27.6.16

ရေတိမ် (Glaucoma)ဆိုသည်မှာ..

          မျက်စိရေတိမ်ခံစားရသူသည် အခြားသောမျက်စိဝေဒနာရှင်များ ခံစားရသည့်နည်းတူ မျက်စိနီခြင်း၊အမြင်မှုန်ဝါးခြင်း၊မျက်ရည်ပူကျခြင်း၊နာကျင်ခြင်း စသည်များကို ခံစားရပါသည်။ ထို့ပြင်နာကျင်ခြင်းဝေဒနာကို မျက်စိတဖက်တည်း၌ တိုး၍တိုး၍ ခံစားရခြင်း၊ချက်ခြင်းဆိုသလို မျက်စိမှုန်ဝါးသွားခြင်း၊ပြင်းထန်သော ခေါင်းကိုက်ဝေဒနာကို ခံစားရခြင်း၊မကြာခဏ ပျိုချင် အန်ချင်ဖြစ်ခြင်း၊ စသည်ဝေဒနာတို့ကို ထူးခြားသောလက္ခဏာရပ်များအဖြစ် သိသိ သာသာ ခံစားရပါမည်။(နီ၊ကိုက်၊မှုန်၊ပျို့)



          အထက်ဖော်ပြပါရေတိမ်ဖြစ်ပွားနေသောမျက်စိ၏ပုံများကိုလေ့လာကြည့်လျှင်အ ထက်ပုံ၌ အမြင်အားဖြင့် မျက်စိနီနေသော်လည်း မည်သည့်ပြည်တည်နာမျှ မတွေ့ရပါ။ မျက် ကြည်လွှာ(Cornea)သည် သူ့အလိုလို ကြည်လင်တောက်ပမှုနည်းလျက် မှုန်မှိုင်းနေသည် ကို အောက်ပုံတွင် တွေ့ကြရပါမည်။မျက်ကြည်လွှာ၏ အပြင်မျက်နှာပြင်သည် ပုံမှန်ကဲ့သို့ စို စွတ်ချောမွေ့ တောက်ပြောင်၍ ရှိမနေဘဲ အနည်းငယ် ကြမ်းတမ်းခြောက်သွေ့နေမည် ဖြစ်၏၊ ဤသည်မှာ မျက်ကြည်လွှာဖောရောင်ခြင်း(Corneal oedema)ဖြစ်ပါသည်။မျက်စိတွင်း ဖိ အားများလာသောကြောင့် မျက်ကြည်လွှာအတွင်း အရည်ပိုများလာပြီး ဖောရောင် လာခြင်းဖြစ်၏။
         ဤလက္ခဏာရပ်များသည် ပြင်းထန်ရေတိမ်၏ လက္ခဏာရပ်များဖြစ်ပြီး အလွန်အရေး ကြီးသော အခြေအနေတွင်ရောက်ရှိနေပါသည်။ထိုသို့ဖြစ်ခြင်းမှာ မျက်စိတွင်းဖိအား(Intra-  ocular Pressure-IOP)မြင့်တက်လာသောကြောင့်ဖြစ်ပြီး၊မျက်စိသူငယ်အိမ်(Pupil)သည်   လည်း၊တသမတ်တည်းဖြစ်နေ၍ ပုံမှန်မဟုတ်သည်မှာ ထင်ရှားပါသည်။ကောင်းသောမျက်စိ တဖက်နှ်င့်ယှဉ်ကြည့်လျှင်သိသာပါသည်။

