15.9.16

မျက်ခွံကျခြင်း(Ptosis or Blepharoptosis)



                             မျက်ခွံကျခြင်း(Ptosis or blepharoptosis)   


                                                မျက်ခွံတွဲကျလျှက်ရှိသော နမူနာပုံများ


        မျက်ခွံကျခြင်းဆိုသည်မှာ ပုံတွင်မြင်ရသည့်အတိုင်း အပေါ် မျက်ခွံသည် အောက်သို့တွဲကျလျှက်ရှိသော မျက်စိပြဿနာတမျိုးဖြစ်ပါသည်။ မျက်စိတဖက်ချင်းစီသာ အဖြစ်များ၏။

         ဖြစ်ပွားရသောအကြောင်းရင်းများမှာ- မွေးရာပါမျက်ခွံကျခြင်း (congenital)၊ ဦးနှောက်၏ တတိ ယမြောက်အာရုံကြော အားနည်းခြင်း (Third craneal nerve polsy)၊  ထိခိုက်ဒဏ်ရာရခြင်း(Trauma)၊ မျက်စိ ကြွက်သားများ အင်အားဆုတ်ယုတ်လာခြင်း(Mysthenia) စသည်တို့ ကြောင့်ဖြစ်လေသည်။

         မွေးရာပါမျက်ခွံကျခြင်း(congenital)သည် အမိဝမ်းတွင်းကတည်း က ဖြစ်လာခြင်းမျိုးရှိသကဲ့သို့ မွေး ဖွားစဉ်ထိခိုက်မိခြင်း(Birth injury) ကြောင့်လည်း ဖြစ်တတ်ပါသည်။

       ထိခိုက်မိခြင်း(Trauma)ကြောင့်မျက်ခွံကျခြင်းသည် ဦးခေါင်းကို ထိခိုက်မိ၍ မျက်စိအာရုံကြောများ အားနည်းသွားခြင်းကြောင့် ဖြစ်လေ့ရှိပါ သည်။

              ဦးနှောက်နှင့် ဆက်သွယ်လျှက်ရှိသည့် အာရုံကြော(၁၂)စုံအနက် တတိ ယမြောက်အာရုံကြော (third craneal nerve) အလုပ်မလုပ်တော့ လျှင်လည်း မျက်ခွံကျတတ်ပါသည်။၎င်းတတိယမြောက် ဦးနှောက်အာရုံ ကြောသည်၊မျက်လုံးနှင့် ၄င်းပတ်လည်ရှိ ကြွက်သားများကို ထောက်ပံ့ သောကြောင့် မျက်စိ ကိုလှည့်ပတ်လှုပ်ရှားနိုင်ခြင်း မျက်လုံးအဖွင့် အပိတ် နှင့် သူငယ်အိမ်၏အကျဉ်းအကျယ် ပြောင်း လဲခြင်း တို့ ကို ဆောင်ရွက်နိုင် ခြင်းတို့ကြောင့် ထိုအာရုံကြောကို မျက်စိလှုပ်ရှားမှုဆိုင်ရာ အာရုံကြော (oculomotor nerve)ဟုလည်းခေါ်ပါသည်။

           ဦးနှောက်၏ တတိယမြောက်အာရုံကြောအားနည်းခြင်း(third craneal nerve polsy)၏လက္ခ ဏာရပ်များအဖြစ်၊ မျက်ခွံကျခြင်း (dropping eyelid)၊ မျက်စိအပြင်စွေ စွေနေခြင်း(divergent squint)၊ မျက်စိ သူငယ်အိမ်ကျယ်နေခြင်း(dilated pupil)၊စသည်တို့ကို တွေ့ရတတ်ပါ သည်။၎င်းကို ဒီသုံးလုံး ( 3 D )ဟူ၍ လေ့လာသူများက သင်္ကေတပြု ကြ ပါသည်။ထို့ပြင်မျက်စိသူငယ်အိမ်ကျဉ်းနေခြင်း(pupil sparing) ကိုလည်း လက္ခဏာတရပ်အဖြစ် တွေရတတ်ပြန်သေးရာ စမ်းသပ်စစ်ဆေးသူအား ရှုပ်ထွေးစေပြန်ပါသည်။

          အမှန်စင်စစ် ထိုကဲ့သို့ သူငယ်အိမ်ကျယ်ခြင်း နှင့် သူငယ်အိမ်ကျဉ်း ခြင်း နှစ်မျိုးစလုံးကို သင်္ကေတ အဖြစ်တွေ့ရခြင်းသည်၊ တတိယမြောက် ဦး နှောက်အာရုံကြော အားနည်းရခြင်း၏ အကြောင်းရင်းခံပေါ်တွင် မူတည် နေပါသည်။၎င်းအာရုံကြောကိုဖိမိနေခြင်း၊ ညှပ်မိနေခြင်းများ ဖြစ်နေလျှင် မျက်စိသူငယ်အိမ် ကျယ် (pupil dilated)နေတတ်ပြီး၊အာရုံကြောသို့ အား ဖြည့်စီးဆင်းသော သွေးကြောများ၌ တစုံတရာအားနည်း ချက်ရှိနေလျှင် သူငယ်အိမ်ကျဉ်း(pupil sparing)နေတတ်ပါသည်။

