18.7.17

ကွန်ပြူတာနဲ့ မျက်စိ။ Dr. Tint Swe's Writings: Computer Eye Strain....



Wednesday, June 3, 2015


တီဗွီတွေ၊ကွန်ပြူတာတွေမပေါ်ခင်က လူ့မျက်စိဆိုတာ Hunters' eyes မုဆိုးမျက်စိလိုသုံးဘို့သာလိုခဲ့တယ်။ ကွန်ပြူတာ သုံးသူတွေ မျက်စိမှာ တခုခုလာဖြစ်တာကို
(ကွန်ပလိန့်) လုပ်သူ ၅ဝ% ရှိတယ်။ ခေါင်းကိုက်၊ မျက်စိဝါးတာအပြင် အားအင်ကုန်သလို ခံစားလာရသူတွေလဲ ရှိတယ်။ ခုထိတော့ ရုတ်တရက် ဆိုးဝါးတဲ့ ရေတိမ် နဲ့ကွန်ပြူတာသုံးတာ ဆက်စပ်မှု မတွေ့ရသေးပါ။ Computer Vision Syndrome (CVS)
ဖြစ်တာတွေသက်သာဘို့ အလုပ်စခန်း၊ လူအနေအထား၊ မျက်မှန်၊ကွန်ပြူတာမျက်နှာပြင်မှာ လိုတာတွေ ပြင်ပြီး မျက်စိလေ့ကျင့်ခန်းတွေနဲ့လုပ်နိုင်ပါတယ်။

မျက်စိဆရာဝန်နဲ့ မျက်စိစစ်ပါ။ (NIOSH) အဆိုအရ ၁ နှစ် ၁ ခါ စစ်ပါ။ သက်သာစေနည်း ၁ဝ နည်းပြောပါမယ်။
၁။အလုပ်နေရာမှာ အလင်းရောင် မှန်-ကောင်းပါစေ။ လင်းလွန်းတာလဲ မကောင်းပါ။
ရုံးတွေမှာ အများဆုံး ထွန်းထာတဲ့ အလင်းရောင်ထက် ထက်ဝက်သာ လိုတတ်ပါတယ်။
ပြူတင်းပေါက် လိုက်ကာတွေ ချထားပါ။ အလင်းရောင်လာရာက ကိုယ့် (မော်နီတာ)
နောက်က-ရှေ့က မဖြစ်စေပါနဲ့။ Overhead fluorescent lights သုံးရင်
အဆင်မပြေသူတွေ ရှိတယ်။ (မော်နီတာ) အလင်းက အခန်းထက် ပိုသင့်တယ်။ နောက်ကျောက
နံရံမှာ ကပ်မနေသင့်ပါ။ ပိုအရေးကြီးတာက ကိုယ့်ရှေ့မှာ နံရံရှိနေတာ
မကောင်းပါ။ ပရိုဂရမ်တခု Install လုပ်နေတုံး Screen ကို စိုက်ကြည့်မနေပါနဲ့။
၂။ပြောင်ချောနေတဲ့၊ အလင်းပြန်နိုင်တဲ့ နံရံတွေက မကောင်းဘူး။ နံရံ
ဆေးပြင်သုတ်ပါ။ Wall paper ကပ်ပါ။ လိုအပ်ရင် ကိုယ့်ကွန်ပြူတာမှာ Anti-glare
screen တပ်ပါ။ မျက်မှန်တပ်ရသူဆိုရင် Anti-reflective (AR) coating ပါတာကို
သုံးပါ။
၃။ Display အဆင့်မြှင့်ပေးပါ။ CRT screens တွေအစား
Flat-panel liquid crystal display (LCD) သုံးပါ။ ပိုကြီးတာ ပိုကောင်းတယ်။
Desktop computer ဒေါင့်ဖြတ်မျဉ်း 19 inches ဖြစ်ပါစေ။
၎။ကွန်ပြူတာ မျက်နှာပြင်ရဲ့ Brightness and contrast ကို Adjust လုပ်ပါ။
အလုပ်ခွင်နဲ့ တူနေတာ ကောင်းတယ်။ စမ်းသပ်နည်း တခုကတော့ Web page အဖြူခံကို
ဖွင့်ထားတဲ့အခါ အလင်းရောင်က အဲဒီက လာနေတာဆိုရင် များတယ်။ Dull and gray
ဖြစ်နေရင်လဲ နည်းတယ်။
၅။ Text size နဲ့ Color တွေလဲ ကိုယ်နဲ့
ကိုက်ပါစေ။ အကောင်းဆုံး Text size ဆိုတာ ကိုယ်စာဖတ်နေကြ စာလုံး အရွယ်ရဲ့ ၃ ဆ
ရှိသင့်တယ်။ အဖြူခံပေါ်က အနက်စာလုံး ပိုကောင်းတယ်။
၆။ မကြာမကြာ မျက်တောင် ပိုခတ်ပေးပါ။ အခန်းမှာ လေကခြောက်သွေ့နေတာ မကောင်းပါ။ မိနစ် ၂ဝ တခါ ၁ဝ ကြိမ် မျက်တောင်ခတ်ပါ။
၇။
ချထားတဲ့ စာရွက်ကြည့်လိုက်၊ မောနီတာကြည့်လိုက် မကောင်းပါ။ Copy stand ကို
Monitor မှာဆင်ပါ။ Desk lamp လိုရင် သုံးကြည့်ပါ။ စားပွဲ၊ ကုလားထိုင်
အနိမ့်-အမြင့် အဆင်ပြေပါစေ။ Ergonomic furniture ကောင်းပါတယ်။ Computer
screen က ကိုယ့်မျက်စိနဲ့ ၂ဝ-၂၄ လက္မ ကွာပါစေ။ Screen အလည်မှတ်ဟာ
ကိုယ့်မျက်စိရဲ့ အောက် ၁ဝ-၁၅ ဒီဂရီ နိမ့်နေပါစေ။
၈။ Computer
eyewear သုံးဘို့ စဉ်းစားပါ။ Computer glasses တွေဟာ Bifocals တို့
Progressive lenses မျက်မှန်တို့ သုံးရသူတွေအတွက်လဲ ကောင်းပါတယ်။

