(က) မျက်ကြည်လွှာ(Cornea)
ပုံတွင်မြင်ရသည့်အတိုင်း မျက်စိ၏အရှေ့ဖက် အလယ်ဗဟိုရှိ ကြည်လင်သန့် ရှင်းေ သာ ဧရိယာသည် မျက်ကြည်လွှာ ဖြစ်ပါသည်။ မျက်ကြည်လွှာသည် မျက်ဖြူလွှာကဲ့သို့ အဖြူရောင် အလင်းပိတ်အမျိုး အ စား မဟုတ်ဘဲ အလင်းဖြတ်သန်းဝင်ရောက် နိုင်သည့် မှန်ကဲ့ သို့ကြည်လင်နေသည့် မျက်ဖြူလွှာထက် ပို ၍နူးညံ့သော အစိတ်အပိုင်းဖြစ်သည်။
ကြည်လင်တောက်ပလျက် သန့်ရှင်းမှုရှိနေရန် လိုအပ်ပြီး ထိုအခြေအနေမျိုးရှိ မှသာ လျှင် မျက်စိ အတွင်းသို့ ပုံရိပ်အလင်းတန်း ဖြတ်သန်းဝင်ရောက်မှု ကောင်းမွန် မှန် ကန်စေ မည် ဖြစ်ပါသည်။ အမြင်အာ ရုံကိုလည်း ကြည်လင်စေမည်ဖြစ်ပါသည်။
မျက်ကြည်လွှာသည် ဝ.၅ မီလီမီတာ အထူမျှသာရှိ၍ ပါးလွှာသည်ဟု ဆို နိုင်သော်လည်း ထိုက် သင့်သလောက် ကြံ့ခိုင်မှုတော့ ရှိပါသည်။မျက်စိကို တစိတ်တပိုင်း အားဖြင့် အကာအကွယ်ပေး ထားသော အစိတ်အပိုင်းလည်းဖြစ်ပါသည်။ မျက်ကြည်လွှာတွင် ဦးနှောက်နှင့် ဆက်သွယ်လျက်ရှိသည့် အာရုံကြောများ ပါဝင်ဖွဲ့စည်းလျက် ရှိသောကြောင့် မျက်ကြည်လွှာကိုထိခိုင်မိလျှင် အလွန်နာကျင်သော ဝေဒနာကိုခံစားရ၏ ။ ဥပမာအားဖြင့် မျက်ကြည်လွှာ၌ အစအနဝင်ခြင်း(corneal Foreign body)နှင့် မျက်ကြည်လွှာ၌ ပွန်းရှဒဏ် ရာရခြင်း( corneal abrasion) များဖြစ်လျှင် အလွန်နာ ကျင်စွာ ခံစားရခြင်းမျိုးဖြစ်ပါသည်။
ထို့ပြင်ဝင်ရောက်လာသော ပုံရိပ်အလင်းတန်းများကို ကြည်လင်ပြတ်သားသော အမြင် အာရုံရှိစေရန် ချိန်ဆပေးရာ၌ အထောက်အကူပြုပြီး မျက်စိ၏အမြင်အာရုံစုစုပေါင်း ချိန်ဆမှု၏ သုံးပုံနှစ်ပုံခန့်ကို ဆောင်ရွက်ပေးပါသည်။သို့ဖြစ်ရာ မျက်ကြည်လွှာ သည် မျက်စိကို ကာကွယ်ပေးခြင်း ၊ အလင်းတန်းများဝင်ရောက်ခြင်းနှင့် အမြင်အာရုံကြည်လင်အောင် ဆောင် ရွက်ပေးခြင်း၊စသည့် လုပ်ငန်းကိုလုပ်ဆောင်ကြောင်း မှတ်သားကြရပါမည်။
သာမန်မျက်စိဖြင့် မြင်တွေ့နိုင်သော မျက်ကြည်လွှာ၏ ဖောက်ပြန်သောလက္ခဏာများ
