အမျိုးသမီးနှင့်မိန်းကလေးငယ်များ၏ မျက်စိကျမ်းမာရေးအတွက် ဒေသတွင်းပူးပေါင်း ဆောင် ရွက်မှုများ၏
တွေ့ရှိချက်များအရ၊ အမြင်အာရုံဆုံးရှုံးမှုနှင့် မျက်စိအားနည်းသူများ၏
သုံးပုံနှစ်ပုံ သည် အမျိုးသမီးများဖြစ်ကြောင်း သိရပါသည်။ ထို့ပြင် ကမ္ဘာတဝှမ်း
မျက်စိကျန်းမာရေးစောင့်ရှောက်မှုလုပ် ငန်းများအတွက် ခေါင်းခဲစရာပြဿနာတရပ်
ဖြစ်နေသေးသည့် အတွင်းတိမ်ဖြစ်ပွားမှုကို အချိန်မီမသိရှိ သောကြောင့် အမြင်အာရုံ ဆုံးရှုံးရသူများတွင်လည်း
အမျိုးသားများနှင့် နှိုင်းယှဉ်လျှင် အမျိုးသမီးက ပို၍များကြောင်း
တွေ့ရှိရသည်ဟုလည်း ဆိုပါသည်။
ထိုကဲ့သို့သောအခြေအနေများကြောင့် ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)၏
မကြာမီပြီးစီးတော့ မည့် ကမ္ဘာတဝန်းမျက်စိကျန်းမာရေး ဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း
(၂၀၁၄ - ၂၀၁၉)တွင် ဦးစားပေး ကဏ္ဍအဖြစ်၊ အမျိုးသမီးနှင့် မိန်းကလေးငယ်များအတွက် အထူးအစီအစဉ်ကို ထည့်သွင်းထား ပါသည်။ ၎င်းအစီအစဉ်အရ ပဏာမ လေ့လာသုံးသပ်ချက်များပြုလုပ်ရာတွင် အဟန့်အတားအချို့ရှိ နေကြောင်း
တွေ့ရှိရသည်ဟုဆိုပါသည်။ အဓိကအခက်အခဲမှာ အမျိုးသမီးများသည် ကျန်းမာရေး ဝန်ထမ်းများနှင့်
ပူးပေါင်းကူညီမှု အားနည်းခြင်းပင်ဖြစ်ပါသည်။ မျက်စိကျန်းမာရေးအတွက်မဏာမ
စစ်ဆေးမှုများကိုပြုရာတွင် (မေးမြန်းသော မေးခွန်းများကို ပွင့်ပွင့်လင်းလင်းဖြေရာ၌) အမျိုးသမီးနှင့် အမျိုးသား
ကွာခြားပါသည်။ အမျိုးသမီးနှင့်မိန်းကလေး အများစုသည် နှောင်းခေတ်၏ အငွေ့ အသက်များ
ထင်ဟပ်နေဆဲဖြစ်ပြီး၊ ရှက်ရွံ့အားနာမှုများ၊စိုးရိမ်ကြောင့်ကျမှုများနှင့် နောက်ချန်
နေတတ်သည့်အကျင့်များ ရှိနေဆဲပင်ဖြစ်ပါသည်။ အကြောင်းရင်းကိုလေ့လာရာ၌ အမျိုးသမီး အများစုသည်
ဗဟုသုတ၊ သဘောထားအမြင်၊ အလေ့အကျင့် စသည့်(knowledge, attitutes,and practics –
KAP)တို့၌ လိုအပ်ချက်ရှိခြင်းနှင့် ကျားမကွဲပြားမှုအပေါ်၌ မိမိတို့ကိုယ်တိုင်က
အားနည်း ချက်ဟု ယူဆနေကြ၍ဖြစ်ကြောင်း တွေ့ရပါသည်။
ထို့ပြင်မိသားစုဝင်ငွေနိမ့်ကျခြင်းကြောင့် အချိန်ပြည့်အလုပ်လုပ်နေကြရသည့်အတွက် မျက်စိ ကျန်းမာရေးစစ်ဆေးရန် အချိန်မီမသွားနိုင်ခြင်း၊ မျက်စိကျန်းမာရေးစောင့်ရှောက်မှု နှင့် ကုသရေး အသိ ပညာနည်းပါးခြင်း၊
