပြောပြခဲ့သည်။

source.....http://www.7daydaily.com

မျက်စိညောင်းညာမှုကို လျှော့ချပေးမည့် နည်းလမ်းများ

မျက်စိမကြာခဏ ညောင်းပြီး ယားယံခြင်းကြောင့် ပွတ်နေမိပါသလား၊ကျွန်တော်တို့၏ နေ့စဉ်ဘ၀များတွင် မိုဘိုင်းဖုန်းများနှင့်ကွန်ပျူတာမျက်နှာပြင်များကို အချိန်အကြာကြီး ကြည့်နေခြင်းကြောင့် လူများစွာ မှာအမြင် အာရုံေ၀၀ါးခြင်း၊မျက်စိယားယံခြင်းနှင့်နေ့စဉ်ခေါင်းကိုက်တတ်သည့် ဝေဒနာများကိုစတင်
ကြုံတွေ့နေကြရသည်။

မျက်စိညောင်းညာမှုကို လျှော့ချရန်နှင့် မျက်စိပြန်လည် အားကောင်းလာစေမည့် လွယ်ကူရိုးရှင်းသော နည်းလမ်းအချို့ကို ဖော်ပြပေးလိုက်ပါသည်။

လက်ဖ၀ါးနှစ်ဖက်ကို အနည်းငယ်နွေးလာသည်အထိ ဆယ်မိနစ်မှဆယ့်ငါးမိနစ်အထိကြာအောင် ပွတ်တိုက်ပြီး မျက်စိပေါ်တွင်အုပ်ထားလိုက်ပါ။မျက်စိကို လက်ဖြင့် တိုက်ရိုက်မထိပါနှင့် မျက်စိပေါ်မှ
ဖော့ဖော့လေးအုပ်ထားပေးရမည် ဖြစ်သည်။

သုံးစက္ကန့် (သို့မဟုတ်) လေးစက္ကန့်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းက မျက်စိညောင်းညာမှု ကို လျော့ ကျစေရန် အထောက်အကူဖြစ်စေသည်။ ကျွန်တော်တို့သည်ရုပ်မြင်သံကြားကြည့်နေချိန် (သို့မဟုတ်) ကွန်ပျူတာဖြင့်အလုပ်လုပ်နေချိန်တွင် မျက်တောင်ခတ်သည့် အကြိမ်ရေ နည်းပါးလေ့ရှိသဖြင့်
စက္ကန့်အနည်းငယ်ကြာတိုင်း မျက်တောင်ခတ်ပေးခြင်းဖြင့် သင်၏မျက်စိကိုအနားပေးလိုက်ပါ။

သင်ရှိနေသော နေရာမှ ၆ မီတာမှ ၁၀ မီတာအထိ ဝေးသောအရာ ၀တ္ထုတစ်ခုကိုရွေးချယ်ပြီး ယင်းအရာ ၀တ္ထုတစ်ခုတည်းကို ခေါင်းကိုများစွာ မလှုပ်ရှားဘဲစက္ကန့်အနည်းငယ်ကြာအောင် အာရုံစိုက်၍ ကြည့်ပါ။

ယင်းနည်းက ဖိအားများစွာ ခံလာရတတ်သော မျက်စိတစ်ဝိုက် ကြွက်သားများကို အနားရစေသည်။

မျက်စိကို တတ်နိုင်သမျှ အကျယ်ဆုံးစက်ဝိုင်းပုံလှည့်ပေးပါ။ လေးကြိမ်ခန့်ယင်းကဲ့သို့ လှည့်ပေးပြီး မျက်စိပိတ်ထားလိုက်ပါ။ မျက်စိပိတ်ထားချိန်တွင်အသက်ကိုအာရုံစိုက်၍ ရှူသွင်း ရှူထုတ်ပြုလုပ်ပြီး သက်သောင့်သက်သာဖြစ်စေရန်အာရုံစိုက်ပါ။

ကွန်ပျူတာအသုံးပြုချိန်တွင် မျက်နှာပြင်ကို သင်၏မျက်စိနှင့်တတ်နိုင်သမျှ ဝေးနေစေရန် လိုအပ်သည်။ သို့သော် အလွန်အားစိုက်၍ကြည့်စရာမလိုသော အကွာအဝေးမျိုး ဖြစ်ရမည်။ သင့်အပေါ်ရှိ မီးအလင်းရောင်မှာလည်း လုံလောက်သော အလင်းရောင်ရှိနေရန် လိုအပ်သည်။ ထို့ပြင် ကွန်ပျူတာမျက်နှာပြင်၌ Filter တစ်ထပ်ထပ်ထားခြင်းဖြင့်လည်း သင်၏ မျက်စိအတွက်
အထောက်အကူပြုသည်။

   
source....http://www.7daydaily.com

19.9.16

နွေရာသီမှာ မျက်စိကို ဘယ်လိုဂရုစိုက်မလဲ

 Issue No.706 Tuesday, April 7, 2015

အပူချိန်မြင့်တက်လာချိန်တွင် ကျွန်ုပ်တို့၏ မျက်စိများကို အ သေအချာဂရုစိုက်ရန် အရေးကြီးသည်။

