လူတိုင်းသတိထားကြရမည့်
လက်နက်ပုန်းသတင်းမည်းများ
ယနေ့ခေတ်ကို အိုင်တီ်( IT-Information Technology)ခေတ်ဟု သမုတ်ထားကြသည်ကို သိပြီးဖြစ်
ကြပါလိမ့်မည်။သတင်းအချက်အလက်များ နှင့် နည်းပညာအချက်အလက်များကို လိုချင်လျှင်လိုချင်သလောက်
ရှာဖွေရယူနိုင်သောခေတ်ဟူ၍လည်း ဂုဏ်တင်ထားကြ၏။ အင်တာနက်ဟူသော ပိုက်ကွန်သဖွယ်
ကမ္ဘာတဝန်း ဖြန့်ကျက် လွမ်းခြုံထားသော သတင်းကွန်ယက်ကြီး၌ မိမိလိုချင်သော
အကြောင်းအရာများကို အဆိုးရော အ ကောင်းပါရှာဖွေ၍ရရှိနိုင်ကြောင်း မူလတန်းကလေးငယ်များပင်
ကြားဖူးနားဝဖြင့် သိနေကြ သော ခေတ်ဖြစ် ၏။မိမိသိလိုသော အကြောင်းအရာများကို မည့်သို့မည်ပုံ
ရှာဖွေရမည်ကိုလည်း အထူးသင်တန်းများ တက်စရာ မလိုဘဲ သုံးစွဲသူအချင်းချင်း
စုံစမ်းမေးမြန်းရုံမျှဖြင့် တတ်မြောက်နိုင်ကြပြီဖြစ်ပါသည်။
အရွယ်ရောက်ပြီးသူ
လူကြီးလူငယ်များ၏ ထက်ဝက်ကျော်သည် မိုဘိုင်းဖုန်းများ ၊တက်ဘလက်၊လက် တော့၊ ဒက်ရှ်တော့
စသည့်အိုင်တီပစ္စည်း(IT Device)မျိုးစုံကို ကိုင်စွဲလျက်၊ အင်တာနက်ပေါ်
ဆိုရှယ်မီဒီယာ များပေါ်၌ ရည်ရွယ်ချက်အမျိုးမျိုးဖြင့် ကျင်လည်ကျက်စား၍ စူးစမ်းရှာဖွေလျက်ရှိကြကုန်၏။သတင်းများနှင့်
ထူး ထူးဆန်းဆန်း အဖြစ်အပျက်များကို မိမိသာမက မိမိသိစေလိုသော အခြားသူများကိုလည်း၊စက္ကန့်ပိုင်းအတွင်း
မျှဝေနေကြ၏။
စာရေးသူတို့ငယ်စဉ်က
ရေဒီယိုနှင့်သတင်းစာဂျာနယ်များသာ သတင်းအချက်အလက်နယ်ပယ်၌ ထွန်း ကားသည်ဖြစ်ရာ သတင်းဌာနများ၏
အများပြည်သူအား သိစေလိုသောအကြောင်းအရာများသည် သတင်းနား ထောင်သူ စာဖတ်သူများတွင်သာ ခရီးဆုံးဖြစ်လေသည်။သတင်းနားထောင်သူ
စာဖတ်သူက အခြားသူများအား သိစေလိုပါက နှုတ်ဖြင့်သော်လည်းကောင်း၊ စာတိုက်မှစာပို့၍သော် လည်းကောင်း၊ရေးရ ပြော ရ၏။အလွန့် အလွန်ထူးပါမှ
၎င်းတို့ထက်ပို၍မြန်သော ကြေးနန်းကိုသုံးကြ၏။ကြေးနန်းသည် စာလုံးရေအကန့် အသတ် အလိုက်
ကုန်ကျစရိတ် ကျခံကြရသည့်အပြင် နည်းပညာဆိုင်ရာ အခက်အခဲကြောင့် မိမိကိုယ်တိုင် တိုက်ရိုက်
သုံး၍မရသော သဘောရှိ၍ အသုံးနည်းပါသည်။တယ်လီဖုန်းများ၏ အခန်းကဏ္ဍသည်လည်း
