4.6.16
မျက်စဉ်းခပ်ရင် ဘယ်လိုခပ်မလဲ...
            သို့ဖြစ်သည့်အတွက်မျက်စဉ်းခပ်ရာတွင်အောက်ပါအတိုင်း အဆင့်ဆင့်ဆောင်ရွက် ကြရမည်ဖြစ်ပါသည်။
(၁)ရှေးဦစွာ ဆပ်ပြာနှင့်ရေကို လုံလုံလောက်လောက် အသုံးပြုပြီး မိမိ၏ လက်နှစ်ဖက်စ လုံး    ကိုဆေးကြောပါ။
 (၂) မိမိအသုံးပြုမည့် မျက်စဉ်းဘူးအား သေချာစွာစစ်ဆေးပါ။ရက်လွန်(Expiry Date)ဖြစ်နေ သလား။ အဖုံးတွင် အက်(chipped)နေသလား ၊ ပဲ့(cracked)နေသလား။စသည်ဖြင့်စစ်ဆေး ရပါမည်။
(၃)မျက်စဉ်းဗူး အဖုံးကိုမဖွင့်မီ သန့်စင်စေရန်ပြုလုပ်ပါ။အဖုံးကိုဖွင့်သောအခါ မျက်စိနှင့် ရှောင် လွဲ (avoid)၍ ဖွင့်ပါ။
(၄)ဦးခေါင်းကို အနည်းငယ်မော့ပါ ၊ မျက်စဉ်းခပ်မည့် မျက်စိ၏အောက်မျက်ခွံကို မိမိ၏ လက် ညိုးဖြင့် မျက်ခွံ၏အတွင်းဖက် အောက်ခြေရှိ အချိုင့်ငယ်ပေါ်လာသည်အထိ အောက်သို့ဆွဲချ ထားပါ။
(၅)ကျန်လက်တဖက်ဖြင့် မျက်စဉ်းဗူး၏ ထိပ်ဖက်ကို အောက်တွင်ထား၍ မျက်စိ၏အပေါ်ဖက် တွင် ကိုင်ထားပါ။မျက်စဉ်းဘူး၏ ထိပ်ဖြင့်မျက်စိကို လုံးဝ မထိမိပါစေနှင့်၊သင့်တော်သော အနီးကပ်ဆုံး အကွာအဝေးတွင် မျက်စဉ်းဗူးကိုထားပါ။
(၆)ခေါင်းမော့ထားသော အနေအထားနှင့် မျက်ခွံကိုဆွဲထားသော လက်၏အနေအထား မျှတစွာ ရှိနေပါစေ။
(၇)မျက်လုံးကို အထက်သို့ ကြည့်ထားပါ ၊ မျက်စဉ်းဗူးကို သတိဖြင့် ဖြေးညှင်းစွာညှစ်ပါ ၊ထို အခါ လက်ညိုးဖြင့် ဆွဲထားသော အောက်မျက်ခွံ၏အတွင်းဖက် ချိုင့်ခွက်ထဲသို့ မျက်စဉ်းတစက် ကျလာပါလိမ့်မည်။အောက်မျက်ခွံကို ဆွဲထားသော လက်ညိုးကို ဖယ်ရှားလိုက်ပါ။
(၈) မိမိ၏မျက်စိကို နှစ်မီးနစ် သုံးမီးနစ် (2 to 3 minutes) ခန့်ပိတ်ထားပြီးနောက် ခေါင်းကို အနည်းငယ်ငုံ့၍ ကြမ်းပြင်ကို ခေတ္တမျှကြည့်ရပါမည်။မျက်စိကို ညှစ်၍ပိတ်ခြင်းနှင့် မျက်တောင် အဆက်မပြတ်ခတ်ခြင်းများကို ရှောင်ရှားရပါမည်။
(၉) မျက်စိကိုပိတ်ထားပြီး မျက်စိ၏ နှာခေါင်းဖက်ဒေါင့်စွန်း (မျက်ရည်ထွက်ပေါက်ရှိရာနေရာ) ကို လက်ညှိုးဖြင့်ဖြေးညှင်းစွာ ဖိပေးပါ။မျက်စိ၏ ပတ်ဝန်းကျင်တွင်ရှိနေသော မျက်စဉ်းနှင့် မျက် ရည်များကို တစ်ရှုး(စက္ကူစ အဝတ်စ)ဖြင့် သုတ်ပေးပါ။
 (၁ဝ) မျက်စဉ်းဗူး၏ အဖုံးကိုပိတ်ရာတွင် မျက်စဉ်းဗူး၏အတွင်းဖက်ထိပ်ကို အဖုံး၏နှုတ်ခမ်း သို့ မဟုတ် လက်ထိပ်တို့ဖြင့် မထိစေရန်ဂရုပြုရမည်ဖြစ်ပြီး၊ဆေးကြောခြင်း အဝတ်စ စက္ကူစတို့ဖြင့် သုတ်ခြင်းများကိုလည်းရှောင်ရှား ကြရပါမည်။
(၁၁) မျက်စဉ်းစတင်ခပ်ရာတွင် ရှေးဦးစွာ မျက်စဉ်းတစက် နှစ်စက်ခန့်ကို အပြင်သို့ ညှစ်ထုတ် စွန့်ပြစ်ပြီးမှမျက်စိတွင်းသို့ မျက်စဉ်းကိုခပ်ပါ။
(၁၂) မျက်စဉ်းအမျိုးအစား နှစ်မျိုးသုံးရန် လိုအပ်ပါက မျက်စဉ်းအမျိုးအစား တမျိုးနှင့်တမျိုး အ နည်းဆုံး ငါးမီးနစ် ( 5 minute) ခြားပြီးမှ ခပ်ပါ။
(၁၃) မျက်စဉ်းဘူးများကို ကလေးများလက်လှမ်း မမီသော ၊အေး၍ ခြောက်သွေ့သော နေရာ တွင်ထားပါ။
(၁၄) မျက်စဉ်းအသုံးပြုပြီးသည့် နောက်ပိုင်းတွင်လည်း မိမိ၏လက်၌ ဆေးကြွင်းဆေးကျန် များနှင့် အညစ်အကြေးများ ကပ်ညိခြင်းမှကင်းဝေးစေရန်အတွက် လက်ကိုစင်ကြယ်အောင် ထပ်မံဆေးကြာကြရမည်ဖြစ်ပါသည်။
safeMedication.com မှ "How to use eye drops properly" ကိုဆီလျော်အောင်ပြန် ဆို ပါသည်။လိုအပ်ချက်အချို့ကိုလည်းဖြည့်စွက်ထားပါသည်။
No comments:
Post a Comment