မေး ။ ။ စာဖတ်ခြင်း၊ကွန်ပျူတာသုံးခြင်း၊တီဗွီကြည့်ခြင်းစတဲ့ မျက်စိအသုံးပြုရတဲ့ အလုပ်တွေ လုပ်တဲ့အခါ မျက်စိမညောင်းအောင် ဘယ်လိုအချက်အလက်တွေကို ရှောင်သင့်ေ ဆာင်သင့်ပါသလဲဆရာ....
ဖြေ။ ။ မျက်စိမညောင်းအောင်ဆိုပြီး မျက်စိသုံးလုပ်ဆောင်ရတဲ့အလုပ်တွေကို ရှောင်လို့တော့ မရပါဘူး ၊ ဒါကြောင့်ဆင်ခြင်စရာတွေကိုတော့ လိုက်နာသင့်ပါတယ်။ဆရာ့ဆီလာပြတဲ့ လူနာတွေက ဇက်ေ ကြာတက်တာနဲ့ခေါင်းကိုက်တာတွေကအဖြစ်များတယ်။ဒီလူနာတွေက မျက်လုံးကို ဘယ်လိုခိုင်းရမယ်ဆိုတာ မသိလို့ ဖြစ်တာပါ။ လမ်းလျောက်တာများရင် ခြေထောက်ညောင်းတယ် နားလိုက်မှသက်သာမယ်၊အဲဒီလိုဘဲ မျက်စိကလည်း ကြွက်သားတွေနဲ့ဖွဲ့စည်းထားတာဆိုတော့ ကြာကြာအသုံးပြုတဲ့အခါ ညောင်းလာတယ်။ စာေ ရးရတာကြာရင်ညောင်းလာသလိုမျိုးပေါ့ ၊ မျက်စိက အိပ်ယာကနိုးလို့ အလင်းရောင်ဝင်လာတာနဲ့တပြိုင် နက် အလုပ်လုပ်နေရတာဘဲ ၊ စာဖတ်တာ တီဗီကြည့်တာ ကွန်ပျူတာသုံးတာတွေ မလုပ်ရင်တောင် ပေါ့ပါး တဲ့အလုပ်(Light Duty)တွေ လုပ်နေရတာဘဲ ၊ အဲဒီတော့ မျက်စိကို အနားပေးရပါမယ်။
မေး။ ။ စာဖတ်ခြင်း ကွန်ပျူတာသုံးခြင်း တီဗီကြည့်ခြင်း မျက်စိအသုံးပြုတဲ့အလုပ်ေ တွလုပ်ရင်း မျက်ရိုးကိုက်တဲ့အခါ ဘာလုပ်သင့်ပါသလဲဆရာ.....
ဖြေ ။ ။ စာဖတ်ခြင်း ကွန်ပျူတာသုံးခြင်း(လက်ကိုင်ဖုံးဖြင့် အွန်လိုင်းအသုံးများခြင်း) တီ ဗီကြည့်ခြင်း စတဲ့အလုပ်တွေ လုပ်ရရင်တော့ ၊ မျက်စိအတွက်ကြီးမားတဲ့အလုပ်(Heavy Duty)ဖြစ်သွား တယ် ။ရှန်ဟိုင်းတက္ကသိုလ်မှာလုပ်ထားတဲ့ သုတေသနအရ မျက်စိကြွက်သားတွေရဲ့ ခံနိုင်ရည်အားက မိနစ်(၃၀)ပဲရှိတယ်။မျက်စိအားသုံးပြီးလုပ်ရတဲ့အလုပ်တွေကို နာရီဝက်ထက်ပိုပြီး မလုပ်သင့်ဘူး ။ နာရီဝက် ကြာရင် ခဏနားပေးဖို့လိုတယ်၊အနားယူတဲ့နည်းက မျက်စိကို တစ်မိနစ်လောက် စုံမှိတ်ေ ပးဖို့ပါဘဲ ။မျက်စိပိတ်လိုက်တဲ့အခါ အပြည့်အဝအနားရပြီး Dark Adaptation Cycle လည်သွား တဲ့ အတွက် ဘက်ထရီတခုလိုဘဲ အားပြန်ပြည့်သွားတယ်။အဲဒါကြောင့် နာရီဝက်လောက်မျက်စိသုံးပြီးတိုင်း တမိ နစ်လောက်နားပေးမယ်ဆိုရင် မျက်စိညောင်းတာ မျက်ရိုးကိုက်တာတွေ လျော့နည်းသွားမှာပါ။ဒါကြောင့် ဆရာ့အနေနဲ့ အကြံပေးချက်တာက မျက်စိကိုသုံးပါ ဒါပေမဲ့ နာရီဝက်ပြည့်တိုင်း ခဏနားပါ။
မေး ။ ။ မျက်ရိုးကိုက်တဲ့သူတွေအတွက် စာကြည့်မျက်မှန် တပ်သင့်ပါသလားဆရာ။
ဖြေ ။ ။ မျက်စိကမျက်ရိုးကိုက်လို့ ဆေးခန်းသွားပြရင် ဆလင်ဒါပါဝါနဲ့ မျက်မှန်လုပ်ပေးတာတွေ ရှိတယ် ၊ ဒီဆလင်ဒါပါဝါနဲ့ မျက်မှန်တပ်လိုက်လို့ရိုရင် သက်သာသွားသလိုလို အကြံပေးကြတယ်။လူနာတွေ အနေနဲ့ မယုံကြည်ဖို့လိုပါတယ်။အဓိက ကတော့ မျက်စိကိုနာရီဝက်သုံးပြီးတိုင်း နားလိုက်ရင်လုံလောက်ပါပြီ။
မေး ။ ။ မျက်မှန်တပ်ရတဲ့သူတွေအတွက် ဘယ်နှနှစ်တကြိမ် မျက်စိစမ်းသပ်သင့်ပါသ လဲ ဆရာ။
ဖြေ ။ ။ မျက်မှန်တပ်ရသူတွေအနေနဲ့ တစ်နှစ် တကြိမ် မျက်စိကိုစမ်းသပ်သင့်ပါတယ် ။ မျက် မှန်ပါဝါက အသက်(၂၁)ကျော်သွားရင် သိပ်ပြောင်းလဲမှု မရှိတော့ပါဘူး ။ ဒါကြောင့် တနှစ်တခေါက်လောက် စမ်းရုံနဲ့လုံလောက်ပါတယ်။အသက်(၄၀)အရွယ်ရောက်ရင်တော့အနီးမှုန်လာနိုင်တယ် ၊ အနီးမှုန်စစ်ဆေးမှု အတွက် တနှစ်တကြိမ်ပြန်စမ်းပေးရမယ်။
ဇွန်ခိုင်ဦး(ဆေးဝါတက္ကသိုလ်)ရေးသားသော.......
မျက်စိအထူးကုဆရာဝန်ကြီး ပါမောက္ခ ဦးတင်ဝင်းနှင့် တွေ့ဆုံဆွေးနွေခြင်း ....
စာအုပ်မှတိုက်ရိုက်ကူးယူ ဖော်ပြပါသည်..........
မူလစာရေးသူအား Credit ပေးပါသည်.....