မျက်စိကျန်းမာရေးကိစ္စတခုအတွက်သာမဟုတ်ဘဲ မိသားစုကိစ္စရပ်များတွင် လည်း၊
အမျိုးသမီးနှင့်မိန်းကလေးငယ်များသည် ဦးစားပေးအဆင့်၌မရှိ (မိမိကိုယ်တိုင်ကလဲ မသတ် မှတ်)ကြ သည့်အပြင်
ဆုံးဖြတ်ချရာတွင်လည်း အားငယ်စိတ်ဖြင့် မပြတ်သားခြင်းများသည် အဟန့် အတား ဖြစ်စေသော အဓိကအကြောင်ရင်းများပင်ဖြစ်လေသည်။
သို့ဖြစ်ရာ အထက်ပါအခက်အခဲများကို ကျော်လွှားနိုင်ရန်အတွက်
နည်းလမ်းများ ရှာဖွေရာ တွင် ၂၀၁၅ ခုနှစ်ကတည်းက ကမ္ဗောဒီးယားနိုင်ငံ၌
ကျင်းပခဲ့ပြီးဖြစ်သော၊ အမျိုးသမီးနှင့် မိန်းကလေး ငယ်များ၏မျက်စိကျန်းမာရေးဖွံ့ဖြိုးတိုးတက်မှုကို
သုံးသပ်လေ့လာခြင်းဆိုင်ရာဖိုရမ်မှ အကြံပြုချက်များ ကို လက္ခံသင့်ကြောင်းတွေ့ရပါသည်။ကမ္ဘာ့ကျမ်းမာရေးအဖွဲ့
(WHO) ၏ ကမ္ဘာတဝန်း မျက်စိကျန်းမာ ရေးဘက်စုံဖွံ့ဖြိုးမှုစီမံကိန်း(၂၀၁၄-၂၀၁၉)၏
အစိတ်အပိုင်းဖြစ်သော ကမ္ဗောဒီးယားဖိုရမ်က
လက် တွေ့ကျသော နည်းလမ်းငါးသွယ်ကို အောက်ပါအတိုင်း မီးမောင်းထိုးပြ ထားပါသည်။
(၁) အိမ်တိုင်ယာရောက်စောင့်ရှောက်
အိမ်တိုင်ယာရောက် စမ်းသပ်စစ်ဆေးမှု
နှင့်လုပ်ခွင်မပျက် စောင့်ရှောက်မှုများသည် အမျိုးသမီး များ၏ သဘာဝအရ ဖြစ်နိုင်ချေရှိသည့်အတွက်
ဆောင်ရွက်သင့်သော အစီအစဉ် ဖြစ်ပါသည်။ဈေး များ၊ ကျောင်းများ၊အထည်ချုပ်စက်ရုံများနှင့်
အမျိုးသမီးများတစုတဝေးတည်းရှိနေတတ်သည့် နေရာ များသည် အရေးပါသောနေရာများဖြစ်ပြီး၊
အမျိုးသမီးနှင့်မိန်းကလေး ငယ်များထံမှ အကြံ ပြုချက်များ ရနိုင် ပါသည်။ အကြံပေးမှုနှင့်ဝေဖန်မှုများကို
အားပေးခြင်း၊ပံ့ပိုးမှုပြု ခြင်းဖြင့် လူတန်းစား အသီးသီးကို ကိုယ်စားပြုသော
အမျိုးသမီးကိုယ်စားလှယ်များ ပေါ်ပေါက်လာစေ၍ မိမိတို့၏ မျက်စိ ကျန်းမာရေး စောင့်ရှောက်မှု
အစီအစဉ်များကို ပိုမိုခရီးရောက်စေမည်ဖြစ်ပါသည်။
(၂)
အသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်
အမျိုးသမီးအဖွဲ့များ၊ အေဂျင်စီများ၊အစိုးရဌာနများ၊
မိခင်နှင့်ကလေးအသင်းအဖွဲ့များ၊မျိုးဗီဇ နှင့်သားဆက်ခြားကိစ္စများလေ့လာသူ
အစိုးရမဟုတ်သောအဖွဲ့များ၊ အမျိုးသမီးနှင့်မိန်းကလေးများ၏ အကျိုးစီးပွားအတွက်