         သို့ဖြစ်ရာ မျက်ခွံကျသည်ဆိုရုံမျှ ဖြစ်သော်လည်း၊ တခါတရံတွင် အခြားအရေးကြီးသော ရောဂါများနှင့် ဆက်စပ်လျက် ဖြစ်ပွားတတ်သည် ဖြစ်ရာ အကြောင်းရင်းဇစ်မြစ်ကို ရှာဖွေကုသရခြင်းမျိုးရှိသဖြင့် မပေါ့ဆ သင့်ကြောင်း တွေ့ကြရမည်ဖြစ်၏။(ဥပမာအားဖြင့်-ဦးနှောက်၌ ဖြစ်နေသည့် အဖုအကြိတ်တခုခုက တတိ ယမြောက်အာရုံကြောကို ဖိထားသောကြောင့် (သူငယ်အိမ်ကျယ်၍) မျက်ခွံကျခြင်းနှင့်၊တတိယမြောက် အာရုံကြောအတွင်း စီးဆင်းသည့် သွေးကြောများ ဖောက်ပြန်သော(ဆီးချိုရောဂါ)ကြောင့် (သူငယ်အိမ် ကျဉ်း၍)မျက်ခွံကျခြင်းတို့ဖြစ်ပါသည်။

            မျက်ခွံကျခြင်းသည် မျက်စိလေဖြတ်ခြင်း (paralysis of eyemovement)နှင့် ခပ်ဆင်ဆင်တူပြီး ပုံရိပ်နှစ်ထပ်မြင်ခြင်းနှင့် မျက်စိသူငယ် အိမ် (pupil) ကျယ်နေခြင်းများကိုလည်း တွေ့ရတတ်ပါသေးသည်။

            အချို့သော မျက်ခွံတွဲကျသည့် လူနာများတွင် ဟော်နာလက္ခဏာစု (Horner’s syndrome)ဖြစ်ေ သာ မျက်ခွံကျသည့် လက္ခဏာအပြင် မျက် နက်ဝန်းရှုံ့သောကြောင့် မျက်စိသူငယ်အိမ်(pupil)ကျဉ်းနေခြင်းနှ င့် မျက်ခွံကျသော မျက်နှာဖက်ခြမ်း၌ ချွေးမထွက်ခြင်းကိုလည်း စစ်ဆေးတွေ့ရှိရမည် ဖြစ်ပါ သည်။

            မျက်ခွံကျခြင်း၏ အဓိကအကြောင်းများတွင် ကြွက်သားများ၏အင် အား တဖြည်းဖြည်း ဆုတ်ယုတ် လာခြင်း(myasthenia )ကြောင့် လှုပ်ရှားမှု များ နှေးကွေးလာပြီး ၊ နှေးကွေးသောဧရိယာ ကျယ်ပြန့်လာ သည် နှင့်အမျှ ကြွက်သားများ အလုပ်မလုပ်တော့ဘဲ မျက်ခွံတွဲ၍ကျလာခြင်းမျိုးလည်းပါဝင် ပါသည်။

            မျက်ခွံတွဲကျသောသူ၌ မျက်စိလေဖြတ်ခြင်း(paralysis of eyemovement)၏လက္ခဏာဖြစ်သော မျက်စိသူငယ်အိမ်(Pupil)ကျယ်နေခြင်း နှင့် ဟော်နာလက္ခဏာစု (horner’s syndrome)၏ လက္ခဏာဖြစ်ေ သာ မျက်စိသူငယ်အိမ် ကျဉ်းနေခြင်းတို့ကို တွေမြင်ကြရသည်ဆိုရာ၌  မျက်စိသူ ငယ်အိမ် (pupil)သည် ကျဉ်းခြင်းကျယ်ခြင်း(Active pupil)မဖြစ်တော့ဘဲ တသမတ်တည်း ကျယ်နေခြင်း သို့မဟုတ် တသမတ် တည်း ကျဉ်းနေခြင်း မျိုးဖြစ်နေသည်ကို ဆိုလိုပါသည်။

             ထို့ပြင် မျက်စိကြွက်သားနှင့် ပတ်သက်သော ရောဂါတမျိုးမျိုး ကြောင့် မျက်စိလှုပ်ရှားမှု နှေးကွေြး ခင်းနှင့် လုံးဝမလှုပ်ရှားတော့သည့် မွေးရာပါ မျက်စိပြဿနာမျိုးလည်း ရှိသေးရာ၊ မျက်ခွံကျခြင်းသည် ထိုမျက် စိ ပြဿနာ၏ ထူးခြားသော သွင်ပြင်လက္ခဏာတရပ်အဖြစ်လည်း တွေ့ရတတ်ပါသည်။ မျက်ခွံကျသူသည် တခါတရံ၌ ပြင်းထန်စွာနာကျင်ခြင်း အပြင် အခြားလက္ခဏာတရပ်အဖြစ် ခေါင်းကိုက်ခြင်းကိုလည်း ခံစား ရ လေ့ရှိ၏။

           အသေးစားခွဲစိတ်ကုသခြင်းအပါအ၀င် ရောဂါဖြစ်ပွားရခြင်း၏ အကြောင်းရင်း ဇစ်မြစ်များကို ရှာဖွေ ကုသမှုများ ပြုလုပ်ခြင်းဖြင့် မျက်ခွံ တွဲကျခြင်း(ptosis or blepharoptosis)ကို သက်သာပျောက်ကင်းအောင် ကုသရမည်ဖြစ်ရာ မျက်ခွံတွဲကျသော မျက်စိပြဿနာနှင့် ရင်ဆိုင်နေရ သူ များသည် မျက်စိ အထူးကုဆရာ ၀န်နှင့် တိုင်ပင်လျှက် ကုသမှုခံယူခြင်း သည်သာ အကောင်းဆုံးဖြစ်ပါသည်။

ပြည့်အောင် (၁၅/၀၉/၂၀၁၆)

Ref : Oxford Medical Dictionary.. 

No comments:

Post a Comment