လူမှုအသိုင်းအဝိုင်းအတွင်း
ကျင်လည်ကျက်စားလျက် ရှင်သန်ရပ်တည်နေကြရသော စာရေး သူတို့သည် မိမိတို့ပိုင်ဆိုင်သည့်
စီးပွားဥစ္စာများဖြစ်သည့် အိုးအိမ်တိုက်တာ စိန်ရွှေရတနာ မော်တော် ကား ဘဏ်စာရင်း စသည့်တို့အပေါ်၌သာ အရိပ်တကြည့်ကြည့်ဖြင့်
အချိန်ပြည့် အာရုံဝင်စားလျက် မျက်ခြေမပြတ်စောင့်ကြည့်
နေတတ်ကြပါသည်။မိမိ၏အမြင်အာရုံ ကောင်း၏မကောင်း၏ မျက်စိစမ်း သပ်စစ်ဆေးမှု
ခံယူရန်သင့်မသင့် စသည့်ကိစ္စရပ်တွင်မူ အမှတ်မထင် လျစ်လျူရှုမိသကဲ့သို့ ဖြစ်နေ တတ်ကြပါသည်။
ထိုနည်းတူ ပစ္စုပ္ပန်ကာလ၌ မသေချာမရေရာသော ကံကြမ္မာ၏ ခြယ်လှယ်တတ် သောသဘောကို ပို၍ပင်
မေ့လျော့နေတတ်ကြပါသည်။
ကြည့်သမျှမြင်သမျှ ထုံးစံအတိုင်း
ကြည့်ကောင်းထင်ရှားနေသေးလျှင် မျက်စိဆိုသော အင်္ဂါ အစိတ်အပိုင်းကို ပို၍ပင်မေ့လျော့၍နေတတ်ကြ၏။
ထိုကဲ့သို့ မြင်ကောင်းကြည့်ကောင်းနေခြင်းသည် အစစ်အမှန်မဟုတ်သော
လှည့်စားသည့်အမြင်မျိုး ဖြစ်နေတတ်သည်ကိုမူ တွေးပင်တွေးမိကြမည် မဟုတ်ပေ။ အကယ်စင်စစ် မျက်စိရောဂါအများစု၏ ရောဂါဖြစ်စ အစောပိုင်းကာလများသည်
အလွန် ပင်သိမ့်မွေသော အခြေအနေ၌ ရှိနေတတ်ကြပါသည်။ရောဂါအခြေအနေ ရင့်လာသည်အထိ အချို့ သော
မျက်စိရောဂါများသည် အမြင်ဝေဝါးကြည့်မကောင်းသည့် လက္ခဏာကို မပြသည်များရှိပါသည်။
စမ်းသပ်စစ်ဆေးမှသာ သိရမည်ဖြစ်ပြီး ဖြစ်ပေါ်နေသည့်အခြေအနေကို အချိန်မီရပ်တန့်သွား
စေရန် တားဆီးနိုင်မည်ဖြစ်ပါသည်။
မျက်မှောက်ခေတ်
မျက်စိစမ်းသပ်စစ်ဆေးမှုဆိုင်ရာ နည်းပညာများသည် အလွန်အဆင့်မြင့် မားပြီး
ထိရောက်မှုရှိပါသည်။ မျက်စိစမ်းသပ်စစ်ဆေးသော ကိရိယာများသည်လည်း တိကျသော အဖြေကို
ထုတ်ပေးနိုင်သော ခေတ်မီပစ္စည်းများဖြစ်၏။ မျက်စိအထူးကု ဆရာဝန်ကြီးများက ကာယ ကံရှင်၏
မျက်စိကိုပုံမှန်သဘာဝအတိုင်း ဖြစ်စေ၊ လိုအပ်ပါက သူငယ်အိမ်ကိုကျယ်စေသော မျက်စဉ်း ခပ်၍ဖြစ်စေ
မျက်စိ၏ ဖောက်ပြန်သောလက္ခဏာရပ်များကို ထိုထိုသော ခေတ်မီကိရိယာများကို အသုံး ပြုလျက်
အဆင့်ဆင့်ရှာဖွေစစ်ဆေးမှု ပြုကြမည် ဖြစ်ပါ သည်။
ကွန်ပျူတာစနစ်သုံး လေဆာစကင်နာ(Laser scaner)ဖြင့်
ပုံးရှိုးကွယ်ရှိုးအန္တရယ်ပြုတတ် သည့် မြင်လွှာပေါ်ရှိ သွေးကြောများအား အသေးစိတ် စစ်ဆေးကြည့်ရှုနိုင်ပါသည်။ထို့ပြင်
