အမြင်စွမ်းရည် စစ်ဆေးခြင်း (Visual acuity test)
မျက်စိကုသမှုခံယူလိုသူများသည်
အမျိုးမျိုးသော မျက်စိဝေဒနာများကို ခံစားကြရ၍ မျက်စိဆေး ရုံဆေးခန်းများသို့ လာရောက်ပြသကြ
ခြင်း ဖြစ်၏။ ထိုသို့ လာရောက်ပြသကြသူများအနက် အများစုမှာ ရုတ်တရက် ဖြစ်ပေါ်လာသော မျက်စိနီခြင်း၊
ရောင်ရမ်းခြင်း၊ နာကျင်ခြင်း နှင့် အမြင်အာရုံ သိသာစွာကျ ဆင်းလာခြင်း တို့ကြောင့်ဖြစ်လေသည်။
အထူးသဖြင့် ထိုသူ များသည် ဝေဒနာမခံစားရမီကပင် မျက်စိစမ်း သပ် စစ်ဆေးကုသမှုကို စောလျှင်စွာခံယူရန်
လိုအပ်နေခဲ့သူများ ဖြစ်နေတတ်လေသည်။
အချို့သူများမှာလည်း နာကျင်မှုတစုံတရာမခံစားရဘဲ
အမြင်အာ ရုံ ဆုံးရှုံးလုနီးပါးအခြေအနေ၌ ရှိေ နကြသည်ကိုလည်း ကြုံတွေ့ကြရမည် ဖြစ်ပါသည်။အထူးသဖြင့်
မမျှော်လင့်ဘဲ ရုတ်တရက် ချက်ခြင်း ဖြစ် ပွားပေါ် ပေါက်လာသော မျက်စိပြဿနာအများစုသည် အရေးပေါ်ကာ ကွယ်
စောင့်ရှောက်မှုကို အလျှင် အမြန်ဆောင်ရွက်ရန် အရေးကြီးပါသည်။
ပေါ်ပေါက်လာသော အခြေအနေပေါ်မူတည်၍
အန္တရာယ်ကင်း ရန်နှင့် တိုးတက်မှုရှိလာရန် မျက်စိ ကျန်းမာရေးပညာရပ်များကို အသုံးချ လျှက်
မှန်မှန်ကန်ကန် ဖြေရှင်းနိုင်ဖို့လိုအပ်ပါသည်။
မျက်စိတဖက်ချင်းစီ၏ အမြင်စွမ်းရည်ကိုစမ်းသပ်စစ်ဆေးခြင်း
မျက်စိစမ်းသပ်စစ်ဆေးသောပုံစံကဒ် (chart) အမျိုးအစားတခု
မှန်ကန်ထိရောက်သော မျက်စိစမ်းသပ်စစ်ဆေးခြင်း၏အခြေခံ အကျဆုံးအဆင့်သည် အမြင် စွမ်းရည် (visual acuity)ကို စမ်းသပ်စစ် ဆေးခြင်းပင်ဖြစ်ပါသည်။
ရှေးဦးစွာ မျက်စိတဖက်ချင်းစီကို သီးသန့်စစ်ဆေးပြီး
တွေ့ရှိချက် များကို မှတ်သားရမည်ဖြစ်သည်။ မျက်စိတဖက်ချင်းစီကို စစ်ဆေးခြင်းဖြင့် အမြင်စွမ်းရည်
ကွဲပြားခြားနားမှု ရှိမရှိသိရှိနိုင်ပြီး လိုအပ်သော ထိမ်း ညှိမှုများ ပြုလုပ်ပေးနိုင်မည့်အပြင်
အရေးတကြီးဆောင်ရွက်ရန် လိုအပ်သော ကုသမှုများကိုလည်း အထောက်အပံ့ပြုနိုင်မည် ဖြစ်ပါသည်။
အမြင်စွမ်းရည်ကို အောက်ပါအတိုင်း အဆင့်ဆင့်စစ်ဆေးရန်
လိုအပ်ပါသည်။
(က) စာ သင်္ကေတ နှင့် ရုပ်ပုံများကို ဖတ်ကြားစေခြင်း။ (Chart examination)
အမြင်အာရုံ
စစ်ဆေးရန်အတွက် သတ်မှတ်ထားသော ကဒ်ပြား (chart) ကို သတ်မှတ် ထားေ သာအကွာအဝေး(ပေ၂၀ သို့မဟုတ်
၆ မီတာ ) တွင်ထား၍ ကဒ်ပြားတွင်ရေးသားထားသော စာ သင်္ကေ တနှင့် ရုပ်ပုံ များ ကို ကာယကံရှင်
၏နားလည်နှိုင်စွမ်း အခြေအနေအပေါ်မူတည် ရွေးချယ် လျှက် အကြီးမှ အသေးသို့(အပေါ်ဆုံးမှအောက်ဆုံးသို့)
အဆင့်ဆင့် ဖတ်ကြားစေခြင်း။
စာ သင်္ကေတ
နှင့် ရုပ်ပုံပါ Chart အမျိုးမျိုး
(ခ)လက်ချောင်းများ၏ အရေအတွက်ကို ဖြေကြားစေခြင်း။(Counting finger test)
ကဒ်ပြား(chart)ပေါ်ရှိ အကြီးဆုံး စာ သင်္ကေတနှင့် ရုပ်ပုံတို့ကို
