မျက်စိမှုန်ခြင်းအမျိုးအစားများတွင် အက်စတစ်မက်တစ်ဇင် (astigmatism)ရှိလျှင် ဆလင်ဒါ ပါဝါ မျက်မှန်တပ်ပါက မြင်နိုင်သည်ကို အများအားဖြင့် သိကြပြီးဖြစ်သည်ဟုထင်ပါသည်။ သို့သော် လည်း ဆလင်ဒါပါဝါမျက်မှန်တပ်ခြင်းဖြင့် အမြင်အာရုံတိုးတက်မှုမရှိသည့် အက်စတစ်မက်တစ်ဇင် အမျိုးအစားလည်းရှိသည်ကို ရေးသားလိုပါ သည်။အက်စတစ်မက်တစ်ဇင်(astigmatism)(ခေါ်) ဆလင်ဒါ ပါဝါသည် မျက်ကြည်လွှာအခုံးမညီခြင်း၊ပုံသဏ္ဍန်မမှန်ခြင်းများကြောင့် ဖြစ်သော ဆလင်ဒါ ပါဝါ (corneal astigmatism)၊ မျက်စိတွင်းမှန်ဘီလူး အခုံးမညီခြင်းနှင့် ပုံသဏ္ဍန် မမှန်ခြင်းကြောင့်ဖြစ် သော ဆလင်ဒါပါဝါ (lenticular astigmatism)နှင့် ၄င်းနှစ်မျိုးလုံးကြောင့်ဖြစ် သော ဆလင်ဒါပါဝါ (corneal lenticular astigmatism) ဟူ၍ ရှိပါသည်။ မျက်စိတွင် ကြည်လင်သော အမြင်ကိုရရှိစေ သော အကြောင်းရင်းမှာ မျက်စိတွင်းသို့ ဝင်ရောက်လာသော ပုံရိပ်အလင်းတန်းများသည် မျက်ကြည် လွှာ၊ မျက်စိတွင်းမှန်ဘီလူး တို့ကိုဖြတ်သန်းလျှက် အလင်းတန်းဖြတ်သန်းရာလမ်းကြောင်း(meridian) တလျှောက် တခုတည်းသော အလင်းတန်း ကိုဖြစ်ပေါ်စေပြီး မြင်လွှာတွင် တခု တည်းသော ဆုံမှတ်ကို ကျရောက်စေသော ကြောင့် ဖြစ်ပါသည်။
အလင်းတန်းဖြတ်သန်းရာ လမ်းကြောင်း (meridian)တွင် ရှိသောမျက် ကြည်လွှာနှင့် မျက်စိ တွင်း မှန်ဘီးလူးတို့၏ ပုံသဏ္ဍန်များမမှန်သောအခါတွင် တခုထက်ပိုသော ပုံမမှန် အလင်းတန်းများကို ပေါ်ပေါက်စေပြီး၊မြင်လွှာပေါ်တွင် တခုထက်ပိုသော ဆုံမှတ်များဖြစ်လာသောကြောင့် အမြင် အာရုံကို မှုန်ဝါးစေ ခြင်းဖြစ်ပါသည်။ (၁၆/၉/၁၈ ရက်နေ့ထုတ် ရတနာပုံနေ့စဉ်သတင်းစာပါ သိမှတ်ဖွယ်ရာ ဆ လင်ဒါပါဝါ ဆောင်းပါးကိုလည်းရှု)
မျက်စိပညာရပ်ဆိုင်ရာ အခေါ်အဝေါ်အားဖြင့် အက်စတစ်မက်တစ်ဇင် (Astigmatism)သည် အခြားသော မျက်စိမှုန်ခြင်းများဖြစ်သော အမြင် အလျားတိုသောကြောင့် အဝေးမှုန်ခြင်း (Myopia)နှင့် အမြင်အလျား ရှည်သောကြောင့် အဝေးမှုန်ခြင်း(Hyperopia)တို့နှင့်လည်း တွဲ၍ တွေ့ရတတ်ပါသည်။
ရိုးရိုးအက်စတစ်မက်တစ်ဇင်(Regular astigmatism) နှင့် မူမမှန်အက် စတစ်မက်တစ်ဇင်(Irregular Astigmatism)
မျက်စိကုသမှုဆိုင်ရာအချက်အလက်များနှင့် ထူးခြားသော လက္ခဏာရပ်များ၊ မျက်စိ၏ အင်္ဂါ အစိတ် အပိုင်းများ နှင့် ၄င်းတို့၏ လုပ်ဆောင်ချက်များအပေါ်မူတည်၍ အက်စတစ်မက်တစ် ဇင်ခေါ် ဆလင်ဒါ ပါဝါကို ရိုးရိုးဆလင်ဒါပါဝါနှင့် မူမမှန်ဆလင်ဒါပါဝါဟူ၍ နှစ်မျိုးခွဲခြားထားကြပါသည်။