နေပူခံလိမ်းဆေးများက အသားအရေ မပျက်စီးစေရန် အန္တ ရာယ်ရှိသော
ခရမ်းလွန်ရောင်ခြည်များကို တားဆီးကာကွယ်ပေး သကဲ့သို့ မျက်မှန်များတွင်
ပါဝင်သော ခရမ်းလွန်ရောင်ခြည် ကာ ကွယ်ရေးစနစ်က ကျွန်ုပ်တို့၏ မျက်စိများ
မထိခိုက်အောင် ခရမ်း လွန်ရောင်ခြည်များကို တားဆီးပေးသည်။

ခရမ်းလွန်ရောင်ခြည်နှင့် လွန်ကဲစွာ ထိတွေ့ခြင်းကြောင့် မျက်စိ
အတွင်းတိမ်စွဲခြင်း၊ မျက်ကြည်လွှာ ထိခိုက်ပျက်စီးခြင်းနှင့် အခြားသော
မျက်စိပြဿနာများ ဖြစ်စေသည်။

နွေရာသီတွင် ခရမ်းလွန်ရောင်ခြည်ကာကွယ်ပေးသော မျက် မှန်များ
တပ်ဆင်ပြီးမှ အပြင်သို့ ထွက်ခြင်းဖြင့် ပြင်းထန်သော နေ ရောင်ခြည်နှင့်
ဖုန်မှုန့်များ မျက်စိထဲသို့ မ၀င်စေရန် ကာကွယ်ပေးနိုင် သည်။
ခရမ်းလွန်ရောင်ခြည်မှာ ရေနှင့် ဆီးနှင်းများပေါ်တွင် အလင်း ပြန်သဖြင့်
နွေရာသီတွင် ရေကူးရန် (သို့မဟုတ်) ခရီးထွက်ရန် စီစဉ် ထားပါက
ခရမ်းလွန်ရောင်ခြည်ကာကွယ်နိုင်သော မျက်မှန်တစ် လက် ဆောင်သွားပါ။ ထို့ပြင်
ဦးထုပ်ဆောင်းသွားခြင်းသည် ပူပြင်း သော နေရောင်နှင့်
တိုက်ရိုက်ထိတွေ့ မှုများကို လျှော့ချပေးနိုင်သည်။

နွေရာသီတွင် ရေကူးကန်များ၌ အရေပြားရောဂါ ကူးစက်မှု   အန္တရာယ် မြင့်မားပြီး
ရေကူးကန် အများစု တွင် ရေ၌ ရောဂါပိုးမွှား များ အန္တရာယ်ကင်းစေရန် ကလိုရင်း
(သို့မဟုတ်) အခြားဓာတုဆေး ၀ါးများကို ပိုမိုသုံးစွဲထားလေ့ရှိသည်။
ယင်းအတွက်ကြောင့် ရေကူးသူများသည် မျက်စိနာခြင်းနှင့် မျက်ရည်ယိုပြီး
မျက်စိယားယံခြင်းတို့ မကြာခဏဖြစ်တတ်သဖြင့် ရေကူးပြီးလျှင် မျက်စိများကို
ရေချိုရေ သန့်ဖြင့် ဆေးကြော ပစ်ရန်လိုအပ်သည်။

နွေရာသီတွင် ကျွန်ုပ်တို့၏ အသားအရေများသာ ခြောက်သွေ့ သည်မဟုတ်ဘဲ မျက်စိများ လည်း ခြောက်သွေ့နေတတ်သည်။ ထို့ ကြောင့် မျက်စဉ်းခတ်ဆေးသုံးရန် အကောင်းဆုံးအချိန်ဖြစ်သည်။ သို့သော် မျက်စဉ်းခတ်ဆေးမှာ တာရှည်ခံစေသော
ဓာတုပစ္စည်းမပါ ၀င်သော မျက်စဉ်းဆေးဖြစ်ရန်လိုသည်။

လေအေးပေးစက်ဖွင့်ထားသော အခန်းထဲတွင် ထိုင်နေပါက လေအေးပေးစက်မှ
ထွက်လာသော လေများ မှာ ခြောက်သွေ့စေပြီး ဘေးထွက်ဆိုးကျိုး ဖြစ်ပေါ်နိုင်သဖြင့်
မျက်စိနှင့် တိုက်ရိုက်မထိတွေ့စေရန် အရေးကြီးသည်။