၉။ မျက်လုံးလေ့ကျင်ခန်း လုပ်ပါ။ မိနစ် ၂ဝ တခါ၊ ကွန်ပြူတာကနေ ပေ ၂ဝ အဝေးကို ၂ဝ စက္ကန့်ကြာ ကြည့်ပေးပါ။

၁ဝ။ မကြာမကြာ ကွန်ပြူတာအလုပ်ကနေ နားပေးပါ။

Computer Glasses ကွန်ပြူတာသုံးမျက်မှန်ဆိုတာဘာလဲ။
မျက်မှန်ဟာ
၂၈ လက္မ ဖိုးကပ်စ်လုပ်နိုင်ရင် ကွန်ပြူတာနဲ့ သုံးနိုင်ပါတယ်။
စပါယ်ရှယ်လုပ်ပေးထားတဲ့ မျက်မှန်ကိုမှ ကွန်ပြူတာသုံးမျက်မှန်ခေါ်ပါတယ်။
Optical quality ကောင်းဘို့တော့လိုတယ်။ Trifocals နဲ့ Weak Bifocals တွေလဲ
သုံးလို့တော့ရတယ်။ မကောင်းလှပါ။ ဒီမျက်မှန်တွေရဲ့ ဆုံချက်က မှန်ရဲ့
အောက်ခြေမှာရှိပြီး၊ ကွန်ပြူတာမျက်နှာပြင်က မျက်စိနဲ့ တည့်တည့်
ဖြစ်နေလို့ပါ။ ခေါင်းကို ပြင်နေရတာက လည်ပင်း ကြွက်သားတွေ နာစေတယ်။ ရိုးရိုး
စာကြည့် မျက်မှန်တွေက ပိုတော့ ကောင်းတယ်။ ဒါပေမဲ့ ၁၄ လက္မ ဖိုးကပ်စ် ဖြစ်တာ
များလို့ ခေါင်းကို ရှေ့ငုံ့ရတော့မယ်။ လည်ပင်း-ပခုံး နာစေမယ်။ မျက်စိစွေ
ကြည့်နေရလိမ့်မယ်။ ခေါင်းကိုက်လာမယ်။ မျက်စိ နားထင်ဘေးမှာ အရစ်တွေထင်စေမယ်။

မုဆိုးနဲ့စတော့ အကောင်နဲ့ အဆုံးသတ်ရမှာပေါ့။ အဲလိုဖြစ်တာကို Crow
Foot ငှက်ခြေပေါ့။ မျက်စိမှိတ်ရင် ဘေးအစွန်မှာ ငှက်ခြေလို အရစ်တွေထင်တာဟာ
ကွန်ပြူတာနဲ့အလုပ်လုပ်ရတာ ကြာလို့ဖြစ်တယ်။ ပြင်လို့ရတယ်။ Nicole Kidman
မင်းသမီး နီကိုးလ် ကဒ်မင်းလဲ အဲလိုလုပ်ထားတာပါ။

Dr. တင့်ဆွေ

No comments:

Post a Comment