17.8.16

အတွင်းတိမ်ဖြစ်ပွားရသော အကြောင်းရင်းများ....


အတွင်းတိမ်ဖြစ်ပွားရသော အကြောင်းရင်းများကိုဖော်ပြရသော် ……………………

(၁) အသက်အရွယ်ကြီးရင့်လာခြင်း။
      အသက်ကြီးလာသောအခါ၌ ဆံပင်ဖြူလာသကဲ့သို့ မျက်စိသဘာဝ မှန်ဘီလူးသည် နို့နှစ်ကဲ့သို့နောက်လာပြီး တဖြည်းဖြည်းရင့်လာခြင်း။

(၂)အခြားရောဂါများ၏သက်ရောက်မှု။

      ခန္ဓာကိုယ်၏ ဇီဝရုပ်ဖြစ်စဉ်ကို ဖောက်ပြန်ပြောင်းလဲစေသော  ရောဂါ များ(Metabolic disease) ဖြစ်ပွားခြင်း။(ဥပမာ-ဆီးချိုသွေးချိုရောဂါ-Diabetes ဖြစ်သောကြောင့် အတွင်းတိမ်ရောဂါဖြစ်ခြင်း).
(၃)မျက်စိထိခိုက်မိခြင်း။(Eye injury)
                     မျက်စိ၏သဘာဝ မှန်ဘီလူးကို တိုက်ရိုက်သော်လည်းကောင်း သွယ်ဝိုက်၍ သော်လည်းကောင်း  ထိခိုက်မိခြင်း(Direct or indirect injury).
(၄)အနီအောက်ရောင်ခြည်သင့်ခြင်း။

      
            မျက်စိတွင်းသို့ နေရောင်ခြည် တိုက်ရိုက်ဝင်ရောက်မှုကို ရေရှည်ကြုံ တွေ့ရ၍ နေရောင်ခြည်တွင် ပါဝင်သော အနီအောက်ရောင်ခြည် (infrared rays)နှင့် ထိတွေ့မှုများခြင်း။
       ( ကျမ်းမာရေး ဗဟုသုတကြွယ်ဝသော ဖွံ့ဖြိုပြီးနိုင်ငံများရှိ ခရီးသွား အ များစု၏ နေကာမျက်မှန်တပ်ဆင်မှုများရခြင်း အကြောင်း ရင်းတွင် အနီ အောက်ရောင်ခြည်ကို ကာကွယ်ရန်ရည်ရွယ်ချက်သည် အဓိကဖြစ်ပါသည်။ အနီအောက်ရောင်ခြည်ကို ကာ ကွယ်နိုင်ကြောင်း အာမခံချက်ရှိသည့် နေကာမျက်မှန်ကို ရွေးချယ်တပ်ဆင်ရန်တော့ လိုအပ်ပါသည်။အလှအပအတွက်သာ အထောက်အပံ့ရပြီး အနီအောက်ရောင် ခြည် ကိုကာကွယ်ကြောင်း အာမခံချက်မရှိသည့် နေကာမျက်မှန်များကိုတော့ အန္တရာယ် ရှိသောကြောင့်မတပ်သင့်ပါ၊မျက်စိကို နေရောင်ခြည် တိုက်ရိုက် မထိစေရန်အတွက် ဦးထုပ်၊ခမောက်၊ထီး စသည်ဖြင့် ဆောင်း ၍လည်း အနီ အောက်ရောင်ခြည်သင့်မှုကို ကာကွယ်နိုင်ပါသည်။)
 
(၅)လျှပ်စစ်လှိုင်းသင့်ခြင်း။
       အိုင်ယွန်လျှပ်စစ်လှိုင်းများ(Ionizing radiation)နှင့်ထိတွေ့မှုများခြင်းသည်လည်း အတွင်းတိမ် ဖြစ်ပွားစေသောအကြောင်းရင်း  အဖြစ်သုတေသီများက ရေးသားဖော်ပြကြပါသည်။
                
                     အတွင်းတိမ်ရောဂါသည် ခွဲစိတ်ကုသခြင်းဖြင့်သာ သက်သာ ပျောက်ကင်းစေသည့် ရောဂါအမျိုးအစားဖြစ်ရာ အတွင်းတိမ်ခွဲစိပ်ကုသမှု နည်းပညာကို ဖွံ့ဖြိုးတိုးတက်အောင်  မျက်စိအထူးကုဆရာဝန်ကြီးများ နှင့် ပညာရှင်အသီးသီးက ခေတ် အဆက်ဆက် ကြိုးစားအားထုတ်ခဲ့ကြပါသည်။

     ပြည့်အောင်(COA)17/8/2016

No comments:

Post a Comment