15.9.16

မျက်ခွံ၌ အဖုဖြစ်ခြင်း(Chalazion or Meibomian cyst)



မျက်ခွံ၌အဖုဖြစ်ခြင်း(Chalazion or Meibomian cyst)



                                                မျက်ခွံ၌ဖြစ်သောအဖုငယ်များ
 
        မျက်ခွံတွင်းရှိ အဆီဂလင်း(sebaceous gland)မှ အဆီစိမ့်ထွက်ရာ လမ်းကြောင်း(duct) ပိတ်ဆို့ သွားသောကြောင့် မျက်ခွံတွင်းရှိ ၄င်းအဆီ ဂလင်းရှိရာနေရာ၌ အဆီများစုဝေးလျှက် တဖြည်းဖြည်းရောင် လာဖြင်း ဖြစ် ပါသည်။ရောင်ရမ်းခြင်း မရှိဘဲအဆီကြိတ်အဖြစ် ရှိနေခြင်းမျိုးလည်း တွေ့ရ တတ်ပါသည်။ အဆီကြိတ်ရှိရာနေရာ၌သာရောင်နေရာမှ မျက်ခွံတခုလုံးနီးပါး  ရောင်ရမ်းလာခြင်းမျိုး(secondary infection)လည်း ဖြစ်တတ်ပါသည်။ ထို့ပြင် မျက်ခွံပိုးဝင်၍ဖြစ်သောအဖု(Infected Chalazion)သို့မဟုတ် မျက်စိ စွံခြင်း(Stye) ၊ ကင်ဆာမဟုတ်သော အဖုအကြိတ်(Benign Tumours)နှင့် ကင်ဆာအဖုအကြိတ် (Malignant Tumours) စသည်ဖြင့်လည်း ရှိပါသေးသည်။

         နာကျင်သောဝေဒနာ ခံစားလာရသည်မှ သူ့အလိုလျှောက် အဆီ ကြိတ် ပေါက်ထွက်သွားခြင်းလည်း ရှိပါသည်။ကုသမှုအပိုင်းတွင်ကော် မျက်စဉ်း (Antibiotic eye ointment)ခပ်ရန် ညွှန်ကြားခြင်းနှင့် မျက်ခွံ အဖုကို ခွဲစိတ်ခြစ်ထုတ်ဖယ်ရှားပေးခြင်း စသည်ဖြင့် သက်သာပျောက်ကင်း စေမည်ဖြစ်ပါသည်။ အသေးစား ခွဲစိတ်ကုသမှုဖြစ်၍ လျှင်မြန်စွာသက်သာ ပျောက်ကင်းမည်ဖြစ်၏။ မျက်စိအထူးကုဆရာဝန်နှင့်ပြသ၍ ညွှန် ကြားချက် အတိုင်း လိုက်နာရန် လိုအပ်ပါသည်။   

  ပြည့်အောင်(၁၅/၉/၂၀၁၆)

No comments:

Post a Comment