             အထက်ဖော်ပြပါပုံသည် မျက်စိရေတိမ်ဖြစ်ပွားလာရခြင်း၏ အခြေပြပုံဖြစ်၏။ လက်ဝဲဖက်ပုံသည် ပုံမှန်မျက်စိ၏ပုံဖြစ်ပြီး၊ မျက်စိတွင်းမှအရည်များ အပြင်သို့စိမ့်ထွက်ရာ လမ်းကြောင်း ပွင့်လျက်ရှိပုံကိုဖော်ပြထားပါသည်။အလယ်ပုံသည် အရည်ထွက်ပေါက်ပိတ် နေ ပုံကို ဖော်ပြပြီး  ပိတ်ရာနေရာကို အနီရောင်ကြက်ခြေခတ်ဖြင့်ဖော်ပြထားပါသည်။လက်ယာ  ဖက်ပုံတွင် မျက်စိအရည်ထွက်ပေါက် ပိတ်နေသောကြောင့် မျက်စိတွင်း ဖိအားများတိုး လာပြီးမြင်လွှာ(Retina)ပေါ်သို့ ဖိအားအဆင့်ဆင့် သက်ရောက်နေပုံကို ဖော်ပြထားပါသည်။
            မျက်စိတွင်းဖိအား(IOP)ကိုစမ်းသပ်စစ်ဆေးရာတွင် ပကတိနည်းအားဖြင့် ကာယကံ ရှင်အား မျက်စိနှစ်ဖက်စလုံးကို ပိတ်စေလျှက် မိမိ၏ဘယ်ညာလက်ညှိုးနှစ်ချောင်း(သို့)လက် မနှစ်ချောင်းကို ရေတိမ်ဖြစ်နေသည်ဟု ယူဆသောမျက်စိ၏ အပေါ်မျက်ခွံ(upper eyelid)   ပေါ်၌တင်၍ သတိဖြင့်ဖိကြည့်ပါ။ရေတိမ်ဖြစ်နေလျှင်သိသိသာသာတင်းလျက် မာကြောနေ သည်ကို တွေ့ကြရပါလိမ့်မည်။၎င်းကို (digital tonometry)ဟုယေဘုယျအားဖြင့် ခေါ်ကြပါ  သည်။
         အထက်ပါလက္ခဏာများနှင့် တွေ့ရှိချက်များအရ ကာယကံရှင်သည် မျက်စိရေတိမ် (Glaucoma)ဖြစ်နေကြောင်း ထင်ရှားနေသည်ဖြစ်ရာ မျက်စိမဆုံးရှုံးစေရေး၊အမြင် အာရုံပြန် လည် ကောင်းမွန်လာစေရေးအတွက် မျက်စိအထူးကုဆရာဝန်ထံသို့ အမြန်ဆုံးသွားရောက်၍  ကုသမှုခံယူရန် အရေးတကြီးလိုအပ်ပါသည်။မျက်စိရေတိမ်ဖြစ်ပွားသည်နှင့် မျက်စိအမြင်အာ ရုံထာဝရဆုံးရှုံးနိုင်သော အခြေအနေသို့ အချိန်မရွေးကျရောက်နိုင်သောကြောင့် ထိရောက်ေ သာကုသမှုကို အချိန်မီခံယူရန် အရေးကြီးပါသည်။
       မျက်စိတွင်းဖိအား တိုးမြင့်နေသည့်ကာလ ကြာမြင့်လာသည်နှင့်အမျှ မြင်လွှာပေါ်ရှိ အာရုံကြောငယ်များအပေါ် ဖိအားသက်ရောက်မှု တာရှည်လာပြီး မျက်စိအာရုံကြောငယ် များကို ထိခိုက်ပျက်စီးမှု ပိုမိုလာစေပါသည် ။ အာရုံကြောငယ်များပျက်စီးမှုပမာဏအတိုင်း အမြင်အာရုံကိုလည်းဆုံးရှုံးစေမည်ဖြစ်ပါသည်။

      အထက်ဖော်ပြပါပုံတွင် လက်ဝဲဖက်၌ ပုံမှန်ကောင်းမွန်သော မျက်စိအာရုံကြောများ ကို ဖော်ပြထားပြီး ၊ လက်ယာဖက်ပုံတွင် မျက်စိတွင်းဖိအား(IOP)တိုးမြင့်လာမှုကြောင့်ဖောက်ြ ပန် ယိုယွင်းနေသော မျက်စိအာရုံကြောများကို တွေ့ကြရမည်ဖြစ်ပါသည်။
     မျက်စိရေတိမ်(Glaucoma)ကို ဖြစ်ပွားပေါ်ပေါက်လာမှု အခြေအနေပေါ်မူတည်၍ နှစ်မျိုး ကွဲပြားပါသည်။ရုတ်တရက် ပြင်းထန်စွာဖြစ်ပွားသည့်ရေတိမ် (Acute or Angle Closer Glaucoma) နှင့် မသိမသာ တဖြည်းဖြည်းဖြစ်ပွားလာသောရေတိမ် (Chronic simple or open angle glaucoma)တို့ဖြစ်ပါသည်။

Ref;Oxford Handbook of Ophthalmology(Glaucoma)

No comments:

Post a Comment