မျက်ဖြူလွှာဧရိယာ၌ သွေးခြေဥခြင်းနှင့်မျက်ကြည်လွှာ(cornea)၏နောက်ဖက် မျက်စိရှေ့ပိုင်း အခန်းငယ်(Anterior chamber)အတွင်းသွေးယိုစိမ့်ခြင်းများကို ဆိုလိုပါသည်။အောက်ဖော်ပြ ပါ ပုံများကိုလေ့လာကြည့်ပါ။
ဖော်ပြပါပုံများတွင် အထက်လက်ဝဲဖက်နှင့် အောက်ပုံများတွင် မျက်စိ၏အဖြူရောင် ဧရိ ယာ၌ သွေးခြေဥနေသည်ကို တွေ့မြင်ကြရမည်ဖြစ်ပါသည်။၎င်းသွေးအစုအဝေးသည် မျက်မြှေး လွှာ(conjunctiva) နှင့် မျက်ဖြူလွှာ(sclera)နှစ်ခု အကြား၌ ရှိနေခြင်းဖြစ်ပါသည် ။ ထို့ကြောင့် ၎င်းကို မျက်မြှေးလွှာအောက်၌ သွေးခြေဥခြင်း( ဆက်ကွန်ဂျန်တေဘယ်ဟဲမရိတ် subconjun -ctival haemirrhage-SCH) ဟုခေါ်ပါသည် ။ ၎င်းသည် အမြင်အာရုံကျဆင်းခြင်း နှင့် နာ ကျင်ခြင်းများ မရှိပါ။
အချို့သောသက်ကြီးရွယ်အိုများသည်လည်း တစုံတရာထိခိုက်မိခြင်း မရှိဘဲ subcon -junctival haemorrhae ဟုခေါ်သော မျက်မြှေးလွှာအောက်၌ သွေးခြေဥခြင်းမျိုးဖြစ်တတ်ပါ သည်။၎င်းကို အိုင်ဆိုလိတ်တက်ဟဲမရိတ်(isolated haemorrhae) ဟုခေါ်ပါသည်။ ထိခိုက်မှု မရှိဘဲ သူ့အလိုလျောက် သီးခြားပေါ်ပေါက်လာသော မျက်စိသွေးခြေဥနာဟု ခေါ်ရမည်ဖြစ်ပါ သည်။မည်သည့်ကုသမှုမှ အထူးမလိုအပ်ဘဲ ရက်သတ္တ နှစ်ပတ် သုံးပတ်ခန့်(two or three weeks)အတွင်း အလိုလျောက် သက်သာပျောက်ကင်းသွားမည်ဖြစ်ပါသည်။
အထက်အပေါ်ပုံ၏ လက်ယာဖက်ပုံတွင် မျက်ကြည်လွှာ(cornea)နှင့် မျက်နက်ဝန်း (Iris) တို့အကြား မျက်စိရှေ့ပိုင်းအခန်းငယ်(Anterior Chamber) အတွင်းတွုင်သွေးအစု အဝေးကိုတွေ့ကြရမည်ဖြစ်ပါသည်။၎င်းကို မျက်စိရှေ့ပိုင်းအခန်းငယ်အတွင်း သွေးယိုစိမ့်ခြင်း (Hyphaema) ဟုခေါ်ပါသည်။ဤအခြေအနေမျိုးတွင် သွေယိုစိမ့်ခြင်း များလာပါက မျက်စိ တွင်းဖိအား(Intraoccular pressure-IOP) ကိုတိုးလာစေပြီး မလိုလားအပ်သော အခြေအနေ များ ပေါ်ပေါက်လာနိုင်သဖြင့် မျက်စိအထူးကုဆရာဝန်နှင့် အမြန်ဆုံးပြသရန်လိုအပ်ပါသည်။
မျက်စိသွေးခြေဥခြင်းနှင့် သွေးယိုစိမ့်ခြင်းများသည် မတော်တဆဖြစ်မှုများတွင် အများ ဆုံး တွေ့ရလေ့ရှိပြီး ဘောလုံးမှန်ခြင်း၊လက်သီးဖြင့်ထိုးမိခြင်း၊လက်ဖြင့်ရိုက်မိခြင်း စသည်ဖြင့် တုံးသော အရာဝတ္တု များဖြင့်ထိခိုက်မိ သောကြောင့် ဖြစ်ပွားရပါသည်။
သတိပြုရန်အချက်မှာ အက်စပရင်(Aspirin)ဆေးများသည် သွေးယိုစိမ့်မှုကို လျော့ ကျ စေနိုင်သော်လည်း ဤကဲ့သို့ (အပေါ်ပုံ လက်ယာဖက်မှာကဲ့သို့) Hyphaema ရသူအား မပေးသင့်ကြောင်း မှတ်သားရသည့် အချက်ပင်ဖြစ်ပါသည်။
credit...http://www.cehjournal.com



No comments:
Post a Comment