နွေရာသီအားလပ်ရက်များတွင် ပျော်ပွဲစားထွက်၍ ချက်ပြုတ် စားသောက်ခြင်း၊
စက်ဘီးစီးခြင်းတို့ကဲ့သို့ အပြင်ထွက်လည်လိုသူ များအနေဖြင့် မျက်စိကို
အကာအကွယ်ပေးနိုင်သော မျက်မှန်တစ် လက်တပ်ဆင်ရန် လိုအပ်သည်။ ၁၀၀ ရာခိုင်နှုန်း
ခရမ်းလွန်ရောင်ခြည် ကာကွယ်မှုပေးနိုင်သော မျက်မှန်ကို ရွေးချယ်ဝတ် ဆင်ရန်
ပညာရှင်များက အကြံပြုထားသည်။  

—Ref: TOI
source.........http://www.7daydaily.com

သင်၏မျက်စိများက ဖော်ပြသော ကျန်းမာရေးအခြေအနေများ

Issue No.722 Sunday, May 3, 2015

မျက်စိက ဖော်ပြသော ကျန်းမာရေးအခြေအနေများကို ဖော်ပြပေးလိုက်ပါသည်။

မျက်စိနောက်ဘက်ရှိ အထိခိုက်မခံနိုင်သည့် တစ်သျှူးဖြစ်သောမျက်ကြည်လွှာတွင် သွေးကြောမျှင်များကို မျက်စိဆရာဝန်က စစ်ဆေးချိန်တွင်မျက်စိများ နီရဲနေပါကသင် သွေးတိုးရောဂါဖြစ်တော့မည်ကို ဖော်ပြသော
လက္ခဏာဖြစ်နိုင်သည်။ အရွယ်ရောက်ပြီးသူ လေးပုံတစ်ပုံမှာ ၎င်းတို့သွေးတိုးနေကြောင်း မသိကြဘဲ ယင်းမှာ လေဖြတ်ခြင်းကြုံတွေ့နိုင်သောအခြေအနေတစ်ခုဖြစ်သည်။

မျက်ကြည်လွှာထဲတွင် အ၀ါရောင်မျက်ချေးများရှိနေပါက အမျိုးအစား-၂ ဆီးချိုရောဂါဖြစ်နေသော လက္ခဏာဖြစ်နိုင်သည်။မျက်ဝန်းတစ်ဝိုက်တွင် အဖြူရောင်ကွင်းများ ရှိနေပါက သွေးထဲ၌ ကိုလက်စ ထရော မြင့်မားနေသည့် လက္ခဏာဖြစ်နိုင်သည်။

မျက်ခွံအတွင်းပိုင်းအရောင်ဖျော့တော့နေပါက သွေးထဲတွင် သွေးနီဥနည်းပါးသည့် သွေးအားနည်းရောဂါဖြစ်နေကြောင်း လက္ခဏာတစ်ရပ် ဖြစ်နိုင်သည်။မျက်စိပြူးခြင်းမှာ မျိုးရိုးလိုက်တတ်သော်လည်း ပုံမှန်မဟုတ်သည့်
မျက်စိပြူးခြင်းမှာ သိုင်းရွိုက်ဂလင်းတွင် ပြဿနာများရှိနေကြောင်းဖော်ပြသည့် လက္ခဏာဖြစ်နိုင်သည်။

မျက်ခွံများ တွဲကျနေခြင်းမှာ ခဏတာ မျက်နှာအကြောသေမှုဖြစ်နိုင်ပြီး စကားပြောချိန်တွင်ေ၀၀ါးနေ ပါက လေဖြတ်နိုင်သည့် လက္ခဏာတစ်ခုဖြစ်နိုင်သည်။

အသည်းရောင်အသားဝါရောဂါ အပါအ၀င် အသည်းရောဂါများ ခံစားနေရပါကမျက်စိများကို အဖြူမှ အ၀ါရောင်သို့ ပြောင်းလဲသွားစေနိုင်သောကြောင့်မျက်စိများ အ၀ါရောင်ပြောင်းလာပါက သတိထား ရန်လိုသည်။

မျက်ကြည်လွှာမှ အချက်အလက်များကို ဦးနှောက်သို့ ပို့လွှတ်သည့်အမြင်အာရုံကြော အရောင်ဖျော့နေပါက ဦးနှောက်တွင် အကျိတ်ရှိနေသည့် လက္ခဏာ(သို့မဟုတ်) အာရုံကြောပျက်စီးမှု လက္ခဏာဖြစ်နိုင်သည်။

မျက်စိသူငယ်အိမ် အရွယ်အစား ကွာခြားနေပါက လေဖြတ်ခြင်း (သို့မဟုတ်)အမြင်အာရုံကြောတွင် အကျိတ်ရှိခြင်း (သို့မဟုတ်) အာရုံကြောပျက်စီးခြင်း ရှိ၊မရှိ စစ်ဆေးခံရန် လိုအပ်သည်။ ကျန်းမာသော သူငယ်အိမ်များ၏ အရွယ်အစားမှာတူညီသလောက် နီးပါးဖြစ်ပြီး အလင်းကို ကြည့်ရာတွင် တုံ့ပြန်မှု တူညီသည်။

