29.8.16

မျက်စိကြွက်သားများ(Extraocular muscles)




        မျက်စိကြွက်သားများ(Extraocular muscles)
     





                                                       ပုံ(၇) မျက်စိကြွက်သားများ၏ ပုံမှန်အနေအထားများ


          ပုံတွင်ဖော်ပြထားသည့်အတိုင်း မျက်လုံးကိုဆိုင်းကြိုးသဖွယ် တွယ် ဆက်လျှက်ရှိသော ကြွက်သားများ အရေအတွက်မှာ (၆)ချောင်း ရှိပါသည်။ ၄င်းကြွက်သားများသည် မျက်လုံး၏ လှုပ်ရှားမှုအမျိုးမျိုးကို ဖြစ်ပေါ်စေသကဲ့သို့ မျက်စိ၏ပုံမှန်အနေအထားပျက်ယွင်းမှု မရှိစေရေးအတွက်လည်း ထိန်းသိမ်းပေးပါသည်။ မျက်စိ ကြွက်သားများ(Extraocular muscles)၏ လှုပ်ရှားမှုများ သည် မျက်စိအတွက်လိုအပ်သော အနေအထား အပြောင်းအလဲများ မှန်ကန်စေ ရေးအတွက် အချိန်ကိုက်ထိမ်းညှိပေးသော အရေးပါသည့် အင်္ဂါ အစိပ်အပိုင်း များ ဖြစ်ပါသည်။
         ကြွက်သား(၆)ချောင်းအနက် အပေါ်အောက်နှင့် ဘေးဘယ်ညာ တည့်တည့်ရှိ ကြွက်သားဖြောင့် (၄)ချောင်းသည် မျက်စိ၏ အခြေခံအကျဆုံး လှုပ်ရှားမှုများဖြစ်သည့် အပေါ်အောက်တည့်တည့် ကြည့်ရြှု ခင်းနှင့် ဘယ် ညာတည့်တည့် ကြည့်ရှုခြင်းများကို ထိမ်းချုပ်ပေးသည်။ အပေါ်တည့်တည့် ကြွက်သားကို Superior rectus muscle (အပေါ်ကြွက်သား ဖြောင့်)၊ အောက်တည့်တည့်ကြွက်သားကို Inferior rectus muscle (အောက် ကြွက်သားဖြောင့်)၊နှာခေါင်းဖက်ကြွက်သားကို Medial rectus muscle (အလယ်ကြွက် သားဖြောင့်)၊ပါးဖက်ကြွက်သားကို Lateral rectus muscle (ဘေးဖက်ကြွက်သားဖြောင့်) စသည်ဖြင့် ခေါ် ပါသည်။

        ကျန်ကြွက်သား(၂)ချောင်းသည် အထက်အောက် ကြွက်သားကွေး နှစ်ချောင်းဖြစ်ပြီး မျက်ခွံရိုးနှင့် ချိပ် တွဲလျှက်ရှိ၏။အထက်ပိုင်းရှိ ကြွက်သား ကို မျက်စိကိုစောင်းစေသော အထက်ပိုင်းကြွက်သား(Superior oblique muscle)ဟုခေါ်ပြီး၊အောက်ပိုင်းရှိကြွက်သားကို မျက်စိကိုစောင်းစေသော အောက်ပိုင်း ကြွက်သား (Inferior oblique muscle)ဟုခေါ်ပါသည်။

         ဦးခေါင်းလှုပ်ရှားမှုနှင့် ဆက်စပ်လျှက်ရှိပြီး မျက်စိကြည်ရှု့ရာ အရပ် မျက်နှာသို့ ဦးခေါင်းကလိုက် ပါရွေ့လျှားခြင်းမျိုးကို ဖြစ်ပေါ်စေသည့်အပြင် မျက်စိကို ဝေ့၀ိုက်ကြည့်ခြင်းမျိုးကိုလည်း အထောက်အပံ့ပြုပေး ပါသည်။ မျက်စိကို အပေါ်သို့ကြည့်လျှင် Inferior Oblique(မျက်စိကိုစောင်းစေသော အောက် ပိုင်းကြွက် သား)ကထောက်ပံ့ကူညီပြီး ၊မျက်စိကိုအောက်သို့ကြည့် လျှင် Superior Oblique (မျက်စိကိုစောင်းစေသော အထက်ကြွက်သား) က ကူညီပေးပါသည်။

            မျက်စိကြွက်သားများ(Extraocular muscles-EOM)သည် မျက်စိ တည့်ခြင်းစွေခြင်းတို့၏ အဓိက အကြောင်းရင်းခံများဖြစ်ပြီး ကြွက်သားများ အားနည်းခြင်းကြောင့် မျက်စိစွေနိုင်သကဲ့သို့ ၎င်းကြွက်သားများ ကို ထိမ်း ချုပ်သော ဦးနှောက်အာရုံကြောများ အားနည်းလျှင်လည်း မျက်စိစွေခြင်းကို ဖြစ်ပေါ်စေပါသည်။

            ဆဋ္ဌမမြောက် ဦးနှောက်အာရုံကြော(Six cranial nerve) သည် ဘေးဖက်ကြွက်သားဖြောင့် (Lateral rectus muscle)ကို ထိမ်းချုပ်သဖြင့် Six cranial nerve(ဆဋ္ဌမမြောက် ဦးနှောက်အာ ရုံကြော)ေ ရာဂါ ဖြစ်လျှင်၊ ဘေးဖက်ကြွက်သား(Lateral rectus muscle)သည် ပုံမှန်အလုပ် မလုပ် နိုင်ဘဲ အတွင်းေ စွ,စွေတတ်ပါသည်။

           မျက်စိကိုစောင်းစေသော အထက်ကြွက်သား(Superior Oblique)ကို စတုတ္ထမြောက် ဦးနှောက် အာရုံကြော (Fourths cranial nerve) က ထိမ်းချုပ်သဖြင့်၊၎င်းအာရုံကြောကို ထိခိုက်မိခြင်းမျိုးဖြစ်ပါက မျက်စိအ ပေါ်သို့တက်၍ စွေတတ်ပါသည်။ကျန်သော မျက်စိကြွက်သားဖြောင့် လေး ချောင်းကို တတိယြေ မာက်ဦးနှောက်အာရုံကြော(Third cranial nerve) ထိမ်းချုပ်သောကြောင့် တတိယမြောက်ဦးနှောက် အာ ရုံကြော ထိခိုက်လျှင် လည်းစွေသည့်လက္ခဏာကို အသီးသီးပြကြလေသည်။အထူးသဖြင့် အပြင် စွေ (Diver gent squint)ဖြစ်တတ်ပြီး ဆီးချိုရောဂါရှိသူများတွင် ဖြစ်တတ် ပါသည်။ 


    ပြည့်အောင်(COA)


No comments:

Post a Comment