29.6.16

မျက်စိရေတိမ်(Glaucoma)ကို မျက်စိအထူးကုဆရာဝန်ကြီးများက ဘယ်လိုကုသပေးကြသလဲ.........

          မျက်စိရေတိမ်သည် မျက်စိရှိသဘာဝ အရည်ထွက်ပေါက် ပိတ်သွားသောကြောင့် မျက် စိတွင်း၌ မျက်စိတွင်းဖိအား(Intraocular pressure-IOP)မြင့်တက်လာမှုကြောင့်၊အလွန်အမင်း ကိုက်ခဲနာကျင်ခြင်းနှင့် အမြင်မှုန်ဝါးခြင်း ဝေဒနာများကိုခံစားရသည့်အပြင် အမြင်အာရုံထာဝ ဆုံရှုံးနိုင်သည့် အခြေအနေသို့ အချိန်မရွေးကျရောက်နိုင်သည့် အန္တရယ်ကိုလည်း ရင်ဆိုင်နေ ကြရပါသည်။(မျက်စိတွင်းဖိအား IOP တိုးနေသော်လည်း ကိုက်ခဲနာကျင်ခြင်း ဝေဒနာကိုမခံ စားရသည့် မျက်စိရေတိမ် အမျိုးအစားလည်းရှိပါသည်။)
          မျက်စိပညာရှင်အသီးသီးနှင့် မျက်စိဆရာဝန်ကြီးများသည် မျက်စိရေတိမ်ရှိနိုင်ကြောင်း သံသယရှိလျှင် မျက်စိတွင်းဖိအားတိုင်းကရိယာ(Tonometer)ဖြင့်ရှေးဦးစွာ တိုင်းတာကြမည်ြ ဖစ်ပါသည်။တိုနိုမီတာ(Tonometer)များတွင် သာမန်အားဖြင့် အမျိုးအစားနှစ်မျိုးရှိပါသည်။မျက် ကြည်လွှာ(Cornea)ပေါ်၌ ထိ၍တိုင်းတာရသောအမျိုးအစား(Contact Tonometer)နှင့် မထိ ဘဲတိုင်းတာ၍ရသော အမျိုးအစား(Noncontact Tonometer-NCT)တို့ဖြစ်ပါသည်။
အောက်ဖော်ပြပါပုံများကိုလေ့လာကြည့်ပါ။


                မျက်ကြည်လွှာပေါ်၌ ထိ၍ တိုင်းတာရသော သာမန် Tonometer များ




                  မျက်ကြည်လွှာ(Cornea)ပေါ်၌ မထိဘဲ တိုင်းတာ၍ရသော ခေတ်မီ NCT များ

                  မျက်စိတွင်းဖိအား(IOP)ကို သေချာစွာတိုင်းတာပြီးနောက် မျက်စိတွင်းဖိအား တိုးနေ ကြောင်း၊ မျက်စိရေတိမ် ဖြစ်နေကြောင်း ၊ တိုးနေသည့်ဖိအား ပမာဏနှင့်တကွ သေချာ စွာသိရလျှင် ၊မျက်စိတွင်းဖိအား(IOP)လျေ့ကျစေရန်အတွက် အောက်ပါအတိုင်း ကုသမှုအဆင့် ဆင့်ကို ဆောင်ရွက်ပေးကြမည်ဖြစ်ပါသည်။
(၁)သောက်ဆေး(Oral)နှင့်မျက်စဉ်း(Eyedrop)များပေး၍ကုသခြင်း။
       

       