ထိရောက်သောရည်ရွယ်ချက်ဦးတည်ချက်တို့ဖြင့် ဆောင်ရွက်နေသည့် နက်ဝပ် နှင့်
ဖောင်ဒေးရှင်းများ (ကမ္ဗောဒီးယားတွင် ဖရက်ဟော်လို Fred Hollows
ဖောင်ဒေးရှင်းကဲ့သို့) စသည်တို့ နှင့်ပူးတွဲ၍ အမျိုးသမီးများ၏
မျက်စိကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ဖွံ့ဖြိုးစေရေး အတွက် အားထုတ်ကြရန်ဖြစ်သည်။
(၃)
အချက်အလက်များကို စုဆောင်းစိစစ်
အသက်အရွယ်၊လိင်ကွဲပြားမှု၊ယဉ်ကျေးမှုများ၊
ဆေးပညာရပ်ဆိုင်ရာ ဒေတာများကို စုစည်း၍ သုံးသပ်
ရန်လိုပါသည်။အချို့သောအဖွဲ့အစည်းများသည် အချက်အလက်များ ရှိသော်လည်း၊ မျက်စိကျန်း မာရေးလုပ်ငန်းအတွက်
မပြည့်စုံသည်များ ဖြစ်တတ်ပါသည်။ ထိုလိုအပ်ချက်များကို သေချာစွာ လေ့လာ၍
လက်တွေ့အသုံးတည့်သည်များကို စုဆောင်းရန်လိုပါသည်။ ဒေသကွဲပြားမှု အပေါ် မူတည်၍ ကျန်းမာရေး ဝန်ထမ်း
အချိုးအစား ၊ဆေးဝါးများ၊ ကုသမှုကိရိယာများ လိုအပ်ချက် နှင့် အလှူရှင်များ သိရှိလိုသည့်
အချက်အလက်များရှာဖွေ စုဆောင်းပေးခြင်းများသည်လည်း အရေးကြီး ၏။
(၄)
အမျိုးသမီး ဝန်ထမ်းများခန့်ထား
ဘာသာစကား၊ယဉ်ကျေးမှု၊နေရာဒေသ၊လိင်ကွဲပြားများရှိစေကာမူ
အမျိုးသမီးလူနာများအား မျက်စိကျန်းမာရေးဝန်ထမ်းများက အကူအညီပေးရာတွင်
ထိရောက်မှုရှိရန်အရေးကြီးပါသည်။ ကြုံ တွေ့နေရသည့် မိသားစုဖိအားများကိုလျော့ချ၍
ထိန်းညှိပေးနိုင်သော၊ အကြံဥာဏ်ကောင်း များပေး လျက် ညှိနှိုင်းဆောင်ရွက်ခြင်းဖြင့် ထောက်ပံ့မှုပေးနိုင်သည့်
တတ်သိလိမ္မာသော အမျိုးသမီးမျက်စိ ကျန်းမာရေးဝန် ထမ်းများ အထူးလိုအပ်ပါသည်။
ထိုဝန်ထမ်းများသည်
အမျိုးသမီးနှင့်မိန်းကလေးများ ရင်ဆိုင်ကြရသည့်
လိမ္မာပါးနပ်စွာ ဖြေ ရှင်းကြရမည့်
စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာပြဿနာများကို လုပ်ငန်းခွင်တွင်
ကြုံ့တွေ့ကြရမည် ဖြစ်ပါသည်။သို့ဖြစ်ရာ ရေးဆွဲထားသော အစီအစဉ်များအတိုင်း အကောင်အထည်
ဖော်နိုင်မည့် မိမိ၏ အလုပ်ကိုဂရုတစိုက် အလေးထားဆောင်ရွက်တတ်သည့်
အမျိုးသမီးမျက်စိကျန်းမာရေးဝန်ထမ်းများ ခန့်ထားခြင်းဖြင့်
လုပ်ငန်းများကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
(၅)
