လာမည့်ဆယ်စုနှစ်လေးခုအတွင်း၌ ကမ္ဘာ့တဝန်းမျက်မမြင်နှုန်းထားသည်
လက်ရှိထက်သုံးဆ မျှမြင့်တက်လာနိုင်ကြောင်း သုတေသနပညာရှင်များ၏
သတင်းထုတ်ပြန်ချက်များအရသိရပါသည်။ Lancet Global Health သုတေသနအဖွဲ့၏ ကနဦးထုတ်ပြန်ချက်တွင်၊လက်ရှိဆောင်ရွက်နေသော
မျက်စိကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများကို တိုးချဲ့ခြင်းနှင့်
ငွေကြေးထောက်ပံ့မှုများပိုမိုထောက် ပံ့ခြင်းမပြုခဲ့လျှင်၊ ပြီးခဲ့သည့် ၂၀၁၅ ခုနှစ်၌
ကမ္ဘာတဝန်းမျက်မမြင်ဦးရေ ၃၆သန်းရှိရာမှ ၊ လာမည့် ၂၀၅၀ ပြည့်နှစ်တွင် ၁၁၅ သန်းထိ
တိုးလာနိုင်ခြေရှိကြောင်း ခန့်မှန်းဖော်ပြပါသည်။
မီးမောင်းထိုးပြ
သုတေသနစာတမ်းကို ဦဆောင်ရေးသားသူ
ယူနိုက်တက်ကင်းဒန်း၊ကင်းဘရစ်တက္ကသိုလ် (Anglia Ruskin University)မှ Rupert Bourne
ကအထက်ဖော်ပြပါ အခြေအနေနှင့် ပတ်သက်၍ “မျက်စိကျမ်းမာရေးစောင့်ရှောက်မှု
လုပ်ငန်းအားလုံး၏စံနှုန်းကိုအဆင့်မြှင့်တင်ရန်နှင့် လုပ်ငန်းများကို ပိုမိုကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ရန်
လိုအပ်လာပြီဖြစ်ကြောင်း မီးမောင်းထိုးပြလိုက်ခြင်းပင်ဖြစ်သည်” ဟု မှတ်ချက်ပြုပါသည်။
ကမ္ဘာ့တဝန်းလူနေမှုစနစ်မြင့်မားပြီး
ခေတ်မီဖွံ့ဖြိုးတိုးတက်လာမှုကြောင့် အသက်ကြီး (အသက် ရှည်ရှည်နေရ)သူအရေအတွက် တိုးပွားများပြားလာသောအချက်ကလည်း၊မျက်မမြင်နှုန်းမြင့်တက်လာ
ရခြင်း၏ နောက်ခံအကြာင်းတခုဖြစ်၏။ကမ္ဘာ့လူဦးရေ စဉ်ဆက်မပြတ် တိုးပွားလာသည့်နည်းတူ အ သက်ရှည်ကြသူအရေအတွက်လည်း
များနေသည့်အတွက် လူဦးရေအနည်းအများပေါ်မူတည်၍ တွက် ချက်ရသော
မျက်မမြင်ဖြစ်သူ၊မျက်စိမှုန်သူတို့၏ အချိုးအစားသည်လည်း မြင့်မားလာရခြင်းဖြစ် ပါသည်။
စနစ်တကျစိစစ်လေ့လာ
အထက်ပါ Lancet Global Health
သုတေသနအဖွဲ့သည် ကမ္ဘာ့လူဦးရေတိုးနှုန်းနှင့်ပြန်နှံ့နှုန်း များအပေါ်အခြေခံလျှက်
မျက်စိမှုန်ခြင်းနှင့် မျက်မမြင်ဖြစ်ပွားမှုများကို နိုင်ငံပေါင်း(၁၈၈)နိုင်ငံတွင်၊
ကနဦးခန့်မှန်းချက်အပေါ်အခြေခံ၍ ထပ်မံလေ့လာ သုတေသနပြုခဲ့ကြပါသည်။ ထိုနိုင်ငံများတွင်