                           မျက်စိအထူးကုဆရာဝန်သည် မျက်စိတွင်းဖိအား(IOP)ပမာဏပေါ်မူ တည်၍ သုံးစွဲရမည့် သောက်ဆေးနှင့်မျက်စဉ်း အမျိုးအစားများကို ညွှန်ကြားမည်ဖြစ်ရာ....... ....ညွှန်ကြားသည့်အတိုင်း ၊ အမျိုးအစားနှင့် သုံးစွဲရမည့်အကြိမ်အရေအတွက်တို့ကိုတိတိကျကျ လိုက်နာကြရန် အထူးအရေးကြီးပါသည်။ချိန်းဆိုသည့် နေ့ရက်နှင့် အချိန်များအတိုင်း မှန်ကန် စွာမပျက် မကွက်ပြသကြရန်လည်း လိုအပ်ပါသည်။
(၂)လေဆာရောင်ခြည်ဖြင့် ကုသခြင်း(Laser treatment)



              မျက်စိရေတိမ်သည် မျက်စိရှိသဘာဝအရည်ထွက်ပေါက်ပိတ်သွားသောကြောင့် မျက်စိအတွင်းမှအရည်များ အပြင့်သို့မထွက်နိုင်တော့သည့်အတွက် မျက်စိတွင်းရေဖိအားများ လာရခြင်းဖြစ်ပါသည်။သို့ဖြစ်ရာ မျက်စိရေတိမ်ကို လေဆာရောင်ခြည်ဖြင့် ကုသခြင်းဆိုသည် မှာလည်း၊ ၎င်းပိတ်သွားသောအရည် ထွက်ပေါက်ကိုအထူးပြုလုပ်ထားသော လေဆာေ ရာင် ခြည်(YAG laser)ဖြင့်   ပြန်လည်၍  ဖောက်ပေးခြင်းပင်ဖြစ်ပါသည်။ နာကျင်မှုမရှိခြင်း ၊မြန် ဆန်ခြင်းနှင့် စရိတ်အကုန်အကျ သက်သာခြင်းများ သည် လေဆာေ ရာင်ခြည်ကုထုံး ၏ ကောင်းကျိုးများဖြစ်ပါသည်။
       (၃)ခွဲစိတ်ကုသခြင်း(Trabeculectomy)


           မျက်စိရေတိမ် သက်သာပျောက်ကင်းစေရန်အတွက်ပြုလုပ်သော ကုသမှုများအနက် ခွဲစိတ်ကုသနည်း(Trabeculectomy)သည် ထိရောက်၍ ကောင်းမွန်သောနည်းစနစ်အဖြစ် ရပ် တည်လျက်ရှိပါသည်။မျက်စိရေထွက်ပေါက် ပြုလုပ်ပေးရာတွင် ခွဲစိတ်သောနည်းဖြင့်ပြု လုပ်ေ ပးခြင်းဖြစ်ပါသည်။အောက်ဆုံးပုံကို လေ့လာကြည့်ပါက ခွဲစိတ်ကုသသောနည်းဖြင့် မျက်စိရေ ထွက်ပေါက်ပြုလုပ်ထားသောနေရာကို တွေ့ကြရပါမည်။
           မျက်စိအထူးကုဆရာဝန်များသည် မျက်စိရေတိမ် သက်သာပျောက်ကင်းစေရန်အ တွက် အထက်ဖော်ပြပါနည်းများအနက် တနည်းနည်းသော်လည်းကောင်း(သို့) တွဲ၍သော် လည်း ကောင်းကျင့်သုံးကြလျက် ကာယကံရှင်အား သာမန်အားဖြင့်ကုသမှုပေးကြ မည်ဖြစ် ပါသည်။ထိုအခါ ပိတ်နေသော မျက်စိရေထွက်ပေါက်ပြန်လည်ကောင်းမွန်လာပြီး မျက်စိတွင်း ဖိအား(IOP)လည်းကျဆင်းသွားမည်ဖြစ်ပါသည်။မျက်စိရေတိမ်ဖြစ်နေခြင်းမှ သက်သာပျောက် ကင်းပြီး အမြင်အာရုံဆုံးရှုံးမှု အန္တရယ်မှလည်း လွတ်မြောက်ကြရမည်ဖြစ်ပါသည်။


No comments:

Post a Comment