ယင်းသို့မဟုတ်ပါက စစ်ဆေးမှုခံယူရန် လိုအပ်နေပြီဖြစ်သည်။

Ref: TOI
source....http://www.7daydaily.com

မျက်မှန်တပ်သူများ သိသင့်သည့်အချက်များ

Issue No.755 Friday, June 5, 2015

မျက်မှန်တပ်သူတွေ မျက်စိ ကျန်းမာရေးပိုကောင်းလာစေဖို့ အတွက် လုပ်ဆောင်သင့်တဲ့အမူ အကျင့်လေးတွေကို မျှဝေ ပေးချင်ပါတယ်။

ပက်လက်လှန်ပြီးစာဖတ်မယ်ဆိုရင် စာအုပ်ကို မျက်စိနဲ့၃၀စင်တီမီတာလောက်ခွာပြီး ဖတ်သင့်ပါတယ်။ စာကိုဆက်တိုက်ဖတ်တာမျိုးမလုပ်ဘဲ ၅-၁၀မိနစ်လောက်နားပေး သင့်သလို အဝေးမှာရှိတဲ့တစ်ခုခုကို လှမ်း
ကြည့်လိုက်တာမျိုးပဲ ဖြစ်ဖြစ် လုပ်ပေးသင့်ပါတယ်။


နောက်ပြီး ချွန်ထက်တဲ့အရာတွေကို မျက်စိနားမှာထားတာမျိုးတွေရှောင်ရှားရမှာဖြစ်သလို ဓာတုပစ္စည်းတစ်ခုခုကိုင်မယ်ဆိုရင်လည်းအကာအကွယ်မျက်မှန်ကြီးတွေ သုံးသင့် ပါတယ်။

မှုန်ကုပ်ကုပ်မီးရောင်အောက်မှာ လုံးဝစာမဖတ်သင့်ပါဘူး။အာရုံစိုက်ရလွန်းတဲ့အတွက် မျက်လုံးကြွက်သားကိုဒဏ်ဖြစ်စေနိုင်ပါတယ်။ယာဉ်တစ်ခုခုပေါ်မှာစီးနေတုန်း စာမဖတ်သင့်ပါဘူး။ တုန်ခါလှုပ်ရှားမှုကြောင့်မူးဝေစေနိုင်ပါတယ်။ တီဗီကြည့်တဲ့အခါမှာလည်း ခြောက်ပေ (ဒါမှမဟုတ်) ၁၀
ပေလောက်အကွာကပဲကြည့်သင့်ပါတယ်။ ကွန်ပျူတာနဲ့ အလုပ်လုပ်သူဆိုရင်လည်းကွန်ပျူတာမျက်နှာပြင်မှာ မျက်စိမထိ ခိုက်စေမယ့် အကာတပ်ထားတာမျိုးလုပ်ထားသင့်ပါတယ်။

မျက်မှန်သမားတွေအနေနဲ့ သွေးဖိအားတို့၊ ကိုလက်စထရော အဆင့်တို့ကိုလည်းအမြဲမပြတ် ထိန်းချုပ်ထားနိုင်ဖို့ လိုပါတယ်။ ခရမ်းလွန်ရောင်ခြည်ဒဏ်ကိုကာကွယ်နိုင်ဖို့အတွက်ကာကွယ်နိုင်မှုအဆင့် ၉၉-၁၀၀ ရာခိုင်နှုန်းရှိတဲ့နေကာမျက်မှန်တွေရွေးချယ်သုံးစွဲဖို့လိုအပ်ပါတယ်။ ဟင်းသီးဟင်းရွက်တွေ
များများစားပေးဖို့လိုတဲ့အပြင် မျက်စိအမြင်အာရုံအခြေအနေနဲ့ပတ်သက်ပြီး
မှန်မှန်စစ်ဆေးပေးဖို့ လိုအပ်ပါတယ်။—Ref: healthmeup

source...http://www.7daydaily.com

မျက်စိမထိခိုက်အောင် တီဗီဘယ်လိုကြည့်သင့်သလဲ

Issue No.769 Friday, June 19, 2015


ငယ်ငယ်တုန်းကဆိုရင်တီဗီလျှော့ကြည့်ဖို့ အမေတွေ မကြာခဏဆုံးမတာ ကြုံဖူးကြမှာပါ။ တီဗီ
ကြည့်တာကြောင့် မျက်လုံးကို တဖြည်းဖြည်း ထိခိုက်နိုင်တဲ့အတွက်ကြည့်တာလျှော့ဖို့ ပြောကြတာ ပါ။ ရုံးမှာ တစ်နေကုန် ကွန်ပျူတာနဲ့အလုပ်လုပ်ပြီး အိမ်ပြန်ရောက်ချိန်မှာလည်း တီဗီအကြာကြီး ဆက်ကြည့်မယ်ဆိုရင်
မျက်စိမလွဲမသွေ ညောင်းညာပြီး ထိခိုက်စေတာကြောင့် လုပ်ဆောင်သင့်တာလေးအချို့ကို မျှဝေပေးလိုက်ပါတယ်။
မီးများဖွင့်ထားပါ  -  အိပ်ရာထဲမှာအိပ်ရင်း မီးလေးအမှောင်ချပြီးတီဗီကြည့်တဲ့ အမူအကျင့်ဟာ မျက်စိကိုအဆုံးရွားဆုံး ထိခိုက်စေပါတယ်။အမှောင်ထဲကနေ အာရုံစိုက်ပြီး ကြည့်ရတာဖြစ်လို့ မျက်စိမပင်ပန်းရလေအောင်တီဗီကြည့်တဲ့အခါ မီးတွေကို ဖွင့်ထားသင့်ပါတယ်။

