27.6.17

မျက်စိများကို ဂရုစိုက်ပါ။www.7daydaily.com.No.1484 Sunday, June 25, 2017


ကွန်ပျူတာနှင့် စမတ်ဖုန်းများ အသုံးပြုမှု ပိုများလာစဉ် ကွန်ပျူတာမျက်နှာပြင်ကို ကြည့်ခြင်းနှင့်ဆိုင်သော အမြင်အာရုံချို့တဲ့မှုကို ကာကွယ်ရန် အကောင်းဆုံးနည်းလမ်းမှာ မျက်စိများကို မကြာခဏ အနားပေးခြင်းဖြစ်သည်ဟု ပညာရှင်များကပြောသည်။
ကွန်ပျူတာကိုအချိန်အကြာကြီး စိုက်ကြည့်ခြင်းကြောင့် အ မြင့်အာရုံကို ခေတ္တဝေဝါးသွားစေနိုင်သည်။ ကွန်ပျူတာအသုံးပြုနေ ချိန်အတွင်း အဝေးတစ်နေရာသို့ ခေတ္တကြည့်ပေးခြင်းဖြင့် မျက်စိအတွက် အထောက်အကူဖြစ်နိုင်သည်။ မိနစ် ၂၀ မှ ၃၀ ကြာတိုင်း မျက်စိကို မိနစ်အနည်းငယ် ပိတ်ထားခြင်းဖြင့်လည်း မျက်စိကျန်းမာရေးကို ကောင်းမွန်စေနိုင်သည်။

နှစ်အနည်းငယ်ကြာတိုင်း မျက်မှန်များ လဲလှယ်ရန် လိုသော် လည်း မျက်မှန်ကြောင့် မျက်စိကိုအားနည်းစေခြင်း မရှိပေ။ သို့သော် အရွယ်ကိုလိုက်၍ အမြင်အာရုံပြောင်းလဲမှုများ ဖြစ်နိုင်သည်။
မျက်စိနားတစ်ဝိုက် မိတ်ကပ်လိမ်းခြင်းနှင့် အခြားအလှပြင်ခြင်းများကြောင့် မျက်စိကို ထိခိုက်စေနိုင်သဖြင့် သတိထားသင့် သည်။
ဆေးလိပ်သောက်ခြင်းကြောင့် အမြင်အာရုံအဆင့် လျော့ကျမှုများ ဖြစ်စေနိုင်သဖြင့် ဆေးလိပ်ဖြတ်သင့်သည်။ ဆေးလိပ်သောက်ခြင်းကြောင့် မျက်စိ၏ သွေးကြောမျှင်လေးများ ပျက်စီးနိုင် သည်။
မျက်ကပ်မှန်တပ်ဆင်နေရပါက ညအချိန်ထိ မျက်ကပ်မှန် တပ်မထားသင့်ဘဲ မှန်ကန်သောနည်းလမ်းဖြင့် အသုံးပြုရန် အရေးကြီးသည်။  သို့မဟုတ်ပါက အမြင်အာရုံဆုံးရှုံးနိုင်သည်။ မျက်ကပ်မှန်များကို သန့်စင်သော ရေထဲတွင်ထားကာ သန့်ရှင်းသော လက်များဖြင့် ကိုင်တွယ်သင့်သည်။
ဘဝတစ်သက်တာတွင် မျက်မှန်တပ်ရခြင်း၊ မျက်ကပ်မှန်တပ် ဆင်ရခြင်း (သို့မဟုတ်) မျက်စိခွဲစိတ်ကုသခံရခြင်းတို့ကို တစ်ချိန်ချိန် ကြုံတွေ့ရမည်မှာ အသေးအမွှားပင်ဖြစ်သည်။ သို့သော်အပြင်ဘက် သဘာဝပတ်ဝန်းကျင်တွင် အချိန်ကြာကြာနေခြင်းဖြင့် အမြင်အာရုံ ကို ပိုကောင်းစေကြောင်း လေ့လာမှုများကဖော်ပြသည်။

No comments:

Post a Comment