ဖတ်ကြားနိုင်ခြင်းမရှိလျှင် လက်ေ ချာင်းများ၏အရေအတွက်ကို ဖြေကြား စေခြင်းဖြင့် အမြင်စွမ်းရည်ကို
စစ်ဆေးနိုင်ပါသည်။
ဆယ်ပေ(၁၀ပေ
သို့မဟုတ် ၃ မီတာ) အကွာအဝေးမှစတင်လျှက် လက်ချောင်းများ၏ အရေ အတွက် ကို မှန်ကန်စွာဖြေကြားနိုင်သည်အထိ
အကွာအဝေးကို တဖြည်းဖြည်းလျှော့လျှက် စစ်ဆေးရမည်ဖြစ်၏။
(ဂ)လက်ချောင်းများ၏လှုပ်ရှားမှုကို မြင်မမြင်စစ်ဆေးခြင်း။(Hand movement test)
အနီးဆုံးအကွာအဝေး( ၃ ပေခန့်)အထိ လက်ချောင်းများ၏
အရေ အတွက်ကို မှန်ကန်အောင် မဖြေ ကြားနိုင်လျှင် လက်ချောင်းများ၏လှုပ်ရှား မှုကို မြင်နိုင်ခြင်းရှိမရှိ
ကာယကံရှင်၏ စစ်ဆေးခံမျက်စိရှေ့၌ လက်ချောင်း လေးများကို လှုပ်ရှားမှုပြုလျှက် မြင်မမြင်ကို
စစ်ဆေးမေးမြန်းရမည်ဖြစ် သည်။
(ဃ) အလင်းရောင်ကို မြင်မမြင်စစ်ဆေးခြင်း။(Light perfect test)
မိမိ၏မျက်စိရှေ့၌ လှုပ်ရှားလျှက်ရှိသော လက်ချောင်းလေးများ၏
လှုပ်ရှားနေမှုကိုပင် မမြင်နိုင်တော့ေ သာ အခြေအနေတွင်ရှိနေသည့် စမ်း သပ်ခံသူအတွက် နောက်ဆုံးစမ်းသပ်စစ်ဆေးရမည့်
အမြင်စွမ်းရည် စစ် ဆေးမှုသည် အလင်းရောင်ကိုမြင်နိုင်စွမ်းရှိမရှိ စစ်ဆေးကြည့်ရန်ပင်ဖြစ်၏။
ကျန်မျက်စိတဖက်ကို လုံခြုံ စွာပိတ်ထားရန် လိုအပ်ပြီး စစ်ဆေးခံမျက်စိကို လက်နှိပ်ဓါတ်မီးငယ်ဖြင့်
မီးထိုးလျှက် မီးအလင်းရောင် ကို မြင်မမြင် မေးမြန်း စစ်ဆေးရမည် ဖြစ်ပါသည်။
အထက်ပါနည်းများကို လိုက်နာလျှက် အမြင်စွမ်းရည် စစ်ဆေး၍
တွေ့ရှိချက်များကို မှတ်တမ်းတင်ြ ပီးနောက် မျက်စိရှေ့ပိုင်းစစ်ဆေးမှုကို ပုံမှန် မျက်စိ၏
သွင်ပြင်လက္ခဏာများ ကို အခြေခံ၍ စစ်ဆေးမှုပြုလုပ် ရမည် ဖြစ်သည်။
စစ်ဆေးရာတွင်လည်းအောက်ပါအတိုင်း အဆင့်ဆင့်
စမ်းသပ် စစ်ဆေးသင့်ပါသည်။
(က) မျက်ခွံများ(eyelid)ကိုစစ်ဆေးခြင်း။
(ခ)မျက်ဖြူလွှာ(sclera) နှင့် ၄င်းအပေါ်၌ ဖုံးလွှမ်းထားသည့် မျက်မြှေး အလွှာ(conjunctiva)တို့ကိုစစ်ဆေးခြင်း။
(ဂ)မျက်ကြည်လွှာ(cornea)ကိုစစ်ဆေးခြင်း။
(ဃ)မျက်စိရှေ့ခန်း(anterior chamber), မျက်နက်ဝန်း(iris)
မျက်စိသူငယ်အိမ်(pupil) နှင့် မှန်ဘီလူး(lens)တို့ကိုစစ်ဆေးခြင်း။
(င)မြင်လွှာ(retina)
, နှင့် မျက်စိအာရုံကြောများ(optic nerve)) တို့ကို စစ်ဆေးခြင်း။
(မျက်စိနောက်ခန်းကို ကြည့်ရှု့စစ်ဆေးသည့်ကရိယာ
ophthalmoscope ရှိလျှင်)………………
Ophthalmoscope သည် မျက်စိနောက်ခန်းရှိ
မြင်လွှာ(retina) နှင့် မျက်စိ အာရုံကြောများ(optice nerve) တို့ကို စစ်ဆေးကြည့်ရှု့ရာတွင်သုံးသော
လက်ကိုင်ကရိယာငယ် ဖြစ်သည်။
Ophthalmoscope ပုံများ
Ophthalmoscope အသုံးပြုပုံများ
ပြည့်အောင်





No comments:
Post a Comment