ကျယ်ပြန့်မှုမရှိ သေးဘဲ ရုံးသုံးသာသာမျှသာရှိသေးရာ သတင်းမီဒီယာနယ်ပယ်၌ သတင်းဖြန့်ဝေသူ(သတင်းဌာန)
နှင့် သတင်း လက္ခံသူ (သတင်းနားထောင်သူ)ဟူ၍၊တသီးတသန့် ကဏ္ဍခြားလျက် ရှိနေပါသည်။
အသံလွှင့်ဌာနများ၊သတင်းဌာနများ
၊သတင်းစာ၊ဂျာနယ်မဂ္ဂဇင်းများသည်လည်း ယ္ခုခေတ်ကဲ့သို့ ကျယ် ကျယ်ပြန့်ပြန့်
ထွေးရောယှက်တင်ဖြစ်မနေဘဲ မိမိတို့၏ကိုယ်ပိုင်မှုဝါဒအပေါ် မှန်မှန်ကန်ကန် ရပ်တည်လျှက်
ဂုဏ်သိက္ခာရှိရှိ ထုတ်လွင့်ရေးသားကြသည်က များပါသည်။ကိုယ်ပိုင်သတင်းထောက်၊ ပင်တိုင်ဆောင်းပါးရှင်များ
ကို အားကိုးကြ၍ သတင်းယူကြပါသည်။ မူဝါဒခြင်းမတူသောကြောင့် သတင်းတခုအပေါ်
ဝေဖန်ဆန်းစစ်မှုနှင့် သုံးသပ်တင်ပြမှု ရှုထောင့်ခြင်း ခြားနားကောင်းခြားနားမည်ဖြစ်သော်လည်း၊
မရှိသည့်သတင်းကို အရှိလုပ်၍ ဖန်တီးရေးသားမှုမျိုး၊ မမှန်သတင်းကို အမှန်လုပ်၍ရေးသားခြင်းမျိုးကိုမှု
မိမိတို့သတင်းဌာန၏ ဂုဏ်သိက္ခာကို စောင့်ထိန်းလျက် ရှောင်ရှားကြပါသည်။
မျက်မှောက်ခေတ်တွင်မူ
ခေတ်သစ်နည်းပညာများကိုအသုံးချလျှက် မရှိကိုအရှိအဖြစ် ထင်မြင် လာကြစေရန် ပုံဖော်ဖန်တီးထားသော
အတုအယောင်များဖြစ်သည့် သတင်းမည်းများကို မိမိတို့၏ကိုယ် ကျိုးစီးပွား၊ မိမိတို့ အသင်းအဖွဲ့
မိမိတို့လူမျိုးများ၏ ကိုယ်ကျိုးစီးပွားအတွက် ထုတ်လွှင့်ရေးသားလာကြသည်ကို အများအပြား
တွေ့ လာရပါသည်။ခေတ်သစ်လူမှုအဖွဲ့အစည်း၌ တွင်ကျယ်စွာအသုံးပြုလာကြသည့် လူမှုကွန် ယက်များ၊
ဖျော်ဖြေရေး ဝက်ဆိုဒ်များပေါ်သို့ အရောက်တင်လျက် မိမိတို့၏ရည်ရွယ်ချက်အောင်မြင်ရန်
သတင်း နားထောင်သူ စာဖတ်သူတို့အား လှည့်စားလိမ်လည်၍ ကြိုးစားလာကြပါသည်။
လူမှုကွန်ယက်ဝက်ဆိုဒ်များကို
တည်ထောင်သူတို့က ဖန်တီးထားသည့် လူအများနှစ်ခြိုက်စေသည့် နည်းစနစ်များကလည်း၊၎င်းမြေအောက်သတင်းသမားများ၏
လက်နက်ပုန်းသတင်းများ၊သတင်းမည်းများကို ပိုမိုလျှင်မြန်စွာပြန်နှံ့စေရန်၊
ပံ့ပိုးပေးသကဲ့သို့ ရှိနေပြန်ပါသည်။သတင်းဖြန့်ဝေသူ(သတင်းဌာန)နှင့် သတင်း လက္ခံသူ (သတင်းနားထောင်သူ)
ဟူ၍ရှိနေသေးသော်လည်း ၎င်းသတင်းလက်ခံသူကပင်လျင် လက်ခံရရှိ သည့် သတင်းများကို
