11.1.17

မျက်စိကျမ်းမာရေးစောင့်ရှောက်မှုအခက်အခဲများနှင့် တန်းတူအခွင့်အရေး...။( ပြည့်အောင်,COA)(၁၁/၁/၂၀၁၇ နေ့ထုတ် မန္တလေးနေ့စဉ် သတင်းစာပါ ဆောင်းပါး)


Community Eye Health Journal. (VOLUME 29 ISSUE 93 /2016)
 Johannes Trimmel( Director: Policy and Advocacy)ရေးသားသော Inequality and inequity in eye health ဆောင်းပါးမှ အချက်အလက်များကို ရယူပါသည်။

          လွန်ခဲ့သော၂၀၁၀ ပြည့်နှစ်အချိန်ကာလများ၌ ကမ္ဘာတဝှမ်း ဝန်ထုပ်ဝန်ပိုး ဖြစ်စေသော ရောဂါများ အကြောင်း (Global Burden of Disease – GBD)ကို လေ့လာရာတွင် ကမ္ဘာတဝှမ်း မျက်မမြင်ပြန့် နှံ့မှု နှုန်းထားသည် ၊ ၁၉၉၀ ပြည့်နှစ်၌ ၀.၆၀% ရှိရာမှ ၊ ၂၀၁၀ ပြည့်နှစ်တွင် ၀.၄၇ %သို့ ကျဆင်း သွားကြောင်း ဖော်ပြထားသည်ကို တွေ့ရ၏။ ဤအချက်သည် ကမ္ဘာတဝှမ်း အများပြည်သူကျမ်း မာရေး စောင့်ရှောက် မှုဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ တိုးတက်လာမှုကို ညွှန်ပြနေသည်ဟု ယူဆနိုင် ဖွယ် ရာရှိ၏။ သို့သော်လည်း၊ ၎င်းသည် အသက်အပိုင်းအခြား တမျိုးတည်းကိုသာ အခြေခံသော သတ်မှတ် ချက်မျှသာ ဖြစ်၍ ပိုမိုကျယ်ပြန်သော နိုင်ငံပေါင်းစုံ ဖြန့် ကျက်လေ့လာမှုအပိုင်း၌  အားနည်းချက် ရှိသည် ကို တွေ့ရပါ မည်။
                နိုင်ငံပေါင်းစုံဖြန်ကျက်လေ့လာသူ သုတေသီအချို့ကမူ မျက်စိကျမ်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ၏  တိုးတက်မှုသည် လူနေမှုစနစ်၏ အဆင့်အတန်း အပေါ်တွင်လည်း မူတည်ကြောင်း ညွှန်ပြကြ၏။  ဥပမာအားဖြင့် အာဖရိကနှင့် လက်တင်အမေရိက ခုနှစ်နိုင်ငံတို့တွင် လူနေမှု အဆင့်အတန်း အလွန်နိမ့်ကျသောကြောင့် မျက်မမြင်ကျဆင်းရေး၊ အမြင်အာရုံယိုယွင်းအားနည်းမှု ကျဆင်းရေး၊သတင်း အချက် အလက်များရယူရေး နှင့် အတွင်းတိမ်  ခွဲစိတ်ကုသမှုစံနှုန်း စသည်များမှာ အခြားနိုင်ငံများကဲ့သို့ ဖွံ့ဖြိုး တိုးတက်မှု မရှိကြောင်း၊ ၎င်းနိုင်ငံများသည် အထောက်အပံ့များ လိုအပ်လျှက်ရှိရာ၊ ချမ်းသာကြွယ်ဝ သူ အလှူရှင်များကို ပိုမိုကျယ်ကျယ်ပြန့်ပြန့် စည်းရုံးကြရန် လိုအပ်ကြောင်း အကြံပြု ထားပါသည်။
              အာဂျင်တီးနားနိုင်ငံ၌ အမြင်အာရုံဆုံးရှုံးမှုကို အများဆုံးဖြစ်ပေါ်စေသည့် အတွင်းတိမ်ကို၊ ခွဲစိတ်ကုသမှု မပြုနိုင်သေးဘဲ ကျန်ရှိနေသည့်နှုန်းထားသည် ဆိုးရွားစွာကြောင်း ၊ အမျိုးသားအဆင့် အတွင်းတိမ် ခွဲစိတ်ကုသမှုဆိုင်ရာ နှုန်းထား (CSR-cataract surgical rate) သည် ၅၉၃၅ (cataract operation per million population per year) ရှိကြောင်း ဖော်ပြပါသည်။