မြင်လွှာ၌ဖွဲ့ စည်းပါဝင်လျှက်ရှိသည့် အမြင်အာရုံခံဆဲလ်များ(အရောင်အသွေး
အလင်းအမှောင်တို့ကို ပိုင်းခြား ဆုံးဖြတ်ရာတွင် အရေးပါသည့် ဆဲလ်များ) ကိုလွယ်ကူစွာ
ခွဲခြားစိတ်ဖြာလျက် သိပ်သည်းဆကိုတိုင်း တာနိုင်သည်အထိ ဆောင်ရွက်နိုင်သော ကိရိယာ (device)များလည်း
ရှိနေပြီဖြစ်ပါသည်။
အမြင်အာရုံခံဆဲလ်များအတွင်း
ပေါ်ပေါက်လာတတ်သည့် အမြင်ကန်းအစက်အပျောက်များ ( blind
spots)ကိုလည်း ၊ မဖြစ်ပွားမီကပင် ဖြစ်နိုင်ချေကို ကြိုတင်သိရှိတိုင်းတာနိုင်သည့်
စက်များ လည်း ပေါ်ပေါက်လာပြီဖြစ်ရာ၊တခုနှင့်တခု အချိတ်အဆက်မိမိ
တိုင်းတာသိရှိနိုင်သည့် ၎င်းခေတ်မီ စက်ကိရိယာများကိုအသုံးပြုလျက် ကျွမ်းကျင်သော မျက်စိအထူးကုဆရာဝန်ကြီးများသည် ကာယကံ ရှင်၌ ဖြစ်လာနိုင်ချေရှိသော
မျက်စိရောဂါများကို ကြိုတင်သိရှိ ကာကွယ်ပေးနိုင်သော အခြေအနေ သည် ယနေ့ခေတ်တွင်
ရှိနေပြီဖြစ်ပါသည်။
မျက်စိစမ်းသပ်စစ်ဆေးမှုကို
ပုံမှန်ပြုလုပ်ခြင်းအားဖြင့် ရေရှည်ဖြစ်ပွားတတ်သည့် မျက်စိရောဂါ များ(အတွင်းတိမ် နှင့်
ဆီးချိုရောဂါကြောင့် မြင်လွှာရှိ အရေးပါသောသွေးကြောများ ဖောက်ပြန်ခြင်း ကဲ့သို့သောရောဂါများ)ကို
ကြိုတင်သိရှိနိုင်သည့်အပြင်၊ဆန်းစစ်အဖြေရှာမှုများကို ပြုလုပ်နိုင်မည် ဖြစ်ပါသည်။
အမြင်အာရုံကျဆင်းလာမှုကို နှေးကွေးစေသည့် ကုသမှုများကိုလည်း စောလျင်စွာ
စတင်နိုင်မည်ဖြစ်၏၊
မျက်မှန်တပ်ရန်
လိုအပ်ချက်ရှိသူများအား၊ ကွန်ပျူတာစနစ်သုံး မျက်မှန်ပါဝါရှာဖွေသည့် ကိရိ ယာ(Auto
Refractometer)ဖြင့်မျက်မှန်ပါဝါရှာဖွေပြီး၊ အမြင်စမ်းကိရိယာ(Vision Tester or Sight
Tester) ဖြင့်စမ်းသပ်စစ်ဆေးပေးခြင်းအားဖြင့်
တိကျသောမျက်မှန်ပါဝါကိုရရှိစေမည်ဖြစ်၏။ မျက်မှန်လို သည့် အချိန်၌
လိုအပ်သောပါဝါမျက်မှန်ကို တပ်ဆင်စေခြင်းဖြင့်၊
အမြင်အာရုံချို့တဲ့သည့်အခြေအနေမှ
လွတ်မြောက်နိုင်မည်ဖြစ်ပါသည်။
ယခင်ဆယ်စုနှစ်များကထက် အာနိသင်နှစ်ဆခန့်
ပို၍ထက်မြက်လာသော ဆေးဝါးများ၏ အကျိုးရလာဒ်ကောင်းကြောင့် ကမ္ဘာပေါ်ရှိ
သန်းပေါင်းများစွာသော လူသားများအား အမြင်အာရုံ ဆုံး ရှုံးမှုမဖြစ်စေရန်
စောင့်ရှောက်မှုပေးနိုင်သော ခေတ်ကာလဖြစ်သော်လည်း၊ကာယကံရှင်၏ ပေါ့ဆမှု ကြောင့်