(၁)မျက်ကြည်လွှာ၌ အစအနဝင်ခြင်း( ကော်နီယယ် ဖောရိမ်းဘော်ဒီ-corneal foreign body)
အထက်ပါပုံတွင် မျက်ကြည်လွှာ၌ ကပ်ညိနေသော အစအနတခုကို တွေ့ကြရမည်ဖြစ် ပါသည်။ မျက်ကြည်လွှာ၌ အစအနဝင်ခြင်း(corneal foreign body )သည် သာမန်မျက်စိဖြင့် မမြင်နိုင်သည် က များသော် လည်း တခါတရံ မြင်နိုင်သည့်အတွက် ထည့်သွင်းရေးသား ရခြင်း ဖြစ်ပါသည်။ လက္ခဏာ ရပ် များအဖြစ် ရုတ်တရက်ဖြစ်ပွားခြင်း၊ အလွန်အမင်းစူ၍ နာခြင်း ၊ မျက်ရည်ပူများအဆက်မပြတ်ကျခြင်း၊မျက်စိမဖွင့်နိုင်ခြင်း၊စသည့်ဝေဒနာများကို ခံစားရပါသည်။များသောအားဖြင့် မျက်စိတဖက်ချင်းစီသာ ခံစားရလေ့ရှိပါသည်။
(၂)မျက်ကြည်လွှာ၌ ပွန်းရှဒဏ်ရာရခြင်း( ကော်နီယယ် အဗရေးရှင်း-corneal abrasion)
မျက်ကြည်လွှာသည် ၎င်း၏သဘာဝအတိုင်း သန့်ရှင်ကြည်လင်မှုမရှိဘဲမှုန် မှိုင်းနောက် ကျိနေသည်ကို တွေ့ကြရမည်ဖြစ်ပါသည် ။ မျက်ကြည်လွှာ၏ အပေါ်ယံ မျက်နှာပြင်သည် သဘာဝအတိုင်း ချောမွေ့စိုစွတ်မှု မရှိဘဲခြောက်သွေ့ကြမ်း တမ်းနေ သည် ကို တွေ့ကြရပါမည်။ ကာယကံရှင်သည် မျက်ကြည်လွှာ၌ အစအန (foreign body)ဝင် စဉ် ကကဲ့သို့ပင် အလွန်အမင်း ကိုက်ခဲနာ ကျင်ခြင်း၊ မျက်ရည်ပူများ အဆက် မပြတ်ကျနေခြင်း၊ မျက်စိမဖွင့်နိုင်ခြင်း၊ စသည့် ဝေဒ နာများကို ခံစားနေရပါမည်။ များသောအားဖြင့် မျက်စိတ ဖက်ခြင်း စီသာ ခံစားရလေ့ရှိပါသည်။မျက်ကြည်လွှာ၌ ပွန်း ရှဒဏ်ရာ ရခြင်း မျိုးသည် အမှတ် မထင် ကြုံရတတ်ပါသည်။ဥပမာအားဖြင့်...မိခင်ဖြစ်သူ၏မျက်စိအား ခလေး ငယ်၏လက် သည်းဖြင့် ခြစ်မိခြင်း မျိုးနှင့်အမျိုးသမီးများ ခေါင်းဖြီးစဉ် မိမိ၏လက်သည်းရှည်ဖြင့် မျက်စိ အားခြစ်မိခြင်းမျိုး တို့ဖြစ်ပါသည်။
(၃)ဓာတုဆေးများဖြင့်ထိမိ၍ မျက်ကြည်လွှာထိခိုက်ခြင်း
(ကော်နီယယ် ကာမီကယ် အင်ဂျူရီ-corneal chemical injury)