ထို့ပြင် ၂၀၁၀ ခုနှစ် အိန္ဒိယနိုင်ငံ ဂူဂျာရက်မြို့တွင်ပြုလုပ်သော လေ့လာဆန်းစစ်ချက်များမှ ထွက် ပေါ်လာသော အစီရင်ခံစာများအရ အိန္ဒွယနိုင်ငံ၌ အတွင်းတိမ် ခွဲစိတ်ကုသမှု ဆိုင်ရာနှုန်းထား (CSR)သည် ၊၁၀,၀၀၀, ရှိသည့် အတွက်  ကျန်ရှိမှုပမာဏ များပြားကြောင်း ၊ အဓိကကျသော မျက်စိရောဂါ ကုသမှုများ နှင့် သက်ကြီးရွယ်အိုများတွင် အဖြစ်များသည့် အရေးပါသော မျက်စိပြဿနာများကိုဖြေရှင်းရန် ကိစ္စရပ် များလည်း ကျန်ရှိနေသေးကြောင်း သိကြရပါ သည်။
 ဖွံ့ဖြိုးတိုးတက်မှုအဆင့် မြင့်မားသည်ဟု သတ်မှတ်ထားကြသော ယူနိုက် တက်ကင်းဒန်းရှိ လူမည်း လူနည်းမျိုးနွယ်စုများ အတွင်း၌ပင်လျှင် အမြင်အာရုံ ဆုံးရှုံးမှု ပြဿနာများ အထူးမြင့်တက်လျှက်ရှိ နေပြီး၊ အရွယ်ရောက်ပြီး မသန်မစွမ်းဖြစ်နေသူများအား (၁၀)ကြိမ်ထက်မနည်း လေ့လာကြည့်ရာ တွင် ၊ အမြင် အာရုံလုံးဝဆုံးရှုံးမှု နှင့် တစိတ်တပိုင်းအားဖြင့်ဆုံးရှုံးမှု ဖြစ်နိုင်ခြေရှိနေသူများကို ၎င်းနိုင်ငံ၏လူဦးရေ ပြန့်နှံ့မှုအလိုက် တွေ့ရှိနေကြရမည် ဖြစ်ပါသည်။
မသန်စွမ်းသူများနှင့် စပ်လျဉ်း၍လည်း ကမ္ဘာ့ကျမ်းမာရေးအဖွဲ့ (WHO) နှင့် ကမ္ဘာ့ဘဏ် (World Bank)တို့ပူးပေါင်းစီစဉ်ထုတ်ပြန်သော အစီရင်ခံစာတွင် မသန်မစွမ်းသူများအား ကျမ်းမာရေးစောင့် ရှောက်မှု လုပ်ငန်းများကို ဆောင်ရွက်ရာတွင်၊ အဓိကအခက်အခဲနှစ်မျိုး ကြုံတွေ့ရကြောင်း ၊ ၎င်းတို့မှာ ကောင်း မွန် သော သယ်ယူပို့ဆောင်ရေး (မသန်စွမ်းသူတို့ ကြို/ပို့) စနစ်နှင့် ကျမ်းမာရေးစောင့်ရှောက် မှု လုပ်ငန်းများကို ခံယူနိုင်မှု(ကျမ်းမာရေးဝန်ထမ်းများ၏ အကြံပြု ညွှန်ကြား ချက်များကို လိုက်နာနိုင်စွမ်း ရှိမှု) အခြေအနေ တို့ပင်ဖြစ်ကြောင်း ညွှန်ပြကြပါသည်။
 မသန်မစွမ်းသူများသာမက ဝင်ငွေနိမ့်ကျသော နိုင်ငံများရှိ မသန်မစွမ်း မဟုတ်သော အမျိုးသမီး ၃၆% နှင့်၊ အမျိုးသား ၄၀% တို့မှာ မသန်မစွမ်းအမျိုးသမီး ၆၁%နှင့်၊ အမျိုးသား ၅၉% တို့ နည်းတူ ကျမ်းမာရေးဌာနများသို့ သွားရောက်နိုင်ခြင်း မရှိကြောင်း အထက်ပါအစီိရင် ခံစာကဆိုပါသည်။
