27.8.16

မျက်စိစွေခြင်းဆိုသည်မှာ(Strabismus or Squint)




     
  အထက်ဖော်ပြပါပုံများတွင် ပုံမှန်ထက်သိသာစွာ ကွဲလွဲနေသည့် စွေနေသောမျက်စိများကိုတွေ့မြင်ရပါမည်။

              ကာယကံရှင်၏ မျက်စိများသည် တညီတညာတည်းရှိမနေဘဲ ကွဲလွဲ နေသည်ကို ပုံတွင် တွေ့ကြရ မည်ဖြစ်၏။ပုံပါအတိုင်း မျက်စိတဖက် တည်းသာ အဖြစ်များသော်လည်း မျက်စိနှစ်ဖက်စလုံး ဖြစ်နေသည်ကို လည်း ရှားရှားပါးပါးတွေ့ရတတ်ပါသည်။၎င်းကို မျက်စိစွေခြင်း (Strabismus or squint)ဟု ခေါ်ပါသည်။
           မျက်စိကြွက်သားများ ချွတ်ယွင်းခြင်းကြောင့် မျက်စိအနေအထား လိုက်လျောညီထွေမရှိဘဲ စွေနေ ရခြင်း ဖြစ်သောကြောင့်လည်း ကြွက်သား ချွတ်ယွင်းမှုကြောင့် မျက်စိစွေခြင်း (Heterotropia)ဟုလည်း ခေါ် ပါသည်မျက်စိစွေခြင်းသည် ကောင်းသောမျက်စိနှင့်ယှဉ်လျှက် တွ့မြင်ကြရသောကြောင့် အလွန်သိသာ ထင်ရှားသော မျက်စိပြဿနာတခု ဖြစ်ပါ သည်။ 
         အသက်ကြီးသော မျက်စိစွေသူများသည် ပုံရိပ်နှစ်ထပ် မြင်နေတတ်ပါသည်။ကလေးများတွင် မျက် စိစွေနေပါက တည့်သောမျက်စိကသာ ကောင်း စွာမြင်ရပြီး စွေသောမျက်စိက အမြင်အားနည်းတတ်ပါ သည်။ ထိုကဲ့သို့ အမြင်အားနည်းသော မျက်စိကို အလုပ်မလုပ်သောမျက်စိ သို့မဟုတ် အကြောင်းမဲ့ မှုန်သောမျက်စိ(Lazy eye or amblyopic eye) ဟု ခေါ် ပါသည်။
           



                                မျက်စိတည့်သူ၏အမြင်(၀ဲ)နှင့် တဖက်စွေသူ၏အမြင်(ယာ)


             မျက်စိနှစ်ဖက်အနက် တဖက်ဖက်ကစွေနေပြီး ကောင်းသောဖက် ကိုအုပ်၍ပိတ်၍ ကြည့်ခိုင်း လျှင်  ပြန်တည့်လာသောမျက်စိနှင့် မျက်စိနှစ် ဖက်လုံး ညီညာတည့်မတ်နေသော်လည်း တဖက်ဖက် ကိုအုပ် ၍ ကြည့်ခိုင်း လျှင် တည့်ရာမှစွေသွားသော မျက်စိမျိုးလည်းရှိတတ်ပေရာ ၄င်းမျက်စိ မျိုးကို( Heterophoria) ဟုခေါ်ပါသည်။

          အကယ်၍ အသက်ငယ်စဉ်ကတည်းက lazy eye or amblyopic eye ဖြစ်ကြောင်းကို စောစီး စွာ သိရှိပြီး မျက်စိအထူးကုဆရာဝန်နှင့်ပြသ၍ ညွှန် ကြားချက်အတိုင်း လိုက်နာလျှက် စနစ်တကျကုသမှု ခံယူ မည် ဆိုပါက လက်ရှိထက်ပို၍  မြင်လာနိုင်ပါသည်။နောက်ကျမှသိပြီး အသက်ကြီးမှ ကုသမှုခံယူမည် ဆိုပါ က တိုး တက်မှုအတွက်မသေချာပါ။

       မျက်စိစွေခြင်းသည် အသက်ကြီးမှ ရုတ်တရက်ဖြစ်လာပြီး ပုံရိပ်နှစ် ထပ်မြင်လာခြင်းမျိုး ဖြစ်ပါက တိ ကျသေချာသော စမ်းသပ်စစ်ဆေးမှုများကို ခံယူရန်အတွက် မျက်စိအထူးကုဆရာ ၀န်နှင့်ပြသရန် စေလွှတ် ကြရပါမည်။

      မျက်စိစွေခြင်းကို သက်သာပျောက်ကင်းစေရန်အတွက် ပုံမှန်လေ့ကျင့် ခန်းများ ပြုလုပ်စေခြင်း၊မျက် မှန် တပ်စေခြင်း နှင့် ခွဲစိတ်ကုသခြင်း စသည် ဖြင့် လိုအပ်ချက်နှင့်အညီ ကုသမှုခံယူကြရမည်ဖြစ်ပါသည်။

      သို့ဖြစ်ရာ မျက်စိစွေနေသူနှင့် မျက်စိစွေသည်ဟု သံသယရှိသူတို့ကို အမြင်အာရုံတိုးတက်မှု ရရှိရေးအ တွက် မျက်စိအထူးကုဆရာဝန်နှင့် စနစ် တကျပြသရန် တိုက်တွန်းပေးကြရမည် ဖြစ်ပါသည်။

What is wrong with the eyes of this picture ?

        They are not straight. This patient has a marked squint, or strabismus. A squint may appear in a patient with apparently normal eyes. The older patient may have double vision.

        If this happens in a child, the child often uses only one eye for clear vision. The other eye is not effectively used and becomes what is called a ‘lazy’ or amblyopic eye. If you treat such a patient in the first few years of life you can improve the vision in the lazy eye.

       If an adult has had a squint since childhood, it is not possible to significantly improve sight in the lazy eye. When an adult develops a squint suddenly he may have double vision. This can be a sign of serious disease and the patient should be referred for further examination.

     In any patient, if you see a squint or suspect a squint – refer for specialist opinion.

    ပြည့်အောင်(COA)

Ref ; cehjournal.com





No comments:

Post a Comment