16.6.16

မျက်သားတက်ခြင်း(Pterygium) ဆိုသည်မှာ


           မျက်စိ၏ မျက်ဖြူလွှာပေါ်၌ အသားပိုတစ်သျှူးများဖြန့်ကျက်ပေါ်ပေါက်လာခြင်းသည် မျက်သားတက်ခြင်း(Pterygium)ပင်ဖြစ်ပါသည် ။ ၎င်းအသားပိုတစ်သျှူးများသည် မျက်ဖြူ လွှာပေါ်၌ တစတစနှင့် တြိဂံပုံသဏ္ဍာန် ဖြန့်လာလေ့ရှိကြောင်း အောက်ဖော်ပြပါ ပုံများ ကိုလေ့လာခြင်း အားဖြင့်သိရှိနိုင်ပါသည်။



        မျက်သားတက်ခြင်းသည် အထူးသဖြင့် မျက်စိ၏နှာခေါင်းဖက်အပိုင်း (inerside of naselside)တွင် အဖြစ်များပါသည်။မျက်မြှေးလွှာပေါ်၌ တစ်သျူးအသားပိုများဖြစ်လျက် ပို၍ပို၍ ထူလာပြီး၊မျက်ကြည်လွှာဖက်သို့ တြိဂံပုံသဏ္ဍာန် တဖြေးဖြေးဖြန့်ကျက်တိုးဝင်လာသော အခြေ အနေတရပ်ဖြစ်ပါသည်။
         များသောအားဖြင့် ပူပြင်းခြောက်သွေ့သော ရာသီဥတုရှိရာ ဒေသများ တွင် အဖြစ်များပြီး မျက်စိကို နေရောင်ခြည်နှင့် တိုက်ရိုက်ထိတွေ့မှုများခြင်းနှင့် လေပူလေကြမ်း များနှင့် ထိတွေ့မှု များခြင်းတို့ကြောင့် အစပျိုးဖြစ်ပွားရာမှ တဖြည်းဖြည်းကျယ်ပြန့်လာခြင်းဖြစ် ကြောင်း  မှတ်သား ရပါသည်။မျက်သားတက်ခြင်းကို မျက်စိအထူးကုဆရာဝန်၏ ခွဲစိတ်ကုသမှုအတတ်ပညာဖြင့်   ခြစ်ထုတ်ဖယ်ရှားခြင်းဖြင့်သာသက်သာပျောက်ကင်းစေနိုင်ပါသည်။  
         မျက်သားတက်ခြင်း (Pterygium)သည် ခွဲစိတ်ကုသပြီးနောက်တွင်လည်း အမြစ်ပြတ် သက်သာပျောက်ကင်း သွားမည်ဟုတော့ သေချာပေါက်မဆိုနိုင်ပါ။တခါတရံပြန်လည်ဖြစ်ပေါ် တတ်ပါသည်။နေရောင်ခြည် တိုက်ရိုက်မထိစေရန်နှင့် လေပူများတိုက်ရိုက် တိုးဝှေခြင်းမရှိစေ ရန် ဂရုစိုက်ရပါမည်။
                 ယခုအခါတွင် မျက်သားတက်ခြင်းကို ထပ်မံမဖြစ်ပွားစေရန်အတွက် မျက်သား (တစ်ရှူးအသားပို)များကိုဖျတ်တောက် ခြစ်ထုတ်ဖယ်ရှားပြီးနောက်၊ မျက်သား တက်သောနေ ရာတွင် မျက်မြှေးလွှာကို အစားထိုးလျက်၊မျက်မြှေးလွှာအစား ထိုးပြူပြင်ခြင်း(Conjuntival graft)နည်းပညာကိုအသုံးပြုလျက် မျက်စိအထူးကုဆရာဝန်ကြီးများက ကုလျက်ရှိပြီဖြစ်ရာ မျက်သားတက်ခြင်းပြန်လည်ဖြစ်ပွားမှု(Recurrent Pterygium) နှုန်းထား ကျဆင်းသွားပြီဖြစ် ပါသည်။             

No comments:

Post a Comment