  အိန္ဒိယနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် ပြုလုပ်ခဲ့သော သုတေသနလုပ် ငန်းများ၏ရလာဒ်တွင်မူ အထက်ပါကဲ့သို့ မသန်စွမ်းသူများအတွက် ဆောင်ရွက်သော မျက်စိကျမ်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များ၌ အခက်အခဲများရှိစေကာမူ၊ မသန်းစွမ်းသူတို့၏ ပူးပေါင်းပါဝင်မှု့သည် အထူးမြင့်တက်လာသည်ကို လည်းတွေ့ရကြောင်း ဝမ်းမြောက်ဖွယ်သိရပါသည်။      
မျက်မှောက်ကာလ၌ အကြုံးဝင်လျက်ရှိသော ကမ္ဘာကျမ်းမာရေးအဖွဲ့(WHO) ၏ မျက်စိကျမ်းမာရေး ဘက်စုံဖွံဖြိုးတိုးတက်မှု (Univerasal Eye Health)အတွက် ကမ္ဘာတဝှမ်း အကောင်အထည်ဖော်မှု အစီအစဉ်(2014-2019) ကို ရေးဆွဲ ထုတ် ပြန်ခဲ့ရာတွင်လည်း၊  တန်းတူညီမျှမှုရှိစေရေး၊ လူ့အခွင့်အရေး အပြည့် အဝရရှိရေးနှင့် လူတိုင်းပူးပေါင်းပါဝင် ဆောင်ရွက်ပိုင်ခွင့် (ကုသမှုခံယူနိုင်ခွင့်) ရရှိ ရေးများအတွက် အဖက်ဖက်မှ စဉ်းစားရေးဆွဲထားကြောင်း ထုတ်ပြန်ခဲ့ပါသည်။ တွေ့ရှိချက်များကို စနစ်တကျ ထုတ်ပြန် ကြေငြာရန်နှင့် ပွင့်လင်းမြင်သာသော ထိရောက်သည့်လုပ်ငန်းများကို ဦိးစားပေးမည့် ၎င်းအစီအစဉ်က ”မည်သူတဦးတယောက်မျှ ကျန်ရစ်ခဲ့ခြင်း မရှိစေရ” ဟူ၍လည်း အာမခံချက် ပေးထားပါသည်။
ထိုကဲ့သို့ မျက်စိကျမ်းမာရေးအပါအဝင် ကျမ်းမာရေးစောင့်ရှောက်မှု လုပ်ငန်း များ၌ အချို့သော အခက်အခဲများ ကြုံတွေ့နေရခြင်း၏ အကြောင်းရင်းကို လေ့လာရာတွင် အမြင်အမျိုးမျိုး ရှုဒေါင့်အမျိုးမျိုး ရှိနေမည်ဖြစ်သော်လည်း  အောက်ပါအကြောင်း အချက်များပေါ်တွင် အခြေခံလျက် ပေါ်ပေါက် လာရ ကြောင်းကိုမူ လက်ခံ နိုင်ကြမည်ဖြစ်ပါသည် ။
အဓိကအားဖြင့် အထွေထွေဆင်းရဲနွမ်းပါးမှုများကြောင့် ပေါ်ပေါက်လာသည့် ပြဿနာရပ်များဖြစ်ပြီး ၊ ဝင်ငွေနိမ့်ကျခြင်း၊ ကျမ်းမာရေးချို့တဲ့ခြင်း၊ အခြေခံပညာရေးအဆင့်နိမ့်ကျခြင်း ၊ ရေနှင့်မိလ္လာစနစ်အား နည်းခြင်း ၊ ကျမ်းမာရေးနှင့် ဘေးအန္တရယ်ကင်းရှင်းမှုမရှိသော ပတ်ဝန်းကျင်တွင် နေထိုင်ကြရခြင်း၊ အကြမ်း ဖက်ခံရမှု၊ ဘဝမလုံခြုံမှု နှင့် လူတန်းစားခွဲခြား၍ ဆက်ဆံခံရမှုများ၊ ကျမ်းမာရေး စောင့်ရှောက်မှု အဖွဲ့များနှင့် ပူးပေါင်းပါဝင်မှုအားနည်းခြင်း၊ ထိုက်သင့်သော လုပ်ပိုင်ခွင့်တာဝန်နှင့် အခွင့်အာဏာများမရှိခြင်း၊ မိမိ ကိုယ်ကို လေးစားတန်ဘိုးထားမှု အားနည်းခြင်း၊ စသည်ဖြင့် အကြောင်းရင်းများစွာကို အခြေခံ ကြောင်း တွေ့ရှိကြရမည်ဖြစ်ပါသည်။