အသက်အရွယ်၊လိင်ကွဲပြားမှုနှင့် နိုင်ငံ၏ဖွံ့ဖြိုးတိုးတက်မှုအခြေအနေ စသည့်ဖြင့်
စနစ်တကျခွဲခြား လျှက် တွက်ချက်သုံးသပ်ခဲ့ကြ၏။ထို့ပြင် အချိန်ကာလနှင့်
နေထိုင်မှုပုံစံကြောင့် လူသားတို့၏ခန္ဓာကိုယ် တွင်းဇီဝဖြစ်စဉ်ပြောင်းလဲလာမှုများကို
စနစ်တကျစိစစ် လေ့လာမှုများကိုလည်း ပြုလုပ်ခဲ့ကြ၏။
မျက်မမြင်နှုန်းကျဆင်းရေး
ထိုလေ့လာမှုများ၏
တွေ့ရှိချက်များကညွှန်ပြနေသည်မှာ မျက်မှောက်ကာလ၌ ကမ္ဘာတဝန်း
သာမန်အမြင်အာရုံချို့ယွင်းသူ(မျက်စိမှုန်သူ)သန်း(၂၀၀)ခန့်ရှိနေပြီး၊ဤအခြေအနေသည်
၂၀၅၀ပြည့် နှစ်တွင် သန်း (၅၅၀)ခန့်ထိ၊ဖြစ်လာနိုင်သည်ဟု မျှော်လင့်ရကြောင်းဆိုပါသည်။သို့ဖြစ်ရာ
အနာဂတ် ဆယ်စုနှစ်များတွင် ဖြစ်နိုင်ခြေရှိနေသော မျက်မမြင်နှုန်းမြင့်မားလာမှုကို
ထိမ်းချုပ်ရန်နှင့် ကျဆင်းလာ စေရေးအတွက် ယခုကတည်းကကြိုးပမ်းကြရန်
လိုအပ်လာပြီဖြစ်ပါသည်။
ဓနအင်အားတောင့်တင်းသော
ဖွံဖြိုးပြီးနိုင်ငံကြီးများတွင်ကြုံတွေ့နေရသော အမြင်အာရုံချို့တဲ့ မှု
(မျက်စိမှုန်ခြင်း)၏ အကြောင်းရင်းခံများသည် သိမ့်မွေ့သောသဘောရှိပြီး၊ ကာယကံရှင်၏
နေထိုင် မှုပုံစံ(Life style)နှင့်အထူးသဖြင့် သက်ဆိုင်နေကြောင်း သုတေသနအဖွဲ့၏
ခေါင်းဆောင်ဖြစ်သူ Bourne ကပြောပါသည်။ ယခုလက်ရှိ လူနေမှုအဆင့်အတန်းနှင့် ဓနအင်အားလျော့ကျမသွားစေရေး
အတွက် ကြိုးစားနေကြသော လူမှုအသိုင်းအဝိုင်းအတွင်း၊ မျက်စိမှုန်ခြင်းမဖြစ်စေရန်နှင့်
လျော့ကျလာ စေရန် ပညာရှင်များကကြိုးပမ်းကြရာတွင်လည်း၊ ၎င်းတို့၏
ပညာရေး၊စီးပွားရေးဆိုင်ရာအလုပ်များ (မျက်စိ အလွန်အမင်း အသုံးချမှုများ)အား
ကန့်သတ်ခြင်း၊လျှော့ချရန်တိုက်တွန်းခြင်းများ ပြုရမည်ဖြစ် ရာ သက်ဆိုင်သူများ၏
အခွင့်အရေးများကို ပိတ်ပင်ရာရောက်သည့်အတွက် ပညာရှင်များအနေဖြင့် ချင့်ချင့်ချိန်ချိန်
ဆောင်ရွက်ကြရပါမည်။ကာယကံရှင်ကိုယ်တိုင် လက်ခံနိုင်လောက်သည့် အကျိုး အကြောင်းဆီလျော်သော
အကြောင်းပြချက်များကိုရှာဖွေ၍ ဆွေးနွေးပြောဆိုကြရပါမည်။ အကြံပြု ချက်များဖြင့်
လိုက်နာလာအောင် ကြိုးစားကြရပါမည်။