အမျိုးသမီးအခွင့်အရေးများ ရရှိရေးကိုဆောင်ရွက်
ဤနေရာ၌
စဉ်းစားဖွယ်ရာအများအပြားရှိ၏။အမျိုးသမီးနှင့်အမျိုးသားကွာဟမှုကို မျှတရေး အတွက်
ဆောင်ရွက်ရန်သာဖြစ်ပါသည်။ လုပ်ငန်းဆောင်ရွက်ရာတွင် လည်းကောင်း၊ အချက် အလက် စုဆောင်း ရာတွင်လည်းကောင်း၊
အစီရင်ခံစာများရေးရာတွင်လည်းကောင်း၊ အမျိုးသမီးနှင့် အမျိုးသား များ၏ကွာဟ မှုသည်
၅၀/၅၀ ညီမျှရန်မှာ သဘာဝမကျပေ။ အဓိကဆိုလိုရင်းမှာ အမျိုးသမီးနှင့် မိန်းကလေးငယ်များအား
ပိုမိုဂရုတစိုက်ကုသပေးခြင်းဖြင့် အခွင့်အရေးများ ညီမျှလာရန်ဖြစ်ပါသည်။
ဥပမာအားဖြင့်
မျက်စိအမြင်ဆုံးရှုံးသူ အရေအတွက်သည် အမျိုးသားထက်အမျိုးသမီးက ပို၍
များနေရခြင်း၏အကြောင်းရင်းကို လေ့လာသုံးသပ်ကြည့်ပါ။၎င်းသည် အမျိုးသမီးများ၏သဘာဝဖြစ်
သော သည်းခံခြင်းနှင့်မျှော်လင့်စောင့်စားခြင်း(မိမိထံအလာကိုစောင့်ခြင်း)
အလေ့အကျင့်များကြောင့်၊ အမြင်အာရုံ ဆုံးရှုံးသည်အထိအန္တရယ်ရှိသော မကူးစက်တတ်သည့် အတွင်းတိမ်
နှင့် ကူးစက်တတ် သည့် မျက်ခမ်း စပ်ကဲ့သို့သောရောဂါများသည် အမျိုးသမီးများတွင်
အများဆုံးတွေ့ကြရခြင်းဖြစ်၏။ သို့ဖြစ်ရာ မျက်စိကျန်း မာရေးအဖွဲ့များ၊ဖောင်ဒေးရှင်းများသည်
အမျိုးသမီးများ၏ သဘာဝကို လက္ခံ ကြလျက် ခိုင်မာသောဦးတည် ချက်များချမှတ်၍ ပိုမိုအာရုံစိုက်
ကုသပေးခြင်းအားဖြင့်၊အမျိုးသမီးများ အမြင်အာရုံဆုံးရှုံးမှုနှုန်း လျော့ကျ လာပြီး
အမျိုးသားများနှင့်ကွာဟချက် ကျဉ်းမြောင်းသွားမည်
ဖြစ်ပါ သည်။
အမျိုးသမီးများနှင့်မိန်းကလေးများအား
ပူးပေါင်းဆောင်ရွက်မှုနှင့် ဆွေးနွေးညှိနှိုင်းမှုများ၌ ကျွမ်းဝင် လာကြစေရန်
ဖိုရမ်များ၊ ဝပ်ရှော့ပ်များကဲ့သို့သော စုဝေးပွဲများကို ကျေးလက်တောရွာပါမကျန် ကျင်းပ၍
တွေ့ဆုံစေပြီး၊ ဗဟုသုတများမျှဝေခြင်းနှင့်လက်တွေ့ကျ၍ထိရောက်သော အလေ့အကျင့် များရှိလာကြစေရန်
ဖန်တီးပေးကြရမည် ဖြစ်ပါသည်။
သို့မှသာ
အမျိုးသမီးနှင့်မိန်းကလေးငယ်များ၏ လူနေမှုဘဝတိုးတက်လာပြီး ၎င်းတို့အတွက် ဆောင်ရွက်သော
မျက်စိကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ ပိုမိုအောင်မြင်မှုရလာမည်ဖြစ် ကြောင်း ရေးသားအပ်ပါသည်။
ပြည့်အောင်(COA)

No comments:
Post a Comment