မျက်စိကျမ်းမာရေးလုပ်ငန်းများကို ထောက်ပံ့မှုများ တိုး၍ တိုး၍ ပေးနိုင်ရန် အတွက် အချက် အလက်များ ကောက်ယူရာတွင်လည်း၊ အသက်အရွယ်နှင့် ယောက်ျား မိန်းမ လိင် ကွဲပြားခြားနားမှု ၊ စီးပွားရေးဆိုင်ရာ ပတ်ဝန်းကျင် အခြေ အနေများကိုသာမက လူနည်းစုမျိုးနွယ်များ ၊ ရွှေ့ပြောင်းနေ ထိုင် သူ များ ၊ မသန် မစွမ်းဖြစ်နေသူများ နှင့် သက်ဆိုင်သော အချက်အလက်များကိုပါ စူးစမ်းရှာဖွေ စုဆောင်းရန် လိုအပ်ကြောင်း တွေ့ရှိလာကြရပါသည်။
သို့ဖြစ်ရာ ကမ္ဘာတဝှမ်း မျက်စိကျမ်းမာရေးစောင့်ရှောက်မှု ပိုမိုဖွံ့ဖြိုးတိုးတက် လာစေရန် အတွက်၊ အောက်ပါအချက်အလက်များကို အဓိကထားဆောင်ရွက် သင့်ကြောင်း တွေ့ကြရမည် ဖြစ်ပါသည်။
 လိုအပ်သော ငွေကြေးနှင့် အခြားအထောက်အပံ့များရရှိရေးကို ဆောင်ရွက် ရန်လိုအပ်ပါ သည်။( ပြည်တွင်းနှင့်နိုင်ငံတကာမှ အလှူရှင်များအား မျက်စိကျမ်းမာ ရေးစောင့်ရှောက်မှုလုပ်ငန်းများ၏ လက်ငင်း ဖြစ်ပေါ်နေသော အခြေအနေမှန်များကို ပိုမိုသိရှိ လာအောင် နည်းလမ်းများရှာ၍ လုပ်ဆောင်သင့် ပါသည်။)
 အသက်အရွယ်မရွေး၊ ယောက်ျားမိန်းမမရွေး၊ ဆင်းရဲချမ်းသာမရွေး၊မျိုးရိုးဇာ တိ နေရာဒေသမရွေး၊ ပညာအဆင့်အတန်း ရှိသူနှင့်မရှိသူ၊ မသန်းမစွမ်းဖြစ်နေသူ များအပါအဝင် လူတိုင်းလူတိုင်းအား တန်းတူ ညီမျှစိတ်ထား၍ ကုသမှုစောင့်ရှောက်မှုပေးနိုင်သော မျက်စိကျမ်းမာရေးဌာနများ၊ မျက်စိဆရာဝန်များ၊ ပညာရှင်များကို စုစည်းရန်လိုအပ်ပါသည်။
 မသန်းမစွမ်းသူများကို  စဉ်ဆက်မပြတ် ပါဝင်လာစေရေးအတွက် မျက်စိကျမ်း မာရေး စာင့် ရှောက်မှုယူနစ်များက ပို၍ပို၍ ကျိုးစားအားထုတ်ကြရန် လိုအပ်မည်ဖြစ်ပါသည်။ မျက်စိကျမ်းမာရေး လုပ် ငန်းများကို ထောက်ပံ့ပေးသူများကလည်း စီးပွားရေးလုပ်ငန်းရှင်များ အားစုစည်း၍၊ ၎င်းတို့၏ လုပ်ငန်း များတွင်ရှိသော ဝန်ထမ်းများအား မျက်စိကျမ်းမာရေး စောင့်ရှောက်မှု အခွင့်အရေးများ ရစေရန် (မျက်စိ ကျမ်း မာရေး စစ်ဆေးမှုများကို လက်ခံလာကြစေရန်) တိုက်တွန်းမှုများ ပြုကြ ရပါမည်။
           အရေးကြီးဆုံးသောအချက်မှာ မျက်စိကျမ်းမာရးချို့တဲ့သူများသည် မိမိတို့က စောင့်ရှောက်ကုသမှု များ ပေးနေရသော လူနာများအဖြစ်မျှသာမဟုတ်ဘဲ၊ မိမိတို့၏ မျက်စိကျမ်းမာရေး စောင့်ရှောက်မှု လုပ်ငန်း များအပေါ် လူတန်းစား အလွှာ အသီး သီးက ပို၍ပို၍ ယုံကြည်ကိုးစားမှု ရှိလာကြစေရန် နှင့် လုပ်ငန်း ဖွံ့ဖြိုး တိုးတက်မှု လျှင် မြန်လာစေရေးတို့အတွက် အဓိကပံ့ပိုးမှုပေးနေသော အရေးပါသူများ ဖြစ်သည်ဟူ သော ခံယူချက်ထားရှိလျက် စိတ်စေတနာကောင်းဖြင့် ကုသမှုပေးကြရန်ပင်ဖြစ် ပါကြောင်း စေတနာကောင်းထား ၍ ရေးသားအပ်ပါသည်။