အနားပေးပါ - တီဗီဆီကို မျက်စိ မခွာဘဲအကြာကြီး ကြည့်နေမယ့်အစားခဏထပြီးလမ်းလျှောက်တာမျိုး လုပ်ပေးသင့်ပါတယ်။ ပြီးရင်လည်း အဝေးတစ်နေရာရာကိုခဏကြည့်ပေးတာမျိုး လုပ်ပေးရင်း မျက်စိကိုအနားပေးသင့်ပါတယ်။

သင့်လျော်သည့် အကွာအဝေးမှ ကြည့်ပါ - တီဗီနဲ့အနည်းဆုံး ရှစ်ပေကနေဆယ်ပေအကွာလောက် ကြည့်သင့်ပါတယ်။ နောက်ပြီး တီဗီကိုလည်း ကိုယ်နဲ့တစ်တန်းတည်းသင့်လျော်တဲ့အမြင့်မှာ ရှိနေ ဖို့ လုပ်ထားရပါမယ်။ တီဗီကိုမော့ကြည့်ရတာမျိုး မဖြစ်သင့်ပါဘူး။

မျက်စိညောင်းညာသက်သာ အောင် လုပ်ပါ - တီဗီကြည့်ပြီးပြီ ဆိုတာနဲ့ မျက်စိက သေချာပေါက် ညောင်းညာသွားတာမို့ မျက်စိတစ်ဝိုက်ကို ညင်သာစွာနှိပ်နယ်ပေးတာမျိုး၊ မျက်စိလေ့ကျင့်ခန်း လုပ်ပေးတာမျိုး ပြုလုပ်သင့်ပါတယ်။နောက်ပြီး ရှစ်နာရီလောက်ကြာအောင် အိပ်စက်ခြင်းဖြင့် မျက်စိကိုသေသေချာချာအနား ပေးသင့်ပါတယ်။

စူးရှလွန်းသော အလင်းများကို လျှော့ချပါ - တီဗီက ထွက်တဲ့ စူးရှလွန်းတဲ့အလင်းရောင်တွေ အကြာကြီး မကြည့်မိစေဖို့ အထူးမျက်မှန်တပ်ပြီးကာကွယ်လို့ရပါတယ်။


အလင်းလျှော့ တီဗီသုံးပါ - ခုနောက်ပိုင်းပေါ်လာတဲ့မျက်နှာပြင်အပြားတီဗီတွေက စူးရှလွန်းတဲ့ အလင်းတွေ ထုတ်လုပ်မှုနည်းလာတဲ့အတွက်တီဗီပြောင်းသုံးတာမျိုး လုပ်သင့်ပါတယ်။ မျက်နှာပြင် ကြီးလေလေ၊ မျက်စိအာရုံစိုက်ကြည့်ရတာနည်းလေလေဖြစ်တာကြောင့် မျက်နှာပြင်ကြီးတဲ့ တီဗီမျိုးသုံးစွဲသင့်ပါတယ်။       

source...http://www.7daydaily.com

မျက်ကပ်မှန်တပ်ထားသူများ မျက်စိတွင်းသို့ ရောဂါပိုးဝင်ရောက်နိုင်သည့်အန္တရာယ်ရှိ

Issue No.834 Sunday, August 23, 2015
မျက်ကပ်မှန်တပ်ထားသူအများစုသည် မျက်ကပ်မှန်များကို သေသေ ချာချာဂရုစိုက်လေ့ မရှိကြသဖြင့် မျက်စိအတွင်းသို့ ရောဂါပိုးဝင် ရောက်နိုင်သည့်အန္တရာယ်ရှိကြောင်းအမေရိကန်ရောဂါထိန်းချုပ်ကာကွယ်ရေးအဖွဲ့ (CDC) ၏လေ့လာမှုအသစ်တစ်ရပ်အရ သိရ သည်။

