မျက်စိအာရုံကြောများ
ပုံ(၂)မျက်စိနှင့်
မျက်စိအာရုံကြောများ အလုပ်လုပ်ပုံ
မျက်စိ၏ အတွင်းအပြင် အင်္ဂါအစိတ်အပိုင်းများ၊မျက်စိအာရုံကြော
များနှင့် မျက်စိအမြင်ဆိုင်ရာ ဦးနှောက်တို့ အလုပ်လုပ်ပုံအဆင့်ဆင့်သည် အလွန်သိမ်မွေ့နက်နဲလျှက်
ရှုပ်ထွေးပါသည်။နားလည်ရ လွယ်ကူစေရန် သရုပ်ဖော်ပုံများကို လေ့လာကြရပါမည်။
အထက်ပါ ပုံ(၁)(၂) တို့တွင် တွေ့ရသော ကွဲပြားသည့်
အရောင်များ သည် မတူညီသော အလုပ်နှစ် ခုကို ရည်ညွှန်းသည်ဖြစ်ရာ မျက်စိတလုံး တည်း၌ပင်လျှင်
အရာဝတ္တု ပုံရိပ်တခုကို ရှုမြင်ရာ၌ ခြားနားသော ရှုဒေါင့်နှစ် ခု အပိုင်းနှစ်ပိုင်းဖြင့်
ဖတ်ကြားပုံဖော်ကြောင်း တွေ့ကြရမည် ဖြစ်ပါသည်။ ဤနည်းတူ မျက်စိအာ ရုံကြောအပိုင်း နှင့်
ဦးနှောက်တို့၏ အလုပ်လုပ်ပုံ များ တွင် တွေ့မြင်နိုင်ပါသည်။
မျက်စိအာရုံကြောများသည် ဦးနှောက်မှလာသော အာရုံကြော (၁၂) စုံအနက် ဒုတိယမြောက်အာ ရုံကြော(Cranial
Nerve-II) ဖြစ်ပြီး အမြင်အာ ရုံ ပြည့်ဝကောင်းမွန်ရေးအတွက် အဓိကကျသော အင်္ဂါ အစိတ်အပိုင်းဖြစ်၏။
အာရုံကြောတခုချင်းစီတွင် ဖိုက်ဘာ(fiber)အာရုံကြော အမျှင်ငယ်ပေါင်း တစ်သန်း (one
million)ဖွဲ့စည်း ပါဝင်လျှက်ရှိ၏။
မြင်လွှာ(retina)ပေါ်ရှိ အရောင်အသွေးကို ခွဲခြားဖတ်ကြား
ဆုံးဖြတ် ပေးသော ဆဲလ်အမျိုးအစား (cone cells)နှင့် အလင်းနှင့်အမြင်အာရုံကို ခွဲ ခြားဖတ်ကြား
ဆုံးဖြတ်ပေးသော ဆဲလ်(rod cell)များမှ ပေးပို့ သော အချက် အလက်များကို လက်ခံရယူပြီး ဦးနှောက်သို့
ဆက်လက်ပေးပို့ပါသည်။
ဘယ်ညာမျက်စိနှစ်လုံး၏ အနောက်ဖက်မှ ထွက်လာသော
မျက်စိ အာရုံကြောအများသည် မျက်ခွံရိုး (orbit)မှတဆင့် ဦးခေါင်းခွံအတွင်းသို့ ဖြတ်သန်းဝင်ရောက်ပြီး
နောက် ကြက်ခြေခတ်ပုံ သဏ္ဍန် ကူးလူးဖြတ် သန်း ရာနေရာ(optic chiasm)သို့ ရောက်ရှိသည်။ ထိုမှတဆင့်
ဘယ်ညာမျက်စိ အာရုံကြောများ ထပ်မံခြွဲ ဖာလျက် ထွက်လာပြီး ဦးနှောက်ရှိ မျက်စိအမြင် အာရုံဆိုင်ရာ
ဘယ်ညာအဖုနှစ်ခု(occipital lobe) သို့ ၄င်း တို့၏အကာ (cortex)ကို ဖြတ်သန်းလျှက် ၀င်ရောက်သည်။၎င်း
occipital lobe များ သည် ဦးခေါင်းနော က်စေ့၏ အောက်ဖက်၌ ကပ်လျှက် တည်ရှိသော အဖုနှစ်ခုဖြစ်၏
။
ပြည့်အောင်
Ref : Oxford Medical Dictionary


No comments:
Post a Comment