 ပြည့်အောင်,COA
ဖောင်တော်ဦး ဇီဝိတဒါနမျက်စိဆေးခန်း။

2.1.17

ရှောင်စေရာရှောင်စေကြောင်း....... ( ပြည့်အောင်,COA ) ( ၂၅/၁၂/၂၀၁၆-ရက်နေ့ထုတ် မန္တလေးနေ့စဉ်သတင်းစာပါ မျက်စိကျမ်းမာရေး ပညာပေးဆောင်းပါး)



ရှောင်စေရာ ရှောင်စေကြောင်း

          မျက်စိကျမ်းမာရေးကောင်းနေစဉ်(မျက်စိဝေဒနာ တစုံတရာမဖြစ်ဘဲ သက်တောင့် သက်သာရှိနေစဉ်) အချိန်ကာလမျိုးများ၌  မျက်စိကျမ်းမာရေးကို ဂရုစိုက်ရန် မေ့လျော့ နေတတ်ကြ သူအများစုသည် မျက်စိတွင်းသို့ ဖုံအမှိုက်ဝင်ခြင်း၊မျက်စိနီခြင်း ၊မျက်စိ နာခြင်း၊မျက်စိမှုန်ခြင်း (ကြည့်မကောင်းခြင်း)၊ ကိုက်ခဲနာကျင်ခြင်း၊စသည်ဖြင့် မျက်စိ ဝေဒနာတမျိုးမျိုးကို ရုတ်တရက်
ခံစားရသော အခါတွင်၊ စိုးရိမ်စိတ်ဖြင့် မပြုသင့်သော အမှားနည်းများကို သက်သာရာသက်သာကြောင်း အတွက် ပြုမိတတ်ကြပါသည်။

              ကမ္ဘာ့ကျမ်းမာရေးအဖွဲ့(WHO)၏(GDB) မှတ်တမ်းအချို့တွင် ကမ္ဘာ့တဝှမ်း၌ လူပေါင်း
သန်း ၂၈၀ ခန့်သည် အမြင်အာရုံချို့တဲ့သော သူများဖြစ်ပြီး၊၄င်းတို့အနက် သန်း ၄၀ နီးပါးသည်အမြင်
အာရုံ လုံးဝချို့တဲ့သူများဖြစ်၍၊ သန်း၂၄၀ ကျော်မှာ တစိတ်တပိုင်း ချို့တဲ့သူများဖြစ်ကြောင်းဖော်ပြထား သည်ကို တွေ့ရပါသည်။စိတ်ဝင်စားဖွယ် ကောင်း သောအချက်မှာ အမြင်အာရုံချို့တဲ့ သူအများစုသည် မှားယွင်းသော ဒေသဆိုင်ရာ နည်း များဖြင့် ကုသခြင်း၊ကြားဖူးနားဝ အရပ်ပြောနည်းများကိုပြုလုပ်ခြင်းနှင့် မျက်စိကျမ်း မာ ရေးဗဟုသုတ ခေါင်းပါးခြင်းများကြောင့်ဖြစ်ကြောင်း ဖော်ပြထားသည့် အချက်ပင်ဖြစ် ပါသည်။