အမေရိကန်နိုင်ငံတွင် မျက်ကပ်မှန်တပ်ဆင်ထားသူ ၄၀ ဒသမ ၉ သန်းအနက်အများစုသည် မျက်ကပ်မှန်များကို ဂရုစိုက်ရန် လမ်း ညွှန်ထားသောညွှန်ကြားချက်များ လိုက်နာလေ့မရှိကြကြောင်း သုတေသီများလေ့လာတွေ့ရှိခဲ့သည်။
ထို့ပြင် ၎င်းတို့သည် မျက်စိ များအား ကာကွယ်ရန် လမ်းညွှန်ချက်များကိုလျစ်လျူရှုတတ် ကြကြောင်း သိရသည်။ ယင်းလမ်းညွှန်ချက်များတွင် မျက်ကပ်မှန်များကိုဆေးရေနှင့်စင်ကြယ်အောင် ဆေးကြောခြင်း၊ မျက်စိမှ ထုတ်ယူရမည့်အချိန်နှင့် ပတ်သက်၍ အခြေခံညွှန်ကြားချက်များ ပါဝင်သည်။

ပြီးခဲ့သည့် ဆယ်စုနှစ်တစ်ခုအတွင်း ပြည်နယ်များစွာတွင် ပြင်းထန်သော မျက်စိရောဂါကူး စက်မှုများဖြစ်ပွားပြီးနောက် CDC ကသုတေသနပြုလုပ်ခဲ့ခြင်းဖြစ်သည်။

မျက်ကပ်မှန်များတွင် ရေများမပေကျံစေရန် ထားခြင်း၊ မျက်ကပ်မှန်ထည့်ထားသောဘူးမှ အသုံးပြုပြီးသား ပိုးသတ်ဆေးရည်ကို ဖယ်ရှားခြင်း၊နေ့တိုင်းလတ်ဆတ်သော ဆေးရည်ဖြင့် ဆေးကြော သန့်စင်ခြင်းနှင့် သုံးလကြာတိုင်းမျက်ကပ်မှန်ဘူးများ  လဲလှယ်ခြင်း စသည်ဖြင့် မျက်ကပ်မှန်တပ်ဆင်သူများအတွက်
ကာကွယ်ရေးဆိုင် ရာ အချက်အလက်များကို သုတေသီများက လေ့လာခဲ့ကြခြင်း ဖြစ်သည်။

ယခုလေ့လာမှုတွင် အသက်(၁၈)နှစ်မှ (၄၀)နှစ်အရွယ်အထိ သာပါဝင်သဖြင့် အသက်(၁၈)နှစ်အောက် အရွယ်များကိုပါ ထည့် သွင်းလေ့လာပါက ရလဒ်မှာပိုမိုဆိုးရွားနိုင်ကြောင်း သုတေသီများ က ပြောသည်။

လေ့လာမှုတွင် ပါဝင်သူများ၏ ၉၉ ရာခိုင်နှုန်းခန့်သည် ၎င်းတို့မျက်စိများအတွင်း  ရော ဂါပိုး ဝင်ရောက်စေနိုင်သည့်(သို့မဟုတ်)ရောင်ရမ်းမှုဖြစ်စေနိုင်သည့်အန္တရာယ်ရှိသော အပြုအမူ အချို့ကို ပြုလုပ်လေ့ရှိကြသည်။

မျက်ကပ်မှန်တပ်ထားသူအများစုသည် မျက်ကပ်မှန်များတပ် ဆင်လျက်ပင်အိပ်တတ်ကြပြီး သန့်ရှင်းရေးလုပ်သည့်အခါ လဲလှယ်ရမည့်အစားဆေးကြောသန့်စင်ရည်ဖြင့်သာ သန့်စင် ပစ်တတ်ကြ ကြောင်း သိရသည်။ ထို့ပြင်မျက်ကပ်မှန်ထည့်သော ဘူးများကို သက်တမ်းကျော်လွန်၍ အသုံးပြုတတ်ကြပြီးမျက်ကပ်မှန်လဲလှယ်ရမည့် အချိန် နောက်ကျလေ့ရှိကြကြောင်း သိရသည်။  

source...http://www.7daydaily.com

မျက်ကပ်မှန်သုံးသူတွေ သိထားသင့်တဲ့ အလှအပအတွက် အကြံပြုချက်

 Issue No.944 Friday, December 11, 2015

မျက်ကပ်မှန်ကိုမျက်လုံးအရောင် လှချင်ရုံသီးသန့်အတွက်သာမကအမြင်အာရုံချို့ယွင်းတဲ့သူတွေဆို ရင်လည်း မျက်မှန်ကြောင့် အလှမပျက်ချင်တာကြောင့် မျက်ကပ် မှန်တွေဟာလည်း အသုံးတွင် ကျယ်လာပါတယ်။ မျက်စိအတွက် အန္တရာယ်ကင်းကင်းနဲ့ အလှ လည်းပိုစေဖို့အတွက် မျက်ကပ် မှန်သုံးသူတွေသိသင့်တာလေး တွေဖော်ပြပေးလိုက်ပါတယ်။