ထိုသို့ခွဲခြားရာတွင် အဓိကအားဖြင့် မျက်ကြည်လွှာ၏ အလယ်တွင် ရှိသော အခုံးထိပ်တည့် တည့်မှ မျက်စိသူငယ်အိမ်ကိုဖြတ်လျှက် မြင်လွှာ အထိရောက်သော ပုံရိပ်အလင်းတန်း ဝင်ရောက် ရာလမ်းကြောင်းတေ လျှာက်(မျက်စိရှေ့ခန်းနှင့်မျက်စိနောက်ခန်းနှစ်ခုစလုံး- both anterior and posterior) ရှိ အမြင်လမ်းကြောင်း(Meridian of the eye)၏ အခြေအနေကိုကြည့်၍ ဆုံးဖြတ်ကြသည် ကိုတွေ့ရပါသည်။ မျက်ကြည် လွှာကိုဖြတ်သန်းလျှက် ပုံရိပ်အလင်းတန်းများ ထောင်လိုက်ဝင်ရောက် လာ သော အမြင်လမ်းကြောင်းသည် ရိုးရိုးဆလင်ဒါပါဝါနှင့် မူမမှန် ဆလင်ဒါပါဝါတို့ကို ကွဲပြားစေပါသည်။
ရိုးရိုးအက်စတစ်မက်တစ်ဇင်( Regular astigmatism)
မျက်ကြည်လွှာနှင့်မျက်စိတွင်းမှန်ဘီလူးတို့အခုံးမညီခြင်းကြောင့် ဖြစ်သော အက်စတစ်မက် တစ်ဇင်(ဆလင်ဒါပါဝါ)သည် ရိုးရိုး ဆလင်ဒါပါဝါဖြစ်ပါသည်။ ရိုးရိုးဆလင်ဒါပါဝါတွင် အောက်ပါအတိုင်း အမျိုးအစား(၃)မျိုး ရှိသည်ကိုတွေ့နိုင်ပါသည်။
(၁) လားရာတူ အလင်းပြန်လျှက် မျက်စိအမြင်လမ်းကြောင်း(meridian )အတွင်းသို့ ထောင်လိုက် (vertical ,90ံ) အလင်းတန်းများအဖြစ် ဝင်ရောက်လာသော အက်စတစ်မက်တစ်ဇင်။ဤအမျိုး အစားကို များသောအားဖြင့် ကလေးများတွင်တွေ့ရတတ်ပါသည်။
(၂) ဆန့်ကျင်ဖက်အလင်းပြန်လျှက် မျက်စိအမြင်လမ်းကြောင်း အတွင်း သို့ ကန့်လန့်ဖြတ် (horizontal – 180)အလင်းတန်းများ အဖြစ် ဝင်ရောက်လာသော အက်စတစ်မက်တစ်ဇင်။ ဤအမျိုးအစားကို လူကြီးများတွင် အများအားဖြင့် တွေ့ရတတ်ပါသည်။
(၃) ထောင်လိုက်(vertical ,90ံ)၊ကန့်လန့်ဖြတ်(horizontal – 180ံ) တို့မှသွေဖည်လျှက် မျက်စိ အမြင်လမ်းကြောင်းအတွင်းသို့ အမျိုးမျိုး အစားစားသော လမ်းကြောင်းများ(30ံ-60ံ,120ံ-150ံ
စသည်)ဖြင့် ပုံရိပ်အလင်းတန်း များဝင်ရောက်လာသော အက်စတစ် မက်တစ်ဇင်၊ ဤအမျိုးအစား သည် မျက်လုံး (Eye ball) ပုံသဏ္ဍန် မမှန်သောကြောင့် ဖြစ်သော အက်စတစ်မက် တစ်ဇင်ဖြစ်ပါ သည်။ (ဥပမာ-မျက်လုံး၏ပုံသဏ္ဍန်သည် ညီညာစွာလုံးဝန်း၍ မနေဘဲ မသိမသာ ရှည်မျောမျော ဖြစ်နေခြင်း)
ရိုးရိုးအက်စတစ်မက်တစ်ဇင်ရှိသူကိုကုစားခြင်း
သတ်မှတ်စံချိန်စံညွှန်းနှင့်ညီညွတ်သော ဆလင်ဒါပါဝါမျက်မှန်ကို တပ်ဆင်စေခြင်းသည် ရိုးရိုး အက်စတစ်မက်တစ်ဇင်ရှိသူကိုကုစားသော အသုံးများသည့်နည်းဖြစ်ပါသည်။ပါဝါနိမ့်သော အက်စတစ် မက်တစ်ဇင် ရှိသူများကို မျက်ကြည်လွှာ၏ပုံသဏ္ဍန်ကိုပြုပြင်ပေးသော ငွေ့ရည်စိမ့် ဝင်ဖြတ်သန်းဝင် ရောက် နိုင်သည့် မျက်ကပ်မှန်(Soft or rigid gas permeable (RGP) contact lense) ကိုတပ်ဆင် စေခြင်းဖြင့် လည်း ကုစားနိုင်ပါသည်။ ထိုမျက်ကပ်မှန်ကိုတပ်ဆင်ခြင်းဖြင့် မျက်ကြည်လွှာ သည် မျက် ကပ်မှန်တပ်ထားသောအချိန်တွင် ပုံမှန် အတိုင်းပြန်ြ ဖစ်သွားပြီး ကြည်လင်ပြတ် သားသော အမြင်ကိုရရှိ စေမည်ဖြစ်ပါသည်။