             အချို့သောသူများသည် မျက်စိကိုပုံမှန်ဆိုသလို အကြောင်းမဲ့ရေဖြင့် ဆေး ကြောတတ် ကြ ပြီး၊ယင်း အလေ့အထသည် မျက်စိကျမ်းမာရေးကို အထောက် အကူပြု ကြောင်း သုတေသနပြုတွေ့ရှိ ချက်တစုံတရာ မရှိကြောင်းလည်း ကျွမ်းကျင်သူများက ဆိုပါသည်။ ရေခွက်ထဲသို့ မျက်နှာကိုနစ်လျှက် မျက်စိကိုဖွင့်လိုက် ပိတ်လိုက်လုပ်၍ မျက်စိကိုရေဖြင့် ဆေးကြောလေ့ရှိသူများကို ရည်ညွှန်းလိုဟန်ရှိ
ပါသည်။ ထိုသို့ပြုလုပ် ခြင်းသည် သန့်ရှင်းသောရေကိုသုံးမိပါက ဆိုးကျိုးများမဖြစ်နိုင်သော်လည်း ၊ မသန့်ရှင်း သောရေကိုသုံးမိလျှင် မလိုလားအပ်သည့် ရောဂါပိုးကူးစက်မှုများနှင့် ကြုံတွေ့ရနိုင်ပါသည်။

        စာရေးသူတို့၏ လူမှုအသိုင်းအဝိုင်းတွင်လည်း၊ ဒေသဆိုင်ရာနည်းဖြစ်သည့် အတွင်းတိမ်ကို မိုးကြိုးသွား၊ ဆေးမြစ် စသည်တို့ဖြင့်တွန်းချ၍ ကုသသောနည်းကဲ့သို့ ကြောက်မက်ဖွယ်နည်းဖြင့် ကုသမှုကို မြင်တွေ့နေရဆဲ(ယခင်ကကဲ့သို့ မကြာမကြာ တွေ့ရခြင်းများ မရှိတော့သော် လည်း) ဖြစ်သောကြောင့် မျက်စိဝေဒနာရှင်များ အထူး သတိပြုရှောင်ကြဉ်သင့်ကြပေသည်။
 မျက်စိတွင်းသို့ ဖုန်အမှိုက် သံစ စသည်တို့ဝင်လျှင် အများပြော ဘေးပြောနည်းများဖြစ်သည့် အာခံ တွင်းလေဖြင့် ပြင်းစွာမှုတ်၍ ထုတ်ခြင်း၊ ငွေစက္ကူဒေါင့်ချိုးဖြင့်ထိုး၍ ကလော်၍ထုတ်ခြင်း၊ သွားကြားထိုးတံ ကဲ့သို့ အလွယ်ရ အလွယ်တွေ့ ပစ္စည်းများဖြင့်ထုတ်ခြင်းများသည် မလိုလားအပ်သော မျက်စိပြဿနာ များကို ပေါ်ပေါက်လာစေနိုင်သောကြောင့် အထူးပင်ရှောင်သင့်ပါသည်။

        တခါက မျက်စိဆေးခန်းသို့ လာရောက်ပြသသူများအနက် မျက်စိအတွင်း၌ ကွမ်း သီးကွမ်းဖတ်များ ဝင်နေသော(၇)နှစ်အရွယ်ခန့်ရှိ ကလေးငယ်တဦးကို မြင်တွေ့ ခဲ့ရဘူး ပါသည်၊အကြောင်းရင်းကိုမေး ကြည့်ရာ- ဖခင်ဖြစ်သူက ဆိုင်ကယ်ဖြင့် ကလေးကျောင်း ကြိုသွားရင်း ကလေးမျက်စိတွင်းသို့ ဖုံဝင်သောကြောင့် လုပ်လေ့လုပ်ထရှိ သည့်အတိုင်း အာခံတွင်းလေဖြင့် ပြင်းပြင်းမှုတ်ပေး လိုက်၏။ဖခင်စိတ် သောကဖြင့် အလျင်စလိုပြုမိ သည်ဖြစ်ရာ မိမိကွမ်းဝါးထားသည်ကို မေ့
သွားသောကြောင့် ကလေး၏ မျက်စိတွင်းသို့ ကွမ်းသီးကွမ်းဖတ်များကို မှုတ်သွင်းသကဲ့သို့ဖြစ်
သွားကြောင်း သိရပါသည်။