ကမ္ဘာတဝန်းရှိဒေသဆိုင်ရာဖွံ့ဖြိုးဆဲနိုင်ငံများ(အထူးသဖြင့်အရှေ့တောင်အာရှ
နှင့် အာဖရိက နိုင်ငံများ)၌ မျက်မမြင်နှင့်မျက်စိမှုန်သူလျော့ကျလာစေရေးအတွက်
အရေးကြီးသောအချက်မှာ သက် ဆိုင်ရာဒေသ၏ ပြည်သူ့ကျမ်းမာရေးပေါ်လစီများ ဖွံ့ဖြိုးတိုးတက်လာစေရေးပင်ဖြစ်ကြောင်း
သုတေ သီတို့က ယုံကြည်ကြပါသည်။ပြည်သူ့ကျမ်းမာရေးစောင့်ရှောက်မှုကဏ္ဍ၌
အတွင်းတိမ်ခွဲစိတ်ကုသမှု နှင့် မျက်မှန်တပ်ရန်လိုသူများအား
မျက်မှန်ပေးနိုင်ရေးကိစ္စရပ်များတွင် ပိုမိုရင်းနှီးမြှုပ်နှံကြရန်လည်း လိုပါသည်။
ပြည်သူ့ကျမ်းမာရေးတိုးတက်ရေး
ထိုကဲ့သို့ ဒေသဆိုင်ရာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏
ပြည်သူ့ကျမ်းမာရေးစီမံချက်များ တိုးတက်စေရေး အတွက် စိတ်ချသေချာသော
စီမံဆောင်ရွက်မှုမှာ ပြည်ပနိုင်ငံကြီးများ၏ ရင်းနှီးမြှုပ်နှံမှုများကို ဖိတ်
ခေါ်ခြင်းပင်ဖြစ်ကြောင်း သုတေသီတို့က အဆိုပြုပါသည်။ဖွံ့ဖြိုးဆဲနိုင်ငံများ၏
အခြေခံအဆောက်အအုံ လိုအပ်ချက်နည်းခြင်း၊လုပ်သားအင်အားလိုသလောက်ရနိုင်ခြင်းနှင့်
လုပ်ခလစာသက်သာခြင်း စသည့် အားသာချက်များက
ရင်းနှီးမြှုပ်နှံသူများနှစ်သက်သောအချက်များဖြစ်ကြောင်း ထောက်ပြကြပါသည်။
မျက်စိကျမ်းမာရေးစောင့်ရှောက်
သုတေသနအဖွဲ့ဝင်ဖြစ်သူ
မျက်စိကျမ်းမာရေးစောင့်ရှောက်မှုပရဟိတအဖွဲ့မှ Imran Khan က ထိုအချက်ကို ထာက်ခံပြီး၊ဖွံဖြိုးဆဲနိုင်ငံများ၏ မျက်စိကျမ်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ
ဖွံ့ဖြိုး တိုးတက်ရေးအတွက် မျက်စိအထူးကုဆရာဝန်များ ပိုမိုစေလွှတ်ပေးရေးနှင့် ကျွမ်းကျင်သောသူနာပြု
များ၊ ပညာရှင်များမွေးထုတ်ပေးနိုင်ရန်အတွက် လေ့ကျင့်သင်ကြားမှုများကိုစဉ်ဆက်မပြတ် ပြုလုပ်ပေး ရန်လည်းအရေးကြီးကြောင်းကို ထပ်မံအကြံပြုပါသည်။
(Ref ; “Global blindness rates expected to soar
within a few decades” By Sally Robertson, BSc(August 3,2017). Source..http://www.bbc.co.uk/news /health,https://www.news-medical.net
/news/2017)

No comments:
Post a Comment