စက္ကန့်ပိုင်းအတွင်း ကမ္ဘာတဝန်းသို့(သတင်းဖြန့်ဝေသူအဖြစ်) ပြန်လည်ဖြန့်ဝေပေးနိုင် သည့်
အခြေအနေလည်း ယနေ့ခေတ်တွင် ရှိနေပြန်ပါသည်။ သို့ဖြစ်ရာ မိမိ၏အင်တာနက်စာမျက်နှာတွင်
ပေါ် လာသည့် သတင်းတပုဒ် သို့မဟုတ် အကြောင်းအရာတခု၏ မူရင်းသတင်းဌာန သိုမဟုတ်
မူရင်းစာရေးသူအား သိရှိရန်(အဆင့်ဆင့်မျှဝေ Share လာသောသတင်းတပုဒ်ဖြစ်ပါက)ခဲယဉ်းသွားမည်ဖြစ်ပါသည်။
ဤအခြေ အနေသည် မြေအောက်သတင်းသမားများအား သဘောတွေ့စေသောအခြေအနေပင်ဖြစ်၏။
အင်တာနက်အသုံးပြုမှုဆိုင်ရာကိစ္စရပ်များကို
လေ့လာသူသုတေသီများက၊ အင်တာနက်ပေါ်တွင် နည်း ပညာနှင့်
ဘာသာရပ်အသီးသီးအတွက်အချက်အလက်များ လေ့လာရှာဖွေသူမှာ ၂၀% မျှသာရှိပြီး၊ အသုံးပြုသူ
အများစုမှာ ဖျော်ဖြေရေးနှင့်လူမှုရေး ဝက်ဆိုဒ်များကိုသာအသုံးပြုကြောင်း
ဖော်ပြကြပါသည်။ထိုနည်းတူ သ တင်းမည်းများ ဖြစ်သော(လုပ်ကြံဖန်တီးထားသည့် မမှန်သတင်း)၊
လက်နက်ပုန်းသတင်းများဖြစ်သော (လူတစု၊ လူ့အဖွဲ့အစည်း၊ဘာသာရေးအဖွဲ့အစည်းများနှင့်နိုင်ငံတနိုင်ငံ၏
ရည်ရွယ်ချက်များ ပျက်ပြားစေရန်ရည်ရွယ်လျက်
လုပ်ကြံဖန်တီးတိုက်ခိုက်ထားသော)သတင်းများသည်လည်း လူသုံးများသော ၎င်းဝက်ဆိုဒ်များတွင်သာ
အများ ဆုံးတွေ့ရ လေ့ရှိပြီး၊ကျန်ဝက်ဆိုဒ်များတွင်မူ မတွေ့ရသလောက်ပင်ဖြစ်ပါသည်။သို့ဖြစ်ရာ
အကြာင်းအမျိုးမျိုး၊ ရည်ရွယ်ချက် အသီးသီးဖြင့် အင်တာနက် အသုံးပြုသူများအနေဖြင့်
မိမိသူတပါး အများသူငါတို့အား ကောင်း ကျိုးမပေးဘဲ၊ဆိုးကျိုးကိုသာဖြစ်စေသည့်
သတင်းမည်းများ၊လက်နက်ပုန်းသတင်းများကို ဖြန့်ဝေပေးသူများ မဖြစ်စေရန် သတိပြုကြရမည်ဖြစ်ပါသည်။သတင်းရင်းမြစ်မမှန်ကန်သော၊သတင်းဌာနလိပ်စာမပါ
သော၊ သတင်းရေးသူ မတိကျသော၊မခိုင်လုံသည့် သတင်းနှင့်ထူးခြားဖြစ်စဉ်များကို မဖြန့်ဝေမိစေရန်(Share
ခြင်း မပြုရန်)သတိထားခြင်းဖြင့်၊ အမိနိုင်ငံတော်၏အကျိုး၊ မိမိအပါအဝင်ဖြစ်သော
လူမှုအသိုင်းအဝိုင်း၏အကျိး ကို ဆောင်ရွက်ရာရောက်စေမည်ဖြစ်ကြောင်း၊ အကြံပြုအပ်ပါသည်။
-မောင်ပြည့်အောင်
No comments:
Post a Comment