        မျက်စိပြင်းစွာကိုက်ခြင်း၊ မျက်စိနီခြင်းများ ဖြစ်လျှင်လည်း ဆေးမြစ်များသွေး၍ မျက်စိကွင်းခြင်း၊ ဆေးရွက်များအုပ်၍ ကပ်ခြင်းများကိုလည်း တွေ့ဘူးမြင်ဘူးကြပါလိမ့် မည်။ ထိုက်သင့်သောသက်သာမှုကို ရကောင်းရမည်ဖြစ်သော်လည်း၊ ဖြစ်ပွားရခြင်း၏ အကြောင်းရင်း ဇစ်မြစ်ကို သေချာဂဏမသိဘဲ ပြုရိုးပြုစဉ် အလေ့အထအတိုင်းပြုခြင်း မျှသာဖြစ်၍ ထိရောက်သော အကျိုးရလဒ်ကောင်းကို ရရှိနိုင်မည် မဟုတ်ပေ။ မျက်စိ နီခြင်း၊ မျက်စိကိုက်ခြင်းများသည် သာမန် ရာသီပြောင်း မျက်စိနာရောဂါပိုး ကူးစက်ခြင်း ကြောင့်ဖြစ်နိုင်သကဲ့သို့၊ မျက်စိအမြင်အာရုံကို လုံးဝဆုံးရှုံးသည်အထိ အန္တရယ်ပြု နိုင်သော မျက်စိရေတိမ်ကြောင့်လည်း ဖြစ်တတ်ပေရာ လုပ်ရိုးလုပ်စဉ် အလေ့အထမျှ သာပြု၍ ကျေနပ်နေသင့်သော ကိစ္စတရပ်မဟုတ်ပေ။

        အဝေး အနီးရှိအရာဝတ္တု စသည်တို့ကိုကြည့်မကောင်း(ပြတ်သားမှုမရှိ မထင်ရှား ဝါးတားတား ၊ ပုံသဏ္ဍန်များကို အပြည့်အစုံမမြင် တစိတ်တပိုင်းသာ တွေ့ရ)လျှင်၊ကြုံရာ တွေ့ရာ အလွယ်ရမျက်မှန် တပ်ခြင်းမျိုး၊ ပါးစပ်ညွှန်း ကြော်ငြာကောင်း လူသုံးများ နာမည် ကြီး သောက်ဆေးများသောက် ၍ ပြန်ကောင်းနိုးနိုး ပြန်ကြည်လာနိုးနိုးမျှော်တလင့်လင့် ဖြင့်လည်းမနေသင့်ကြပေ။ မျက်စိအမြင် မကြည်လင်ခြင်း၏ အခြေခံ အကြောင်းတရား ဇစ်မြစ်များသည် တခုမဟုတ် အများပင်ရှိရာ၊ မျက်မှန်တပ်ရန်လိုအပ်ခြင်းကဲ့သို့ ချက် ခြင်း ဆုံးဖြတ်ချက်ချ၍ ဖြေရှင်းနိုင်သော ပြဿနာရှိ သကဲ့သို့၊ မြင် လွှာအားနည်းဖောက် ပြန်ခြင်း၊မျက်စိအာရုံကြောမကောင်းခြင်း၊ ဆီးချိုရောဂါကြောင့် မျက်စိမှုန်ခြင်း
တို့ကဲ့သို့ အချိန်ယူကုသရသော မျက်စိရောဂါများလည်း ရှိသည်ဖြစ်ရာ၊ရပ်သုံးရွာသုံး ဒေသသုံး
 နည်းစနစ်များ လုပ်နည်းလုပ်ဟန်များကို ရှောင်ရှားသင့်ပါသည်။

သို့ဖြစ်ရာ ဖြစ်ပွားရသည့် အကြောင်းရင်းကို ဂဃနဏသိလျက် ထိရောက်သော ကုသမှုများ ရရှိနိုင်သော ဆေးရုံဆေးခန်းများသို့ သွားရောပြသခြင်းသည်သာ မိမိမျက်စိ ကျမ်းမာရေးအတွက် အကောင်းဆုံး ဆောင်ရွက်ချက်ဖြစ်ပါကြောင်း ရေးသားအပ်ပါသည်။(၂၀၁၀-၂၀၁၅ GDB-Global Burden of Disease လေ့လာဆန်းစစ်မှု၊ကမ္ဘာတ ဝန်းမျက်မမြင်ပြန့်နှံ့မှုနှုန်းထားမှ အချက်အလက်အချို့ ရယူပါသည်။)