မူမမှန်အက်စတစ်မက်တစ်ဇင်(Irregular Astigmatism)
မျက်ကြည်လွှာနှင့်မျက်စိသူငယ်အိမ်တို့ပါဝင်သော အမြင် လမ်းကြောင်းတလျှောက် ဖြတ်သန်း လာသော အလင်းတန်းများသည် ရိုးရိုးအက်စတစ်မက်တစ်ဇင်၏ ထောင်လိုက်(vertical ,90ံ)၊ကန့် လန့်ဖြတ်(horizontal – 180) အနေအထားတို့မှသွေဖည်လျှက် (30ံ-60ံ,120ံ-150 , စသည်ဖြင့် လည်းမဟုတ်မူဘဲ ခန့်မှန်းရခက်ခဲသော) မူမမှန်သောယိုင်ဒေါင့်အမျိုးမျိုး နှင့် အလင်းတန်း အမျိုးမျိုး ကိုဖြစ်စေေ သာကြောင့် အမြင်အာရုံဝေဝါးစေခြင်းကို မူမမှန်အက်စတစ်မက် တစ်ဇင်(Irregular Astigmatism) ဟုခေါ်ပါ သည်။
မျက်ကြည်လွှာတွင် အနာ ဒဏ်ရာရှိခြင်း၊အတွင်းတိမ်ရှိခြင်း၊ မျက်သားတက်ခြင်း၊မျက်ရည် ခမ်း ခြောက်ခြင်း စသည့်ဖြင့် ဆေးဝါး ကုသမှုနှင့် ခွဲစိတ်ကုသရန်လိုအပ်သော မျက်စိရောဂါ တစ်မျိုးမျိုး ကြောင့် မူမမှန်အက်စတစ်မက်တစ်ဇင်(Irregular Astigmatism) များဖြစ်ပွားရပါ သည်။တနည်းအား ဖြင့် ထိုထို သောမျက်စိရောဂါတမျိုးမျိုးရှိသူများတွင် မူမမှန်ဆလင်ဒါပါဝါရှိတတ်ပါသည်။
မူမမှန်အက်စတစ်မက်တစ်ဇင်ရှိသူကိုကုစားခြင်း
မူမမှန်အက်စတစ်မက်တစ်ဇင် ရှိသောသူအား အမြင်အာရုံတိုး တက်လာစေရန်မှာ ဆလင်ဒါပါ ဝါမျက်မှန်တပ်စေခြင်းဖြင့် ဖြစ်နိုင် မည်မဟုတ်ပေ။ ထိုမျက်စိရောဂါများကို ပျောက်ကင်းအောင် မျက် စဉ်း သို့မဟုတ် ဆေးဝါးဖြင့်ကုသခြင်း သို့မဟုတ် ခွဲစိတ်ကုသခြင်းပြုပြီး မှ သာလျှင် မျက်စိရောဂါလည်း ပျောက် အက်စတစ်မက်တစ်ဇင်လည်း ပျောက်မည်ဖြစ်ပါသည်။
ဥပမာအားဖြင့် မျက်ဖြူလွှာပေါ်တွင် မူမမှန်တစ်ရှုးများ ပွားများလာရာ မှတဆင့် မျက်ကြည်လွှာ ဧရိယာ အတွင်းဝင်ရောက်လာပြီး၊မျက်ကြည် လွှာ၏ ပုံသဏ္ဍန်ကို ပျက်ယွင်းစေသည့် မျက်သား တက်ခြင်း တွင်၊မျက် သားများကိုခြစ်ထုတ်ဖယ် ရှား ခြင်း၊ထပ်မံမဖြစ်ပွားအောင်တားဆီးခြင်း များကိုပြုလုပ်ပြီးမှ သာလျှင် မျက်ကြည်လွှာသည် မူလပုံသဏ္ဍန် သို့ ပြန် လည်ရောက်ရှိ မည်ဖြစ်ပါသည်။မျက်ကြည်လွှာ ပုံသဏ္ဍန်မမှန်သောကြောင့်ဖြစ်သည့် အက်စတစ် မက်တစ်ဇင်လည်းပျောက်ကွယ် သွားမည်ဖြစ်ပါ သည်။
သို့ဖြစ်ရာ အက်စတစ်မက်တစ်ဇင်ခေါ် ဆလင်ဒါပါဝါအမျိုးအစားနှစ် မျိုးရှိပြီး တစ်မျိုးနှင့်တမျိုး ကုစားပုံခြင်း တူညီမှုမရှိကြောင်း မျက်စိ ကျန်းမာရေးဗဟုသုတအလို့ငှာ ရေးသားလိုက်ရပါသည်။
https://www.news-medical.net/…/Astigmatism-Types-Regular-an…, တွင် Afsaneh Khetrapal BSc (Hons)ရေးသားသောAstigmatism Types - Regular and Irregular ကိုမှီငြမ်းပါသည်။
ပြည့်အောင်(COA)

No comments:
Post a Comment