မျက်ကပ်မှန်တွေဟာ နူးညံ့ ပါးလွှာတဲ့ပစ္စည်းနဲ့ထုတ်လုပ်ထား တာကြောင့်သိမ်းဆည်းရင်လည်း စနစ် တကျသေချာသိမ်းဆည်းဖို့ လိုအပ်ပါတယ်။ မျက်ကပ်မှန်တပ်တော့မယ်ဆိုတာနဲ့ လက်မှာ ဆီ၊ ဖုန်မှုန့်၊ မိတ်ကပ်၊ လိုးရှင်းစတာတွေမရှိရလေအောင် သန့်စင်ပေး ဖို့လိုအပ်သလို မျက်ကပ်မှန်ကို လည်း ဆေးရည်နဲ့
သန့်စင်ထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ မျက်စိ ယားယံတာ၊ မျက်စိကို ရောဂါကူးစက်မှုတွေကနေ ကာကွယ်ပြီး သားဖြစ်စေမှာပါ။

နောက်တစ်ချက်က မိတ် ကပ်မလိမ်းခင်မှာ မျက်ကပ်မှန် တပ်ထားဖို့လိုပါတယ်။မိတ်ကပ် လိမ်းပြီးမှ တပ်တဲ့အခါ မျက်စိထဲ ကို အမှုန်အမွားနဲ့ရောဂါပိုးဝင်နိုင် ခြေများလို့ပဲဖြစ်ပါတယ်။ ဒါ့အပြင်နူးညံ့ တဲ့မျက်ကပ်မှန်တွေကို မထိ ခိုက်မပျက်စီးစေဖို့အတွက်လည်း ဓာတုပစ္စည်းနည်းနည်းပဲပါပြီး သ ဘာဝပစ္စည်းတွေနဲ့အခြေခံထုတ် ထားတဲ့ မိတ်ကပ်နဲ့မျက်နှာသန့် စင်ဆေးရွေးသုံးဖို့ လိုပါတယ်။

နောက်ပြီး မျက်ကပ်မှန်တပ် ပြီး မိတ်ကပ်လိမ်းတုန်း အမှုန်အ မွှားဝင်တဲ့အခါကြမ်းကြမ်းတမ်း တမ်းမပွတ်မိဖို့အထူးသတိထားရ ပါမယ်။ အဲဒီအခါမှာမျက်ကပ်မှန်စုတ်ပြဲသွားနိုင်သလို မျက်စိကိုလည်း ဒဏ်ဖြစ်စေလို့ပါ။

မျက်ကပ်မှန်သမားတွေမိတ် ကပ်ပြင်တဲ့အခါ ကြုံရတတ်တဲ့ ပြ ဿနာကြီးတစ်ခုကတော့အိုင်း လိုင်နာ ဆွဲတဲ့အခါပဲဖြစ်ပါတယ်။ ထူးပိန်းနေအောင်ဆွဲထားတဲ့အခါမျက်လုံးကိုခြောက်သွေ့စေကာ မျက်စိ နာတာမျိုးဖြစ်စေတဲ့အ တွက် သတိပြုရပါမယ်။

အိုင်းရှဲဒိုးသုံးရင်လည်းအမှုန့် ပုံစံထက် ခရင်မ်လိုပုံစံက မျက်ကပ်မှန်သမားတွေနဲ့ ပိုပြီးသင့် တော် တယ်ဆိုပေမယ့်လည်း နှစ်ခု စလုံးကမျက်စိထဲဝင်နိုင်တာကို အမြဲတမ်းသတိရပါ။

အလှကုန်ပစ္စည်းတွေဝယ် တဲ့အခါမှာလည်းအဆီများတဲ့ပစ္စည်းတွေရှောင်ဖို့လိုပါတယ်။ အခန့်မသင့်လို့ မျက်စိထဲဝင်ခဲ့ရင်မျက်ကပ်မှန်ခွာရခက်စေတဲ့အ ပြင် မြန်မြန်လည်းပျက်စီးစေပါ တယ်။ နောက်ပြီး
မိတ်ကပ်ဖျက် တော့မယ်ဆိုရင်လည်း အန္တရာယ် ကင်းအောင် မျက်ကပ်မှန်ချွတ်ပြီး မှ
လုပ်ဖို့လိုအပ်ပါတယ်။

မျက်တောင်တုတပ်တာက လည်း မျက်ကပ်မှန်သမားအ တွက်ကတော့ ကောင်းတဲ့ လုပ် ဆောင်ချက် မဟုတ်ပါဘူး။ မျက် တောင်တုတပ်တဲ့ကော်က မျက် လုံးထဲဝင်ပြီးမျက်ကပ်မှန်ကို ဒုက္ခ ပေးနိုင်သလို မျက်တောင်ကော့ ဆေးတွေအများကြီးတင်တာကလည်း မျက်စိစပ်ပြီး နာတာမျိုး၊စူး အောင့် တာမျိုးတွေ လည်း ဖြစ်နိုင် တဲ့အတွက်သတိထားဖို့လိုအပ်ပါ တယ်။

source.....http://www.7daydaily.com

18.9.16

အမြင်အာရုံကောင်းစေရန် အစားအသောက်က စွမ်းဆောင်ပေးနိုင်ကြောင်းသိရ၏


အသီးအရွက်များအား တွေ့ရစဉ် (ဆင်ဟွာ) Social, Education & Health

ပေကျင်း၊ မေ ၁၇ ရက် (ဆင်ဟွာ)

