အိပ်ရေးပျက်တာတို့၊
ပင်ပန်းနွမ်း နယ်လွန်းတဲ့အခါမျိုးတွေမှာ မျက် လုံးတွေက
ပင်ပန်းနွမ်းနယ်ပြီး မျက်ခွံတွေ မို့အစ်တာတို့၊ မျက်
ကွင်းတွေညိုတာတို့ဖြစ်တဲ့အခါ မှာ ရွှန်းရွှန်းစိုစို မျက်ဝန်းလေးဖြစ်
ဖို့အတွက် ပြင်ဆင်ဖို့လိုအပ်လာ တာမို့ ဘာတွေလုပ်သင့်လဲ လေ့
လာကြည့်ရအောင်ပါ။
အဖြူရောင် အိုင်းလိုင်နာသုံးပါ - မျက်ဝန်းကျယ်ကျယ်နဲ့ တောက် တောက်ပပဖြစ်ဖို့အတွက် ဆိုရင် တော့ အဖြူရောင်အိုင်းလိုင်နာနဲ့ မက်တဲလစ်ပေါင်ဒါမှုန့် အနည်း ငယ်သုံးဖို့ လိုပါတယ်။ မျက်လုံး ထောင့်နားလေးတွေကို အိုင်းလိုင် နာဆွဲလိုက်ပြီး မက်တဲလစ်ပေါင် ဒါမှုန့်လေး နည်းနည်းဖို့ ပေးလိုက် တဲ့အခါ အိပ်ချင်နေတဲ့မျက်လုံးအ စား မျက်ဝန်းကျယ်ကျယ်နဲ့ တောက်ပသွားစေမှာပါ။
မျက်လုံးတစ်ဝိုက်အရောင်တင် ပါ- မျက်ကွင်းညိုတာတွေကို ကွန်စီလာအကူအညီယူပြီး ဖျောက်ပစ်ကာ မျက်လုံးတစ်ဝိုက်ကို လင်းလာအောင် ပြင်ဆင်ပါ။
အပြာရောင်အိုင်းလိုင်နာသုံးပါ -အပြာရောင်အိုင်းလိုင်နာက မျက်လုံးကိုပိုတောက်ပသယောင် ဖြစ်စေတာမို့ ဆောင်ထားဖို့ လို ပါတယ်။
မျက်တောင်ကော့ဖို့ မမေ့ပါနဲ့ - မျက်လုံးရွှန်းစိုတောက်ပဖို့အ တွက်ဆိုရင် မျက်တောင်ကော့ ဆေးတွေကလည်း မေ့ထားလို့ မဖြစ်ပါဘူး။
မျက်လုံးတစ်ဝိုက် အရောင်ပြေး များ ခြယ်သပါ- မျက်လုံးအ ရောင်အလိုက် လိုက်ဖက်တဲ့မျက် ခွံဆိုးဆေးသုံးဖို့လည်း လိုအပ်ပါ တယ်။ ဥပမာ -နီညိုရောင်(ဒါမှ မဟုတ်)အညိုရင့်ရောင် မျက်လုံး ပိုင်ရှင်ဆိုရင် ကြေးညိုရောင်တို့၊ ရွှေ ရောင်သန်းတဲ့အရောင်မျိုး ရွေးဖို့လိုသလို မျက်လုံးအပြာဆို ရင်တော့ မြေနီရောင်လိုမျိုးတွေ ရွေးဖို့ လိုပါတယ်။
မျက်ခုံးဒီဇိုင်းပြောင်းပါ -မျက်ခုံးပုံ စံနဲ့ မျက်ခုံးအရောင်ကလည်း မျက်ဝန်းရွှန်းစိုမှုကို ထောက်ပံ့ပေး တာမို့ အလှအပကျွမ်းကျင်သူရဲ့ အကူအညီယူပြီး ကိုယ်နဲ့ လိုက် ဖက်တဲ့ မျက်ခုံးပုံစံကိုပြုပြင်ယူပါ။
Ref: wellnessbin No.1416 Friday, April 7, 2017

No comments:
Post a Comment