မျက်စိစမ်းသပ်စစ်ဆေးမှုမပြုလျှင် မျက်စိအထူးကုဆရာဝန်ကြီးများနှင့် ပညာရှင်အသီးသီးက
မည့်သည့်စောင့်ရှောက်ကူညီမှုကိုမျှ ပြုလုပ်ပေးနိုင်မည်မဟုတ်ပေ။
ထိုနည်းတူစွာပင် အမြင်အာရုံဆုံးရှုံးမှုကို
တဖြည်းဖြည်း တရွေ့ရွေ့မသိမသာဖြစ်ပွားလာစေ သည့် အာဟာရချို့တဲ့မှုကြောင့်
ဖြစ်သည့်မျက်စိရောဂါ နှင့် မျိုးရိုးဗီဇကြောင့်ဖြစ်သည့် မျက်စိပြဿနာ များ
သည်လည်း၊အောင်မြင်သည့် ကုသမှုနည်းပညာများ( Stem cell therapy နှင့်Gene therapy
တို့ကဲ့ သို့)မည်သို့ပင်ထွန်းကားနေသည် ဖြစ်စေကာမူ အခါအခွင့်သင့်မှသာ
အကောင်အထည်ဖော် ကုသခွင့် ရရှိနိုင်မည်ဖြစ်ပါသည်။
မျက်စိအမြင်အာရုံကို
လုံးဝဆုံးရှုံးသည်အထိ အန္တရယ်ပြုနိုင်သော ရေတိမ်(Glucoma)ကို စောစီးစွာ သိရှိပါက
ရေတိမ်ကုသရာတွင်အသုံးပြုသည့် လေဆာရောင်ခြည်(Argon Laser)သုံး ခေတ် မီကိရိယာဖြင့်
သက်တောင့်သက်သာ ကုသမှုပြုနိုင်သကဲ့သို့၊ မြင်လွှာ၌ဖြစ်ပေါ်သည့် အန္တရယ်ကြီးမား သည့်
ပြဿနာများကိုလည်း စောစီးစွာသိရပါက မြင်လွှာကုသရာတွင် အသုံးပြုသည့် လေဆာရောင် ခြည်(YAG
Laser )သုံးကိရိယာဖြင့် သက်တောင့်သက်သာ ကုသပေးနိုင်မည်ဖြစ်ပါသည်။
သို့ဖြစ်ရာ မျက်စိစမ်းသပ်စစ်ဆေးမှုကို တွေးထင်ယူဆမှုသက်သက်ဖြင့်
အချိန်မဖြုန်းဘဲ လက် တွေ့ကျကျ စမ်းသပ်စစ်ဆေးမှုခံယူသင့်ကြောင်းအကြံပြုလိုပါသည်။
သို့မှသာ ကြိုတင်ကာကွယ်မှုနှင့် ကုသမှုများအပါအဝင် အကြံပေးမှုများကို
မျက်စိအထူးကုဆရာဝန်များက ပြုလုပ်ပေးနိုင်မည်ဖြစ်ပြီး၊ မလိုလားအပ်သည့်
အမြင်အာရုံဆုံးရှုံးမှုများသည်လည်း ပေါ်ပေါက်လာမည်မဟုတ်ပေ။စီးပွာဥစ္စာတိုး
ပွားစေရေးအတွက် ပုံမှန်ရင်းနှီးမြှုပ်နှံမှုများ ပြုသကဲ့သို့ အသက်ရှည်သမျှကာလပတ်လုံး
အမြင်အာရုံ မဆုံးရှုံးစေရေးအတွက် ပုံမှန်မျက်စိစမ်းသပ်စစ်ဆေးခြင်းတည်းဟူသော
ရင်းနှီးမြှုပ်နှံမှုကိုလည်း ပြု သင့်ပါကြောင်း စေတနာကောင်းဖြင့် ရေးသားအပ်ပါသည်။ ( Dan
Roberts, Editor-in-Chief of Living Well with Low Vision from Prevent
Blindness ရေးသားသည့် Eye Exams: More Important Than You Might Think ကိုမှီငြမ်းပါသည်။)
No comments:
Post a Comment