ပြည့်အောင်,COA
ဖောင်တော်ဦး ဇီဝိတဒါနမျက်စိဆေးခန်း



17.11.16

ခရမ်းလွန်ရောင်ခြည်က အရေပြားသာမက မျက်လုံးပါ ထိခိုက်နိုင်



ခရမ်းလွန်ရောင်ခြည် ထိတွေ့မှုများပါက အရေပြား ပျက်စီးမှုသာမက မျက်လုံးပါ ထိခိုက်နိုင်သဖြင့် ပြည်သူများ ပိုမိုသတိထား နေထိုင်သင့်ကြောင်း ထားဝယ်မြို့ အထွေထွေဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောကြားလိုက်သည်။

“အပြင်ကို ထွက်မယ်ဆိုရင် အမိုးအကာ၊ အင်္ကျီလက်ရှည်နဲ့ မျက်နှာကို နေရောင် ကာကွယ်နိုင်တဲ့ ခရင်မ်တွေလိမ်းပြီး ထွက်ဖို့လိုပါတယ်။ အထူးသဖြင့် အမိုးအကာမရှိတဲ့ နေရာမှာ လုပ်နေတဲ့ လုပ်သားတွေ ပိုသတိထားရမယ်။ ခရမ်းလွန် ရောင်ခြည်ကြောင့် မျက်လုံးပါ ထိခိုက်လာနိုင်တယ်”ဟု ထားဝယ်မြို့ အထွေထွေဆေးရုံကြီးမှ ဆေးရုံအုပ်ကြီးက ပြောသည်။

အယ်လ်နီညို ရာသီဥတုကြောင့် မြန်မာနိုင်ငံတွင် ခရမ်းလွန်ရောင်ခြည် ထိရောက်နိုင်မှု အမြင့်ဆုံးဒေသတွင် ထားဝယ်မြို့မှာ ဒုတိယနေရာတွင် ရှိနေသဖြင့် ပြည်သူများအနေဖြင့် အပူရှိန်မြင့်တက်သည့် အချိန်များတွင် အကြောင်းမရှိဘဲ အပြင်မထွက်သင့်ကြောင်း သိရသည်။

“အယ်လ်နီညိုကြောင့် အပှုရှပ်လူနာတွေရှိလာရင် အဆင်သင့်ကုသဖို့ ဆေးရုံကြီးမှာ လုပ်ဆောင်ထားတာတွေ ရှိပါတယ်။ တက်လာတဲ့ လူနာစာရင်းကိုလည်း နေပြည်တော်အထိ သတင်းပို့ဖို့ လုပ်ဆောင်ထားပြီးသားပါ။ ပြည်သူတွေအနေနဲ့က ကျန်းမာရေး ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ အပူဒဏ်ကာကွယ်ရေး နှိုးဆော်ချက်တွေအတိုင်း နေထိုင်ကြဖို့တော့ လိုတယ်” ဟု ဆေးရုံအုပ်ကြီးက ဆက်ပြောသည်။

အပူရှပ်လူနာများ ရှိလာပါက အဆင်သင့်ကုသနိုင်ရန် အတွက် ပြင်ပလူနာဌာနတွင် ခုတင် ၁၀ လုံး အဆင့်သင့် လုပ်ဆောင်ထားပြီး လူနာထားရှိရန်အတွက် လူခြောက်ယောက်ဆံ့ အဲယားကွန်း အခန်းကိုလည်း ပြင်ဆင်ထားပြီး ဖြစ်သည့်အပြင် ဆေးဝါးများလည်း အလုံအလောက် ရှိနေပြီဖြစ်ကြောင်း သိရသည်။

အခြားဒေသများအတွင်း အပူရှပ်လူနာများ ရှိလာသော်လည်း ထားဝယ်ဆေးရုံကြီးတွင် လက်ရှိအချိန်ထိ အပူရှပ်လူနာ လာရောက်ကုသမှု မရှိသေးကြောင်း သိရသည်။

သတင်း - MMK,12 March 2016 18:06
The Ladies News
https://www.facebook.com/News.TheLadies