သင်ဟာ မျက်မှန်တပ်ဖို့ ပြင်ဆင်နေသူလား၊ သို့မဟုတ် တပ်ထားတဲ့ မျက်မှန်ကို အဝေးကို လွှင့်ပစ်ချင်နေသူ လား။


နည်းလမ်းမှန်စွာ စားသောက်ပေးရုံဖြင့် ထိုအရာတွေကို အဝေးကို သင်လွှင့်ပစ်နိုင်တဲ့ သတင်းကောင်း တစ်ခု ရှိနေပါပြီ။ Bored Panda မဂ္ဂဇင်း၏ အောက်ပါ ထုတ်ပြန်ချက် အသစ်အား ဖတ်ရှုပါ။ ထို့နောက် လိုအပ်ချက်များ အတိုင်း တိကျစွာ လိုက်နာ စားသုံးပေးခြင်းဖြင့် မျက်မှန် ပါဝါ တိုးလာခြင်းများနှင့် သင်၏ အမြင်အာရုံ ကျန်းမာ ခြင်းများအား ထိန်းသိမ်းပေးကြပါစို့။

မုန်လာဥနီ

မုန်လာဥနီသည် မျက်စိအတွက် အလွန် ကောင်းမွန်ကြောင်း အရင်ကတည်းက ကြားဖူးပြီးသား ဖြစ်သလို ယင်း သည် ယခုချိန်အထိ အမှန်အကန်ပင် ဖြစ်သည်။ မုန်လာဥနီ၌ ပါဝင်သည့် ဗီတာမင် ပေါင်းများစွာသည် မျက်စိ၏ လုပ်နိုင်စွမ်း ကောင်းမွန်စေရန် အကူအညီ ဖြစ်စေသည်။

အစိမ်းရောင် ရှိသည့် အသီးအရွက်များ

အစိမ်းရောင် ရှိသော အသီးအရွက်များတွင် ပါဝင်သည့် Lutein နှင့် Zeaxanthin တို့သည် မျက်စိအတွက် အမှန်တကယ် ကောင်းမွန်ကာ အမြင်အာရုံ ပိုမို သန်စွမ်းစေမည် ဖြစ်သည်။

ဥများ

လတ်တလော ထုတ်ယူထားသည့် ကြက်ဥ၊ ဘဲဥ အနှစ်သည် Lutein နှင့် Zeaxanthin ဓာတ်များစွာနှင့် ဇင့်ဝတ် ပါဝင်ကာ မျက်စိ အမြင်အာရုံအတွက် ပိုမို သန်စွမ်းပြီး ကောင်းမွန်စေသည်။

ရှောက်၊ သံပရာသီးမျိုးဝင် အသီးများနှင့် ဘယ်ရီသီးများ

ဘယ်ရီသီးများက အရသာရှိသလို ရှောက်၊ သံပရာသီးမျိုးဝင် အသီးများ၌လည်း ဗီတာမင် စီ (Vitamin C) ကြွယ်ဝစွာပါဝင်ပြီး မျက်စိကို အကာအကွယ် ဖြစ်စေသည်။ မျက်စိ တိမ်စွဲခြင်းကိုလည်း လျော့ကျစေပါသည်။

ဗာဒံစေ့များ

ဗီတာမင် အီး (Vitamin E) ကြွယ်ဝစွာ ပါဝင်သော ဗာဒံစေ့များတွင် မျက်စိ၏ အရောင်ခွဲခြားနိုင်စွမ်း အား လျော့ ကျမှုအား နှေးကွေးစေသည်။ ဗာဒံစေ့ လက်တစ်ဆုပ်စာအား နေ့တိုင်း စားပေးသင့်ပါသည်။

ငါးများ

ငါးစားခြင်းအား နှစ်သက်သူများ အတွက်ကတော့ သတင်းကောင်း တစ်ခုပါပဲ။ ငါးသည် မျက်စိ ကျန်းမာရေးအား ထိန်းသိမ်း ပေးသည့် အတွက် ငါးစားသုံးရန် အတွက် အချိန်အခါ ကောင်းပါပဲ။

အစေ့အဆန်မျိုးစုံ

အစေ့အဆန်မျိုးစုံ၌ ဗီတာမင် အီး၊ ဇင့်နှင့် Niacin (Vitamin B3) ဓာတ် အမြောက်အမြား ပါဝင်သည်။ ၎င်း အစေ့အဆန် အမျိုးမျိုးအား ပေါင်မုန့်၊ ပတ်စတာ (Pasta) စသဖြင့် ရနိုင်သမျှ အပြောင်းအလဲ လုပ်စားသင့်ပါ သည်။  (Xinhua)