8.10.16

တဆေးကလပ်စည်းများဖြင့် ထုတ်လုပ်သော မျက်ကြည်လွှာအတု



                          တဆေးမှသည် မျက်ကြည်လွှာသို့

                 
                       မျက်ကြည်လွှာအမာရွတ်နှင့် မျက်ကြည်လွှာအစားထိုးပြုပြင်ထားသောပုံများ


         မျက်ကြည်လွှာ၌အမာရွတ်ထင်ခြင်း(သို့မဟုတ်)တိမ်ဖုံးခြင်းသည် ကမ္ဘာတဝှမ်းလုံးတွင်မျက်စိ ကွယ် ရခြင်း၏ အဓိကအကြောင်းရင်းတခုဖြစ်ပါသည်။နိုင်ငံအတော်များများတွင် မျက်ကြည်လွှာလှူ ဒါန်းမှုလျော့ နည်းလာသောကြောင့် မျက်ကြည်လွှာအစားထိုးလဲလှယ်ရန် နှစ်နှစ်မှ သုံးနှစ်အထိ မျက် ကြည်လွှာရရှိရေး အတွက် စောင်းဆိုင်းကြရပါသည်။ဤပြဿနာကို ဖြေရှင်းရန် လိုလားသောဒေါက် တာမေဂရက်ဖစ် ဆိုသူသည် ဆွီဒင်နိုင်ငံမှ လင်ကိုပင်းယူနီဗာစတီနှင့် ကနေဒါနိုင်ငံရှိ အော့တဝါယူနီ ဗာစတီတို့နှင့် ဆက်သွယ်ပြီး၊ မျက်ကြည်လွှာအတု ပြုလုပ်ရန် ဆုံးဖြတ်ခဲ့ပါသည်။

          ဆယ်နှစ်မျှကြာပြီးနောက် သူမနှင့်သူမ၏လုပ်ဖော်ကိုင်ဖက်များ အောင်မြင်ခဲ့ပါသည်။”ကျမတို့ ဟာ တဆေးကလပ်စည်းများဖြင့် ထုတ်လုပ်တဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့နည်းပညာကိုယူပါတယ်။ နောက် ဓါတုဗေဒအရ လူ့ရဲ့သဘာဝမျက်ကြည်လွှာရဲ့ပုံသဏ္ဍာန်တူ အရွယ်အစားတူဖြစ်အောင် ပုံသွင်း လိုက် ကြပါတယ်”။ဒေါက်တာ ဂရစ်ဖစ်ကရှင်းလင်းပြောပြပါသည်။ခန္ဓာကိုယ်အတွက် ဤနည်းပညာ သည် သဘာဝအရှိကဲ့သို့ ထွက်ပေါ်လာပါသည်။

          “ကျမတို့ဟာ ကလပ်စည်းများနဲ့အာရုံကြောများကို  ဒီပစ္စည်းထဲမှာ ပြန်လည်ပြီးကြီးထွား ဖွံ့ဖြိုး လာအောင်စီမံကြပါတယ်။သဘာဝအနေအထားအရရော ကျမ်းမာတဲ့အသားဖြစ်ဖို့ရော ဆင်တူပြီး အင် အားပြန်လည်ပြည့်ဝလာတဲ့ မျက်ကြည်လွှာတခုအဖြစ် ရလာဒ်ကောင်း ရလာအောင်လည်း ရည်ရွယ် ကြိုးစားခဲ့ပါတယ်”။

          များမကြာမီဆေးပညာဆိုင်ရာ စမ်းသပ်စစ်ဆေးမှုကိုပြုလုပ်ခွင့်ရခဲ့ပါသည်။မျက်လုံးတလုံးစီ၌ ပျက်စီးသွားသောမျက်ကြည်လွှာကို ဖယ်ရှားခဲ့ကြရသည့် လူနာ(၁၀)ဦး အား ဒေါက်တာမေဂရပ်ဖစ်တို့ ၏ သက်ရှိဇီဝပစ္စည်းတစ်ခုကဲ့သို့ဖြစ်နေသည့် မျက်ကြည်လွှာအတုကို မျက်ကြည်လွှာအစားထိုးပေးခဲ့ပါ သည်။ထိုလူနာများ၌ ၎င်းမျက်ကြည်လွှာအတုကို ဆန့်ကျင်သည့် ဖောက်ပြန်မှုတစုံတရာကိုလည်း မတွေ့ကြရဘဲ လူနာ(၁၀)ဦးတွင်၊ (၆)ဦးမှာ အမြင်အာရုံပြန်လည်ရရှိသည်ကိုတွေ့ကြရပါသည်။ထို့ပြင် လူသားတို့ လှူဒါန်းသည့် သဘာဝမျက်ကြည်လွှာမခြား၊အမြင်အာရုံကို နှိုင်းယှဉ်ရသော အခြေအနေရှိ သည်ကိုလည်းတွေ့ကြရပါသည်။


ပြည့်အောင်




Credit…..ရွှေတောင်မောင်ကျော်၊ ၇/၁၀/၁၆ နေ့ထုတ် မန္တလေးနေ့စဉ်

No comments:

Post a Comment