အထက်ဖော်ပြပါပုံများသည် ဓါတုဆေးတမျိုးမျိုးဖြင့်ထိမိသောကြောင့် မျက်ကြည် လွှာလောင်ကျွမ်းပြီး နောက်ကျိနေသောပုံများဖြစ်ပါသည်။ကာယကံရှင်သည် စပ်သောပူသော စူးနစ်နာကျင်သည့်ဝေဒနာကို ခံစားရပြီး၊မျက်ရည်ပူများကျခြင်း၊ အမြင်အာရုံဝေဝါးခြင်းများ ကို လည်း ကြုံတွေ့ကြရပါမည်။မျက်ကြည်လွှာ ပွန်းရှဒဏ်ရာရစဉ်ကဲ့သို့ ကိုက်ခဲနာကျင်မှုကို ပြင်း ထန်စွာ မခံစားရဘဲ သာမန်မျှသာခံစားရပြီး၊ပူလောင်စူးရှသည့် ဝေဒနာကိုသာ သိသာစွာခံ စားရပါသည်။
(၄)မျက်ကြည်လွှာ၌ အနာဖြစ်ခြင်း(ကော်နီယယ်အာဆာ-corneal ulcer)
ပုံ(၁)
ပုံ(၂)
ပုံ(၃)
အထက်ဖော်ပြပါပုံများ၌တွေ့ရသော အဖြူရောင်(နို့နှစ်ရောင်)ဧရိယာသည် မျက် ကြည်လွှာ၌ ဖြစ်ပွားသော အနာအမျိုးမျိုးတို့၏ ပုံများဖြစ်၏ ။ မျက်ကြည်လွှာ၌ အနာဖြစ်လျှင်- မျက်ကြည်လွှာ(cornea)နှင့် မျက်နက်ဝန်း(iris) ကြားရှိ မျက်စိရှေ့ပိုင်းအခန်းငယ်(anterior chamber)အတွင်းဖက် အောက်ခြေတွင် ပြည် (pus)အနည်းငယ်ကို ပုံ(၁)မှာကဲ့သို့ တခါတ ရံ တွေ့ရတတ်ပါသည်။ကာယကံရှင်သည် အလွန်အမင်းနာကျင်ခြင်း နှင့် အမြင်ဝေ ဝါးခြင်း တို့ ကို သိသာစွာခံစားပြီး၊မျက်ဖြူလွှာဧရိယာသည် များသောအားဖြင့် နီနေတတ်ပါသည်။ဘတ် တီး ရီးယား(vateria)သို့မဟုတ် ကူးစက်မှိုရောဂါ တမျိုးမျိုးကြောင့်ဖြစ်ပွားတတ်ပါသည်။
အထက်ပါပုံတွင် ရေယုန်ရောဂါပိုးတမျိုးဖြစ်သော(herpes simplex virus) ရောဂါပိုးကြောင့် မျက်ကြည်လွှာတွင် ဖြစ်ပေါ်နေသော အနာတမျိုးကိုတွေ့ကြရမည်ဖြစ်ပါ သည်။ လက်ဝဲဖက်ပုံတွင် ထူးခြားမှုကို မတွေ့ရဘဲ ဖြစ်ရိုးဖြစ်စဉ် မျက်ကြည်လွှာအနာမျိုးကို သာ တွေ့ရမည်ဖြစ်၏။၎င်းမျက်ကြည်လွှာကို မျက်စိဆေးခန်းတွင် အသုံးပြုသော ရောင်ခြယ် ပစ္စည်းတမျိုးဖြစ်သည့် -Fluoresent dye ဖြင့်ရောင်ခြယ်ကြည့်လျှင် အနားသတ်များဖြင့် ဖြာ ထွက်နေသော အခက်အလက်များကို လက်ယာဖက်ပုံပါအတိုင်း တွေ့ကြရပါမည်။၎င်းကို Dendritic corneal ulcer ဟုခေါ်ပါသည်။
ဆက်လက်ဖော်ပြပါမည်...........










No comments:
Post a Comment